Popular Posts

Saturday, November 29, 2014

ပွိုင့် ၆၀၄၁ စခန်း တိုက်ပွဲ ( သို့မဟုတ် ) အမိမြေမှ သားကောင်းများ


တန့်ယန်း ဒေသ အတွင်း ရှိ ပွိုင့် ၆၀၄၁ စခန်း တိုက်ပွဲသည် တပ်မတော် အတွက် စံပြု ရမည့် တိုက်ပွဲကြီး တစ်ပွဲ ဖြစ်သကဲ့ သို့ တပ်မတော် ၏ ဇွဲရှိမှု သတ္တိရှိမှု စစ်ရေး စွမ်းရည် ထက်မြက် မှု တို့ ကို ဖော်ပြ နိုင်ခဲ့ သော တိုက် ပွဲ ဖြစ်သဖြင့် ဖော်ပြ ပေးလိုက် ပါသည်။

ထို တိုက်ပွဲ တွင် တပ်မတော် မှ အင်အား ၅၇ ယောက်သာ ရှိ သော စခန်း အား ဗကပ တပ်မဟာ ( ၈ ) နှင့် တပ်မဟာ ( ၁၂ ) အင်အား ၂၀၀၀ ခန့်မှာ တိုက်ခိုက် ခဲ့ ခြင်း ဖြစ်ရာ အင်အား ကို ကြည့်ခြင်း ဖြင့် တိုက်ပွဲ ၏ အခြေ အနေ အား သုံးသပ် နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် တိုက်ပွဲ ပုံသဏ္ဍန် အား ဖော်ပြ ခြင်းဖြင့် တပ်မတော ၏ အနိုင် မခံ အရှုံး မပေး စိတ်ဓါတ် ကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့ နိုင် မည် ဖြစ်သည် တပ်မတော် သမိုင်း တွင် မော်ကွန်း ထိုးရမည့် ထို တိုက်ပွဲ စဉ် များ ကိုပေါ်လွင်ေ အာင်ေ ဖ်ာပြ လိုက်ရ ပါ သည်။

၁၉၈၇ မတ် ၆ ရက် ၀၈း၀၀ ချိန်ခန့်တွင် ဗကပ တပ်မဟာ ( ၈ ) နှင့် တပ်မဟာ ( ၁၂ ) အင်အားစု များ သည် တာဆိုင်းလျှန် ကူးတို့ ဆိပ် မှ ဖြတ်ကူး လျက် လွယ်စန့် သို့ရောက်ရှိ လာကြောင်း ပြည် သူ များ ၏ သတင်း ပေးချက် ရရှိ ခဲ့ပါ သည်။ ထို့ကြောင့် တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင် သည် နယ်မြေ စိုးမိုးရေး နှင့် လုံခြုံရေး တာဝန် များ ဆောင်ရွက် နေသော ဗိုလ် ခင်မောင်အေး ဦးစီး လှုပ်ရှား တပ်စု အား ပွိုင့် ၆၀၄၁ သို့ ပြန် လည် ၀င်ရောက် ရန် အကြောင်းကြား ခေါ်ယူ ခဲ့သည်။ ထို့ အပြင် လွယ်စန့် စခန်း မှ အင်အား ( ၆ ) ယောက်ပါ တပ်စိတ် တစ်စိတ် ကို ထုတ်နှတ်ကာ လက်နက်ကြီး ခြေကုတ် အဖြစ် ရန်သူ အသုံးပြု နိုင်သော ပွိုင့် ၅၀၅၈ တောင်ကုန်း အား ကင်းပုန်း ၀ပ်ရန် စေလွှတ် ခဲ့ပါ သည်။ လမ်းတွင် လှုပ်ရှား တပ်စု နှင့် တွေ့ဆုံ ပြီး ဗိုလ်ခင်မောင်အေး မှ ရန်သူ့ အင်အား ပေါ်မူ တည်၍ ယင်း တပ်စိတ် အား ၄င်း ကိုယ်တိုင် ကွပ်ကဲ မှု ယူ ကင်းပုန်း ၀ပ်နိုင် ရန် တပ်ခွဲမှုး ထံ တင်ပြကာ ၁၀း၃၅ တွင် ထွက်ခွာ ကင်းပုန်း ၀ပ် ခဲ့သည်။

၁၉၈၇ မတ် ၆ ရက် ၂၁း၀၀ ချိန်တွင် မုန်းယိုင် ဘက်မှ ဗကပ အင်အား ( ၈၀ ) ခန့်နှင့် လက်နက်ကြီး အဖွဲ့ သည် ဗိုလ်ခင်မောင်အေး တို့ ကင်းပုန်း ၀ပ် စောင့် ဆိုင်း နေသော တောင်ကုန်း သို့ ချည်းကပ် ချီတက် လာရာ တပ်မတော် မှ ကိုက် ၅၀ ထိ အကပ် ခံပြီး စတင် ပစ်ခတ် တိုက်ခိုက် ရာ အနီးကပ် တိုက်ပွဲ များ ပြင်းထန် စွာ ဖြစ်ပွား ခဲ့သည်။ ရန်သူ မှ ၄င်း တောင်ကုန်း အား သိမ်းပိုက် ရန် အကြိမ်ကြိမ် ကြိုး စားသော် လဲ နောက်ဆုံး တွင် အထိ နာစွာ ဖြင့် ပြန်လည် ဆုတ်ခွာ သွားကြ သည်။ သို့ရာ တွင် အပြီး တိုင် ဆုတ် ခွာခြင်း မဟုတ် ဘဲ လက်နက်ကြိး ပစ်ကူ ဖြင့် ထပ်မံ လုံးထွေး တိုက်ခိုက် လာ ရာ ပွိုင့် ၆၀၄၁ မှ လက်နက်ကြီး ပစ်ကူ ဖြင့် တပ်မတော် မှ ပြန်လည် ခုခံ တိုက်ခိုက် ခဲ့ သည်။

ဗကပ တို့ သည် ထိုတောင်ကုန်း ကို သိမ်းပိုက် ရရှိ နိုင်ရန် အတွက် ငါးကြိမ် တိတိ ကျားထိုး တိုက်ခိုက် ခဲ့သော် လည်း တပ်မတော် မှ အောင်မြင်စွာ ခုခံ တွန်းလှန် နိုင်ခဲ့ သည်။ သို့ရာ တွင် ဗကပ တို့ သည် ထိုတ ပ်စိတ် အား နောက်မှ ၀ိုင်းပတ် ပိတ်ဆို့ တိုက်ခိုက် ရန် ကြိုးစား လာသည့် အတွက် ပင်မ တောင် ကုန်းသို့ အဖွဲ့ လိုက် ဆုတ်ခွာ စေခဲ့ရာ ရန်သူ့ ကြားဖြတ် အဖွဲ့နှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွား ပြီး ဗိုလ် ခင်မောင် အေး ကျဆုံး ခဲ့ ပါသည်။

ရန်သူ သည် ထို ပွိုင့် ၅၀၅၈ တောင်ကုန်း အား ခြေကုတ် ယူကာ ၄င်းမှ တဆင့် တောင်ကြော အတိုင်း ချည်းကပ် လာပြီး နားလိန် ရွာ တွင် တပ်ဖြန့် ရင်း ငြိမ် နေခဲ့သည် ကိုတွေ့ ရ သည်။ ပွိုင့် ၆၀၄၁ တောင်ကုန်း အား ရင် ဆိုင်ထား ပြီး နောက်နေ့ မတ်လ ၇ ရက်နေ့ တွင် နောင်လိုင် နှင့် ပါဖန် စခန်း တို့ အား ၀၆း၀၀ ချိန် မှ စတင် ၍ ဗကပ အင်အား ၆၀ ခန့်မှ လက်နက် ကြီး ပစ်ကူ ဖြင့် စတင် တိုက်ခိုက် ခဲ့သည်။ ထို့ ကြောင့် ပွိုင့် ၆၀၄၁ မှ လက်နက် ကြီး ပစ်ကူ ပေး ခုခံ ခဲ့ရာ ၁၃း၀၀ ချိန်ခန့် တွင် ရန်သူ့ တိုက်စစ် ရပ် တန့်သွား ခဲ့သည်။ ထို အချိန် တွင် ရန်သူ့ တပ်ဖြန့်မှု အား သိရှိ နိုင်ရန် အတွက် နားလိန်ရွာ သို့ တပ်စိတ် တစ်စိတ် စေလွှတ် ထောက် လှမ်းစေ ခဲ့ရာ ဗကပ အင်အား ၃၀ ခန့် ဖြင့် အနိးကပ် ထွေးလုံး ရစ်ပတ် တိုက် ပွဲ ပြင်းထန် စွာ ဖြစ်ပွားပြီး ထိုအဖွဲ့ သည် ပွိုင့် ၆၀၄၁ သို့ ၁၅း၀၀ တွင် ပြန် လည် ရောက်ရှိ ခဲ့ပါသည်။ သို့ ရာတွင် ၄င်း တပ်စိတ် မှ စစ်သည် တစ်ဦး ကျဆုံး ခဲ့ ပါသည်။

ရန်သူ သည် ပွိုင့် ၆၀၄၁ တောင်ကုန်း ရှိ စခန်း နှစ်ခု ကြားသို့ အင်အား ၂၀၀ ခန့် ၀င်ရောက် လာပြီး လက်နက်ကြီး လက်နက်ငယ် လောင်ချာ တို့ဖြင့် ပြင်းထန် စွာ ပစ်ခတ် တိုက်ခိုက် ရာ စခန်း နှစ်ခု စလုံး မှ စနစ် တကျ ပြည်လည် ခုခံ တိုက်ခိုက် သဖြင့် ရန်သူ သည် အထိ အခိုက် အကျ အဆုံး များစွာ ဖြင့် ပြန်လည် ဆုတ်ခွာ သွားခဲ့ သည်။


နောက် တနေ့ဖြစ်သော မတ်လ ၈ ရက် နေ့ တွင် မူ ဗိုလ်ကြီး သိန်ထွန်းတင် ဦးစီး သော အင်အား ၅၇ ယောက် စခန်း အား ဗကပ တို့မှ ၀၆း၀၀ ချိန်မှ စတင် ၍ ၈၂ မမ၊ ၅၇ မမ၊ ပွိုင့် ၅ စက် သေနတ် ကြီး ၊ ၆၀ မမ စိန်ပြောင်း တို့ဖြင့် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက် လာခဲ့ ပါသည်။ ရန်သူ သည် အဝေး မှ လက်နက်ကြီး များဖြင့် သာ ပစ်ခတ် တိုက်ခိုက် နေ သဖြင့် မိမိ စစ်သည် များ က တုန့်ပြန် ပစ်ခတ်ခြင်း မပြု ခဲ့ပေ။ ထိုသို့ မိမိ ဘက် မှ ကျည် မဖြုန်း တီးဘဲ ငြိမ်သက် နေခြင်း ကို အားမရ နိုင်သော ဗကပ များ သည် တောင်ဘက် စခန်း ကုန်း အား တောင်ဘက် မျက်နှာ စာ မှ ချည်းကပ် တိုက်ခိုက် ကျ ပြန် သည်။ မိမိ စစ်သည် များက ချည်းကပ် လာသော ရန်သူ များ အား လက်ပစ်ဗုံး များ ဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် သဖြင့် ရန်သူ များ စခန်း အနီး သို့ မကပ် နိုင်ဘဲ ပြန်လည် ဆုတ်ခွာ သွား ခဲ့ကြ သည်။ အလား တူ မြောက်ဘက် စခန် ကုန်း ကို လည်း မြောက် ဘက် တောင်စောင်း မှ ၄၀ မမ လောင်ချာ ဖြင့် ပစ်ခတ် တိုက်ခိုက် လာရာ မိမိ မှ ၂ လက္မ စိန်ပြောင်း ဖြင့် ပြည်လည် ပစ်ခတ် တိုက်ခိုက် မှုကြောင့် ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြ သည်။ ရန်သူ များ သည် အနီး ကပ် ထပ်မံ တိုက်ခိုက်မှု မရှိ တော့ဘဲ အဝေး မှ လက်နက် ကြီး များ အသုံးပြု ပစ်ခတ် ကာ ပိတ်ဆို့ ၀န်းရံ ထား ခဲ့ သည်။

မတ်လ ၉ ရက် နေ့ ၀၅း၀၀ ချိန် တွင် မြောက်ဘက် စခန် ကုန်း အား မြောက်ဘက် မှ ၄င်း တောင်ဘက် စခန်း ကုန်း အား တောင်ဘက် မှ ၄င်း လက်နက် ကြီး ပစ်ကူ များ ဖြင့် တက်ရောက် သိမ်းပိုက် နိုင်ရန် ကြိုးစား ခဲ့ကြ ပြန် သည်။ တပ်မတော် မှ စခန်း အနီး ချည်းကပ် လာသော ရန်သူ များအား ကျည် တတောင့် လူ တယောက် နှုန်းဖြင့် ပစ်ခတ် ခြေမှုန်း ခဲ့ ၍ ၄င်း တပ်မတော် လေ မှ လေကြောင်း ပစ်ကူ ပေး တိုက်ခိုက် ခဲ့ခြင်း ကြောင့် ၄င်း အထိ အခိုက် အကျ အဆုံး များစွာ ဖြင့် ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြ သည်။

မတ်လ ၁၀ ရက်နေ့တွင် အထိနာ နေသော ဗကပ တို့သည် မိမိ စခန်း ခြံ စည်းရိုး အား မီးလောင် တိုက် သွင်းရန် စခန်း အခြေ မှ မီးလောင် တိုက် သွင်း ခဲ့ကြ သည်။ သို့ရာ တွင် တပ်မတော် မှ ကြိုတင် ပြင်ဆင် ထား ပြီးသော မီးတား အဖွဲ့ မီး ငြိမ်းသတ် ရေး အဖွဲ့ လုံခြုံ ရေး အဖွဲ့ များ ဖြင့် စနစ် တကျ ငြိမ်း သတ် နိုင်ခဲ့ သည်။ သို့ရာ တွင် မီးငြိမ်းသတ် နေစဉ် ရန်သူ မှ ပစ်ခတ် တိုက်ခိုက် သဖြင့် စစ်သည် အချို့ ဒါဏ်ရာ ရ ရှိ ခဲ့သည်။

မတ်လ ၁၁ ရက်နေ့ တွင် အဝေး မှ သာ လက်နက်ကြီး များ ဖြင့် ပစ်ခတ် တိုက်ခိုက် နေပြီး ၁၃း၀၀ ချိန်ခန့် တွင် ပါဖန် ဘက်မှ ရန်သူ အင်အား ၁၅၀ ခန့် အဖွဲ့ တစ်ဖွဲ့ လာရောက် ပူးပေါင်း ကြောင်း   မြင်တွေ့ နေ ရသည်။ ထို အချိန် တွင် ရန်သူ တို့သည် ပန်ဆင် တောင်ကုန်း တွင် ကွပ်ကဲမှု အဖွဲ့ ထား ရှိပြီး ၈၂ မမ နှင့် ၅၇ မမ များ အား တောင်ဘက် စခန်း ကုန်း ၏ တောင်ဘက် ပွိုင့် ၅၁၈၁ တောင်ကုန်း သို့ရွေ့ပြောင်း နေကြ သည်ကို တွေ့ရှိ ရ သည်။ ထိုနေ့ တနေ့ လုံး ရန်သူ မှ အဝေး မှ နှောင့် ယှက် ပစ်ခတ်ခြင်း မှ အပ လာရောက် တိုက်ခိုက်ခြင်း မရှိ ခဲ့ပေ။

ရန်သူမှ ထိုသို့ ငြိမ်သက် နေခြင်းမှာ အားမွေး နေခြင်း ဖြစ်ပေ သည်။ အဘယ်ကြောင့် ဆိုသော် နောက် တနေ့ မတ်လ ၁၂ ရက်နေ့ ၀၆း၀၀ ချိန် ခန့်တွင် လက်နက်ကြီး များ စုပြုံ ပစ်ခတ်ပြီး စခန်း ၏ အနောက် မြောက် ဘက်နှင့် တောင်ဘက် မျက်နှာစာ စခန်း နှစ်ခု ကြားမှ ချည်းကပ် တိုက်ခိုက် လာပြန် သည်။ ရန်သူ သည် ခြံစည်းရိုး အနီးကပ် နိုင်သည် နှင့် ခြံစည်းရိုး အား လှဲခြင်း ၄၀ မမ လောင်ချာ ဖြင့် ပစ်ခတ် ဖြိုလှဲ ခြင်း များ ပြုလုပ် ကာ အသုတ် လိုက် တက်ရောက် တိုက်ခိုက် ကြပြီး မြောက်ဘက် တောင်ကုန်း အား အင်အား ၂၀၀ ခန့်ဖြင့် ၄င်း တောင်ဘက် တောင်ကုန်း အား အင်အား ၁၅၀ ခန့် ဖြင့် ၄င်း သိမ်းပိုက် နိုင်ရေး ချည်းကပ် တိုက်ခိုက် လာခဲ့ ပါသည်။

တပ်မတော် မှ စနစ် တကျခုခံ တိုက်ခိုက် ကြရာ ရန်သူ မှ အကျ အဆုံး များ သော်လည်း နောက်ပြန် ဆုတ်လျှင် အခြင်းခြင်း သတ်ဖြတ် ခံရ မည် ဖြစ် သဖြင့် အနီးကပ် ထွေးလုံး ရစ်ပတ် တိုက်ခိုက် လာခဲ့ ပါသည်။ တပ်မတော် မှ လဲ စနစ် တကျ ပြန်လည် ခုခံ တွန်းလှန် နိုင်မှု ကြောင့် ရန်သူ သည် သုံးကြိမ် တိုင်တိုင် လှံစွပ် တပ် ကျားထိုး ခဲ့သော်လည်း အလောင်း များ ကိုပင် မကောက် နိုင်ဘဲ ကစဉ်က ကလျား နှင့် ဆုတ်ခွာ ထွက် ပြေး သွားခဲ့ ရပါ တော့ သည်။

မိမိ တပ်မတော် နှင့် အနီးကပ် ထွေးလုံး ရစ်ပတ် တိုက်ခိုက်ခဲ့ မှုကြောင့် ကတုတ်ကျင်း အနီး တွင် အသက် ထွက်သွား သော ရန်သူ့ အလောင်း များ ထံမှ M 23 စက် ကလေး တစ်လက်၊ M 22 လေး လက် ၄၀ မမဗုံး ပစ်လောင် ချာ တစ်လက် ပေါင်း ခြောက်လက် ကို သိမ်းဆည်း ရမိ ခဲ့ပါ သည်။ ထို လက်နက် များဖြင့် ပင် ရန်သူ ကို တန်ပြန် ခုခံ တိုက်ခိုက် ရာ တွင် အသုံးပြု ခဲ့ ပြီး ရန်သူ့ လက်နက် ကိုယ့် လက်နက် အဖြစ် အသုံး ပြု ခဲ့ သည်။ ထိုနေ့ နေလည် တွင် ဒုတိယ အကြိမ် လက်နက်ကြီး လက်နက် ငယ်များ သွန်ပစ် ၍ စခန်း အား သိမ်းပိုက် နိုင်ရန် ထပ်မံ ကြိုးစား ခဲ့ ကြပြန် သည်။

ထို အချိန်တွင် တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင် သည် ရန်သူ့ လောင်ချာ ၄ လုံး ဆက်တိုက် ၄င်း အနီး ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် တပ်ခွဲမှုး ၏ ၀ဲဘက် မျက်လုံး ထိမှန် ဒါဏ်ရာ ရရှိ ခဲ့သည်။ သို့ရာ တွင် တပ်ခွဲမှုး မှ စစ်သည် များ စိတ်ဓါတ် ကျဆင်း မည် စိုးသဖြင့် သာမန် ဒါဏ် ရာ ကဲ့သို့ သာ ဖြစ် သလို စည်းနှောင် ၍ ဆက်လက် တိုက်ပွဲ ၀င်ခဲ့ ပါသည်။

ထို တိုက်ပွဲ သည်လည်း အနီးကပ် တိုက် ပွဲ ပင် ဖြစ်သော ကြောင့် ပြင်းထန် ပြီး မြောက်ဘက် တောင်ကုန်း တွင် ၄ ဦး ကျဆုံးကာ ၃ ဦး ပြင်းထန် စွာ ဒါဏ်ရာ ရရှိ ခဲ့ပါ သည်။ တစ်ဆက် တည်း တွင် တောင်ဘက် စခန်း ကို လဲ ရန်သူ မှ အလုံး အရင်း တိုက်ခိုက် လျက် ရှိနေရာ လေကြောင်း ပစ်ကူ ခေါ်ယူ ခဲ့ရ သည်။ ထို့ကြောင့် ရန်သူ တို့မှာ ရှေ့ ဆက် မတတ် နိုင်ဘဲ ပြန်လည် ဆုတ်ခွာ သွား ခဲ့ကြ ရ သည်။ ခြံစည်းရိုး အစပ် တွင် ရန်သူ့ အလောင်း ၇၀ ခန့် ကျန်ရစ် ခဲ့သည်။

သို့ရာတွင် တောင်ဘက် စခန်း ကုန်း တွင် ထိ ခိုက် ဒါဏ်ရာ ရ သူ များပြား လာသဖြင့် ဖောက်ထွက် ကာ တပ်ခွဲ ရုံး ပင်မ စခန်း အား ပူးပေါင်း ရန် ကြိုးစား ရာမှ ရန်သူ့ ဖြတ်တောက် ရေး အဖွဲ့ နှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ် ပွား သဖြင့် တောင်ဘက် စခန်းကုန်း စခန်း မှုး ကျဆုံး ခဲ့ ရသည်။ မြောက်ဘက် စခန်း ကုန်း ကိုမှု သိမ်းပိုက် နိုင်ခြင်း မရှိ ဘဲ ရန်သူ မှ ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြ သည်။

မတ်လ ၁၃ ရက်နေ့ ၀၆း၀၀ ချိန်တွင် ပွိုင့် ၆၀၄၁ စခန်း ၏ တောင်ဘက် ကုန်း တွင် ဗကပ များ တက်ရောက် နေရာ ယူနေ ကြကြောင်း တွေ့ ရှိ ရသည်။ ထို့ကြောင့် လေကြောင်း ပစ်ကူ တောင်းခံ ပြီး တောင် ဘက် စခန်း ကုန်း အား ပစ်ခတ် ခြေမှုန်း ခဲ့ပါသည်။ထို့နောက် ရန်သူမှ ပင်မ စခန်း ကုန်း အား သိမ်းပိုက် နိုင်ရေး အတွကင် လက်နက်ကြီး ပစ်ကူများ ဖြင့် ထပ်မံ တိုက်စစ်ဆင် ခဲ့ရာ တပ်မတော်မှ စနစ် တကျခုခံ နိုင်ခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာ သွားခဲ့ကြရသည်။

ထိုေ့ ၁၅း၀၀ ချိန်ခန့်တွင် ဗကပ အင်အား ၇၀ ခန့်လွယ်စဥ့် ကျေးရွာ ဘက်မှ မိမိပွိုင့် ၆၀၄၁ ၀န်းကျင် သို့ အင်အား ဖြည့်တင်း ရောက်ရှိ လာ ကြောင်း တွေ့ ရသည်။ ထို့နောက် ၁၇း၀၀ ချိန် ခန့်တွင် လည်း ယောင်တိ နှင့် ယောင်ကရော့ ရွာများ ဘက်မှ လား ၁၄ ကောင် နှင့် တကွ အင်အား ၃၀၀ ခန့် ထပ်မံ ဖြည့်တင်း ရောက် ရှိ လာကြောင်း တွေ့ရှိ ရသည်။ ထို အခြေ အနေ အရ ရန်သူ သည် မိမိ တို့ အား အပြီးတိုင် ခြေမှုန်း တော့ မည်မှာ သေချာ လျက် ရှိကြောင်း သုံးသပ် ရ သဖြင့် အထက် ဌာန သို့ နောက် တနေ့ မတ်လ ၁၄ ရက် ၀၆း၀၀ ချိန် တိတိ တွင် မိမိ တို့ ထံမှ အဆက် အသွယ် ရသည် ဖြစ်စေ မရ သည် ဖြစ်စေ ပွိုင့် ၆၀၄၁ ပင်မ စခန်း ကုန်းပေါ် သို့ လေကြောင်း ပစ်ကူ ပေးရန် တင်ပြ တောင်းခံ ခဲ့သည်။

တပ်ခွဲမှုး နှင့် မိမိ စစ်သည် များ သုံးသပ် သကဲ့သို့ပင် ဗကပ တို့ သည် အမှောင် ထု ကို အကာ အကွယ် ယူ၍ အနီးကပ် ချည်းကပ် တိုက်ခိုက် ရန် ပြင်ဆင် နေကြောင်း သိရှိ ရသည် ။ ရန်သူ့ ကျင်း တူး သံများ ကိုပင် အတိုင်း သားကြား နေ ရသည်။ တစ်ချိန် တည်းတွင် ရန်သူ မှ လက်နက်ကြီး စုပြုံ ပစ်ခတ် တိုက်ခိုက် လာ ခဲ့သည်။

လက်နက်ကြီး ပစ်ခတ် တိုက်ခိုက် မှုကြောင့် ဆက်သွယ် ရေး စက်မှ ကောင်း ကင်ကြိုး များ အပိုင်း ပိုင်း ပြတ်တောက် သွားပြီး စက်သွယ် ရေး စက်လဲ ပျက်ဆီး သွား ခဲ့သည်။ ထို အချိန်မှ စ၍ ပွိုင့် ၆၀၄၁ တောင် ကုန်း နှင့် အထက် ဌာ န အဆင့်ဆင့် တို့ အဆက် အသွယ် ပြတ်တောက် သွားခဲ့ ရ သည်။သို့ရာ တွင် တပ်မတော် သည် နောက်တွန့် ခြင်း အလျှဉ်း မရှိဘဲ ရဲရဲ ၀ံ့ဝံ့ ခုခံ တိုက်ခိုက် ခဲ့ကြ သည်။

ထို အခြေ အနေ တွင် တိုက်ပွဲ ကာလ ကြာမြင့် လာသည် နှင့် အမျှ မိမိတို့ တွင် ခဲယမ်း များ လျော့နည်း လာပြီ ဖြစ်သည်။ ပျမ်းမျှ တစ်ဦး လျှင် ကျည် ၂၀ ခန့်စီ သာ ကျန်တော့သည်။ တပ်ခွဲမှုး မှ အခြေ အနေ ကိုတွက် ချက်၍ ထို့နေ့ ၂၀း၀၀ ချိန် တွင် ဖောက်ထွက် ရန် ဆုံးဖြတ် ခဲ့ကြ သည်။ တပ်မတော် အနေဖြင့် ကျည်ကုန် လက်နက်မဲ့ အခြေ အနေ ဖြင့် ရန်သူ့ ဖမ်းဆီး ခြင်း ခံရ သည် ထက် လက်ရှိ အခြေ အနေ မှ ဖောက်ထွက် ခဲ့ခြင်း သာလျှင် အခွင့် အရေး ကြုံပါက ရန်သူ ကို ပိုမို သတ်ဖြတ် နိုင်ရန် အခြေ အနေ ဖန်တီး နိုင်မည် ဖြစ်သည်။ ထို့ အပြင် ရန်သူ ကိုလဲ ၈ ည နှင့် ၇ ရက် တိုင်တိုင် သုတ်သင် နိုင်သမျှ သုတ်သင် ခဲ့ပြီး ဖြစ်လေရာ တပ်မတော် ၏ စွမ်းရည် ကို ပြသ နိုင် ခဲ့ပြီး ဖြစ်လေ သည်။

တပ်ခွဲမှုး သည် ဖောက်ထွက် ရေး အဖွဲ့ များ အား စနစ် တကျ ဖွဲ့စည်း ပြီး ဦးစွာ သယ်ယူ နိုင်ခြင်း မရှိ တော့သည် စုပုံ ရိက္ခာ များ နှင့် စာရွက် စာတမ်း များ အား စနစ် တကျ ဖျက်ဆီး ခဲ့သည်။ ထို့နောက် သတ်မှတ် ထားသည့် အတိုင်း ဒါဏ်ရာ ရ လူနာ များ နှင့် တပ်ခွဲမှုး မှ ဥိးစွာ ဖောက်ထွက် ခဲ့သည်။ အလုပ်သင် ဗိုလ် ၀င်းမြင့် နှင့် အင်အား ၅ ယောက် သာ နောက်ချန် နေ ခဲ့ပြီး စခန်း ကို ထိမ်းသိမ်း ထား ကာ နာရီ ၀က် ကြာ မှ တပ်ခွဲမှုး ဖောက်ထွက်ရာ လမ်းကြောင်း အတိုင်း ဖောက်ထွက် ခဲ့ကြ သည်။

တပ်ခွဲမှုး နှင့် အဖွဲ့ သည် ကြယ်ရောင် ကို အားပြုရင်း သိတိကြီး စွာ ဖြင့် ချီတက် ခဲ့သည်။ တပ်ခွဲမှုး မှာ မျက်လုံး တဘက် ကိုသာ အားပြု နေရ သဖြင့် ခက်ခဲစွာ လှုပ်ရှား နေရ သည်။ တပ်ခွဲမှုး နှင့် အဖွဲ့ သည် နမ့်လောင်း ချောင်းဖျား သို့ မတ်လ ၁၄ ရက် ၀၁း၀၀ ချိန်တွင် ရောက်ရှိ ကာ ခေတ္တ အခြေ ပြု ခဲ့ ကြပြီး ၀၃း၀၀ ချိန် တွင် နမ့်လောင်း ချောင်း အတိုင်း ဆက်လက် ဆင်းလာ ခဲ့ရာ သံလွင် မြစ်ကမ်း သို့ မတ်လ ၁၄ ရက် ၁၂း၃၀ ချိန် တွင်   ရောက် ရှိ ခဲ့ကြ သည်။

နောက် တနေ့တွင် အထောက် တော် စေလွှတ် ၍ ဖန်မွန်း ရွာသူ ရွာသား များ နှင့် ဆက်သွယ် နိုင်ခဲ့ သည်။ ရွာသူ ရွာသား များမှ တပ်မတော် အား ကြည်ညို ရင်းစွဲ ရှိ သဖြင့် နံနက်စာ ကျွေးမွေး သည် တောင်သာ စခန်း မှ ဖောက်ထွက် ကြရာ တွင် ခြေထောက် ဒါဏ်ရာ ဖြင့် လူစုကွဲ ကျန် နေ ခဲ့သော တပ်သား တစ်ဦး အား ရွာသား များ မှ ဖွက်ထား ရာမှ တပ်ခွဲမှုး ထံ ပြန်လည် အပ်နှံ သည်။ ထို့နောက် လမ်းပြ နှစ်ယောက် ဖြင့် နမ်းကျိန် ကျေးရွာ သို့ ဆက်လက် ပို့ဆောင် ခဲ့ကြ သည်။

နမ်းကျိန်ရွာ တောင်ယာ တဲ တစ်ခု သို့ ရောက်နေ သော တောင်ဘက် စခန်းကုန်း မှ ဖောက်ထွက် လာခဲ့ သည့် တပ်ကျပ် ရမားဆင် ဦးစီး တပ်စိတ် နှင့် ထပ်မံ ဆုံ သည်။ တဖြည်းဖြည်း နဲ့ ပါဖန် မှ ဖောက်ထွက် လာသော တပ်စိတ် အလုပ်သင် ဗိုလ် ၀င်းမြင့် ဦးဆောင် သော နောက်ချန် တပ်စိတ် တို့ ပြန်လည် ပေါင်းဆုံ မိခဲ့ ကြ သည်။ ပိန်းလွန်းရွာ တွင် တပ်ခွဲမှုး မှ အထောက် တော် စေလွှတ် ရာ ခမရ ၁၀၄ စစ်ကြောင်း နှင့် အဆက် သွယ် ရရှိ ကာ ပူးပေါင်း မိခဲ့ ကြ သည်။ ထိုမှ တဆင့် အဆင့်ဆင့် ပို့ဆောင် ကြရာ မတ်လ ၁၇ ရက်နေ့ ၁၄း၃၀ တွင် တန့်ယန်း မြို့သို့ရောက်ရှိ ခဲ့ကြ ရာ မြို့သူ မြို့သား များ မှ ရင်နှစ် သည်း ချာများ ပမာ ကြိုဆို ခဲ့ ကြသည်။

တပ်ခွဲမှုး ဗိုလ်ကြီး သိန်းထွန်းတင် ဦးစီး တပ်မတော် သားများ သည် ပွိုင့် ၆၀၄၁ စခန်းမှ ရေနှင့် ခဲယမ်းပြတ် လပ်သည် အထိ ၈ ည နှင့် ၇ ရက် တိုင်တိုင် ခုခံ တိုက်ခိုက် ခဲ့ကြပြီး အရာရှိ စစ်သည် ၁၅ ဦး ကျဆုံး တပ်ခွဲမှုး နှင့် ၁၂ ဦး ဒါဏ်ရာ ရရှိကာ ဗကပ အင်အား ၂၀၀ ခန့် သုတ်သင် နိုင်ခဲ့ သည်။ မိမိ ဘက်မှ အင်အား ၅၇ ယောက် တွင် တပ်ခွဲမှုး နှင့် စစ်သည် ၄၂ ယောက် အရောက် ပြန် လာ နိုင်ခဲ့ ကြသည်။

၎င်း စွမ်းဆောင် ချက်မှာ တပ်မတော် သမိုင်း တွင် ထူးခြား ပြောင်မြောက် သော တိုက်ပွဲ တစ်ပွဲ အဖြစ် မှတ်ကျောက် တင် မော်ကွန်း ရေး ထိုး ရမည် ပင် ဖြစ်ပေ သည်။

*** ပွိုင့် ၆၀၄၁ တောင်ကုန်း တိုက် ပွဲတွင် တိုက်ပွဲဝင်ခဲ့သော တပ်မတော် သားအပေါင်းနှင့် ကျဆုံးသွားသော ဗိုလ်ခင်မောင်အေး နှင့် စစ်သည်အဆင့် အတန်းအားလုံး အား ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည် ။

1 comment: