Popular Posts

Thursday, November 27, 2014

ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ



ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ မှ နာမည် ကျော် ဟိုက်ကမ်းပါး တောင်ကုန်း

ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ နှင့် ပတ်သတ် ပြီး ၁၉၄၈ မှ ၁၉၈၈ ခုနှစ် အတွင်း ဖြတ်သန်း လာသော မြန် မာ့ သမိုင်း အကျဉ်း နှင့် တပ်မတော် ကဏ္ဍ ( တတိယ တွဲ ) စာမျက် နှာ ၉၆ ၊ ၉၇ ၊ ၉၈ ၊ ၉၉ တွင် အောက် ပါ အတိုင်း ဖော်ပြ ထား သည် -

၁၉၇၁ ခုနှစ် အတွင်း ထင်ရှား သော စစ်ဆင် ရေး များ အနက် မှ ၁၉၇၁ နိုဝင်ဘာ ၁၉ ရက် မှ ဒီဇင်ဘာ ၂၈ ရက်နေ့ အထိ ရက်ပေါင်း ၄၀ ကြာမြင့် ခဲ့ သော ကွမ်းလုံ တိုက်ပွဲ မှာ အထူး ထင် ရှား သော တိုက်ပွဲ ကြီး တစ်ခု ဖြစ်ခဲ့ ပါသည်။ ထို ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ သည် နိုင်ငံတော် ၏ နယ်မြေ တည်တံ့ ခိုင်မြဲ မှု နှင့် အချုပ် အချာ အာဏာ ပိုင်ဆိုင်မှု ကို ခြိမ်းခြောက်လာ သည့် နယ်ချဲ့ လက်ပါးစေ ဗကပ တပ်များ ကို တပ်မတော် မှ ကျားကုတ် ကျားခဲ ဖြင့် အသက်ပေါင်း မြောက်များ စွာ ပေးဆပ် ရင်းနှီး တိုက်ပွဲ ၀င်ခဲ့ ရသော သမိုင်းဝင် တိုက်ပွဲ တစ်ခု လည်း ဖြစ်သည်။


ကွမ်းလုံ ဒေသ သည် စစ်ရေး အရ အချက် အချာ ကျသော နေရာ ဒေသ ဖြစ်သည်။ ကွမ်း လုံ မြောက် ဖက် တွင် ကပ်လျက် လွယ်မန်ခါး၊ လွယ်မြင်ရှမ်း၊ ဟိုက် ကမ်းပါး၊ ပညက် ထန် ၊ ရှောင်တီးလုံ စသော တောင် ကုန်း များ သည် တခု နှင့် တခု ဆက်ကာ ကွမ်းလုံ မြို့မှ အရှေ့ဘက် သို့ ဟိုပန် အထိ ကားလမ်း တလျှောက် ကို မိုး၍ ထားကြ သည်။

ဗမာပြည် ကွန်မြူနစ် ပါတီ အနေဖြင့် ၁၉၇၁ ခုနှစ့် အတွင်း ချမှတ် ထားသော နိုင်ငံ ရေး စစ်ရေး မျှော်မှန်း ချက်များ ဖြစ်သည့် ကွမ်းလုံ မြို့ ကို သိမ်းပိုက် လျှက် ကိုးကန့် နှင့် ၀ နယ်မြေ များ အပါ အ၀င် ချဲ့ထွင် သိမ်းယူ ကာ လွတ်မြောက် နယ်မြေ အဖြစ် ထူထောင် ၍ ကမ္ဘာ ကို ကြေငြာ ပြီး ကမ္ဘာ့ ကွန်မြူ နစ် နိုင်ငံ များ မှ တရားဝင် အကူ အညီ များ ရယူရန် ဟူ သော မျှော်မှန်းချက် ကို အကောင် အထည် ဖောိုင်ရန် စိုင်းပြင်း ပြင်ဆင် လာကြသည်။ ထိုရည် မှန်းချက် ကိုအကောင် အထည် ဖော်နိုင်ရန် အတွက် ဗကပ တို့ သည် ၁၉၇၁ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စုဖွဲ့ မှု များ ပြုလုပ်လာ ခဲ့ရာ သံလွင် အရှေ့ ခြမ်းတွင် ဗကပ တပ်ရင်း ၃၀၃၅ ၊ ၄၀၄၅ ၊ ၄၀၄၆ ၊ ၄၀၄၇ ၊ ၄၀၄၈ နှင့် ၄င်းတို့ ၏ ကျေးရွာ လက်နက် ကိုင် အဖွဲ့ အစည်းများ အပါအ၀င် အင်အား ၂၈၀၀ ခန့် အထိ လည်းကောင်း ၊ သံလွင် အနောက်ခြမ်း တွင် ဗကပ တပ်ရင်း ၃၀၃၁ ၊ ၃၀၃၇ နှင့် မုန်းပေါ် ၊ နမ့်တောင်း ဒေသ ရှိ ၄င်းတို့ ၏ ကျေးရွာ လက်နက် ကိုင် အဖွဲ့ များ အပါအ၀င် အင်အား ၁၂၀၀ ခန့် ဖြင့် လည်းကောင်း စုဖွဲ့ ခဲ့ ကြ သည်။ ထို့ အပြင် တစ်ဘက် နိုင်ငံ မှ ကွပ်ကဲ မှု အဖွဲ့ ၊ လက်နက် ကြီး အဖွဲ့ အင်အား ၃၆၃ ယောက် ၊ အမျိုး သမီး ၂၀၀ ခန့် နှင့် ၁၄.၅ စက် သေနတ်ကြီး ၇ လက် လည်း ပါဝင် အင်အား ဖြည့် ထားကြောင်း သိရှိရ သည်။ ဗကပ တို့ အနေ ဖြင့် ဤ သို့ အင်အား စုဖွဲ့ ပြီး နောက် ကွမ်းလုံ မြို့သိမ်း တိုက်ပွဲ ကြီး ကို ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ တွင် အပြင်း အထန် စတင် ဆင်နွဲ တိုက်ခိုက် ပါတော့ သည်။

အဆိုပါ ဗကပ တို့ ၏ ထိုးစစ် ကို တပ်မတော် မှ နယ်လှည့် စဗဟ ( ၁ ) နှင့် တပ်ရင်း ၄ ရင်း ၊ ရတ အမှတ် ( ၇၇ ) ခြေမြန် တပ်မ ဌာန ချုပ် နှင့် တပ်ရင်း ၅ ရင်းတို့ ဖြင့် အပြင်း အထန် ခုခံ တိုက်ခိုက် ခဲ့ ပါသည်။ ထို့ အပြင် တပ်မတော် ဘက် မှ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့ ၀င်များ ၊ ကွမ်း လုံ မြို့ ရှိ ပြည်သူ့ ရဲတပ်ဖွဲ့ ၀င်များ နှင့် ကွမ်းလုံ မြို့သူ မြို့ သား ပြည်သူလူထု တစ်ရပ် လုံး ကလဲ ပါဝင် အားဖြည့် ပံ့ပိုး ပေးခဲ့ သည်။ ဤသည် ပင် အရေးကြီး လျှင် သွေးစည်း ကြသော သာဓက ကို ပြသခြင်း ပင်ဖြစ်ရာ ထိုအချက် သည်ပင် ရန်သူ တို့ အဖို့ တပန်း ရှုံး ခဲံပြီ ဖြစ်သည်။

ဗကပ တို့ အနေဖြင့် ၄င်းတို့ စုဆောင်း ရရှိ ထားသော လူ အင်အား လက်နက် အင်အား တို့ အားကိုး ဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့ တွင် ကွမ်းလုံ ဒေသ သို့ အလုံး အရင်း ၀င်ရောက် လာခဲ့ ကြပြီး နိုဝင်ဘာ ၂၀ ရက် နေ့တွင် မိုင်တိုင် ၃၅ နှင့် ၄၀ တို့ အကြား ရှိ တံတား များကို ဖောက်ခွဲ ဖျက်ဆီး ကာ တပ်မတော် မှ တပ်စု တစ်စု တာဝန် ယူ ထားသော လွယ် မန်ခါး တောင်ကုန်း အား စတင် တိုက်ခိုက် ခဲ့ ကြသည်။ ထိုသို့ လွယ်မန်ခါး ကို ဗကပ တို့ ၀င်ရောက် တိုက်ခိုက် နေစဉ် ထို တောင်ကုန်း ၏ မြောက်ဘက် တွင် ကပ်လျက် ရှိသော လွယ်မြင်ရှန်း တောင်ကုန်း မှ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့ အင်အား ၈၀ ခန့် အား အခြား ဗကပ တပ်ရင်း တစ်ရင်း က အရှေ့ ဘက်မှ တိုက်ခိုက် လာ သဖြင့် ကိုးကန့် ကာကွယ်ရေး တို့ ဆုတ်ပေး ရလေ သည်။ လွယ် မန်ခါး တောင်ကုန်း တွင် တပ် မတော် မှ ကြံ့ကြံ့ ခံ တွင်းလှန် တိုက်ခိုက် ခဲ့ရာ အနီး ကပ် လှံစွပ် ထိုး တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွား သည် အထိ ပြင်းထန် ခဲ့သည်။ တိုက်ပွဲ မှာ ၃၇ နာရီ ကြာပြီး တပ်မတော် ဘက်မှ ( ၃ ) ဦး ကျ၍ ( ၁၀ ) ဦး ဒဏ်ရာ ရရှိ ခဲ့ သည်။ ထို့ အပြင် ဗကပ တို့ သည် ပေ ၄၀၀၀ ကျော်မြင့် သော တောင်ကျော ပေါ် ရှိ လွယ်မန်ခါး စခန်း ကို နိုဝင်ဘာ ၂၂ ရက် ၊ ၂၅ ရက် နှင့် ၂၆ ရက်နေ့ တွင် ၄င်း ၊ ပေ ၆၀၀၀ ကျော် အမြင့် တောင်ကျော ပေါ် ရှိ ရှောင်တီ လင် စခန်း ကို နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ၄င်း လက်နက် ကြီး ပစ်ကူ အဆ မတန် ဖြင့် တိုက်ခိုက် ခဲ့ ကြသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ တွင်ကား နာမည် ကျော် ဟိုက် ကမ်းပါး တောင်ကုန်း အား လွယ်မန်ခါး နှင့် ပညက်ထန် တောင်ကြော ပေါ်တွင် လက်နက် ကြီး များ တပ်ဆင် ကာ လက်နက်ကြီး ပစ်ကူ အဆမတန် ဖြင့် ထိုးစစ် ဆင်နွဲ တိုက်ခိုက် နေကြပြီ ဖြစ်သည်။ ဗကပ တို့ သည် ဟိုက်ကမ်းပါး စခန်း အား ၃၀၃၅ ၊ ၄၀၄၅ တပ်ရင်း များ မှ ချေမှုန်း ရေး အဖြစ် တိုက်ပွဲ ၀င်စေပြီး တပ်ရင်း ၂ ရင်း ဖြင့် စစ်ကူ လာနိုင်သော လမ်းကြောင်း များ အား ဖြတ်တောက် ပိတ်ဆို့ စေခဲ့ သည်။ ဗကပ တို့ သည် ချေမှုန်း ရေး အဖြစ် အင်အား ၂၀၀ စီဖြင့် အသုတ်လိုက် ခွဲ ကာ တပ်မတော် မှ ပစ်ခတ် နေ သော အမြာက် ကျည် ၊ စိန်ပြောင်း ကျည် ၊ လက်နက်ငယ် ကျည် နှင့် မိုင်းကွင်း များ အကြား မှ အတင်း ထိုးဖောက် ၀င်ရောက် တိုက်ခိုက် ခဲ့ ကြသည်။

ရန်သူ့ အနေဖြင့် ဟိုက် ကမ်းပါး ကို မရမက အသေခံ ၍ အဘယ့်ကြောင့် ကြိုးစား ရပါ သနည်း။ အကြောင်း ရှိပါသည်။ ထို ဟိုက်ကမ်းပါး တောင်ကုန်း သည် ကွမ်းလုံ ကြိုး တံတား နှင့် တပ်မတော် အမြာက် တပ်စု တောင်ကုန်း အား စိုးမိုး နေသည့် အပြင် ကွမ်းလုံ ခံစစ် ကြောင်း ၏ အချက် အချာ နေရာ ဖြစ်သည်။ စစ် သဘော အရ ပြောရလျှင် ဟိုက်ကမ်း ပါး စခန်း ကို သိမ်း ပိုက် ရရှိ ခြင်း သည် ကွမ်းလုံ မြို့ အား ရရှိ ခြင်း ပင် ဖြစ်သည်။ ထို့ ကြောင့် ဗကပ တို့ သည် ကွမ်းလုံ မြို့ ကာ စခန်း များ အား တစ်ခု ပြီး တစ်ခု တိုက်ခိုက် သိမ်းပိုက် ပြီး နောက်ဆုံး အဆင့် တွင် ဟိုက်ကမ်း ပါး ကို အလုံး အရင်း ဖြင့် ၀င်ရောက် တိုက်ခိုက် ကြခြင်း ဖြစ်သည်။

ရန်သူ ဗကပ တို့ အနေဖြင့်ယခု တိုက်ပွဲ မှာ အဆုံး အဖြတ် တိုက်ပွဲ ဖြစ်သဖြင့် ရှိသမျှ အင်အား ထု ကို အသုံး ပြု တိုက်ခိုက်မှု ကြောင့် တပ်မတော် မှ ယာယီ ဆုတ်ခွာ ပေးခဲ့ ရသည်။ သို့ ရာတွင် တပ်မတော် အနေဖြင့် ၄င်း ဟိုက်ကမ်းပါး တောင်ကုန်း အား ပြန်လည် မသိမ်း ပိုက် နိုင်ပါက ကွမ်းလုံ ခံစစ် မှာ မည်သို့ မျှ မခံ နိုင်ဘဲ သံလွင် မြစ် အရှေ့ခြမ်း တွင် အသေခံ တိုက်ပွဲ ၀င်ရန် သာ ရှိကြောင်း တိုက်ပွဲ ၀င် တပ်မတော် သား အဆင့် အတန်း အား လုံး က နားလည် သဘော ပေါက် ထား ကြပြီး ဖြစ်သည်။ ထို့ကြောင့် တပ်မတော် သား များသည် ရန်သူ နှင့် ရင်ဆိုင် တိုက်ပွဲ ၀င်ရင်း အသက် ပေး ရသည် က ပိုမြတ်သည် ဟူ သော ခံယူချက် သူရဲ ကောင်း စိတ်ဓါတ် ဖြင့် ရန်သူ့ တပ် အတွင်း တဟုန် ထိုး ၀င်ရောက် တိုက်ခိုက် ကြ သည့်အပြင် ၁၀၅ မမ လေကွဲ ကျည် များ အပါ အ၀င် လက်နက် ကြီး ပစ်ကူ များ ထိထိ ရောက်ရောက် အသုံး ပြု တန်ပြန် တိုက်စစ် ဆင်နွဲ ခဲ့ သဖြင့် ဗကပ တို့ သည် ကျဆုံး ဒါဏ်ရာ ရသူ တို့ ကို ပင် မသည် ဆောင် နိုင်ဘဲ ဟိုက်ကမ်းပါး တောင်ကုန်း မှ ပြည်လည် ဆုတ်ခွာ သွား ကြရသည်။ ဤသို့ ဖြင့် တပ်မတော် သည် ဗကပတို့ ၏ တိုက်စစ် အဟုန် ကို ရိုက်ချိုး ကာ ဟိုက်ကမ်း ပါး တောင်ကုန်း အား ပြန်လည် သိမ်းပိုက် နိုင်ခဲ့ သည်။

ထိုမျှ မက ရန်သူ ဆုတ် ခွာ ရာ နောက် သို့ ထပ်ကြပ် လိုက် ၍ တိုက်စစ် ဆင် မှု ကြောင့် ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ် တွင် ဗကပ ပင်မ စစ်ကြောင်း ဆုတ်ခွာ သွား ရသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့ တွင် လွယ်မန်ခါး တောင်ကုန်း အား ဗကပ တို့ ၏ မီးကုန် ယမ်းကုန် ခုခံ နေမှု ကြား မှ တပ်မတော် မှ တက်ရောက် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ သည်။ ဒီဇင်ဘာ ၁၈ ရက်နေ့ တွင် ကုန်းကြဲ တိုက်ပွဲ ဆက်လက် ဖြစ်ပွား ခဲ့ပြီး ဗကပ တို့ သည် ကွမ်းလုံ ဒေသ စစ်မျက် နှာ တဟ်ခု လုံး မှ ဆုတ်ခွာ ထွက်ပြေး သွား ခဲ့ ရသည်။ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ စဉ် တစ်လျှောက် တွင် တပ်မတော် အနေဖြင့် မိမိ ထက် အင်အား ၁၀ ဆ မက သာလွန်သော ရန်သူ တို့ အား ခုခံ တွန်းလှန် နိုင်ခဲ့ ကာ ဗကပ တို့ ၏ လွတ်မြောက်နယ် မြေ ထူထောင် ပြီး စင်ပြိုင် အစိုးရ ထူထောင် မည့် နိုင်ငံ ရေး ရည်မှန်းချက် အား အပိုင်းပိုင်း ကျိုးအောင် ရိုက်ချိုး လိုက်နိုင် သော သမိုင်းဝင် တိုက်ပွဲ တစ်ခု ဖြစ်ခဲ့ သည်။ တိုက်ပွဲ ကာလ တစ်လျှောက် ရန်သူ ဗကပ တို့ဘက် မှ အင်အား ၁၂၀၀ ခန့် ထိခိုက် ကျဆုံး ခဲ့ပြီး တပ်မတော် မှ နိုင်ငံ သားကောင်း ၈၅ ဦး တိုင်းပြည် အတွက် အသက်စွန့်လှု သွား ကြကာ ၂၇၄ ဦး ဒါဏ်ရာ ရရှိ ခဲ့သည်။

ကွမ်းလုံ တိုက်ပွဲ နဲ့ ပတ်သတ် လို့ ကိုရဲမိုး ရဲ့ " တပ်မတော် ဘာလဲ ဘယ်လဲ အပိုင်း ၂၁ - က " မှာ ရေးသား ဖော်ပြ ထားတာ ကတော့ -

၁၉၇၀ ခုနှစ် နှစ်ကုန် ပိုင်း မှာ တော့ ရန်သူ ဟာ ၀ ကုန်းမြင့် ဒေသ ကိုပါ သိမ်းပိုက် ထားနိုင်ပြီ ဖြစ်ပြီး ရှမ်း ပြည်နယ် ရဲ့ မြို့ တော် လားရှိုးနဲ့ ၁၀ မိုင် အကွာ မှာ ရှိတဲ့ ပန်ကျုံ မှာ ကို တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား နေတဲ့ အခြေ အနေ ကို ဆိုက်ရောက် လို့ နေ နေပါတယ်။ ဒါပေမယ့် လဲ အခြေ အနေ ဟာ တပ်မတော် ဘက် ကို စတင် ပြီး ယိမ်းယိုင် လာပါ တော့ မယ်။ ဗမာပြည် ကွန်မြူနစ် ပါတီ ကြိုတင် မျှော်လင့် မထား မိတဲ့ စစ်နတ်ဆိုး တစ်ပါး ဟာ ပဲခူး ရိုးမ တောနက် တွေ ထဲကနေ မြန်မြန် ဆန်ဆန် ပြန်ထွက် လာပြီး တီအီး အလဲဗင်း စစ်ကားကြီး တွေ စီးလို့ အရှေ့ မြောက် ဒေသ ကို အပြင်း ချီတက် လို့ လာနေ ပါပြီ။ အဲဒါ ကတော့ မြန်မာ့ တပ်မတော် မှာ ထိပ်ပြောင်ပြီး နပိုလီယန် လို့ နာမည် ပြောင် ပေး ခံရတဲ့ ရပခ လှုပ်ရှား စစ်ဗျူဟာ အမှတ် (၁) ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းရီ နဲ့ တပ် မတော် ရဲ့ နာမည်ကျော် အမှတ်( ၇၇ ) ခြေမြန် တပ်မ တို့ ပဲ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ခန့် မှာ ပီအာစီ ၁၀ တပ်မတော် ဆက်သွယ်ရေး စက် က ပေါ်ထွက် လာတဲ့ " ကောင်းတုံ" " ကောင်းတုံ " " ကောင်းတုံ " ကြားလား။ ဒါပဲ။ ဆိုတဲ့ စကားသံ ဟာ တိုက်ပွဲ ၀င် ရှေ့တန်း တပ်တွေ ကို ကွမ်းလုံ မှာ အခြေပြု ကွပ်ကဲ နေတဲ့ ကွပ်ကဲမှု ရုံး က နည်း ဗျူဟာမှူး နဲ့ အမြောက် တပ်ခွဲမှူး ရဲ့ မျက်နှာ ကို ကွက်ကနဲ ပျက်သွား စေ ပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ် နှစ်ကုန် ပိုင်း မှာ ဖုန်ကြားရှင် ကိုယ်တိုင် တပ်မဟာ မှူး အဖြစ် ပါဝင် တဲ့ ဗကပ အရှေ့ မြောက် စစ် ဒေသ ဟာ အင်အား ၄၀၀၀ နီးပါး နဲ့ ချီတက် လာပြီး ကွမ်းလုံ မြို့ မြောက်ဘက် ၇ မိုင် အကွာ တာမြင်ရှန် တောင်ထိပ် မှာ တပ်စွဲ ထားတဲ့ လော်စစ်ဟန် ရဲ့ အင်အား ၈၀ လောက် ရှိတဲ့ ကိုးကန့် ကာကွယ် ရေး ပြည်သူ့ စစ်စခန်း ကို စတင် တိုက်ခိုက် ပြီး ကွမ်းလုံ ဒေသ တိုက်ပွဲစဉ် များကို စတင် ခဲ့လိုက်တဲ့ နောက်ဆက် တွဲ အကျိုးဆက် ဖြစ်သလို ဒီ ဆက်သွယ်ရေး စကားဝှက် ရဲ့ အဓိပ္ပာယ် ဟာ ကွမ်းလုံမြို့ ရဲ့ နောက်ဆုံး ခံစစ် ဟိုက်ကမ်းပါး စခန်း က အမှတ် ၁၀၅ ခြေမြန် တပ်ရင်း တပ်ခွဲမှူး ရဲ့ နောက်ဆုံး အဆင့် အနေ နဲ့ စခန်း အသက် ကယ် အမြောက် ပစ်ကူ ပေးဖို့ စကားဝှက် နဲ့ တောင်းဆို လိုက် တာပါ။

ဒီ စကားဝှက် ရဲ့ အဓိပ္ပာယ် အရ ခမရ ၁၀၅ နဲ့  ကချင် ၃ က တိုက်ပွဲဝင် စစ်သည် တွေဟာ ကတုတ်ကျင်း တွေ ရှေ့ မှာပဲ ရန်သူနဲ့ လုံးထွေး သတ်ပုတ် နေကုန်ပြီ ဖြစ်ပြီး တပ်ခွဲ ရဲ့ ခံစစ်စည်း ဟာလဲ လုံးဝ ကျိုးပေါက် သွားပြီ လို့  အဓိပ္ပာယ် ရ ပါတယ်။ ဒီ စခန်း ကျဆုံး သွားရင် တော့ ကွမ်းလုံ မြို့ရဲ့ အနာဂတ် ဟာ အတော့် ကို ဆိုးဆိုး ရွားရွား နဲ့  ရင်ဆိုင် ရပါ တော့မယ်။ နောက်ဆုံး မှာ တော့ တပ်ခွဲမှူး ဟာ စကားဝှက် " ကောင်းတုံ " နဲ့ ရန်သူ နဲ့ လုံးထွေး နေတဲ့ သူ့ တပ်ခွဲ အပေါ် ကိုပဲ ၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် လေးလက် ရဲ့ လေကွဲ အမြောက် ကျည်တွေ နဲ့ ပစ်ခတ် ပေးဖို့ ပြတ်ပြတ် သားသား တောင်းဆို လိုက် ပါပြီ။

ကွမ်းလုံ ဒေသ တိုက်ပွဲစဉ် များ ဟာ ရက်ပေါင်း ၄၀ ခန့် ကြာမြင့် ခဲ့ပြီး တပ်မတော် နဲ့ တစ်ဖက် နိုင်ငံ ကျောထောက် နောက်ခံ ပြု ဗမာ ပြည် ကွန်မြူနစ် ပါတီ တို့ အသေ အကြေ တိုက်ခိုက် ကြတဲ့ တိုက်ပွဲစဉ် များလည်း ဖြစ်ပါတယ်။ နှစ်ဖက် စလုံး မှာ စစ်သည် ထောင် နဲ့ ချီ ပါဝင် တိုက်ခိုက် ခဲ့ ကြပြီး တပ်မတော် ဘက် ကတော့ လော်စစ်ဟန် ခေါင်းဆောင် တဲ့ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့ အင်အား ၈၀၀ ခန့် က ပါဝင် တိုက်ခိုက် ပေးခဲ့ ပါတယ်။ ကွမ်းလုံ တံတားကြီး မှာပါ မိုင်း များ တပ်ဆင် ထားခဲ့ ပြီး တန်ပြန် တိုက် စစ်ဆင် တဲ့ တပ်များ ဟာ သတ်မှတ်ချိန် အတွင်း စခန်း များ ကို မသိမ်း နိုင်ခဲ့ ရင် လားရှိုး မြို့ မကျရေး အတွက် တံတားကြီး ကိုပါ ဖောက်ခွဲ ပစ်ဖို့  စီစဉ် ခဲ့ရတဲ့ အနေ အထား ကို ဆိုက်ရောက် ခဲ့ပါတယ်။ ကွမ်းလုံ တိုက်ပွဲစဉ် များ အပြီး မှာတော့ ဗကပ ထိုးစစ် ဟာ အတော် ကို ဦးကျိုး လို့ သွား ခဲ့ ပါပြီ။

ကွမ်းလုံ တိုက်ပွဲ နဲ့ ပတ်သတ် ပြီး " ရဲသော် မသေသူ တစ်ဦး " ဆိုတဲ့ မြ၀တီ က ဆောင်းပါး တစ်ခု မှာ တော့ ဒီလို ဖော်ပြ ထား ပါတယ် -

ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီ (ငြိမ်း) ၏ ၁၉၄၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ စစ်သား ဘဝ ၄၂ နှစ် တာ ကာလ အတွင်း တိုက်ပွဲ ဖြစ်စဉ်များ တွင် ကွမ်လုံ ရက် ၄ဝ တိုက်ပွဲ မှာ အထူး ထင်ရှား သည်။ ထို တိုက်ပွဲ တွင် အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် ၏ စစ်ဗျူဟာ (၁) မှူး တာဝန် ထမ်းဆောင် ခဲ့ပြီး တိုက်ပွဲ ကို အနီးကပ် ကြီးကြပ် ကွပ်ကဲ ခဲ့သည်။ ဗကပ များ ယခင် က တပ်စခန်း များကို တိုက်ပြီး လျှင် ပြန်ဆုတ် သွားတတ် သည်။ ယခု တစ်ကြိမ် တွင် ထိုသို့ မဟုတ် တော့ဘဲ လူ အင်အား အလုံး အရင်း သုံး၍ ကွမ်လုံ ကို မြို့သိမ်း တိုက်ပွဲ ဆင်နွှဲ ရန် ရည်ရွယ် ထားကြောင်း သိသာ လှသည်။ ဟိုက် ကမ်းပါး နှင့် ကွမ်လုံ မြို့ အနီးကပ် တည် ရှိပြီး ဟိုက်ကမ်းပါး သည် ပေ ၂၅ဝဝ ခန့် ရှိကာ ကွမ်လုံ မြို့ထက် ပေ ၁ဝဝဝ ခန့် ပိုမြင့် သည်။ ရန်သူ ဗကပ တို့သည် ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်နေ့ တွင် ကွမ်လုံ ခံစစ်ကြောင်း ၏ မြောက်ဘက် ဝင်ပေါက် ဖြစ်သော အမြင့် ပေ ၇၃ဝဝ ရှိ တာမြင်ရှန်း စခန်း၊ တစ်ဆက် တည်း တပ်စွဲ ထားသော မန်ခါး စခန်း တို့ကို အလွန် ကြီးမား သော အင်အား ဖြင့် တိုက်ခိုက် ခဲ့ရာ မိမိ တပ်များ အားမတန် ၍ မာန်လျှော့ ဆုတ်ခွာ ပေးခဲ့ ရသည်။

ရန်သူ သည် နိုဝင်ဘာ ၃ဝ ရက်နေ့ တွင် ဟိုက်ကမ်းပါး ကို စတင် တိုက်ခိုက် သည်။ ဟိုက်ကမ်းပါး တောင်ကုန်း ကို ရန်သူ တို့က အင်အား ထောင်ချီ ပြီး တိုက်ခိုက် ခဲ့သည်။ လက်နက်ကြီး မျိုးစုံ ကို မိုးရွာ သလို ရွာချ သည်။ အသုတ် လိုက် ကျားထိုး တိုက်ခိုက်ရာ တစ်ဖွဲ့ ကို လူ ၂ဝဝ ခန့် ပါရှိ သည်။ စခန်း ရှိ တပ်မတော် အင်အား က တပ်ခွဲ တစ်ခွဲ သာ ဖြစ်သည်။ တပ်ခွဲ တစ်ခွဲ ဆိုတာ တောင် တစ်စု တစ်စည်း တည်း မဟုတ် ထုတ်နုတ် တပ်ခွဲ ဖြစ်သည်။ ရန်သူ က အကြိမ် များစွာ၊ အင်အား များစွာ လာရောက် ပြီး ပစ်အား သုံး ကျားထိုး တိုက်ခိုက် လာ၍ ဟိုက်ကမ်းပါး မှ စစ်သည် များ ကျဆုံး ဒဏ်ရာ ရများပြီး တချို့ တောင် အောက် ပြေးဆင်း လာခဲ့ ကြသည်။ စစ်ဗျူဟာ မှူး က စိုးရိမ် ၍ တစ်ဖက် ကမ်း ရှိ တပ်များ အား သွားရောက် စစ်ဆေးပြီး ပြန်လာစဉ် ညမှောင်မှောင် မည်းမည်း ၌ လူအုပ်စု များ တွေ့၍ မေးမြန်း ရာ ဟိုက်ကမ်းပါး ကျ သွားကြောင်း သိလိုက် ရသည်။

ဟိုက်ကမ်းပါး ကျလျှင် ကွမ်လုံ လည်း ခံနိုင်ရည် ရှိတော့ မည် မဟုတ် ၍ သိသိ ချင်း ကွမ်လုံ အတွင်းစည်း နှင့် ဝန်းကျင် တောင်ကုန်း များမှ တပ်ခွဲရုံး နှင့် လေးစု ကို ရအောင် ထုတ်နုတ် ခိုင်းသည်။ တစ်ဆက် တည်း မှာပင် ၁ဝ၅ မမ အမြောက် တပ်ခွဲမှူး ကို ခေါ် ၍ အခြေ အနေ ကို ရှင်းပြ ပြီး ဟိုက်ကမ်းပါး တောင်ကုန်း ပေါ်သို့ ၁ဝ၅ မမ အမြောက် လေးလက် စလုံး ဖြင့် ခွင်းကျည် နှင့် လေကွဲ ကျည် များ ကို ဟန်ချက် ညီညီ အသုံးပြု ကာ ရန်သူ မလှုပ်ရှား နိုင်အောင် ထိန်းချုပ် ပစ်ခတ် စေသည်။ ထုတ်နုတ် တပ်စု လေးစု တွင် စက်လတ်၊ ၃ ဒသမ ၅ လောင်ချာ၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် တို့ အကူ အညီ ဖြင့် ၁ဝ၅ မမ အမြောက် ပစ်ကူ ရယူ ချေမှုန်း တိုက်ခိုက် စေခဲ့သည်။ ညတွင်း ချင်း မိနစ် ၄ဝ အတွင်း မှာ ပင် တန်ပြန် တိုက်စစ် ဆင်နွှဲ နိုင်ခဲ့ သည်။ ခမရ (၁ဝ၅) မှ ရဲဘော် များ၏ စွန့်လွှတ် စွန့်စားသော စိတ် ဖြင့် မိမိ တပ်မတော် စစ်ကြောင်း ၏ အော်ဟစ် ကျားထိုး ပစ်ခတ် တိုက်ခိုက် သံများ ကြောင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁ ရက် ဝဝး၃ဝ ချိန် တွင် ရန်သူ ဗကပ များသည် ဟိုက်ကမ်းပါး တောင်ကုန်း အား စွန့်ခွာ ထွက်ပြေး ကြ ရသည်။

ဒါတွေ ကတော့ ကျွန်တော် လတ် တလော တွေ့ ရှိ သမျှ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ နဲ့ ပတ်သတ် တဲ့ အကြောင်း အရာ တွေ ပါပဲ။ ဆရာ သောင်းဝေဦး ရဲ့ အမှတ် တရ တိုက်ပွဲ များ အတွဲ ( ၅ ) ကတော့ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ အကြောင်း သီးသန့် စာအုပ် တစ်အုပ် ဖြစ်ပေမယ့် ကျွန်တော့် မှာ မရှိ သေး ပါဘူး ခင်ဗျာ။

1 comment:

  1. မအေလိုး စစ်ခွေးတွေ လွန်ခဲ့တဲ့ နစ် 40လောက်တည်းက ကလိမ်ကကျစ်ကျခဲ့တာ

    ReplyDelete