Popular Posts

Tuesday, December 2, 2014

မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၂ )


၁၉၉၅ ခုနှစ် ဧပြီလ ၁၉ ရက်မှ စ၍ တပ်မတော် က တရုတ်ဖြူ တို့ တပ်စွဲ ထားသည့် ဆင်ဦး ခေါင်း စခန်း ကို စတင် တိုက်ခိုက် ရာ ဗမာ့ တပ်မတော် မှ တိုက် လေယာဉ် များ က အနီးကပ် လေကြောင်း ပစ်ကူ ပေး၍ တိုက်ခိုက် ခဲ့ကြ သည်။ ဧပြီ လ ၂၂ ရက် တွင် လွယ်ဘန်ဆုံ ကို လည်းကောင်း၊ ဧပြီလ ၂၅ ရက် တွင် မုံးယောင်း ကို လည်းကောင်း၊ မေလ ၇ ရက် တွင် တာချီလိတ် တောင်ထိပ် ကို လည်းကောင်း တိုက်ခိုက် ရာ တွင် တိုက် လေယာဉ် များ က အနီး ကပ် လေကြောင်း ပစ်ကူ ပေး တိုက်ခိုက် ခဲ့ကြ သည်။ မေလ ၈ ရက် တွင် အိုကီနာဝါ ခံတပ် ဥမင် လိုဏ်ခေါင်း ကို လည်းကောင်း၊ မေလ ၁၁ ရက် တွင် မိန်းမ တောင် ၏ ဆင်တောင် စခန်း ကို လည်းကောင်း၊ မေလ ၁၄ ရက် မှ ၁၅ ရက် များ တွင် လွယ် ကုန်းကြီး ကို လည်းကောင်း ဗမာ့ တပ်မတော် က တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။ မေလ ၂၂ ရက် တွင် မိုင်းကွင်း ကို တိုက်ခိုက် ရာ တရုတ် ဖြူ ၁၅၁၇ ဦး လက်နက် ချ ခဲ့သည်။ တိုက်ပွဲ များ သည် များစွာ ပြင်းထန် ကာ ရန်သူ ဘက်မှ အကျ အဆုံး များခဲ့ပြီး ထိုင်း နိုင်ငံ အတွင်း သို့ ကစဥ့် ကလျား ဆုတ်ခွာ သွားကြ သည်။ ၁၉၅၅ ခုနှစ် မေလ တွင် ရန်ကြီး အောင် စစ်ဆင် ရေး ပြီးဆုံး ခဲ့ရာ တရုတ်ဖြူ ကျူးကျော် သူ အင်အား မှာ ၃၀၀၀ ခန့် အထိ လျော့ကျ ခဲ့သည်။

မဲခေါင် စစ်ဆင်ရေး တွင် အမှတ် (၁) အုပ်မှ ဆီးဖြူရီ တိုက် လေယာဉ် များ က ၁၉၆၁ ခုနှစ် ဇန်နဝါရီ လ ၄ ရက်မှ မတ်လ ၂၃ ရက် အထိ ပါဝင် ဆင်နွှဲ ခဲ့ကြ သည်။ စစ်ဆင် ရေး ကာလ မှာ နှစ်လ ကျော် မျှသာ အချိန် ကြာမြင့် ခဲ့သော် လည်း ရန်သူ စခန်း များ သို့ အကြိမ် ၇၀ တိုင်တိုင် လေကြောင်း မှ သွား ရောက် တိုက်ခိုက် ခဲ့ကြ သည်။ လေကြောင်း စစ်ဆင် ရေး များ ဆင်နွှဲ ရာ တွင် ၂၀ မမ စက် အမြောက် ကျည် ၂၇၂၉၀ တောင့်၊ ၂၀ ပေါင် လူ သတ် ဗုံး ၁၄၃ လုံး၊ ပေါင် ၂၅၀ လူ သတ်ဗုံး ၂၀ လုံး၊ ပေါင် ၂၅၀ မီးလောင် ဗုံး ၁၀ လုံး အသုံး ပြု တိုက်ခိုက် ခဲ့ ရခြင်း က ဤ မဲခေါင် စစ်ဆင် ရေး သည် ပမာဏ မည်မျှ ကြီးမား ကြောင်း ဖော်ပြ လျက် ရှိသည်။




အမျိုး အမည် မသိ လေယာဉ် တစ်စင်း သည် တာချီလိတ် မြို့ အနောက် ဘက်ရှိ တရုတ်ဖြူ စခန်း များ သို့ ၁၉၆၁ ခုနှစ် ဖေဖေါ် ဝါရီ ၁၃ ရက် တွင် ရိက္ခာ များ ချပေး ခဲ့ကြောင်း သတင်း ရရှိ ၍ ဖေဖေါ် ဝါရီ ၁၅ ရက် တွင် တပ်မတော် (လေ) ကင်းထောက် လေယာဉ် စက်စနာ ဖြင့် ဝေဟင် မှ ကင်း ထောက် ခဲ့ရာ ရန်သူ့ စခန်း များက ၎င်းတို့ လေယာဉ် ဟု ထင်မှတ် ကာ အမှတ် အသား ခင်ကျင်း ခြင်း၊ မီးဖိုခြင်း များ ပြုလုပ် သည်ကို တွေ့ ရှိ ရသဖြင့် ၎င်း တို့ အချိန်း အချက် လုပ်ထား ချိန် နှင့် နီးကပ် နေပြီ ဖြစ်ကြောင်း သုံးသပ် ရရှိ သည့် အတွက် တပ်မတော် (လေ) မှ ဆီးဖြူရီ လေယာဉ် သုံးစင်း ဖြင့် စောင့်ကြပ် နေစဉ် မှာပင် အမှတ် အသား မပါ သော စက် လေးလုံး တပ် လေယာဉ် ကြီး တစ်စင်း မြန်မာ့ ဝေဟင် ပိုင်နက် သို့ ဝင်ရောက် လာ သဖြင့် အသင့် စောင့်ကြပ် နေသော ဆီးဖြူရီ တိုက် လေယာဉ် သုံးစင်း နှင့် ဝေဟင် တွင် ထွေးလုံး ရစ်ပတ် တိုက်ခိုက် ခဲ့ကြ သည်။ ထို တိုက်ပွဲ တွင် လေ သူရဲ ဗိုလ် မောင်သိန်း၊ ဗိုလ် ချစ်ခိုင် နှင့် ဒုတိယ ဗိုလ် ပီတာ တို့သည် စက် အမြောက် ၁၂ လက် တပ်ဆင် ထားသော လေယာဉ် ကြီး ကို အပြင်း အထန် တိုက်ခိုက် ပြီး ပစ်ချ နိုင် ခဲ့သည်။ ရန်သူ့ စက် လေးလုံး တပ် လေယာဉ် လည်း မီးလောင် ပျက်ကျ သကဲ့ သို့ ဒုတိယ ဗိုလ် ပီတာ မောင်းနှင် သည့် ဆီး ဖိုင်းယား လေယာဉ် တစ်စင်း လည်း ပျက်ကျ ကာ ဗိုလ် ပီတာ ကျဆုံး ခဲ့လေ သည်။ ပျက်ကျ သွားသော ရန်သူ့ လေယာဉ် ကြီး မှာ B-24 စက် လေးလုံး တပ် လေယာဉ် အမျိုး အစား ဒဿမ ၅ စက် သေနတ် ၁၀ လက် တပ်ဆင် ထားသည့် ပစ်အား ကောင်း သော PB4Y-2 Privateer လေယာဉ် ကြီး ဖြစ်သည်။ ထိုစဉ် က သတင်း များ တွင် တပ်မတော် (လေ) မှ ဆီးဖြူရီ လေယာဉ် များ နှင့် ရန်သူ့ လေယာဉ် ကြီး တို့၏ လေကြောင်း တိုက်ပွဲ သတင်း၊ ဒုတိယ ဗိုလ် ပီတာ ကျဆုံး ခြင်းနှင့် ဈာပန အခမ်း အနား များ ကို တခမ်း တနား ဖော်ပြ ဂုဏ်ပြု ခဲ့ကြ သည်။ ယင်း လေကြာင်း တိုက်ပွဲ အောင်မြင် မှုကြောင့် ကူမင်တန် တပ် များ၏ ကျူးကျော် မှု သည် ကမ္ဘာ့ အလယ် တွင် အတိ အလင်း ပေါ်ထွက် ခဲ့ပြီး မဲခေါင် စစ်ဆင်ရေး အပြီး တွင် ကူမင်တန် တပ် များ မြန်မာ့ မြေပြင် ပေါ်မှ ဆုတ်ခွာ သွား ခဲ့ကြ သည်။ ထို လေကြောင်း တိုက်ပွဲ မှာ တပ်မတော် (လေ) သမိုင်း တွင် ပထမ ဆုံး လေကြောင်း တိုက်ပွဲ ဖြစ်ခဲ့ သလို ဒုတိယ ကမ္ဘာစစ် နောက် ပိုင်း အရှေ့ တောင် အာရှ ဒေသ တွင် ပထမ ဆုံး ဖြစ်ပွား သည့် လေကြောင်း တိုက်ပွဲ အဖြစ် လည်း သမိုင်း ဝင် ခဲ့သည်။ ထို သမိုင်း ဝင် လေကြောင်း တိုက်ပွဲ တွင် တပ်မတော် (လေ) မှ လေ သူရဲ ဗိုလ်ပီတာ သည် အမိ မြေ အတွက် အသက် စွန့် တိုက်ပွဲ ဝင် သွားခဲ့ သည်။


တပ်မတော် (လေ) သည် ၁၉၆၉ ခုနှစ် မှ ၁၉၉၂ ခုနှစ် ကာလ များ အတွင်း ဗမာ ပြည် ကွန်မြူ နစ် ပါတီ ၏ သံလွင် အရှေ့ ခြမ်း စိုးမိုး ရေး ဟူသည့် နိုင်ငံရေး၊ စစ်ရေး ဗျူဟာ ကို ချေမှုန်း နိုင် ခဲ့သည့် ၁၉၆၉ ခုနှစ် ကုန်ကြမ်း တိုက်ပွဲ၊ ၁၉၇၁ ခုနှစ် ကွမ်လုံ ရက် ၄၀ တိုက်ပွဲ၊ ၁၉၇၂ ခုနှစ် ထော်ပိုင် စစ် ဆင် ရေး၊ ၁၉၇၃ ခုနှစ် တိုင်းလုံး အောင် စစ်ဆင် ရေး၊ ၁၉၇၃ ခုနှစ် ဇူလိုင် လ တွင် အောင် သံလွင် စစ်ဆင် ရေး၊ ၁၉၇၂ ခုနှစ် စက်တင်ဘာ လ တွင် (ပဲခူး ရိုးမ) အောင် စိုးမိုး စစ်ဆင် ရေး၊ ၁၉၇၄ ခုနှစ် မြဝတီ သင်္ကန်း ညီနောင် ဒေသ တိုက်ပွဲ၊ ၁၉၇၄ ခုနှစ် မတ်လ တွင် ရဲနိုင် အောင် စစ်ဆင်ရေး၊ ၁၉၇၇ ခုနှစ် တွင် မိုးမိတ် မြို့ တိုက်ပွဲ၊ ခြူးရွှေ - ပန်ကောက် တိုက်ပွဲ၊ ၁၉၇၈ ခုနှစ် မတ်လ တွင် ပွိုင့် ၆၀၄၁ တိုက်ပွဲ၊ ၁၉၇၉ ခုနှစ် ဖေဖေါ်ဝါရီ လ တွင် ဝမ်နောင် လေး၊ လွယ်ယုတ် တိုက်ပွဲ၊ ၁၉၇၉ / ၁၉၈၀ ပြည့်နှစ် ဇူလိုင် လ တွင် မိုင်းယောင်း မြို့ တိုက်ပွဲ၊ ၁၉၈၃ ခုနှစ် မတ်လ တွင် မုန်စီး၊ နားလည် တိုက်ပွဲ၊ ၁၉၈၆ ခုနှစ် ကုန်ပိုင်း တွင် စီစီဝမ် တာပန် တိုက်ပွဲ၊ ၁၉၈၈ ခုနှစ် မိုင်းယမ်း၊ မဲသဝေါ တိုက်ပွဲ၊ ၁၉၉၁ ခုနှစ် ပွိုင့် ၄၀၄၄ ခွေးအိပ် တောင် တိုက်ပွဲ တို့တွင် လေကြောင်း မှ ပါဝင် တိုက်ခိုက် ခဲ့သည်။

T-33 လေယဉ်
ထို တိုက်ပွဲ များ တစ်လျှောက် တပ်မတော် (လေ) ၏ စွမ်းဆောင် နိုင်မှု များ ကြောင့် သီဟ သူရဘွဲ့ တစ်ဦး၊ သူရ ဘွဲ့ ၂၂ ဦး၊ သီဟ ဗလ ဘွဲ့ တစ်ဦး၊ သူရဲကောင်း မှတ်တမ်း ဝင် ၉၆ ဦး နှင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ၏ သူရဲ ကောင်း လက်မှတ် ရရှိသူ ၇၇ ဦး တို့ စွမ်းရည် ဘွဲ့များ ရရှိ ခဲ့သည်။

တပ်မတော် (လေ) သည် မူးယစ် ဆေးဝါး တားဆီး နှိမ်နှင်း ရေး စစ်ဆင်ရေး တွင် လည်း ပါဝင် ဆင်နွှဲ ခဲ့သည်။ ၁၉၇၅ ခုနှစ် ပန်ပိ စစ်ဆင်ရေး တွင် ကူမင် တန် တပ်များ ၏ ဘိန်းချက် စခန်း များ ကို တပ်မတော် (ကြည်း) နှင့် အတူ ချေမှုန်း ခဲ့သည်။ ၁၉၇၆ ခုနှစ် မှ စတင် ခဲ့သော မိုးဟိန်း စစ်ဆင် ရေးများ တွင် အဆင့် (၁) မှ အဆင့် (၁၂) အထိ တပ်မတော် (ကြည်း) နှင့် အတူ တပ်မတော် (လေ) မှ လေယာဉ် / ရဟတ် ယာဉ် များ ပါဝင် ဆင်နွှဲ ပြီး မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် ရေး အစီ အစဉ် ဖြင့် ဝယ်ယူ ခဲ့သော လေယာဉ် / ရဟတ်ယာဉ် များ အပြင် အခြား တိုက် လေယာဉ် များ၊ ဗုံးကြဲ လေယာဉ် များ ဖြင့်လည်း အသုံးပြု တိုက်ခိုက် ခဲ့ရ သည်။ ၁၉၇၆ ခုနှစ် ဇင်နူး စစ်ဆင် ရေး တွင် ချင်း ပြည်နယ် အတွင်း ရှိ ဘိန်းခင်း များ ကို ကင်းထောက် ရှာပေး ဖွေ ခဲ့သည်။ မိုးဟိန်း စစ်ဆင် ရေး တွင် လည်း အဓိက အခန်း ကဏ္ဍ မှ ပါဝင် ခဲ့သည်။ တောင် ရန်ရှင်း စစ်ဆင် ရေး တွင် ဘိန်း စိုက်ခင်း များကို လေယာဉ် မှ ဆေးဖျန်း နေစဉ် ရုတ်တရက် အင်ဂျင် စက် စွမ်းအား ကျဆင်း သဖြင့် လေယာဉ် ပျက်ကျ ကာ လေ သူရဲ ဗိုလ်မှူး စံထွား ကျဆုံး ခဲ့ရ သည်။ ၁၉၉၄ ခုနှစ် မေလ တွင် လွယ်မော် ဘိန်း သောင်းကျန်း သူ အဖွဲ့ အား တပ်မတော် (ကြည်း) နှင့် လက်တွဲ ၍ တိုက်ခိုက် ချေမှုန်း ခဲ့သည်။ ထို့ပြင် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုး ရေး ကောင်စီ လက်ထက် တွင် လည်း အမေရိ ကန် ပြည်ထောင်စု မူးယစ် ဆေးဝါး ထိန်းချုပ် ရေး အေဂျင်စီ နှင့် ပူးပေါင်း ကာ မြန်မာ - အမေရိကန် ဘိန်း အထွက် နှုန်း တိုင်းတာ ရေး (Opium Yield Survey) လုပ်ငန်း များ တွင် လည်း တပ်မတော် (လေ) မှ သယ်ယူ ပို့ဆောင် ရေး လေယာဉ် နှင့် ရဟတ် ယာဉ် များ ပါဝင် ဆောင်ရွက် ခဲ့သည်။

US မှမူးယစ် ဆေးဝါး နှိမ်နှင်းရေး အတွက် ထောက်ပံ့ ဖူးသော Turbo Thrush အမျိုး အစား
ထို့အပြင် တပ်မတော် (လေ) သည် စစ်ဆင်ရေး တာဝန် များ သာမက နိုင်ငံတော် ဖွံ့ဖြိုး ရေး စီမံကိန်း များ၊ လူသား ချင်း စေတနာ ထောက်ထား မှု၊ အကူ အညီ ပေးရေး လုပ်ငန်း များ၊ ရှာဖွေ ကယ်ဆယ် ရေး စသည့် လုပ်ငန်း များ တွင် စိတ် စေတနာ အပြည့် အဝ ဖြင့် ထိရောက်စွာ ကူညီ ဆောင်ရွက် ပေး ခဲ့သည်။ ၂၀၀၈ ခုနှစ် မေ အတွင်း က ဖြစ်ပွားခဲ့သည့် အင်အား ပြင်းထန် သော နာဂစ် ဆိုင် ကလုန်း မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လ အတွင်း က ဖြစ်ပွား ခဲ့သည့် ရခိုင် ပြည်နယ် အတွင်း ရှိ ဂီရိ မုန်တိုင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာ လ အတွင်း ဖြစ်ပွား ခဲ့သည့် ပခုက္ကူ ခရိုင် အတွင်း ရှိ ရေဘေး သင့် ဒေသ များ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ အတွင်း ဖြစ်ပွား ခဲ့သည့် မန္တလေး တိုင်း ဒေသ ကြီး နှင့် စစ်ကိုင်း တိုင်း ဒေသကြီး အတွင်း ရှိ အင်အား ပြင်း ငလျင် ဒဏ် ခံရ သည့် ဒေသ များ ကို ကယ်ဆယ် ရေး နှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်း များ ကို တပ် မတော် (လေ) မှ လေယာဉ် / ရဟတ် ယာဉ် များဖြင့် ပါဝင် ဆောင်ရွက် ခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် တွင် (၆၅) နှစ်မြောက် နှစ်ပတ်လည် နေ့ သို့ပင် ရောက်ရှိ ခဲ့ပြီ ဖြစ်ရာ (၆၅) နှစ်မြောက် တပ်မတော် (လေ) နှစ် ပတ်လည် အခမ်း အနား သို့ တပ်မတော် ကာကွယ် ရေး ဦးစီး ချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင် ကိုယ်တိုင် တက်ရောက် ဂုဏ်ပြု ချီးမြှင့် ခဲ့ပါ သည်။ အဆိုပါ အခမ်း အနား တွင် ပထမ ဦးစွာ တိုက်ခိုက် ရေး ရဟတ် ယာဉ် တစ်စင်း က နိုင်ငံတော် အလံ ကို ချိတ်ဆွဲ ပျံသန်း ပြီး တိုက်ခိုက် ရေး ရဟတ် ယာဉ် နှစ်စင်း က ခြံရံ ပျံသန်း ၍ တပ်မတော် ကာကွယ် ရေး ဦးစီချုပ် အား အလေးပြု ပျံသန်း ခဲ့ကြ သည်။ 


ယင်းနောက် သယ်ယူ ပို့ဆောင် ရေး ရဟတ် ယာဉ် သုံးစင်း က တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံ များကို အသီးသီး ချိတ်ဆွဲ ပြီး အုပ်စု ဖွဲ့ ပျံသန်း ခြင်း၊ တိုက်ခိုက် ရေး ရဟတ်ယာဉ် တစ်စင်း ကို သယ်သူ ပို့ဆောင် ရေး ရဟတ်ယာဉ် နှင့် တိုက်ခိုက် ရေး ရဟတ် ယာဉ် တစ်စင်း တို့က လိုက်ပါ ပျံသန်း သည့် Composite Formation ခေါ် အမျိုး အစား မတူ ညီ သည့် ရဟတ် ယာဉ် ၆ စင်း က Double Arrow ခေါ် မြားခေါင်း နှစ်ထပ် ပုံစံ ပျံသန်း ခြင်း၊ သယ်ယူ ပို့ဆောင် ရေး လေယာဉ် တစ်စင်း ကို ဂျက်တိုက် လေယာဉ် နှစ်စင်း က ခြံရံ လိုက်ပါ ပျံသန်း ခြင်း၊ သယ်ယူ ပို့ဆောင် ရေး လေယာဉ် ကြီး တစ်စင်း ကို ဂျက် တိုက် လေယာဉ် နှစ်စင်း က ခြံရံ လိုက်ပါ ပျံသန်း ခြင်း၊ လေယာဉ် တစ်စင်း၊ ကြားဖြတ် တိုက် လေယာဉ် နှစ်စင်း နှင့် ဘက်စုံ သုံး ဂျက် တိုက် လေယာဉ် နှစ်စင်း တို့က Composite Formation ခေါ် အမျိုး အစား မတူ ညီသော လေယာဉ် များ အုပ်စု ဖွဲ့ ပျံသန်း ခြင်း၊ ဘက်စုံ သုံး ဂျက် တိုက် လေယာဉ် ခြောက်စင်း က Shock Wave ခေါ် တြိဂံ ပုံစံ အုပ်စု ဖွဲ့ ပျံသန်း ခြင်း၊ Fan Break ယပ်တောင် ပုံစံ ပျံသန်း ခြင်း များဖြင့် ပျံသန်း သရုပ် ပြ ခဲ့သည်။

မြန်မာ့ တပ်မတော် လေတပ် သည် Burma Air Force အဖြစ် စတင် ဖွဲ့စည်းစ အချိန် က Tiger Month လေယာဉ် နှင့် အောစကာ လေယာဉ် များ သာ ရှိ ခဲ့ရာ မှ ယခု (၆၅) ကြိမ်မြောက် အခါ သမယ တွင် အသံ ထက် မြန်သည့် စတုတ္ထ မျိုးဆက် ဂျက်တိုက် လေယာဉ် များ၊ အလတ် စား သယ်ယူ ပို့ဆောင် ရေး လေယာဉ် များ၊ ခေတ်မီ တိုက် လေယာဉ် များ နှင့် အထွေထွေ သုံး ရဟတ် ယာဉ်များ ပိုင်ဆိုင် အသုံးပြု ပြီး မြန်မာ့ ဝေဟင် ပိုင်နက် အတွင်း မှ လေကြောင်း ရန် ကာကွယ် ရေး၊ လေကြောင်း ရွှေ့ပြောင်း ရေး၊ တိုင်းကျိုး ပြည်ပြု၊ ပြည်သူ့ အကျိုး ပြု လုပ်ငန်း များ ကို ကြိုးပမ်း ပါဝင် ဆောင်ရွက် လျက် ရှိကာ တောင်ပံ အဟုန် ဖြင့် ဦးတည် ချီတက် လျက် ရှိပါ ကြောင်း ရေးသား တင်ပြ လိုက် ရ ပါသည်။

မြဝတီ

No comments:

Post a Comment