Popular Posts

Monday, December 1, 2014

မြ၀တီ လေကြောင်း တိုက်ပွဲ


တစ်ဖက် နိုင်ငံ တွင် အခြေ စိုက်၍ နိုင်ငံခြား အကူ အညီ ဖြင့် လက်နက် တပ်ဆင် ခဲ့ကြ သော အမျိုး သား သစ္စာ ဖောက် ပြည်ပြေး များနှင့် ဘိုမြ ခေါင်းဆောင် သည့် ကေအင်ယူ တို့ သည် မြ၀တီ မြို့သို့ ၁၉၇၄ ခုနှစ် အတွင်း ၌ သိမ်းပိုက် ရန် ကြံစည် မှု ပြုခဲ့ ကြသည်။ ထို အကြံ အစည် အရ ကေအင် ယူ နှင့် ပြည်ပြေး စုစုပေါင်း အင်အား (၆၀၀) ခန့် ဖြင့်ဖြင့် ၁၉၇၄ ခုနှစ် မတ်လ ၁၇ ရက်နေ့ မှ ၂၂ ရက် နေ့ အထိ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ ထိုင်း မြန်မာ နယ်စပ် ရှိ မြ၀ တီ မြို့ ၊ မြ၀တီ ကော့ကရိတ် သွား ကားလမ်း ရှိ သင်္ကန်း ညီနောင် နှင့် ကားလမ်း မြောက်ဘက် ရှိ မဲပုလဲ သို့ (၃) နေရာ ကို တစ်ပြိုင် တည်း အချိန် ကိုက်၍ တိုက်ခိုက် ခဲ့ကြ လေတော့ သည်။ ထို တိုက်ပွဲ တွင် တပ် မတော် မှ စစ်သည် (၆) ဦး တိုင်းပြည် အတွက် အသက် ပေးလှူ သွားခဲ့ ရပြီး (၄၄) ဦး ဒဏ် ရာ ရရှိ ခဲ့ကြသည်။ ရန်သူ တို့ဘက် ကမူ (၈၇) ဦး ကျဆုံး ၍ (၁၂) ဦး ဒဏ်ရာ ရရှိ ကြပြီး ၄င်း တို့ ၏ အကြံ အစည် ကို စွန့်လွှတ် ခဲ့ကြ ရလေ သည်။

၁၉၇၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် အချိန် တွင် သင်္ကန်း ညီနောင် နှင့် မဲပုလဲ ရွာ ရှိ တပ်မတော် စခန်း (၂) ခု ကို သောင်းကျန်း သူ အင်အား (၂၀၀) ခန့်က တပြိုင်နက် တည်း ၀င်ရောက် တိုက်ခိုက် ခဲ့ကြ သည်။ ၄င်း တို့၏ တိုက်ခိုက်မှု ကို ရွတ်ရွတ် ချွန်ချွန် ခုခံ ရင်း သင်္ကန်း ညီနောင် မှ စစ်သည် (၁) ဦး ကျဆုံး ကာ (၈) ဦး ဒဏ်ရာ ရရှိ ခဲ့ကြ သည်။ ထိုနေ့ နံနက် ၆ နာရီ ၄၅ မိနစ် အချိန် တွင် ရွှေဆိုင်း ခေါင်းဆောင် သော ကေအင်ယူ နှင့် ပြည်ပြေး စုစုပေါင်း အင်အား (၃၀၀) ခန့် တို့သည် မြ၀တီ မြို့ရှိ တပ်မတော် စခန်း ကြီး ကို လက်နက်ကြီး များဖြင့် စတင် ပစ်ခတ်ကာ တိုက်ပွဲ ဖန်တီး ယူခဲ့ ကြ လေသည်။ သို့သော် နံနက် ၁၀ နာရီ အချိန် ခန့် တွင်မူ တပ်မတော် မှ သောင်းကျန်း သူများ ကို ထွက် တိုက်ရာ ရန်သူ (၂၁) ဦး ကျဆုံး ပြီး (၂၀) ဦးခန့်ဒဏ်ရာ ရရှိ ခဲ့သည်။ ၄င်း တို့၏ ကျဆုံး သူများ နှင့် ဒဏ်ရာ ရရှိ သူများ ကို တဖက် နိုင်ငံသို့ သယ်ဆောင် သွားခဲ့ ကြသည်။ ထို တိုက်ပွဲ တွင် တပ်မတော် သား (၁) ဦး ဒဏ်ရာ ရရှိ ခဲ့သည်။ ၁၉၇၄ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် သောင်းကျန်း သူ တို့သည် သင်္ကန်း ညီနောင် ရှိ တံတား နှင့် သစ်စက် ကို လည်းကောင်း၊ မြ၀တီ မြို့ အစွန် ရှိ ကိုးန၀င်း ရပ်ကွက် နှင့် ကမ်းနားပိုင်း တို့ကို လည်းကောင်း မီးရှို့ သွားခဲ့ ကြသည်။ သောင်းကျန်းသူ တို့သည် မတ်လ (၁၉) ရက်နေ့ တွင် မြ၀တီ မြို့ ကမ်းနား ပိုင်း မှတဆင့် တပ်စခန်း အတွင်း သို့ လက်နက် ကြီးများ အကူ အညီ ဖြင့် ပစ်ခတ် ၀င်ရောက် နိုင်ရန် ကြိုးစား ခဲ့သော်လည်း တပ်မတော် ၏ စနစ် တကျ ဖြင့် တွန်းလှန် တိုက်ခိုက် မှုကြောင့် မြို့တွင်း သို့ပင် မ၀င်ရောက် နိုင် ခဲ့ပေ။ ၄င်း နေ့တွင် ကော့ကရိတ် မှ စစ်ကူ လိုက်လာ သော တပ်မတော် စစ်ကြောင်း တစ်ကြောင်း နှင့် သောင်းကျန်း သူ တို့ သည် ကော့ ကရိတ် နှင့် သင်္ကန်း ညီနောင် အကြား ကားလမ်း ပေါ် ရှိ တရုပ် ဖြူ တောင် တွင် တွေ့ ဆုံ တိုက် ပွဲ ဖြစ် ပွား ခဲ့သည်။ မိမိ တို့ ဘက်မှ စစ်သည် (၂) ဦး တိုင်းပြည် အတွက် အသက် ပေးလှူ ခဲ့ရပြီး (၁၄) ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။ ထို အချိန် မှ စ၍ တပ်မတော် (ကြည်း) နှင့် အတူ တပ် မတော် (လေ) မှ လေကြောင်း မှ တိုက်ခိုက်မှု ဆင်နွှဲ ခဲ့ပေ သည်။


ကေအင်ယူ နှင့် ပြည်ပြေး အင်အား (၆၀၀) ခန့် နှင့် မြ၀တီ၊ မဲပုလဲ၊ သင်္ကန်း ညီနောင် ရှိ မိမိ တို့၏ မြေပြင် တပ်များ ဖြစ်ကြ သော ခလရ (၉၇) မှ မြ၀တီ တွင် တပ်ခွဲ (၂) ခွဲ၊ မဲပုလဲ တွင် တပ်ခွဲ (၁) ခွဲ နှင့် သင်္ကန်း ညီနောင် တွင် တပ်ခွဲ (၁) ခွဲ အား ၁၉၇၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ မှ စ၍ ရုတ်တရက် ၀ိုင်းရံ တိုက်ခိုက် လျက် ရှိပါသည်။ မြ၀တီ မြို့ အတွင်း ရှိ မိမိ တပ်စခန်း တွင် ရိက္ခာ လက်နက် ခဲယမ်း များ ပြတ်တောက် နေလျက် ရှိပါသည်။ တပ်မတော် (လေ) အနေ ဖြင့် ဖေါ်ပြပါ မြ၀တီ၊ မဲပုလဲ၊ သင်္ကန်း ညီနောင် မြို့များ တွင် ၀ိုင်းရံ လျက် ရှိသော ရန်သူ များ အား လေကြောင်း မှ တိုက်ခိုက် ချေမှုန်း ပေးခြင်း နှင့် မြ၀တီ မြို့တွင်း ရှိ မိမိ တပ် အား လေကြောင်း မှ လက်နက် ခဲယမ်း ချပေး ခြင်း တို့ကို ပြုလုပ် ပေးရမည် ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၇၄ ခုနှစ် မတ်လ (၂၀) ရက် နေ့ နှင့် (၂၁) ရက်နေ့များ တွင် အမှတ် (၅၀၂) လေတပ် စခန်း (ယခု မင်္ဂလာဒုံ လေတပ် စခန်း ဌာနချုပ်) ရှိ အမှတ် (၁) အုပ် နှင့် အမှတ် (၃) အုပ် တို့မှ တီ - ၃၃ တိုက် လေယာဉ် များ သည် မြေပြင်၊ ဝေဟင် တိုက်ခိုက် ချေမှုန်းခြင်း၊ ရိက္ခာ နှင့် ခဲယမ်း များ ချပေးခြင်း စသော ဒါကိုတာ လေယာဉ် များ အား စောင့်ရှောက် ကာကွယ် ပေးခြင်း နှင့် အမှတ် (၂) အုပ် ရှိ ဒါကိုတာ လေယာဉ် (၂) စီး သည် မြ၀တီ မြို့တွင်း ရှိ မိမိတပ် အား ရိက္ခာ နှင့် ခဲယမ်း များ ချပေး ခြင်း တို့ ပြုလုပ် ပေးရန် ဖြစ်သည်။ ဘိခ်ျ လေယာဉ် (၁) စီး နှင့် အော်တာ လေယာဉ် (၁) စီးသည် ကင်းထောက် တာဝန် ကို ထမ်းဆောင် ရန် ဖြစ်သည်။

၁၉၇၄ ခုနှစ် မတ်လ (၂၀) ရက် နေ့ နှင့် (၂၁) ရက်နေ့ များ တွင် တီ-၃၃ တိုက် လေယာဉ် အမှတ် (ub - ၅၃၂) အား လေ-၁၂၄၅ ဗိုလ်မှူး မောင်မောင်မြင့် နှင့် လေ-၁၄၂၅ ဗိုလ်ကြီး ခင်မောင်လတ် မောင်းနှင် ၍ လည်းကောင်း၊ တီ-၃၃ တိုက် လေယာဉ် အမှတ် (ub-၅၂၆) အား လေ-၁၃၄၁ ဗိုလ်မှူး တင်လတ် နှင့် လေ-၁၅၁၁ ဗိုလ်ကြီး တင်ဝင်း မောင်းနှင် ၍ လည်းကောင်း၊ တီ-၃၃ တိုက် လေ ယာဉ် အမှတ် (ub-၅၁၉) အား လေ-၁၃၁၁ ဗိုလ်မှူး အုံးခိုင် နှင့် လေ-၁၄၁၆ ဗိုလ်ကြီး မျိုးဇင် မောင်းနှင် ၍ လည်းကောင်း၊ တီ-၃၃ တိုက် လေယာဉ် အမှတ် (ub-၅၂၁) အား လေ-၁၄၂၄ ဗိုလ်ကြီး ညွန့်တင် နှင့် လေ-၁၅၇၁ ဗိုလ်ကြီး ခင်မောင်မြင့် မောင်းနှင် ၍ လည်း ကောင်း၊ လေယာဉ် (၄) စီး သည် အုပ်ဖွဲ့ ကာ ဖြင့် မင်္ဂလာဒုံ လေယာဉ် ကွင်း မှ ယှဉ်တွဲ ပျံ တက် ခဲ့ပါသည်။

လမ်းခရီး တစ်လျောက် တိမ်များ ထူထပ်ပြီး မြူဆိုင်း လျက် ရှိသော ရာသီ ဥတု အား ထိုးဖောက် ပျံ သန်း လျက် ဂျက် လေယာဉ် (၄) စီး စလုံး သင်္ကန်း ညီနောင် သို့ ရောက်ရှိ သော အခါ ဗိုလ်မှူး အုံးခိုင် ဦးဆောင် သည့် လေယာဉ် (၂) စီး သည် သင်္ကန်း ညီနောင် ရှိ ရန်သူ များ အား ချေမှုန်း ရန် နေရစ် ခဲ့ပြီး ဗိုလ်မှူး မောင်မောင်မြင့် ဦးဆောင် သည့် လေယာဉ် (၂) စီး သည် မဲပုလဲ ပေါ် သို့ရောက်ရှိ ခဲ့ပါ သည်။ ထို့နောက် ပစ်မှတ် ပေါ်သို့ ရောက်ရှိ သော အခါ လေယာဉ် (၂) စီး သည် ရွာ ကို သုံးပတ် မျှ လက်ဝဲ ရစ် ဖြင့် မိမိ တို့၏ ၀င်လမ်း ထွက်လမ်း အနေ အထား ရွာ ၏ အနေ အထား နှင့် တကွ ရန်သူ့ တည် နေရာ၊ မိမိ တပ်တည် နေရာ တ၀ိုက် မှာ ရန်သူ ၏ ၀ိုင်းရံ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် မီးလောင်ပြင် သဖွယ် ဖြစ်နေ ပါသည်။ မြေပြင် တပ် မှာ မိမိ တို့၏ တိုက် လေယာဉ် တို့နှင့် ဆက်သွယ် ရန် စက် မရှိ၍ မဆက်သွယ် နိုင်သည် သာမ မိမိ တို့၏ တိုက် လေယာဉ် များ ၏ လေ သူရဲများ မြင်နိုင် ရန် မြေပြင် အမှတ် အသား လည်း ခင်းကျင်း ပြသမှု မရှိ ၍ ရန်သူ နှင့် ရင်ဆိုင် နေရသော မိမိ တပ်မှ ညွှန်ပြ သော ရန်သူ ၏ တည်နေရာ ကို မရရှိ ဘဲ ပေးထား သည့် ရန်သူ ၏ မြေပုံ ညွှန်း နေရာ များအား နှစ်ကြိမ် မျှ ပစ်ခတ် တိုက်ခိုက် ခဲ့ ပါသည်။ ထို့နောက် အဓိက ပစ်မှတ် ဖြစ်သည့် မြ၀တီ သို့ သင်္ကန်း ညီနောင် တွင် ရှိသော ဗိုလ်မှူး အုံးခိုင် ဦးဆောင် သည့် လေယာဉ် (၂) စီး ဖြင့် ပူးပေါင်း ၍ ဦးတည် ပျံသန်း ခဲ့ရာ မြ၀တီ သို့ ရောက်ရှိ ပြီး မိမိ တို့ လေသူရဲ များ အား ညွှန်ကြား လိုက် သည့် ညွှန်ကြား ချက်တွင် မြ၀တီ သည် အဓိက အကျ ဆုံး နှင့် အခက် အခဲ ဆုံး ဆောင်ရွက် ရသည့် ပစ်မှတ် ဖြစ်ရာ မြ၀တီ ပေါ်သို့ ရောက်သည် နှင့် တစ်ပြိုင် နက် ကြိုတင် ညှိနှိုင်းမှု အရ မြ၀တီ မြို့၏ အရှေ့ တောင်ဘက် ရှိ ရန်သူ အစု လိုက် ရှိနေ သည့် နေရာ ကို တိုက် လေယာဉ် များ စတင် ထိုးစိုက် တိုက်ခိုက် ကြ ပါသည်။ စတင် တိုက်ခိုက် နေစဉ် မှာပင် ရန်သူ ၏ တန်ပြန် ပစ်ခတ် မှု အများ အပြား ကို တွေ့ရှိ ရင်ဆိုင် ရပါ သည်။ ထိုမှ တဆင့် အခြား ရန်သူ ရှိသည့် မြ၀တီ မြို့၏ အရှေ့ ဘက် နေရာ တ၀ိုက် ကို ပစ်ခတ် ချေမှုန်း ရန် ပင် ဖြစ်သည်။ ရန်သူ များက လေယာဉ် အား ပစ်ခတ် နေသည့် ကြားမှ သက်စွန့် ကြိုးပမ်း ၀င်ရောက် တိုက်ခိုက် မှု တို့ကြောင့် လည်းကောင်း၊ ရန်သူ အစု လိုက် အပြုံလိုက် နေရာ ဖြစ်သော အဆောက် အဦး များ အတွင်း သို့ တိုက်ရိုက် ထိမှန် မှုကြောင့် လည်းကောင်း၊ ထိမှန်ရာ အဆောက် အဦး များမှ မီးခိုး လုံးကြီး များ တစ်လိမ့်လိမ့် တက်လာ သည် ကို မျက်ဝါး ထင်ထင် တွေ့ရှိ ရပါ သည်။ ဒုတိယ အကြိမ် တိုက် လေယာဉ် များ ပစ်ခတ်မှု အပြီး တွင် လက်နက် ရိက္ခာ နှင့် လက်နက် ခဲယမ်းများ ချပေး မည့် ဒါကိုတာ လေယာဉ် (၂) စီး သည် မင်္ဂလာဒုံ မှ တစ်ဆင့် အုပ်ဖွဲ့ ရောက်ရှိ လာ ပါသည်။ ဒါကိုတာ လေယာဉ် ၏ လုံခြုံရေး အတွက် လေကြောင်း မှ စိုးမိုးမှု ယူပြီး တစ်ဖက် နိုင်ငံ နယ်နိမိတ် ကိုလည်း မကျူးကျော် စေရန် အထူး ဂရု ထားပြီး ကြိုတင် ညှိနှိုင်း မှု အရ စောင့်ကြပ် ပေးခဲ့ ပါသည်။

၁၉၇၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ (၁၅း၀၅) နာရီ အချိန် တွင် အမှတ် (၅၀၂) လေတပ် စခန်း အမှတ် (၂) အုပ် မှ ဒါကိုတာ လေယာဉ် (၂) စီး ဖြင့် လေယာဉ် အုပ်စု ခေါင်းဆောင် နှင့် ဒါကို တာ လေယာဉ် (ub-၇၁၅) ၏ လေယာဉ် မှူး တာဝန် (၂) ရပ်ကို ထမ်းဆောင် ရန် အ တွက် လေ -၁၃၃၄ ဗိုလ်မှူး ကျော်သန်း (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် - လေ) အား လည်းေ ကာင်း ၊ ဒုတိ ယ အ စီး ဒါကိုတာ လေယာဉ် (ub-၇၁၀) အား လေ-၁၄၂၉ ဗိုလ်ကြီး စိန်တင့် က လေ ယာဉ် မှူး တာ ၀န် ထမ်းဆောင် ၍ လည်းကောင်း၊ ရန်သူ များ ထိုးစစ် ဆင်ရန် ၀ိုင်းထား ခံ ရသဖြင့် မိမိ တပ်စခန်း အတွက် အရေးကြီး လိုအပ် နေ သော ရိက္ခာ နှင့် လက်နက် ခဲယမ်း များအား သွားရောက် ၍ ချပေး ရန် မင်္ဂလာဒုံ လေယာဉ် ကွင်းမှ ပျံတက် ခဲ့ပါသည်။ ဒါကိုတာ လေယာဉ် (၂) စီး ဖြင့် ဖေါ်ပြပါ ရိက္ခာ နှင့် ခဲယမ်း များ အား မိမိ တပ်စခန်း အပေါ် သို့ သေချာ စွာ ကျရောက် ရန် နှင့် ရန်သူ့ လက် ထဲသို့ မရောက်ရှိ စေရန် အတွက် လည်းကောင်း၊ လေယာဉ် (၂) စီး တစ်နိုင် တစ်ပိုး နှင့် လေ ယာဉ် နောက်ပေါက် တွင် စုပြုံ ထားသော ပေါင် (၁၅၀၀) ကျော် ရှိ ခဲယမ်း များကို မြေပြင် ရှိ မိမိ တပ် များ အန္တရာယ် ကင်းအောင် နှင့် ခဲယမ်း ချပေး ရာ တွင် သမ ရိုးကျ ခဲယမ်း ချပေးခြင်း မျိုး မဟုတ် ဘဲ လေ ယာဉ် အား မထိခိုက် မပျက်စီး စေရန် အတွက် လည်းကောင်း၊ အုပ်စု ဖွဲ့ ခဲယမ်း ချပေး ရသော ဒု တိယ လေယာဉ် ၏ လုံခြုံရေး နှင့် အောင်မြင်မှု ရရှိရေး အတွက် အုပ်စု ခေါင်းဆောင် မှ တာ ၀န် ယူ ရ ပေသည်။ ထိုသို့ ခက်ခက် ခဲခဲ နှင့် ပြုလုပ် ရမည့် တာဝန် များ ကို အုပ်စုမှူး မှ စိတ်အေး တည်ငြိမ် စွာ ဖြင့် ဆောင်ရွက် လျှက် ရှိသည်။ ခဲယမ်း ချပေး ရန် အတွက် ချကွင်း ပေါ် မရောက် မီ လေယာဉ် အုပ်စု အား ခဲယမ်း ချရန် အတွက် ပြင်ဆင် မှုများ ကို စိတ်အေး တည်ငြိမ် စွာ အမိန့်ပေး ဆောင်ရွက် စေသည်။

ဒါကိုတာ လေယာဉ် ၏ အောင်မြင် ထိရောက် စွာ ရိက္ခာ နှင့် ခဲယမ်း ချပေး ပြီးနောက် စောစော က မိမိ တပ်၏ ထပ်မံ သတင်း ပေးသော ရန်သူ အစု လိုက် အပြုံ လိုက် ရှိသော နေရာ များ ကို တီ- ၃၃ လေယာဉ် များမှ မီးခိုး ဗုံး များဖြင့် လည်းကောင်း၊ ဆက်သွယ် ရေး စက်ဖြင့် လည်းကောင်း၊ ညွှန် ကြား ပြသ ပေးရာ နေရာ တိကျမှု ရယူ ပြီး နောက် တတိယ အကြိမ် အနေ ဖြင့် ရန်သူ များ ပြန်လည် ပစ် ခတ် မှုကြား မှ အသက် ကို ပဓာန မထား ဘဲ တီ-၃၃ လေယာဉ် များ ဖြင့် စွမ်းစွမ်း တမံ တိုက်ခိုက် ချေမှုန်း နိုင် ခဲ့ ပါသည်။ ထိုသို့ တိုက်ခိုက် ပြီးသော အခါ မင်္ဂလာဒုံ လေယာဉ် ကွင်း သို့ ပြန်လည် ဆင်းသက် ခဲ့ ပါသည်။

၁၉၇၄ ခုနှစ် မတ်လ (၂၁) ရက်နေ့ ဒုတိယ နေ့တွင် လည်း ၄င်း လေသူရဲ များ ကိုပင် မြ၀တီ သို့ သွားရောက် ၍ ခဲယမ်း ချပေးရန် အတွက် တာဝန် ပေး ဆောင်ရွက် စေခဲ့ ပါသည်။ ဒုတိယ နေ့ ခဲယမ်း များ ချပေးရန် ပထမ နေ့တွင် ပြုလုပ် သကဲ့ သို့ တီ-၃၃ လေယာဉ် (၄) စီး ဖြင့် ဗုံးကြဲ တိုက်ခိုက် ခြင်း၊ ဒါကိုတာ လေယာဉ် (၂) စီးဖြင့် ရိက္ခာ နှင့် ခဲယမ်း များ ချပေး ခြင်း တွင် ထူးခြားမှု မှာ ဒါကိုတာ လေယာဉ် ဖြင့် ခဲယမ်း အလွတ်ချ နှင့် လေထီး ဖြင့် ချမည့် ခဲယမ်း နှစ်မျိုး စလုံး အား တစ်ကြိမ် တည်း ဖြင့် ချပေး ရန် ဖြစ်သည်။ ဤသို့ မျိုးမတူ သည့် ခဲယမ်း များ အား လေထီး ဖြင့် တချို့ အလွတ် တချို့ အတူ ရော၍ ချပေး နိုင်ရေး မှာ လေထီး လေယာဉ် ပေါ်မှ အကျ တွင် လေထီး ဖွင့် နိုင်ရန် အတွက် မြေပြင် မှ သင့်တော် သည့် အမြင့် ပေ ကို ရွေးချယ် ၍ ချပေး ရန် ဖြစ်ပါ သည်။ လေထီး များ ပါသဖြင့် လေယာဉ် ၏ အမြန်နှုံး ကိုလည်း တတ်နိုင် သမျှ လျော့ချ ပျံသန်း မှုပြု ရ ပါသည်။ ခဲယမ်း ချကွင်း သို့ လေယာဉ် အား ချဉ်းကပ် ပျံသန်း နေစဉ် တွင်လည်း ရန်သူ များ အနေဖြင့် ဒုတိယ အကြိမ် ဖြစ်နေ သည့် အလျောက် လည်းကောင်း၊ ဒါကိုတာ လေယာဉ် များမှ ၄င်း တို့အား ပစ်ခတ်မှု အန္တရာယ် ပေးနိုင်စွမ်း မရှိ သည်ကို သိရှိ ထားခြင်း ကြောင့် လည်းကောင်း၊ ယှဉ်တွဲ ပျံသန်း လာသော လေယာဉ် များ ၏ စက်သံ ကို မှန်း၍ ၀င်လမ်း၊ ထွက်လမ်း ကို ကြိုတင် မှန်းဆ ထား နိုင် ပြီး “လာ ချေပြီ” ဟူသော အသိ ကို ၀င်စေ သည့် အတွက် လည်းကောင်း၊ ရန်သူ များ အနေဖြင့် ကြိုတင် ပြင်ဆင် ထား နိုင်မည် ဖြစ် ပါသည်။ မည်သို့ ပင် ဆိုစေ ကာမူ ဒါကိုတာ လေယာဉ် များမှ လေသူရဲ များ သည် ဖြစ်ပေါ် လာမည့် အန္တရာယ် များ အား အလျဉ်း ဂရု မပြု တော့ဘဲ ရဲဝံ့ စွာ ရင်ဆိုင် ၍ မြေပြင် ရှိ ဒုက္ခ နှင့် ကြုံနေ ရသော မိမိ တို့၏ တပ်စခန်း အတွက် အဓိက သော့ချက် အဖြစ် လိုအပ် နေသော ခဲယမ်း များ ကို နှစ်ရက် လုံး တွင် ချောမော စွာ ဖြင့် မိမိ တပ် စခန်း အတွင်း သို့ အရောက် ချ ပေးခြင်း မှာ လေယာဉ်မှူး တစ်ဦး စီ ၏ ပြော င်မြောင် သော လေ ယာဉ် ပျံ သန်းမှု အရည် အသွေး မြင့်မား ခြင်း၊ ဦးဆောင်မှု ကောင်း စွာ ပေး နို င်ခြင်း နှင့် လေ ယာဉ် ပေါ် တွင် ပါ ရှိ သူ အားလုံး ၏ အန္တရာယ် ကို မမှုဘဲ တာဝန် ကို အေးအေး တည်ငြိမ် မှန် ကန်စွာ ပူးပေါင်း ဆောင်ရွက် မှု တို့ကြောင့် မြ၀တီ၊ မဲပုလဲ၊ သင်္ကန်း ညီနောင် အား တပ် မတော် မှ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ ပါသည်။

ဖော်ပြ ပါ တီ-၃၃ လေယာဉ် (၄) စီး မှ ရန်သူ အား ဗုံးကြဲ တိုက်ခိုက် ခြင်းနှင့် ဒါကိုတာ လေယာဉ် (၂) စီး မှ ရိက္ခာ နှင့် ခဲယမ်း များ ချပေး ခဲ့ပါ သည်။ မတ်လ (၂၂) ရက်နေ့တွင် ဘိခ်ျ လေယာဉ် (၁) စီး နှင့် အော်တာ လေယာဉ် (၁) စီးသည် ကင်းထောက် တာဝန် ကို ထမ်းဆောင် ခဲ့ပါ သည်။ ထိုနေ့ တွင် မြ၀တီ လေကြောင်း တိုက်ပွဲ တွင် ကင်းထောက် တာဝန် ထမ်းဆောင် နေသော အော် တာ လေ ယာဉ် အမှတ် (ub-၆၅၉) အား ရန်သူ မှ လက်နက်ငယ် ဖြင့် ပစ်ခတ် ခံရ သဖြင့် လေယာဉ် တွင် (၁၁) ချက် ထိမှန် ခဲ့ သော်လည်း၊ လေယာဉ် အား ချေမော စွာ ဖြင့် ပြန်လည် ဆင်းသက် နိုင်ခဲ့ ပါသည်။ ထို စစ်ဆင် ရေး တွင် အဲလူးဝပ် ရဟတ် ယာဉ် (၁) စီး အား အရှေ့ တောင်တိုင်း စစ်ဌာန ချုပ် ရှိရာ မော်လမြိုင် တွင် တပ်စွဲ ထားပြီး လူနာ ကောက် တာဝန် ကို စစ်ဆင်ရေး တာဝန် ပြီးဆုံး သည် အထိ ဆောင်ရွက် ပေးခဲ့ ပါသည်။

၁၉၇၄ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ကော့ကရိတ် မြို့မှ စစ်ကူ ပေးရန် ချီတက် လာသော တပ် မတော် စစ်ကြောင်း တစ်ကြောင်း နှင့် သောင်းကျန်း သူ တို့သည် ကွင်းကလေး ရွာ အနီး တောတွင်း တစ်နေရာ ၌ တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွား ပြန် ပါသည်။ ယင်း တိုက်ပွဲ တွင် စစ်သည် တစ်ဦး ကျဆုံး ပြီး ခုနှစ်ဦး ဒဏ်ရာ ရရှိ ခဲ့ ပါသည်။ သောင်းကျန်း သူ တို့ဘက် တွင်မူ နှစ်ဦး ကျဆုံး ပြီး လေးဦး ဒဏ်ရာ ရရှိ ခဲ့သည်။ ယင်းနေ့ နံနက် ၁၁ နာရီ အချိန် ခန့် တွင်မူ ကော့ကရိတ် မြို့မှ စစ်ကူ လိုက် လာသော တပ်မတော် စစ်ကြောင်း များ မြ၀တီ သို့ရောက်ရှိ လာပြီး၊ မြ၀တီ၊ သင်္ကန်း ညီနောင် နှင့် မဲပုလဲ ရွာ အနီး ပတ်ဝန်း ကျင် ရှိ သောင်းကျန်း သူ များ နောက်သို့ လိုက်လံ တိုက်ခိုက် ရှင်းလင်း ခဲ့ရာ၊ ၂၃-၃-၇၄ ရက်နေ့ နံနက် ၈ နာရီ အချိန် ခန့်တွင် မဲပုလဲ ရွာ အနီး ၌ သောင်းကျန်း သူ တို့နှင့် တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ သောင်းကျန်း သူ နှစ်ဦး လက်နက် ခဲယမ်း အချို့ နှင့် အသေ ဖမ်းဆီး ရရှိ ခဲ့သည်။

ဤသို့ဖြင့် ၄င်း တို့၏ မှန်းချက် နှင့် မကိုက် ခဲ့သော ရန်သူ တို့သည် တပ်မတော် ကို ထပ်မံ ရင်ဆိုင် ၀ံ့ခြင်း မရှိ တော့ ဘဲ လက် မြှောက် အရှုံး ပေးကာ ကစဥ့် ကလျား နှင့် တဖက် နိုင်ငံ နယ်မြေ အတွင်း သို့ ထွက်ပြေး ခဲ့ကြ လေတော့ သည်။ ကေအင်ယူ နှင့် ပြည်ပြေး သောင်းကျန်း သူ တို့ ကျူးကျော် တိုက်ခိုက် ခဲ့သည့် မြ၀တီ မြို့၊ သင်္ကန်း ညီနောင် နှင့် မဲပုလဲ ရွာ တိုက်ပွဲ ပြီးဆုံး ခဲ့လေ သည်။ မြ၀တီ လေကြောင်း တိုက်ပွဲ တွင် တပ်မတော် (လေ) မှ တီ-၃၃ လေယာဉ် မောင်းနှင် တိုက်ပွဲ ၀င် ခဲ့သည့် ဗိုလ်မှူး မောင်မောင် မြင့်၊ ဗိုလ်မှူး သူရ အုံးခိုင် နှင့် ဒါကိုတာ လေယာဉ် မောင်းနှင် ခဲ့သည့် ဗိုလ်မှူး ကျော်သန်း (အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် - လေ) နှင့် ဗိုလ်ကြီး စိန်တင့် တို့သည် သူရဲကောင်း မှတ်တမ်း ၀င် တံဆိပ် များ ချီးမြှင့် ခြင်း ခံခဲ့ ရ ပါသည်။

မျိုးမြင့် (လေ/သု) (တပ်မတော် (လေ) နှစ်လည် မဂ္ဂဇင်း အမှတ် (၅) ၁၉၉၇ ခုနှစ်)

No comments:

Post a Comment