Popular Posts

Thursday, December 11, 2014

သမိုင်းဝင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ


ဗကပ တို့ သည် အကြိမ်ကြိမ် သေဖူး သည့် တိုင် ပျဉ်ဖိုး ကို နားမလည် နိုင်ပဲ ရှိခဲ့ ကြ သည်။ သံလွင် အရှေ့ ခြမ်း လွှမ်းမိုး နိုင် ရေး မူဝါဒ နှင့် မဟာ ဗျူဟာ အား မစွန့် လွှတ်နိုင် ခဲ့ ကြ ပေ။ ထို့ကြောင့် လည်း ကွမ်းလုံ အရှေ့ ခြမ်း ရှိ ဟိုပန် ဒေသ စိုးမိုး သိမ်းပိုက် ရေး ကို အဆုံး အဖြတ် တိုက်ပွဲ ကြီး တစ်ပွဲ အဖြစ် ဖန်တီး ကာ အခြေခံ နယ်မြေ တည်ဆောက် နိုင်ရေး အတွက် မီးကုန် ယမ်းကုန် ကြိုးပမ်း လာခဲ့ ပြန်သည်။ ထို တိုက်ပွဲ များ တွင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ များ အပါ အ၀င် ဖြစ်ပြီး အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ် နယ် မြေ တွင် ၁၉၇၇ အောက်တိုဘာ လ ၃ ရက် နေ့ မှ ၃၁ ရက် နေ့ အထိ ဆင်နွှဲ တိုက်ခိုက် ခဲ့ ကြ ရသည်။ ၄င်း တိုက်ပွဲ များ သည် တပ်မတော် သမိုင်း တွင် မော်ကွန်း ထိုးရ သည် တိုက်ပွဲ များ ဖြစ်လာ သကဲ့သို့ ဗကပ တို့ ၏ မဟာ ဗျူဟာ ရည်မှန်း ချက် တာဝန် များ အား အပိုင်းပိုင်း ရိုက်ချိုး လိုက်နိုင် သော တိုက်ပွဲ များ ပင် ဖြစ်သည်။ ထို တိုက်ပွဲ များ ပါဝင်သော စစ်ဆင် ရေး ၏ အမည် ကား ရဲမင်းအောင် စစ်ဆင် ရေး ဟူ သတည်း။


၎င်း တိုက်ပွဲ စဉ် များ မစတင် မီ မှာ ပင် တပ်မတော် သည် ဗကပ တို့ ၏ လုပ်ဆောင် လာ နိုင်သော အစီ အစဉ် များ ကို သိရှိ နေ သည့် အပြင် ဒေသ ခံ တိုင်းရင်းသား တို့ ကလည်း ဗကပ တို့ ၏ လှုပ်ရှား မှု များ ကို သတင်း ပေး ခဲ့ ကြသည်။ ထို့ အပြင် တပ်မတော် သို့ လက်နက် ချ အလင်းဝင် လာ သူများ ထံမှ လည်း တန်ဖိုး ရှိသော သတင်း များ ကို ရရှိ ခဲ့ ကြ သည်။ ထို သတင်း များ အရ ၁၉၇၇ စက်တင် ဘာ ၂၃ ရက်တွင် ဗကပ အင်အား ၁၅၀ ခန့် သည် ၈၂ မမ စိန်ပြောင်း ၅ လက်နှင့် အတူ မန်မိုင် ဘက် မှ ကျင်ချမ်း ကို ဖြတ် ၍ ဗင်းဟင် ဘက်သို့ ထွက်ခွာ သွား သည့် သတင်း များ ကို ၄င်း ၊ စက်တင် ဘာ ၂၇ ရက်နေ့ တွင် ဗကပ အင်အား ၃၀၀ ခန့် သည် ကျင်ချမ်း သို့ ထပ်မံ ရောက်ရှိ လာပြီး ၄င်း တ၀ိုက် တွင် ဖြန့်ခွဲ ခြေပြု နေသော သတင်း များ ကို ၄င်း သတင်း ရရှိ ခဲ့ ကြသည်။ ထို့ အပြင် အောက်တို ဘာ ၄ ရက်နေ့ တွင် ဟိုပန် တပ်စခန်း သို့ လက်နက် ချ အလင်းဝင် လာသော ဗကပ တပ်ရင်း ၄၀၄၆ မှ တပ်သား အဆင့် ရှိ သူ တစ်ဦး နှင့် အောက်တိုဘာ ၉ ရက်နေ့ ည က ဟိုပန် တပ်စခန်း သို့ ပင် လက်နက် ချ အလင်းဝင် လာသော ထိုတပ်ရင်း မှ တပ်စု မှုး အဆင့် ရှိ လီချောက်ဆင်း တို့ အား စစ်ကြော ချက် များ အရ ဗကပ အရှေ့မြောက် ဒေသ မှ တိုက်ရီုက် ကွပ်ကဲ သော ဗကပ တပ်ရင်း ၅၀၁ ၊ ၁၀၈ ၊ ၀၄၂ ၊ ၄၀၄၆ နှင့် အမှတ် ၁၇၇ လက်နက်ကြီး တပ်များ သည် စက်တင် ဘာ ၃၀ ရက်နေ့ မှ စ၍ ဟိုနွမ် ဒေသ သို့ တဖွဲဖွဲ ၀င်ရောက် စုဖွဲ့ လျက် တိုက်ပွဲ ၀င်နိုင်ရန် ကြိုတင် ပြင်ဆင် လျက် ရှိကြောင်း သတင်း များ ဖော်ထုတ် ရရှိ ခဲ့ သည်။ 


၁၉၇၇ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၄ နာရီ အချိန် ခန့် တွင် ဗကပ အင်အား ၁၅၀ ခန့် သည် နမ့်တက် ဘက် မှ တဆင့် ညောင်ပင် ကုန်း နှင့် ကူးတို့ဆိပ် စခန်း အကြား လျှို အတွင်း မှ ၀င်ရောက် ကာ အင်အား ၇၀ သည် တပ်မတော် စစ်ကူ စစ်ကြောင်း များ အား ဖြတ်တောက် တိုက်ခိုက် ရန် ကားလမ်း တစ်လျှောက် နေရာ ယူ ပြီး ကျန် အင်အား ဖြင့် တပ်မတော် နှင့် ပြည်သူ့ ရဲ ပူးပေါင်း တပ်စိတ် တစ်စိတ် မျှ သာ ရှိသော ကူးတို့ ဆိပ် စခန်း အား စတင် တိုက်ခိုက် ခြင်း ဖြင့် ဟိုပန် ဒေသ တိုက်ပွဲ စဉ် အား စတင် ဖွင့်လှစ် ခဲ့သည်။ စခန်း တိုက်ခံ ရသည် နှင့် တပြိုင်နက် ကာကင်း ထုတ်ထား သော တပ်မတော် တပ်စိတ် တစ်စိတ် မှ ဗကပ တို့ အား နောက်မှ ၀ိုင်းပတ် တိုက်ခိုက် ခဲ့ပြီး စခန်း တွင်း မှ တပ်စိတ် က လဲ ရွပ်ရွပ် ချွံချွံ ခုခံ တိုက်ခိုက် ခဲ့ သဖြင့် နံနက် ၅ နာရီ ခွဲ တွင် ဗကပ တို့ ဆုတ်ခွာ သွား ခဲ့ ကြ ရသည်။ ဗကပ တို့ ထံ မှ အလောင်း ၈ လောင်း နှင့် ကျည် ၈၀၀ တောင့် သိမ်းဆည်း ရရှိ ခဲ့ ကြသည်။

ထိုနေ့ တွင် ပင် ဟိုပန် မြို့ မြေကျေးရှင်း စခန်း မှ ကင်းပုန်း ထုတ် ထားသော တပ်စိတ် တစ်စိတ် သည် ကူးတို့ ဆိပ်စခန်း တိုက်ပွဲ ဖြစ်ပွား သံ ကြား သည် နှင့် တိုက်ပွဲ မှ ဆုတ်ခွာ လာသော ဗကပ တို့ အား ခြံခို တိုက် ခိုက် နိုင်ရန် အသင့် ပြင်ဆင် စောင့် ဆိုင်း နေခဲ့ ကြ သည်။ မျှော်လင့် ထားသည့် အတိုင်း ပင် ဗကပ အင်အား ၇၀ ခန့် သည် ဒါဏ်ရာ ရသူ များ ကို သယ်ဆောင် ၍ ဆုတ်ခွာ လာသည် ကို တွေ့ ရှိရ သဖြင့် စနစ် တကျ ဖြတ်တောက် တိုက်ခိုက် ရာ ဗကပ တို့ အထိ နာ ပြီး ဆုတ်ခွာ ထွက်ပြေး သွား ကြပြီး ဗကပ တို့ ထံမှ အလောင်း ၇ လောင်း နှင့် ၄၀ မမ ဗုံးသီး များ သိမ်းဆည်း ရရှိ ခဲ့ ကြ သည်။ နောက် နေ့ တွင် ထို ဒေသ တ၀ိုက် အား စနစ် တကျ လိုက်လံ ရှင်းလင်း ရာ မြုပ်နှံ ထားသော အလောင်း ၁၁ လောင်း နှင့် လက်နက် ၂ လက် အခြား စပ်ဆက် ခဲယမ်း များ ဆက်လက် သိမ်းဆည်း ရရှိ ခဲ့ သည်။

ဗကပ တို့ သည် ဟိုပန် ဒေသ ကို အပြီး တိုင် တိုက်ခိုက် သိမ်းပိုက် ရန် ကြံရွယ် ထား ပြီး ဖြစ်သဖြင့် အောက်တိုဘာ လ ၃ ရက် နေ့ ညနေ ၆ နာရီ မိနစ် ၂၀ အချိန် တွင် တပ်မတော် မှ အင်အား ၂၀ ယောက် တပ်စွဲ ထား သော ခြူးရွှေ စခန်း အား လက်နက် ကြီး ပစ် ကူ များ ရယူ ကာ အင်အား၂၀၀ ကျော် ဖြင့် အပြင်း အထန် ထိုး စစ်ဆင် တိုက်ခိုက် ရာ လက်နက် အင်အား လူ အင်အား မမျှ သဖြင့် တပ်မတော် မှ အဖွဲ့ များ ခွဲ ၍ ဆုတ်ခွာ ပေး ခဲ့ ရ သည်။ အလား တူ ထို့ နေ့ နံနက် ၆ နာရီ တွင် တပ်မတော် နှင့် ပြည်သူ့ ရဲ ပူးပေါင်း အင်အား ၃၇ ယောက် သာ ရှိသော ပန်ကောက် စခန်း အား ဗကပ တပ်ရင်း ၅၀၁ နှင့် ၀၁၈ မှ လက်နက်ကြီး ပစ်ကူ များ ဖြင့် အပြင်း အထန် ထိုး စစ်ဆင် တိုက်ခိုက် ရာ ထွေးလုံး ရစ်ပတ် တိုက်ခိုက် ရသည် အထိ အပြင်း အထန် ခုခံ ကြ သော် လည်း တပ်ခွဲ မှုး အပါ အ၀င် ကျဆုံး မှု များ ပြား လာ ပြီး ထိခိုက် ဒါဏ်ရာ ရသူ များပြား လာ သော ကြောင့် ထို စခန်း ကို လက်လွှတ် ခဲ့ ရသည်။ အလား တူ ပန်ကောက် အောက် စခန်း အား ဗကပ တို့ ဆက်လက် တိုက်ခိုက် ရာ အင်အား ၁၂ ယောက် သာ ရှိသော ထို စခန်း သည် လည်း အချိန် တို အတွင်း ကျဆုံး သွား ခဲ့ ရသည်။

လွယ်မလုံ စခန်း တွင် မူ ခြူးရွှေ စခန်း ဘက် မှ တိုက်ပွဲ ဖြစ်ပွား သံ ကြား သည် နှင့် တပြိုင် နက် တပ် မတော် တပ်စိတ် တစ်စိတ် နှင့် သက ဆဖ အင်အား ၁၃ ယောက် တို့ သည် တိုက်ပွဲ ၀င်နိုင် ရန် အသင့် ပြင်ဆင် စောင့်ဆိုင်း နေရာ မျှော်လင့် ထားသည့် အတိုင်း ဗကပ အင်အား ၁၀၀ ခန့် မှ စခန်း ကို ချည်းကပ် တိုက်ခိုက် လာ သဖြင့် တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့သည်။ ဗကပ တို့ သည် လက်နက် ကြီး ပစ် ကူ များ ဖြင့် စခန်း သိမ်း နိုင်ရန် အကြိမ်ကြိမ် ကြိုးစား တိုက်ခိုက် သော် လည်း တပ် မတော် မှ တစ်စု တစ်စု စစ်ကူ ရောက်ရှိ လာ သဖြင့် တိုက်ပွဲ အပြင်း အထန် ဆက်လက် ဖြစ်ပွား ခဲ့ ပြီး တပ် မတော် မှ ထွေးလုံး ရစ်ပတ် တိုက်ခိုက် ရသည် အထိ အပြင်း အထန် ခုခံ တိုက်ခိုက် ခဲ့ ကြ သည်။ နှစ်ရက် တိုင်တိုင် တိုက်ခိုက် ပြီး နောက်ဆုံး တွင် ဖားကျွတ် စခန်း ဘက် သို့ ဗကပ တို့ ပြန်လည် ဆုတ်ခွာ သွား ခဲ့ ကြ သည်။ ထို အချိန် ၌ ပင် တပ် မတော် နှင့် ပြည်သူ့ ရဲ ပူးပေါင်း အင်အား ၁၂ ယောက် တပ်စွဲ ထားသော ဖားလင် စခန်း အား ဗကပ အင်အား ၁၀၀ ခန့် မှ လက်နက် ကြီး ပစ်ကူ များ ဖြင့် အပြင်း အထန် တိုက်ခိုက် လာ သဖြင့် မိမိ ဘက် မှ ကျည်အား နည်း လာ သည် နှင့် အမျှ စခန်း ကို စွန့်လွှတ် လိုက် ရသည်။ ဤ သို့ ဖြင့် ခြူးရွှေ ပန်ကောက် အပါ အ၀င် ဟိုပန် ဒေသ တ၀ိုက် စခန်း များ အား ဗကပ တို့ ယာယီ သိမ်း ပိုက် နိုင်ခဲ့ ပြီး အခိုင် အမာ ခံစစ် ပြင်ဆင် ထား ခဲ့ ကြသည်။

ထို စခန်း များ အား ပြန်လည် သိမ်းပိုက် နိုင်ရေး အတွက် တပ်မတော် မှ ဖွင့်လှစ် ခဲ့ သော စစ်မျက် နှာ များ မှာ ခြူးရွှေ စစ်မျက် နှာ တွင် ရတ ခလရ ( ၁၂ ) ၊ ရတ ခမရ ( ၁၀၇ ) ၊ ရတ ခမရ ( ၁၀၉ )  ၊ ရင်ကွဲ တောင် စစ်မျက်နှာ တွင် ရတ ခလရ ( ၇ ) ၊ ရတ ခလရ ( ၁၃ ) ၊ ဖားကျွတ် စစ် မျက်နှာ တွင် ရတ ခလရ ( ၈၀ ) ၊ ရတ ခလရ ( ၈၁ ) ၊ ဗင်းဟင် ဟိုစွမ် စစ်မျက်နှာ တွင် ရတ ခလရ ( ၃၆ ) ၊ ရတ ရှမ်း သနက ( ၁ ) ရတ ခလရ ( ၁၀ ) တို့ မှ စစ်ကြောင်း တပ်ခွဲ များ ဖြင့် ပြင်ဆင် စု ဖွဲ့ ခဲ့ ကြသည်။ ထို စစ်ဆင် ရေး ကြီး တစ်ခု လုံး ကို ကွပ်ကဲ ရန် အတွက် နယ်လှည့် အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ် သည် အောက်တို ဘာ ၅ ရက်နေ့ တွင် ၄င်း ၊ နယ်လှည့် အမှတ် ၉၉ ခြေမြန် တပ်မ ဌာန ချုပ် သည် အောက်တို ဘာ ၃ ရက်နေ့ တွင် ၄င်း ကွမ်းလုံ သို့ ရောက်ရှိ အခြေ ပြု ခဲ့ သည်။ ထို မှ တဆင့် နယ်လှည့် တမခ ၉၉ ဌာနချုပ် ကွပ်ကဲ မှု အဖွဲ့ သည် အောက်တို ဘာ ၅ ရက်နေ့ တွင် ဟိုပန် သို့ ပြောင်းရွေ့ ကာ စစ်ဆင် ရေး တပ်များ အား အနီး ကပ် ကွပ်ကဲ ခဲ့ သည်။

တပ်မတော် မှ ထိုး စစ် ကို စတင် ဆင်နွဲ ရာ ခြူးရွှေ စစ်မျက် နှာတွင် အောက်တို ဘာ ၃ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ၄င်း ၊ ရင်ကွဲ တောင် စစ်မျက် နှာ တွင် အောက်တို ဘာ ၈ ရက် နေ့ မှ ၂၈ ရက်နေ့ အထိ ၄င်း ၊ ဖားကျွတ် စစ်မျက် နှာ တွင် အောက်တိုဘာ ၈ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ ၄င်း ၊ ဟိုစွမ် စစ်မျက် နှာ တွင် အောက်တို ဘာ ၂၉ ရက် မှ နိုဝင် ဘာ ၁ ရက်နေ့ အထိ ၄င်း တိုက်ပွဲ များ အပြင်း အထန် ဖြစ် ပွား ခဲ့ သည်။ ဗကပ တို့ သည် ၄င်းတို့ ရရှိ ထား သော တပ်မတော် တပ် စခန်း များ အား အခိုင် အမာ ခံ စစ်ပြင် ထား ပြီး လက်မလွှတ် တမ်း ကုပ်တွယ် ကာ ၅၇ မမ ၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် များ ၊ ၆၀ မမ ၊ ၈၂ မမ စိန်ပြောင်း များ ပွိုင့် ၅ စက် သေနတ် ကြီး များ ဖြင့် အပြင်း အထန် ခုခံ ကာ ကွယ် ခဲ့ ကြသည်။ တပ်မတော် သည် မိုးသီး မိုးပေါက် များ ပမာ ကျရောက် နေ သော ရန်သူ့ ကျည်ဆန် များ ကြား မှ အသက် ကို ပဓါန မထား ပဲ မြေ ကို တစ်လက်မ ချင်း ရှေ့ တိုး သိမ်း ပိုက် ကာ အပြင်း အထန် ထိုး စစ်ဆင် တိုက်ခိုက် ကာ ကျဆုံး သွား ခဲ့ သော တပ် မတော် တပ် စခန်း များ အား ပြန်လည် သိမ်းပိုက် ခဲ့ ကြ ရ သည်။

ထို စစ်ဆင် ရေး ကြီး မှာ အောက်တို ဘာ ၃ ရက်မှ အောက်တို ၂၇ ရက်နေ့ အထိ ၂၄ ရက်ကြာ မြင့် ပြီး ထို ကာလ အတွင်း လှံစွပ် ထိုး တိုက်ပွဲ ၁၀ ကြိမ် ၊ တိုက်ပွဲ ကြီး ၂၅ ကြိမ် ဆက်တိုက် အပြင်း အထန် ဖြစ် ပွား ခဲ့ သည်။ ထို တိုက်ပွဲ တွင် ဗက ပ ၃၇၃ လောင်း ရရှိ ခဲ့ ပြီး မြေမြုပ် ထား သည် အလောင်း ၄၂၆ လောင်း ကို ဖော်ထုတ် ရရှိ ခဲ့သည်။ တပ်စု မှုး အဆင့် ရှိသူ တစ်ဦး နှင့် တပ်သား တစ်ဦး လက်နက် ချ အညံ့ခံ ခဲ့ သည်။ တပ်မတော် မှ အရာရှိ ၁၃ ဦး နှင့် စစ်သည် ၁၁၃ ဦး တိုင်းပြည် အတွက် အသက် ပေးလှု ခဲ့ ရပြီး ၂၃၇ ဦး ထိခိုက် ဒါဏ်ရာ ရရှိ ခဲ့ ကာ တပ်မတော် လေ မှ ဗန်ပိုင်ယာ တိုက် လေယာဉ် တစ်စင်း ပျက်ကျ ဆုံးရှုံး ခဲ့ ရသည်။

ခြူးရွှေ ပန်ကောက် တိုက်ပွဲ စဉ် တွင် ဗကပ တို့ ၏ မဟာ ဗျူဟာ ရည်မှန်း ချက်ဖြစ် သော ဟိုပန် မြို့ ကို သိမ်းပိုက် ပြီး သံလွင် အရှေ့ ခြမ်း စိုးမိုး ရေး စီမံ ချက် အား အပိုင်းပိုင်း ရိုက်ချိုး နိုင်ခဲ့ သော တိုက်ပွဲ ကြီး တစ်ပွဲ ဖြစ်ပြီး တပ်မတော် မှ ဗကပ တို့ ဆုတ်ခွာ ရာ တစ် လျှောက် လိုက်လံ ချေမှုန်း တိုက်ခိုက် ကာ ဟိုစွမ် ဗန်ဟင်း အထိ အောင်မြေ ချဲ့ လိုက် စစ်ဆင် တိုက်ခိုက် ခဲ့ သဖြင့် ဗကပ တို့ များစွာ အထိ နာခဲ့ ရ သည်။ မည် သို့ ပင် ဆိုစေ ကာမူ ခြူးရွှေ ပန်ကောက် တိုက်ပွဲ ကြီး သည် ပြည်သူ တစ်ရပ် လုံး အတွက် တပ်မတော် မှ အသက် သွေး ချွေး များစွာ ရင်းနှီး ပေးဆပ် တိုက်ပွဲ ၀င် ခဲ့ သည် ဆိုသည် ကို ကား မည်သူ မျှ ငြင်း နိုင် မည် မဟုတ် ပါ ပေ တကား။



No comments:

Post a Comment