Popular Posts

Tuesday, December 2, 2014

မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၁ )


မြန်မာ့ တပ်မတော် (လေ) ကို ဒုတိယ ကမ္ဘာ စစ် အပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် မှာ တရားဝင် ဖွဲ့စည်း ခဲ့ပါ သည်။ သို့ ပေမယ့် လေတပ် တစ်စု အတွက် အခြေခံ လိုအပ် ချက် ဖြစ်တဲ့ လေကြောင်း ပျံသန်းမှု ပညာ ရပ် တွေ ကတော့ ၁၉၄၇ ခုနှစ် မတိုင်မီ နှစ် များ ကတည်း က မြန်မာ နိုင်ငံ ကို စတင် ရောက်ရှိ ခဲ့ပြီး ဖြစ်ပါ သည်။ ၁၉၃၄ ခုနှစ် မှာ Flying School ဟူသော အမည် ဖြင့် အပျော် တမ်း လေယာဉ် မောင်း သင်တန်း ကျောင်း တစ်ကျောင်း ကို ရန်ကုန် မြို့ မှာ စတင် ထူထောင် နိုင် ခဲ့ပြီး အကျိုး ဆက် အဖြစ် မြန်မာ နိုင်ငံ မှာ လေကြောင်း ပျံသန်းမှု ပညာ ရပ် များ အပေါ် စိတ်ဝင်စား သည့် ပုဂ္ဂိုလ် များ စတင် ပေါ်ထွက် လာခဲ့ ခြင်း ကြောင့် Rangoon Flying School သည် မြန်မာ နိုင်ငံ ရဲ့ ပျံသန်း ရေး သမိုင်း ဦး အစ အဖွဲ့ အစည်း ဟု ဆို ရမည် ဖြစ် ပါသည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာ လ ၁၉ ရက် မှာ Burma Volunteer Air Unit (BVAU) ခေါ် ဗမာ့ အပျော် တမ်း လေ တပ်ဖွဲ့ ကို စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၄၁ ခုနှစ် ဧပြီ လ ၄ ရက် မှာ (BVAU) ကို Burma Volunteer Air Force (BVAF) အဖြစ် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး စစ် ဆင်ရေး တာဝန် များ ထမ်းဆောင် နိုင်အောင် ကြိုတင် ပြင်ဆင် ခဲ့ပါ သည်။ မြန်မာ နိုင်ငံ ကို ဖက်ဆစ် များ တိုက်ခိုက် သိမ်းပိုက် ပြီးချိန် တွင် BVAF သည် အိန္ဒိယ နိုင်ငံ ထဲ အထိ ဆုတ်ခွာ ရွှေ့ပြောင်း ခဲ့ပါ သည်။ ဒုတိယ ကမ္ဘာ စစ်ကြီး အတွင်း BVAF တပ်ဖွဲ့ ဝင် မြန်မာ အမျိုးသား များ သည် ဥရောပ နှင့် အာရှ စစ် မျက်နှာ များ တွင် မဟာ မိတ် တပ်များ ဘက်မှ ပါဝင် ပြီး စစ်ဆင် ရေးများ ဆောင်ရွက် ခဲ့ကြ သည်။ မြန်မာ နိုင်ငံ လုံးဝ လွတ်လပ် ရေး ရရှိ ဖို့ ဆွေးနွေး တောင်းဆို ရာတွင် တပ်မတော် ဖွဲ့စည်း တည်ထောင် ရေး ကို ထည့်သွင်း ဆောင်ရွက် မှု ၏ တစ်စိတ် တစ် ဒေသ အဖြစ် အမြဲ တမ်း လေ တပ်မတော် တစ်ရပ် ဖွဲ့စည်း ထူထောင် နိုင်ရေး စီမံချက် ရေးဆွဲ ခဲ့ကြ သည်။ စီမံ ချက် အရ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် တွင် မြန်မာ နိုင်ငံ အစိုးရ ကာကွယ် ရေး ဌာန Burma Air Force (Dicipline) Act,1947 ကို ပြဋ္ဌာန်း အတည် ပြု ပေး လိုက်ရာ မှ အစ ပြု ၍ မြန်မာ့ လေ တပ်မတော် Burma Air Force အဖြစ် စတင် ရပ်တည် ထူထောင် နိုင်ခဲ့ ပါသည်။

Tiger Month လေယာဉ် တစ်စီး နမူနာပုံ
လေသူရဲ များ ကို လေ့ကျင့် မွေးထုတ် ပေးရန် အတွက် တပ်မတော် (လေ) တွင် ပထမ ဆုံးသော လေ့ကျင့် ရေး လေယာဉ် အဖြစ် Tiger Month လေယာဉ် များ ကို အသုံး ပြု၍ ပထမ ဆုံးသော လေယာဉ် မောင်း သင်တန်း ကို မင်္ဂလာဒုံ လေယာဉ် ကွင်း ၌ ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာ လ ၁ ရက် တွင် သင်တန်း သား ၁၂ ဦး ဖြင့် စတင် ဖွင့်လှစ် သင်ကြား ခဲ့ ပါသည်။ လေသူရဲ များ နည်းတူ လေယာဉ် / ရဟတ်ယာဉ် ပြုပြင် ထိန်းသိမ်း ရေး လုပ်ငန်း များ လုပ်ကိုင် ရန် အတွက် ပထမ ဆုံး သော စက်မှု လက်မှု သင်တန်း ကို အင်းစိန် စက်မှု လက်မှု ကျောင်း မှာပင် မော်တော် ကား အင်ဂျင် ကို သင် ထောက်ကူ ပစ္စည်း အဖြစ် အသုံး ပြုပြီး သင်တန်း သား ၂၈ ဦး ဖြင့် ဖွင့်လှစ် သင်ကြား ခဲ့ ပါသည်။


ဗိုလ်ချုပ် အောင်ဆန်း သည် မြန်မာ့ လေ တပ်မတော် အမြုတေ များ အဖြစ် ဂျပန် ပြည် သို့ လေကြောင်း ပညာ သင် ၁၀ ဦး ကို ရွေးချယ် စေလွှတ် ခဲ့သည်။ မြန်မာ နိုင်ငံ အစိုးရ ကာကွယ် ရေး ဌာန က ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် တွင် ဗမာ့ လေ တပ်မတော် (Burma Air Force)(B.A.F) စတင် ဖွဲ့စည်း ပေး ခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် တပ်မတော် တစ်ရပ် လုံး စည်းလုံး ညီညွှတ် ရေး အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကို တစ်ပြေး ညီ ပြင်ဆင် ဖွဲ့စည်း ခဲ့ရာ ဗမာ့ လေ တပ်မတော် မှ တပ်မတော် (လေ) ဟု အမည် ပြောင်းလဲ သုံးစွဲ ခဲ့သည်။

လွတ်လပ် ရေး ရပြီး မကြာ မီပင် ဗမာ ပြည် ကွန်မြူနစ် ပါတီ သည် ဖဆပလ အစိုးရ ကို ဆန့်ကျင် ၍ လက်နက် ကိုင် ပုန်ကန် ထကြွ ရန် တောခို သွား ခဲ့သည်။ ကြီးထွား လာသော ရောင်စုံ သူပုန် တို့ကို နှိမ်နင်း ရေး အတွက် လေကြောင်း ပစ်ကူ ပေးရန် တောင်းခံ လာခဲ့ ကြသည်။ သို့သော် ဤ အချိန် ၌ လေကြောင်း အကူ ပေးနိုင် လောက်သည့် အင်အား မရှိ သေးပါ။ အောက်စ်ဖို့ဒ် လေယာဉ် အချို့ ရှိသော် လည်း လေယာဉ် မောင်း သင်တန်း ၌ အသုံး ပြု နေ ရသည်။ အမောင်း သင် လေယာဉ် အမျိုး အစား တွင် မပါဝင် သော အော်စတာ လေယာဉ် များ သာ ရှိသည်။ စစ် မြေပြင် တွင် အသုံးပြု သည့် စက် သေနတ် များ ကို ယင်း လေယာဉ် တွင် တပ်ဆင် အသုံး မပြု နိုင် သဖြင့် သေနတ် သမား တစ်ဦး ကို လေယာဉ် ပေါ် တင်ခေါ် သွားကာ ထို သေနတ် သမား က စက် သေနတ် ကို ပိုက်၍ မြေပြင် သို့ ပစ်ခတ် ရင်း ပစ်ကူ ပေး ရသည်။ ဗုံး ချရာ တွင်လည်း တောင်ပံ အောက်နှင့် လေယာဉ် ဗိုက်အောက် တွင် ဗုံးချိတ်ဆွဲ ပျံသန်း ရခြင်း မဟုတ် ဘဲ တွဲဖက် လေသူရဲ က ဗုံးကို လက်ဖြင့် ကိုင် ထားပြီး လေယာဉ်မှူး က အချက် ပြ လိုက်သည် နှင့် တစ်ပြိုင် နက် စနက်တံ ကို ဖြုတ်၍ လေယာဉ် ပေါ်မှ ပစ်ချ ခြင်း ဖြစ်သည်။ သို့သော် ဤ အော်စတာ လေယာဉ် များ ကို သုံး သည့် စစ်ဆင်ရေး မှာ ထိရောက်မှု မရှိ သဖြင့် လေယာဉ် မောင်း သင်တန်း များ ကို ရပ်ဆိုင်း ပြီး အောက်ဖို့စ် လေယာဉ် များ ကို စစ်ဆင်ရေး တွင် အသုံးပြု ခဲ့ ကြ သည်။

Auster လေယာဉ် တစ်စီးပုံ
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် တွင် အင်းစိန် ကို ကေအင် ဒီအို များက သိမ်းပိုက် လိုက် သဖြင့် ရန်ကုန် မြို့၏ အခြေ အနေ မှာ များစွာ စိုးရိမ် ဖွယ် ဖြစ်ခဲ့ ရသည်။ ဤ အချိန် တွင် နိုင်ငံတော် ၏ အခြေ အနေ မှာ လည်း ဆိုးရွား လျက် ရှိရာ နိုင်ငံခြား သတင်း စာ များက ဖဆပလ အစိုးရ အား ရန်ကုန် အစိုးရ ဟု နှိမ်၍ ရေးသား လာကြ သည်။ ထို့ကြောင့် ထိရောက် သော လေကြောင်း စစ်ကူ ပေးရန် စပစ် ဖိုင်းယား လေယာဉ် များ ဝယ်ယူ ၍ ဗမာ့ လေ တပ်မတော် သည် ပြည်တွင်း သောင်းကျန်း မှု နှိမ်နင်း ရေး တွင် ထိရောက် သော လေကြောင်း ပစ်ကူ ပေးနိုင် ခဲ့သည်။ အောက်စ် ဖို့ဒ် လေယာဉ် များ၏ လေကြောင်း ပစ်ကူ ကိုလည်း အစွမ်း ကုန် အသုံးချ နိုင် ခဲ့သည်။

Spitfire လေယာဉ် တစ်စီး

အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ သေနတ် ကိုင် တပ်ရင်း များ တောခို သွားစဉ် ၁၉၄၈ ခုနှစ် သြဂုတ် ၁၀ ရက်၌ ဗိုလ်မှူး ရှီးရှိုး၊ ဗိုလ်ကြီး တီကလစ်၊ ဗိုလ်ကြီး အက်စ်ခင် တို့သည် ဤ စပစ် ဖိုင်းယား လေယာဉ် သုံးစင်း ကို မောင်းနှင် ၍ မှော်ဘီ မြို့ မြောက်ဘက် ရှိ ဝါးနက် ချောင်း ဒေသ ၌ သူပုန် တပ်ရင်း များ အား ဝေဟင် မှ ဗုံးကြဲ ခြင်း၊ စက် သေနတ် ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြ သည်။

oxford လေယာဉ် တစ်စီး
ထိုစဉ်က တောင်ငူ မြို့သည် ကေအင်ဒီ အို ၏ အင်အား အတောင့် တင်း ဆုံး မြို့ ဖြစ်နေပြီး ကေအင် ဒီအို တို့သည် ရန်ကုန် - မန္တလေး လမ်းမကြီး ကို ဖြတ်တောက် ထားလျက် ရှိရာ တောင်ငူ နှင့် အချို့ မြို့များ မှာ ကေအင်(န်) ယူ များ ၏ လက် ထဲတွင် ရှိနေ ဆဲ ဖြစ် သည်။ ထို့ကြောင့် ရန်ကုန် - မန္တလေး လမ်းမကြီး ကို ပြန်ဖွင့် ရန် ကေအင် ဒီအိုများ အခိုင် အမာ တပ်စွဲ ထားသည့် စာဗူးတောင်း ဒေသ ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် တွင် လေကြောင်း မှ သွားရောက် တိုက်ခိုက် ခဲ့ ကြ သည်။ ထိုနေ့ လေယာဉ် သေနတ် သမား သိန်းစော၊ ထွန်းအောင်ကျော် ကို လေကြောင်း မှ တိုက်ခိုက် ကြရာ မြေပြင် မှ သောင်းကျန်း သူ များ ကလည်း အပြင်း အထန် ပြန်လည် ခုခံ ပစ်ခတ် ကြ၍ လေယာဉ်ပျံ ကို ထိမှန် ပြီး ထိုးကျ ပျက်စီး ခဲ့သည်။ လေ သူရဲ လေယာဉ် သား အားလုံး တိုင်းပြည် အတွက် အသက် စွန့် ခဲ့ ရသည်။ ဒုတိယ ဗိုလ် ထင်ကြီး သည် အမှတ် (၂) လေယာဉ် မောင်း သင်တန်း မှ အောင်မြင် ပြီး ၁၄ ရက် အကြာ တွင် တိုက်ပွဲ ၌ ကျဆုံး ခဲ့ ရခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက် တွင် တပ်မတော် က စာဗူးတောင်း ကို သိမ်းပိုက် လိုက်သော အခါ တောင်ငူ သို့ ချီတက် ရန် လမ်းပွင့် သွား သည်။

ထိုအချိန် က ရောင်စုံ သူပုန် များ ကို လေကြောင်း မှ သွားရောက် တိုက်ခိုက်ရာ တွင် အသုံး ပြု ခဲ့သော ဗုံးမှာ လေယာဉ် ပေါ်မှ ကြဲချ ရန် စနစ် တကျ ထုတ်လုပ် ထားသော ဗုံး များ မဟုတ် ဘဲ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ် ရေး အတွက် အရေးကြီး အခြေ အနေ ကြောင့် ရေပိုက် များ၊ ဓာတ်မီး တိုင်များ၊ မီးသတ် ဘူးများ ကို ဗုံးခွံ အဖြစ် အသုံးပြု ၍ တပ်မတော် (ကြည်း) လျှပ်စစ် နှင့် စက်မှု အင်ဂျင် နီယာ တပ်မှ ဗိုလ်ကြီး တင်မောင် နှင့် ဗိုလ်ကြီး သောင်းညွှန့် တို့က အန္တရာယ် အသွယ်သွယ် အကြား မှ ကြိုးပမ်း တီထွင် ထုတ်လုပ် ကြခြင်း ဖြစ်သည်။ ယင်း ဗုံးများ ကို ဝေဟင် မှ ကြဲချ ရာတွင် လည်း ဗုံးချိတ် ကိရိယာ ၌ ချိတ်ဆွဲ သယ်ဆောင် ပြီး ကြဲချ ခြင်း မဟုတ် ဘဲ လေယာဉ် ကိုယ်ထည် တွင်း သယ်ဆောင် လာသော ဗုံး ကို လက်ဖြင့် ကိုင်ပြီး စနက် တံ ဖြုတ်၍ ဓာတ်ပုံ ရိုက် ကင်မရာ အပေါက် မှ ဖြုတ်ချ ခြင်း ဖြစ်သည်။ လွတ်လပ် ရေး ပြန်လည် ဆုံးရှုံး လု နီးပါး အချိန် တွင် ဤသို့ မဆောင်ရွက် လျှင် မဖြစ် သည့် အခြေ အနေ မျိုးကြောင့် သာ ဗမာ့ တပ်မတော် မှ အရာရှိ များ နှင့် ဗမာ့ တပ်မတော် မှ လေသူရဲ များ က အသက် ကို ပဓာန မထား ဘဲ စွန့်လွှတ် စွန့်စား သည့် စိတ်ဓာတ် ဖြင့် ဆောင်ရွက် ခဲ့ကြ ခြင်း ဖြစ်သည်။


တပ်မတော် (လေ) သည် ဝါးနက် ချောင်း တိုက်ပွဲ၊ ပန်းတနော် တိုက်ပွဲ၊ သာယာ ဝတီ တိုက်ပွဲ၊ စာဗူး တောင်း တိုက်ပွဲ၊ အင်းစိန် တိုက်ပွဲ စသည် ဖြင့် တိုက်ပွဲ ပေါင်း များစွာ ဆင်နွှဲ ခဲ့ရ သည်။ လေကြောင်း မှ တိုက်ခိုက် ရာ တွင် ဖောက်ထွင်း အား ကောင်းသော ရော့ကတ် (Rocket) များ အသုံး ပြု မှသာ ထိရောက် မှု ရှိနိုင် သည်။ ထို့ကြောင့် ထိုစဉ် က လေတပ် ဦးစီး ချုပ် ဒုတိယ ဗိုလ်မှူးကြီး အက်စ်ခင် သည် ကျိုင်းတုံ လေယာဉ် ကွင်း ကို အခြေ ပြုပြီး အောက်စ်ဖို့ဒ် လေယာဉ် အပေါ့ စား တွင် ရော့ကတ် တပ်ဆင် ၍ စမ်းသပ် ပစ်ခတ် ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဇွန် ၁၅ ရက် တွင် လေတပ် ဦးစီး ချုပ် ကိုယ်တိုင် ပထမ ဆုံး အကြိမ် စမ်းသပ် ပစ်ခတ် ရာ ရော့ကတ် ပြင်းအား ကို မခံနိုင် ဘဲ လေယာဉ် တောင်ပံ ကျိုးထွက် သွားကာ လေယာဉ် ပျက်ကျ သွား၏။ ထို လေယာဉ် နှင့် အတူ လေတပ် ဦးစီးချုပ် လည်း ကျဆုံး သွားခဲ့ လေ သည်။ အဆိုပါ လေတပ် ဦးစီးချုပ် သည် တိုက်ပွဲ ပေါင်း များစွာ ဆင်နွှဲ အောင်ပွဲ ဆင်နိုင် ခဲ့သည့် ဝါရင့် လေ သူရဲ တစ်ဦး ဖြစ် ပါသည်။

Seafury တစ်စင်း
တပ်မတော် (လေ) သည် ပြည်ပ ကျူးကျော် သူ များအား တွန်းလှန် တိုက်ခိုက် သည့် နဂါး နိုင် စစ်ဆင် ရေး၊ ဘုရင့် နောင် စစ်ဆင်ရေး နှင့် မဲခေါင် စစ်ဆင် ရေး များ တွင် တပ်မတော် (ကြည်း) တပ်ဖွဲ့ ဝင် များနှင့် အတူ တိုက်ပွဲ ဝင် ခဲ့သည်။ ဤ စစ်ဆင် ရေး များ မစတင် မီ ရန်သူ့ စခန်း များ အား လေကြောင်း မှ တိုက်ခိုက် ခြင်း နှင့် လေကြောင်း ဓာတ်ပုံ ရိုက်ယူ ခြင်းများ ကြိုတင် ဆောင်ရွက် ခဲ့သည်။ ဘုရင့် နောင် စစ်ဆင်ရေး တွင် ဗမာ့ လေ တပ်မတော် မှ လေ သူရဲ များ သည် နဂါး နိုင် စစ်ဆင် ရေး ဆင်နွှဲ စဉ် ကာလ ကဲ့သို့ ပင် ဗမာ့ ကြည်း တပ်မတော် အား လေကြောင်း အကူ အမျိုးမျိုး ပေးခဲ့ ကြ သည်။ အောက်စ် ဖို့ဒ် လေယာဉ် များ ကို ကင်းထောက် လေယာဉ် အဖြစ် လည်းကောင်း၊ ဒါကိုတာ လေယာဉ် များ ကို သယ်ယူ ပို့ဆောင် ရေး လေယာဉ် များ အဖြစ် လည်းကောင်း အသုံးပြု ခဲ့ပြီး တိုက် လေယာဉ် များ အဖြစ် ဆီး ဖိုင်းယား လေယာဉ် များ ကိုသာ အားထား အသုံး ပြု ခဲ့ရ သည်။ ၁၉၅၄ ခုနှစ်၊ မတ်လ ၂၈ ရက် တွင် မိုင်းဆတ် မြို့ကို ဗမာ့ တပ်မတော် က သိမ်းပိုက် နိုင်ခဲ့ သည်။

ဘုရင့်နောင် စစ်ဆင် ရေး အကြို ကာလ ဖြစ်သော ၁၉၅၄ ခုနှစ်၊ ဇန်န၀ါရီ လ ၆ ရက် တွင် လေသူရဲ ဗိုလ် ဂျော့ဂျီ ၀ိုင်လီ၊ လေကြောင်း လမ်းပြ ဆိုင် မွန် နှင့် လေကြောင်း အချက် ပြ ကလီး နီးယပ်စ် တို့သည် ဒါကိုတာ လေယာဉ် ဖြင့် ၀မ်ဆလာ ဒေသ တောင်ကုန်း အမှတ် (၅၀၂၁) တွင် တပ်စွဲ ထားသော ဗမာ့ ကြည်း တပ် မတော် ၏ ရှေ့တန်း စခန်း သို့ စစ်ဆင် ရေး ရိက္ခာ များ ဝေဟင်မှ ချပေး စဉ် မြေပြင် မှ တရုတ် ဖြူ တပ်များ ၏ ပစ်ခတ် မှု ကြောင့် ပျက်ကျ ခဲ့သည်။

ဘုရင့် နောင် စစ်ဆင် ရေး အပြီး တစ်နှစ် အကြာ ၁၉၅၅ ခုနှစ်၊ မတ်လ တွင် တပ်မတော် သည် ရန်ကြီးအောင် စစ်ဆင်ရေး ကို ဆင်နွှဲ ရပြန် သည်။ ထို စစ်ဆင် ရေး ကြီး တွင် တရုတ်ဖြူ အင်အား ၆၀၀၀ ကျော် ရှိနေသော စခန်း လေးခု ကို တိုက်ခိုက် ခဲ့ကြ သည်။ ဘုရင့် နောင် စစ်ဆင် ရေး ကြောင့် ကစဥ့် ကလျား ဆုတ်ခွာ ထွက်ပြေး သွားကြသော တရုတ် ဖြူ တပ်များ သည် မြန်မာ ပြည် မြောက်ပိုင်း တွင် အင်အား ပြန်လည် စုဖွဲ့ နေကြ သည်။ ဗမာ့ တပ်မတော် သည် ၁၉၅၄ ခုနှစ် အတွင်း ပြည်ပ ရန် ကာကွယ် ရေး နှင့် ပြည်တွင်း သောင်းကျန်း မှု နှိမ်နင်း ရေး အတွက် စပစ် ဖိုင်းယား တိုက် လေယာဉ် ၃၁ စင်း ကို အစ္စရေး နိုင်ငံ မှ ၀ယ်ယူ ၍ အင်အား ဖြည့်တင်း ထား ခဲ့သည်။ ထို့ကြောင့် အမှတ် (၁) အုပ် မှ လေ သူရဲ များ သည် စပစ် ဖိုင်းယား တိုက် လေယာဉ် များ ကို ဆီးဖိုင်းယား တိုက် လေယာဉ် များနှင့် တွဲဖက် ၍ တရုတ်ဖြူ စခန်း များ ကို လေကြောင်း မှ ပြင်းထန် စွာ တိုက်ခိုက် ခဲ့ကြ သည်။

အမှတ် (၂) အုပ်မှ လေ သူရဲ များ ကလည်း ဒါကိုတာ လေယာဉ် ဖြင့် ရှေ့တန်း စစ်မျက်နှာ ရှိ မြေပြင် တပ်ဖွဲ့ များ ကို ရိက္ခာ ပစ္စည်း များ နှင့် ခဲယမ်း မီးကျောက် များ ကို လေကြောင်း မှ ချပေး ခဲ့သည်။ ရန်သူ များ သည် လေကြောင်း ရိက္ခာ နှင့် ခဲယမ်း မီးကျောက် များ ချပေး သည့် ဒါကိုတာ လေယာဉ် များ ကို မြေပြင် မှ ပြင်းပြင်း ထန်ထန် ဆီးကြို ပစ်ခတ် ကြ သည်။ ဤသို့ ပစ်ခတ် သည့် ကြား မှ လေသူရဲ များ ကလည်း ရဲဝံ့ စွန့်စား စွာ ဝင်ရောက် ချပေး ခဲ့သည်။ ၁၉၉၅ ခုနှစ် မေလ ၁၃ ရက် တွင် လေ သူရဲ ဗိုလ် ထွန်းမြင့် မောင်းနှင် သည့် ဒါကိုတာ လေယာဉ် တစ်စင်း သည် ရှမ်း ပြည်နယ် အရှေ့ ပိုင်း ဗမာ့ ကြည်း တပ်မတော် ၏ စခန်း တစ်ခု သို့ လေကြောင်း မှ ရိက္ခာ ချပေး စဉ် ရန်သူ ၏ ပစ်ခတ်မှု ကြောင့် လေယာဉ် ပျက်ကျ ခဲ့ ရသည်။ လေ သူရဲ နှင့် လေယာဉ် သား အားလုံး အသက် ဆုံးရှုံး ခဲ့ ရသည်။ ဤ ဆုံးရှုံးမှု သည် တရုတ် ဖြူ စစ်ဆင်ရေး တွင် ဗမာ့ တပ်မတော် ၏ ဒုတိယ အကြိမ် ဆုံးရှုံး မှု ဖြစ်သည်။

ဆက်လက် ဖော်ပြ ပါမည် ....


မြဝတီ

No comments:

Post a Comment