Popular Posts

Sunday, November 30, 2014

အောင်စိုးမိုး စစ်ဆင်ရေး ( သို့မဟုတ် ) ဇင် - ချစ် နောက်ဆုံးနေ့

၁၉၇၂ ခုနှစ် စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် တပ်မတော် မှ စစ်ရေးနှင့် နိုင်ငံရေး ပူးတွဲ စစ်ဆင် နိုင် ရန် ပဲခူးရိုးမ စစ်ဆင်ရေး ဌာနချုပ် ကိုဖွင့် လှစ်ကာ အောင်စိုးမိုး စစ်ဆင်ရေး ကို စတင် ဆင်နွဲ ခဲ့ သည်။ ရိုးမ တလွှားပေါ် ရှိ ဗကပ တို့အား အမြစ်ဖြတ် နိုင်ရန် အတွက် ဖြတ်လေး ဖြတ် စနစ် ကို စတင် ကျင့် သုံးခဲ့ သည်။ ဖြတ်လေးဖြတ် စနစ် ကျင့်သုံးရာ တွင် ထိရောက် စေရန် အတွက် ပဲခူး ရိုးမ တောင်ပေါ် ရွာ ( ၁၄ ) ရွာကိုလဲ ပြောင်းရွှေ့ နေရာ ချထား ခဲ့သည်။ တပ်မတော်၏ နိုင် ငံရေးနှင့် စစ်ရေး ပူးပေါင်း စစ်ဆင်မှု အောင်မြင် သည်ဟု ဆိုရ မည်ဖြစ် သည်။ သောင်းကျန်းသူ ဗကပ တို့မှာ လူထုနှင့် အဆက် အသွယ်ပြတ် ကာ ရိက္ခာ မရ၊ သတင်း မရ၊ ဆက်ကြေး မရ ဖြစ်လာ ကြ သည်။ ဗကပ တို့နှင့် လက်လှမ်းမီသော ကျေးရွာ များ တွင်လဲ ဆန်ကို အပိုအလျှံ မထား နိုင်စေရန် ကျေးရွာ လူ ထု လုံလောက် ရန်သာ ခွဲတန်း ချပေး သည်။သို့ဖြင့် ကျေးရွာလူထုသည် ဆန်နို့ဆီ တစ်ဘူးပင် ဗကပ တို့ အား မပေး ရရန် သိုဝှက် လာကြ သည်။

ထို့ပြင် အနှစ်နှစ် အလလ က နှီပ်စက် လာသော ဒါဏ်ကြောင့် နာကျည်းနေသော ပြည်သူ လူထု သည် တပ် မတော်နှင့် ပူးပေါင်းကာ ဗကပ ချုပ်ငြိမ်း ရန် အစွမ်း ကုန်ကြိုးစား လာကြ သည်။ လက် တလော အခြေ အနေ ကို သည်းခံကာ ဗကပ တို့အား ငစိန် ကျည်ဆန်ဖြင့် တိုက်ခိုက် ခဲ့ကြ သဖြင့် တပ် မတော်နှင့် ပြည်သူ့ စစ် အဖွဲ့ ၀င်တို့မှ ပစ်ခတ်သော သေနတ် ကျည်ဆန် ထက်ပင် ဗကပ တို့ အထိ နာခဲ့ ကြ သည်။ ထို့ကြောင့် ထို စစ်ဆင်ရေး သည် ပြည်သူ တို့၏ အောင်ပွဲ ဟုပြော ရမည်ဖြစ် သည်။

ကျေးရွာ လူထု သည် ထိုစစ်ဆင်ရေး တွင် ဗကပ တို့အး ရိက္ခာဖြတ်ခြင်း ၊ ရိက္ခာ လာတောင်း သော ဗကပ တို့အား ရိက္ခာ မပေး သည့် အပြင် ပြန်လည် တိုက်ခိုက် သတ်ဖြတ်ခြင်း  တပ်မတော် သို့ ဗက ပ တို့ ၏ သတင်း များ ပေးပို့ခြင်း တို့ ဖြင့် တုံ့ပြန် တိုက်ခိုက် ခဲ့ကြ သည်။

ဗကပ တို့သည် တပ်မတော်နှင့်ပြည်သူ့ စစ် တို့မှ ပစ်ခတ်သော သေနတ် ကျည် ဆန် ကို လွတ်ေ အာင် ရှောင် နိုင်သော်လည်း ပြည်သူတို့ပစ်သော ငစိန် ကျည်ဆန် ကိုလွတ်အောင် မရှောင်နိုင်ေ တာ့ပေ ။ ထို့ကြောင့် သြဂုတ် လမှ စ၍ လက်နက် ချ အလင်း ၀င်ရောက်မှု များ ပိုမို များပြား လာခဲ့ သည် ။ ထို့ပြင် ၁၉၇၄ ခုနှစ် နိုဝင်ဘာလတွင် မဒညတ နှင့် ပူးတွဲ သည့် ဗကပ တပ် အင်အား မှာ ပြို ကွဲ လာခဲ့ပြီး လကုန် ခန့်တွင် မှု မရှိတော့ သလောက် နည်းပါး သွား ခဲ့သည်။

နိုဝင်ဘာ လ ( ၁ ) ရက်နေ့တွင် တပ်မတော် သည်ပြည်သူ လူထု သတင်းပေး ချက် အရ ကိုင်းေ ချာင်းနှင့် ဖျံချောင်း အကြား ရှိ ဆေးရုံ ဗကပ အခေါ် အလင်းရောင် စခန်း အား တိုက်ခိုက် ခဲ့ရာ နို့ တစ် လုံး စိန် ( ခေါ် ) မစိန်ဝင်း ၊ ပီကင်းပြန် ဥာဏ်ကျော် နှင့် မရှုမေ ( ခေါ် )မြမြ ၊ မခင်မာ ၊ ဒေါ် တင် နှင့် တင်စိုး အပါအ၀င် ( ၆ ) ဦး သေဆုံးပြီး အလင်းရောင်စခန်း ပြိုကွဲခဲ့သည်။ နို့တစ်လုံး စိန် ( ခေါ် )မစိန်ဝင်း အကြောင်း အနည်း ငယ် ရှင်းပြ လိုပါသည်။ မစိန်ဝင်းမှာ ပြည်ပပြန် နစ်ဖြူမယ် တစ် ဦးဖြစ် သည်။ သဘော တရားရေး ရာ တွင် ကျွမ်းကျင်သူမျှ သာဖြစ်ပြီး စစ်ရေးတွင် မစွမ်းဆောင် နိုင်ပေ။ သို့ရာတွင် သတင်းထောက် များ နှင့်ပြည်သူ တို့မှ ချဲ့ကား ချက် တို့ကြောင့် စစ်မျက်နှာ အ သီး သီး တွင် ဦးဆောင် ခဲ့သူ အဖြစ်ကျော်ကြား လာခဲ့ သည်။၎င်း၏ လုပ်ဆောင်ချက်များ ကို မဟာ နန္ဒာ စာပေမှ ထုတ်ဝေသော ဇင် - ချစ်နောက်ဆုံး ( ၂ ) တွင် ဖတ်ရှုကြည့် မည် ဆိုပါက တွေ့ရ မည်ဖြစ် သည်။ မ စိန်ဝင်း ကို ထူးခြားသော အမည် မှည့်ခေါ်ရာ တွင် အယူ အဆ အမျိုးမျိုး ရှိခဲ့ ကြ သည်။ အချို့ က ၄င်း ၏ မိန်မ အင်္ဂါ ချွတ်ယွင်းချက် ကြောင့် ( မပြည့်စုံမှု ကြောင့် ) ဟု ထင်ကြပြီး အ မှန် တကယ် မှာ သူ့လို လူ နှစ်ယောက် မရှိ No Two စိန်မှ နို့တစ်လုံးစိန် ဟု ဖြစ်လာခြင်း သာဖြစ် သည်။

ဖော်ပြ ခဲ့သည့် အတိုင်း ၁၉၇၄ ခုနှစ် မကုန်မှီ မှာ ပင် ဗကပ တို့၏ မြို့နယ် တပ် များ ပြိုကွဲ ကုန် ကြပြီ ဖြစ် ရာ ဗကပ ( ဗဟို ) သာလျှာင် ရီုးမထဲတွင် တောင်ပြေး မြောက်ပြေး ပုန်းရှောင် ရင်း နောက် ဆုံး အ ချိန် ကိုစောင့် စားလျက်ရှိသည်။ တောင်ပေါ် ၁၄ ရါာအား ရဲနွယ် စီမံကိန်း အရ ပြောင်းေ ရွ့ သော အ ခါ ဗကပ တို့ သည် တောင်ပေါ် ၁၄ ရွာ အား အမှီသဟဲ မပြု နိုင်တော့ ဘဲ ရဲနွယ်ချောင်း ဖျား မှ ပဲခူးချောင်း ဖျား တောင်ပေါ် ၉ ရွာ တည်ရှိရာ တာတလူ မြှောင် သို့ ပြောင်းရွေ့ ခဲ့ကြသည်။ ထို အချိန် တွင် ရဲဘော် သက်ကျ ဆုံးပြီး အောင်နိုင် တပ်ပြိုကွဲ အောင်ဇေယျ တပ် ကစဥ့် က လျားဖြစ်နေ ချိန်ဖြစ် သည်။ ဗကပ ဗဟို သည် တာတလူ စခန်း တွင် အခြေပြု လျက် အင်အား မှာ ၆၂ ဦး သာ ကျန် ရှိတော့သည်။

၁၉၄၇ အောက်တိုဘာ ၁၈ ၀၄၁၀ ချိန်တွင် ရတ ခလရ ( ၆ ) နှင့် ( ၇၀၇ ) ကွန်မန်ဒို စစ်ကြောင်း သည် တာတလူ စခန်း အား လေးဘက်လေးတန် မှ တိုက်ခိုက် ကြလေတော့ သည်။ ဗကပ တို့ ဖယို ဖရဲ ဖြစ် သွားကာ လေးစု ကွဲ သွားပြီး ဆုတ်ခွာ ထွက်ပြေး ကြရသည်။ သခင်ဇင် ခေါင်းဆောင်သော အစု တွင် ဥာဏ်မြင့် ( ခေါ် ) စံမတူ ( ၇ ) နှစ် ၊ ရဲဘော်ထွေး ( ခေါ် ) သိန်းထွန်း ( ၈ ) နှစ် ၊ ရဲမြင့်  ( ခေါ် ) တင်ထွန်း ( ၁၀ ) နှစ် ၊ ရဲတင့် ( ခေါ် ) သက်ပြင်း (  ၁၁ ) နှစ် ၊ သော်က ( ခေါ် ) ဘလုံ ( ၉ ) နှစ်စသော ကလေးများ ပါဝင်ပြီး အင်အား မှာ ၄၂ ဦး ဖြစ်သည် ။ သခင်ဇင်တို့ လူစု သည် ပြိုကွဲ နေသော ဗကပ တို့အား ညာပလား ရွာသား ဦးဒေါင်းအား စုစည်းစေပြီး သစ်ကြီး မြောင် ဘက် လမ်းကြောင်း မှ ကွင်းချောင်း လက်တက် ဥိးရွှေပြည် တဲအနီး  မင်းလှမြောင်သို့ ဆုတ်ခွာ ခိုအောင်းနေ ခဲ့ကြ သည်။ သခင် ဇင် တို့ လူစု အား အနီး နားကျေးရွာ များမှ လုံးဝ အကူညီ မပေးတော့ သည့် အပြင် တပ် မတော်နှင့် ပူးပေါင်း ကာ လိုက်လံ တိုက်ခိုက်နေ သည့် တွက် တောင် ငူ ဘက် သို့ ဖြစ် သည့် နည်းဖြင့် ဆုတ်ခွာ ရန် ဆုံးဖြတ်ခဲ့ကြသည်။

သခင်ဇင် တို့ လူစု သည် တာတလူ မှ ဆုတ်ခွာ ခဲ့ပြီး အုတ်တွင်း - ပေါက်ခေါင်းလမ်း ၏ မြောက် ဘက် သို့ ဦးတည် ခဲ့ကြ သည်။ ၀မ်းချောင်ကမ်းပါးတွင် စခန်းချနေစဉ် တပ်မတော်“ တိုက်ခိုကခြင်း ကိုနောက် တ ကြိမ်ခံ ရသဖြင့် လမ်းပြများ ထွက်ပြေး သွားခဲ့ ကြ သည်။ ဗကပ ဗဟို သည် အုတ်တွင်း ပန်း တင်တောင် ခလရ( ၄၈ ) အနီးတွင် ခိုအောင်းနေ ရာကြည်နီတပ်မှ တင်ဟန် ဆိုသူ အလင်းဝင် သွားသောကြောင့် လုံခြုံမှု မရှိတော့သဖြင့် ဇေယျဝတီ နှင့် ညောင်ပင်သာ အနောက် ဘက်ကြော သို့ ရွှေ့ပြောင်းခဲ့ ကြ ရပြန်သည်။ အုပ်စုများကွဲနေသော ဗဟိုတွင် အစာရေစာ ငတ်ပြတ်ခြင်း ကြောင့် စိတ် ဓါတ် ကျဆင်းလျက် ထွက်ပြေးသူ လက်နက်ချ အလင်းဝင်သူတို့ကြောင့် အင်အား ၃၀ ခန့သာ ကျန်ရှိတော့သည်။

ထိုအတွင်း ဗဟိုအတွက် ရီက္ခာ ရှာရန်လွှတ်လိုက်သော သူများ မှာလည်း အလင်း ၀င်ရောက် သွားကြ သဖြင့် အလင်း ၀င်ရောက်သူ ရှိတိုင်း လုံခြုံမှု မရှိသဖြင့် ရှေင်တိမ်းပြေးလွှားခဲ့ကြရသည်။ အတွင်းရေး မှုး သခင် ချစ် သည် တာတလူမြောင် တိုက်ပွဲတွင် လူ ၁၃ ဦးဖြင့် လူစုကွဲသွားပြိး ရဲနွယ်ချောင်း တွင် သာ မှီခိုနေခဲ့ကြသည်။ ထိုအတောတွင်း ကိုင်းချောင်းအနီးတွင် ရှမ်း သနက ( ၁ ) နှင့် တွေ့ဆုံ တိုက် ပွဲဖြစ်ပွား ရာ ၄ ဦးထပ်မံ၍ ကွဲသွားခဲ့သည်။

၁၉၇၄ ခုနှစ် အေက်တိုဘာ၂၈ ရက်တွင် သခင်ချစ် အဖွဲ့မှ ကွဲလာသော တောခို တရုတ် ကျောင်းသား ရန်ကွမ်းလုံ ( ခေါ် ) ထွန်မင်း ( ခေါ် ) မင်းနိုင် သည်မြသာတဲ ရွာသို့ ၀င်ရောက် ရိက္ခာ တောင်းရာမှ ရွာသား များ၏ သူတ်သင်ခြင်း ကိုခံလိုက်ရသည်။ ၁၉၇၄ နိုဝင်ဘာ ၂ တွင် သခင်ချစ် အဖွဲ့မှ ကွဲထွက် လာသော ဗဟိုကော်မတီဝင် ရဲဘော်ထွန်းစိန် ( ခေါ် ) ဗာကယ် မှာ ဗန္ဓယော်ရွာ အနီးတွင် တပ် မတော် မှ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။ နိုဝင်ဘာ ၂၀ ရက်နေ့တွင် သခင်ချစ်အဖွဲ့မှ ကွဲ ထွက်လာ သူများ သည် ရတ ခလရ ( ၆ ) နှင်ံ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး ကွန်မြူနစ် အမျိုးသမီး နှစ်ဦး သေဆုံး သွားခဲ့ သည်။  တစ်ဦးတည်းကျန်ရစ်သူ မမြင့်ဌေး ( ခေါ် ) အမြင့် သည် နှစ်လ နီးပါး မျှ တောတွင်း တယောက် ထဲ အငတ်ငတ်အပြတ်ပြတ်ဖြင့် မျက်စိလည်နေရာမှ ၁၉၇၅ ဇန်န၀ါရီ ၁၀ တွင် ရတ ခမရ ( ၁၀၄ )  စက မှ တွေ့ရှိ အလင်း ၀င်ခဲ့သည်။

အတွင်းရေး မှုး သခင်ချစ်နှင့် ၆ ဦးသာ ကျန်တော့ သောအဖွဲ့သည် ၁၉၄၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် တုံခမ်းချောင်း အနီး မြသာတဲ တွင် ခိုအောင်းနေစဉ် ရတ ခမရ ( ၁၀၇ ) စစ်ကြောင်းမှ တိုက်ခိုက် ခံရ ကာ ပဲခူးခရိုင်ဆေးမှုး ဗိုလ်မင်းအေး နှင့် တောင်ငူ ခရိုင်ဆေးမှုး ရဲဘော် လှကျော်တို့သေဆုံးခဲ့သည်။ အ တွင်းရေး မှုး သခင်ချစ်နှင့် ၄ ဦး သည် ဥက္ကဌ သခင်ဇင်နှင့် ပြန်လည် ပူးပေါင်းမိရေး ကြိုးစား ခဲ့ကြ ရာ မှ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကောလည်ချောင်း လက်တက် ဆင်နှာမော င်းချောင်း ဖျား တွင် ပြန်လည် ပူးပေါင်း မိသွား ခဲ့သည်။

ဥက္ကဌ သခင်ဇင် က အဖွဲ့နှစ်ဖွဲ့ပြန်လည်ပူးပေါင်းမိခြင်းသည် အောင်မြင်မှု လမ်းစဖြစ်ကြောင်း အစာရေ စာပြတ်လပ်မှု နှင့် ဖြတ်လေးဖြတ်အား အနိုင်ယူနိုင်ရေး လမ်းညွှန်ခဲ့ကြောင်းတွေ့ ရသည်။ ယခု အခါ တွင် ဗကပ တို့၏ ကြွေးကြော်သံများသည် ယခင်လောက် မ၀င့်ကြွားဘဲ အားပျော့ နေပြီဖြစ် သည်။ ဖေဖော်ဝါရီလ ၂၄ ရက်တွင် မမြကြည် ကို တပ်မတော် စစ်ကြောင်း မှ ဖမ်းဆီး မိပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗဟို အား ရတ ခမရ ( ၁၀၂ ) စက မှဝင်ရောက် တိုက်ခိုက် ခဲ့ပြန်ရာ ဗဟိုကော်မတီ ၀င်ရဲဘော်တုတ် ၊ ဗဟိုရုံးအုပ် ပီကင်းပြန် ရဲဘော်ညို ( ခေါ် ) တင်ထွေး ၊ လမ်းပြ ဥိးဒေါင်းတို့ သေဆုံး သွား သည်။ စိုးမောင်ခေါင်းဆောင်သော ၆ ဦးအဖွဲ့မှာ လူစု ကွဲ သွားပြီး တပ်မတေ် ထံသို့ လက်နက်ချ အလင်းဝင်ကုန်ကြသည်။

ဗကပ ဗဟိုအဖွဲ့ မှာနှစ်ဖွဲ့ပြန်လည်ပေါင်းစည်းမိသော်လည်း အစာရေစာ ငတ်ပြတ်ကာ အင်အားချိ နဲ့နေပြီ ဖြစ်သည်။ ထိုအချိန်တွင် တပ်မတော်၏ ထပ်ကျပ်လိုက်လံ တိုက်ခိုက်မှုကြောင့် လက်နက် ချ သူများ အလင်းဝင် သူများ အတော်မသတ်အော င် ဖြစ်ပေါ်လျက် ရှိသည်။ ၁၉၇၅ မတ်လ ၅ ရက်နေ့ တွင် သခင် ချစ် ၏ ကိုယ်ရံတော် ညိုတင်နှင့်မောင်သိုက်တို့သည် ဗကပ ဗဟိုမှ ထွက်ပြေးပြီး အမှတ် (၃၀) ခြေလျှင်တပ်ရင်း သို့ အလင်းဝင်ခဲ့သည်။ ညိုတင်တို့ မပြေးမှီ မတ်လ ၃ ရက်နေ့တွင် ရတ ခမရ ( ၁၀၇ ) စစ်ကြောင်း သည် ကြက်ဖင်နီချောင်းတွင် စခန်းချနေသော ဗကပ ဗဟိုအား ၀င်ရောက် တိုက်ခိုက်ပြန်သည်။ မတ်လ ၄ ရက်နေ့တွင်လည်း ရတခမရ (၁၀၇ ) စစ်ကြောင်းနှင့်ပင် ထိတွေ့ တိုက် ပွဲဖြစ် ပွား ခဲ့ပြန်သည်။

သခင်ဇင်နှင့် သခင်ချစ်သည် ပီကင်းပြန်မစိန်ဝင်း ခေါင်းဆောင်သော အလင်းရောင် စခန်းမှ အခြေမပျက် ရှိနေလိမ့်မည်၊ အောင်ဇေယျနှင့် အောင်နိုင်တပ်တို့မှာ တပ်မတော်၏ ထိုးစစ်အား ထိုး စစ်ဖြင့် ရိုက်ချိုးနေလိမ့်မည် ဟု ထင်မှတ်ထားခဲ့ကြသည်။ ထို့ကြောင့် ရေနစ်သူ အားကိုးရာကောက် ရိုး တမျှင်ကဲ့သို့ အလင်းရောင်စခန်းသို့ မရောက်ရောက်အောင် သွားရောက်ခဲ့ကြသည်။ သို့သော် သခင်ဇင်နှင့် သခင်ချစ်တို့၏ မျှော်လင့်ချက်မှာ အလင်းရောင် စခန်းသို့ရောက်သောအခါ ပျက်ဆီး သွားခဲ့ ရသည်။ အလင်းရောင်စခန်းသည် စခန်းပျက်၊ ပြာပုံ မြေပုံ များ အရိုးစုများ ဖြင့် လူသူ ကင်းမဲ့ေ နပေပြီ။ အလင်းရောင်စခန်းမှာ ဆုံးရှုံးခဲ့ပြီဖြစ် သည်။ အောင်ဇေ ယျနှင့် အောင်နိုင် တပ် တို့ မှာလဲ အလင်း ၀င် သူများ လက်နက် ချသူ များ ဖြင့် ပြိုကွဲ နေပြီ ဖြစ်သည်။

ထို့ကြောင့်လဲ သခင်ဇင်တို့မှာ များစွာ စိတ်ဓါတ်ကျဆင်းခဲ့ကြပြီး မတ်လ ၉ ရက်နေ့တွင် ရိက္ခာ ရှာဖွေရေး အတွက် စေလွှတ်လိုက်သော ညိုမှိုင်း ( ခေါ် ) ရဲညွှန့် နှင့် ချစ်မောင် တို့ အား စေလွှတ်လိုက်ရာ ရတ ရှမ်းသနက ( ၁ ) ၏ ချေမှုန်းခြင်း ကိုခံလိုက်ရပြန်သည်။ မတ်လ ၁၀ ရက်နေ့ တွင် အသက် ၁၀ နှစ် အရွယ် ဘလုံ ( ခေါ် ) သော်က ကို တပ်မတော်မှ ဖမ်းဆီး ရမိ သွားခဲ့ ရာ ၄င်းနှင့် အတူ ဥက္ကဌ သခင်ဇင် ၏ ပစ္စတို နှင့် မှတ်စု မှတ်တမ်းဖိုင်များ စစ်သုံးမြေပုံ ၇၂ ချက် ဆုံးရှုံး ခဲ့ပြန် သည်။ သခင်ဇင်နှင့် သခင်ချစ်သည် ၄င်းတို့ အတွက် လုံခြုံရာ နေရာမှာ တောင်ပေါ် ၁၄ ရွာအောက် ပိုင်း ဖွတ်ကျားချောင်းသာဖြစ်သည် ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့်လဲ ထို ဖွတ်ကျားချောင်း သို့ မရောက် ရောက်အောင် သွားရောက်ခဲ့ ကြပြန်သည်။

ဖွတ်ကျားချောင်း သို့ရောက်သောအခါ ဗကပ ဗဟိုတွင် သခင်ဇင် သခင်ချစ် အပါအ၀င် ၉ ဦးသာ ကျန်ရှိတော့ သည်။ ထို ကိုးဦးမှာလဲ လူကြီး ငါးဦးနှင့် ကျန်လေးဦးမှာ အသက် ၇ နှစ် အရွယ် နှင့် အသက် ၁၁ နှစ်အရွယ် ကလေးများ ဖြစ်ကြသည်။ သခင်ဇင်နှင့် သခင်ချစ်တို့ မှာ ယခု ကဲ့သို့ ပြေးလွှားနေရသော်လည်း နောက်လဆိုလျှင် တော်လှန်ရေး အောင်မြင်တော့ မည်ဟု ကလေး များ ကို ချော့မော့ထားခဲ့ရသည်။သို့ရာတွင် အခြေအနေကိုနားလည်ပြီး ရဲမြင့်နှင့် ရဲထွေး ညီ အကိုနှစ်ဦး မှာ ထွက်ပြေးခဲ့ကြသည်။ ၄င်းတို့အား တပ်မတော် စစ်ကြောင်း မှ တွေ့ရှိပြီးကောင်း မွန် စွာပြု စု စောင့်လျှောက်ထားခဲ့သည်။

၁၉၇၅ ခုနှစ် မတ်လ ၁၅ စနေနေ့ တွင် သခင်ဇင် နှင့် သခင် ချစ် တို့လူစု သည် ဖွတ် ကျားချောင်း ချောင်း ဖျား ဖုန်း ဆိုးတော တွင် ခိုအောင်းနေရာမှ ဥာဏ် မြင့် အား ကန်ဇွန်း ဥ တူး ရန်စေလွှတ် လိုက်သည်။ ဥာဏ်မြင့် နှင့် အတူ ရဲတင့် ပါလာကာ ထို ကလေး နှစ် ဦးအား တပ်မတော် စစ်ကြောင်း မှ စတင်တွေ ရှိပြီး သခင်ဇင် တို့ နေရာ အားလိုက် လံ ပြသ ရာမှ တိုက်ပွဲ ဖြစ်ပွားတော့ သည်။ တပ်မတော် မှ လက်နက် ချရန် ကမ်းလှမ်းသော် လဲ သခင်ဇင် တို့မှ အမ် ၇၉ ဖြင့် စတင် ပစ်ခတ် ရာမှ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တပ်မတော် သည် နိုင်ငံ ရေး သမိုင်းကြောင်း ရှိသူများ ဖြစ်သည့် သခင် ဇင် နှင့် သခင် ချစ် တို အား လက်နက် ချအလင်း ၀င်ရောက်စေလိုသော် လဲ ၄င်းတို့မှ တိုက်ခိုက်နေပြီ ဖြစ် သဖြင့် မိမိ ကိုယ်ကို ကာကွယ် တိုက်ခိုက်ရာ ပစ်ခတ် ရာ နောက် ဆုံး တွင် ၁၉၇၅ခုနှစ် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာ ရီ မိနစ် ၅၀ အချိန်တွင် ကျဆုံး သွား ကြလေတော့သည်။

သို့ဖြင့် ပဲခူး ရိုမ ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် ပြည်သူနှင့် တပ်မတော် ၏ လက် တွဲ ချေမှုန်းခြင်း ကို ခံလိုက် ကြရလေသည်။ အဆိုပါအောင်  စိုးမိုး စစ်ဆင်ရေးတွင် တပ်မတော် အနေဖြင့် ဗကပ တို့ ထံမှ ကာဘိုင် ၇၈ လက် ၊ ဂျီ - ၃ -- ၁၀၅ လက် ၊ ဂျီ-၄ -- ၄၁ လက်၊ ပစ္စတို ၂၆ လက်၊ နှစ်လက်မ စိန်ပြောင်း ၃ လက်၊ အမ်- ၇၉ -- ၇ လက်၊ ရိုင်ဖယ် ၁၃၁ လက်  ၊ စတင်း ၂၄ လက်၊ ခြောက်လုံးပြူး  ၇ လက်၊ အမ်-၁ -- ၂လက်၊ နှစ်လုံးပြူး ၅ လက်၊ ပွိုင့် ၂၂ -- ၁လက်၊ စက်လတ် ၂ လက် နှင့် စ်ကလေး ၁၃ လက  စုစု ပေါင်း ၄၄၅ လက် သိမ်းဆည်းရရှိခဲ့သည်။

အလားတူ အချင်းချင်း ဖြုတ် ထုတ် သတ်လမ်းစဉ် နှင့် ရပ်တည်မှု လမ်းစဉ် မှား ယွင်းကြောင်း သိရှိ လာခြင်း ကြောင့် အလင်းသို့ ၀င်ရောက်လာသော သူများမှာ ဗဟိုကော်တီဝင် ဦးစိန်ထွန်း ( ခေါ် ) ဗာကယ် ၊ ဗဟို ကင်း တပ်မှုး အောင်မြ ကြည်  ၊ ဗဟိုကင်း ဒုတပ်မှုး ဘညို ( ခေါ် ) မောင်ပိုက် ၊ သခင် ချစ် ၏ ကိုယ်ရံတော် ညို တင် ၊ဗဟို ဆေး တပ်သား ဒေါ်လုံး ( ခရိုင်ကော်မတီဝင် ဦးထွန်းလင်း ၏ ဇနီး ) ဗဟို တပ်စိတ်မှုး မရင်ကြည် ( ခရိုင်ကော်မတီဝင် ဦးထွန်းလင်း ၏ သမီး ) ၊ ဗဟို ဆေး တပ်သား မကြင်မြ ( မြိုကနယ်ကော်မတီ ဦးတင်ကျန်၏ သမီး ) ၊ ဗဟိုကြေးနန်းတပ်သား မမြင့်ဌေး ( ခေါ် ) မသန်းမြင့် ( ဆေးမှုး ဦးလှကျော်၏ သမီး ) ဗဟို တပ်နီလူငယ်များဖြစ် ကြသော အာင် ရှီန် ၊ မောင်သိုက် ၊ သော်က ( ခေါ် ) ဗလုံ ၊ ရဲ မြင့် ၊ ရဲထွေး ၊ ရဲဝင်း ၊  အောင်ဇေယျ တပ်မှုး သိန်းထွန်း ၊ အောင်နိုင် တပ်ခွဲ မှုး တင်ထွန်း ၊ အောင်နိုင် တပ်စု မှုး သန်းအောင် ( အလင်းဝင် ရဲဘော်မြ၏ သားငယ် ) အောင် နိုင် တပ်စုမှုး သန်းဆောင် (အလင်း ၀င် ရဲဘော်မြ ၏ သားကြီး ) ၊ အောင် နိုင် ကြေးနန်း တာဝန်ခံ ကျော်ဝေ၊  အောင်နိုင် ဆေးတပ်သား မကျင်လှ ( မြို့နယ် ကော်မတီ ၀င် ဦး တင်ကျန် ၏ သမီး ) အောင်နိုင် ဒုတပ်စိတ်မှုး မခင်မြိုင် ( ဗဟိုကော်မတီဝင် သခင်တင်ထွန်း၏ သမီး ) တို့ဖြစ် ကြပေသည်။

မည်သို့ပင် ဆိုစေ ကာမူ ပဲခူး ရီုးမ ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ဌာနချုပ်သည်ကား ပြည်သူနှင့် တပ် မတော် ၏ လက်တွဲ ချေမှုန်းမှု ကြောင့် လုံးဝ ပြိုကွဲသွားခဲ့ ရပြီ ဖြစ်သည်။ တစ်နည်း အားဖြင့် ပြည် သူနှင့် တပ်မတော် ၏ လက်တွဲ အောင်မြင်မှု တခု အနေဖြင့် ပဲခူး ရိုးမ သည် ထို အချိန် မှ စတင် ၍ အဖြူရောင်ဒေသ ၊သောင်းကျန်းမှု ကင်းစင်သော ဒေသ ၊ ဖွံ့ဖြိုး တိုးတက်သော ဒေသ ၊ အေးချမ်း သာ ယာသော ဒေသ အဖြစ် ၁၉၇၅ခုနှစ် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာ ရီ မိနစ် ၅၀ အချိန် မှ ယနေ့ ယ ခု အချိန်ထိ ရပ်တည် နေနိုင်ခြင်း ဖြစ်ကြောင်း ပြည်သူနှင့်  ပြည်သူ့ တပ်မတော် ၏ လက် တွဲ တိုက် ခိုက် အောင် မြင်မှု တစ်ခု အား ရေးသားဖော်ပြ အပ်ပါသည်။

No comments:

Post a Comment