Popular Posts

Tuesday, December 2, 2014

ရဲဝံ့ စွန့်စား စံနမူနာ ထား


တပ်မတော် သားများ သည် အမိ နိုင်ငံတော် အတွက် အသက် ကိုပင် စွန့်လွှတ် ကာ ပြည် တွင်း ပြည် ပ အန္တရာယ် ရန်စွယ် အပေါင်း ကို ကာကွယ် တွန်းလှန် ချေမှုန်း သူများ ဖြစ်ပေ ရာ နိုင် ငံတော် မှ စစ်မြေပြင် တွင် စွမ်းစွမ်း တမံ ဖြင့် အသက် ကို ပဓာန မထား ဘဲ ရဲဝံ့ စွန့်စားစွာ ထမ်းဆောင် ခဲ့ သူများ ကို စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူး များ ဖြင့် ချီးမြှင့် ဂုဏ်ပြု လျက် ရှိပေ သည်။ စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့များ ဖြင့်သည့် အောင်ဆန်း သူရိယ ဘွဲ့၊ သီဟ သူရ ဘွဲ့ နှင့် သူရ ဘွဲ့များ မှာ သာမန် စွန့်စား မှုမျိုး နှင့် မရရှိ နိုင်ပေ။ ထူးထူး ကဲကဲ တာဝန် ထမ်းဆောင် မှသာ ရရှိ နိုင်ပေ သည်။

သာမန် အားဖြင့် ရန်သူ နှင့် အနီး ကပ် လက် တကမ်း တိုက်ခိုက် နေ ရသည့် ခြေလျင် တပ်ဖွဲ့ မှ အရာရှိ စစ်သည် များမှ အများ ဆုံး ဆွတ်ခူး ရရှိ လေ့ ရှိပေ သည်။ ကျန် တပ်ဖွဲ့ ၀င်များ မှာမူ ခြေလျင် တပ် ကဲ့သို့ ရန်သူ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် တိုက်ခိုက် ချေမှုန်း ရမှု နည်းပါး သဖြင့် စွမ်းရည် သတ္တိ ဘွဲ့ ရရှိမှု တွင် ရာခိုင် နှုံး နည်းသည် ကို တွေ့ရ ပေသည်။ အမြောက် တပ်ဖွဲ့ အနေ ဖြင့် လည်း လုပ်ငန်း တာဝန် ၏ သဘော သဘာဝ အရ မြေသိမ်း တပ်များ ဖြစ်သည့် ခြေလျင် တပ်ဖွဲ့ များကို ပစ်ကူ ပေး သည့် တာဝန် ထမ်းဆောင် ရပေရာ ရန်သူ နှင့် လက် တစ်ကမ်း တိုက်ခိုက် နေရ မှုမျိုး မှာ ကြုံတောင့် ကြုံခဲ ဖြစ်ပေ သည်။ သို့သော် အမြောက် တပ်ဖွဲ့ဝင် အရာရှိ စစ်သည် များ အနေ ဖြင့် လည်း အရေးကြုံ လာ ပါက အသက် ကို ပဓာန မထား ဘဲ ခြေလျင် တပ်များ နည်းတူ ရဲဝံ့ စွန့်စား စွာ ဆောင်ရွက် ခဲ့မှု ကြောင့် စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့များ ချီးမြှင့် ခံရမှု ရှိခဲ့ ပေသည်။ အဆိုပါ ဖြစ်စဉ် များ အနက် အရာရှိ တစ်ဦး ၏ “သူရ ဘွဲ့” ချီးမြှင့် ခြင်း ခံခဲ့ ရသည့် တိုက်ပွဲ ဖြစ်စဉ် (၁) ခု အား သာဓက အနေ ဖြင့် တင်ပြ အပ် ပါသည်။

 ရန်ကြီးအောင် စစ်ဆင်ရေး

၁၉၅၃ ခုနှစ် တွင် မြန်မာ နိုင်ငံ အတွင်းသို့ ကူမင်တန် တရုပ်ဖြူ များ ကျူးကျော် ၀င်ရောက် ခဲ့ရာ မြန်မာ့ တပ်မတော် မှ နဂါးနိုင်၊ ဘုရင့်နောင်၊ ရန်ကြီး အောင်၊ မဲခေါင် စစ်ဆင် ရေး များဖြင့် တိုက်ထုတ် ခဲ့ကြ ပါသည်။ ရှမ်း ပြည် အရှေ့ ပိုင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယောင်း နှင့် တာချီလိတ် နယ်မြေ အတွင်း တရုပ်ဖြူ တို့ကို ၁၉၅၈ ခုနှစ် တွင် ရန်ကြီးအောင် စစ်ဆင်ရေး ဖြင့် တိုက်ခိုက် ခဲ့ပါ သည်။ ဤ စစ်ဆင် ရေး ကို မြောက် ပိုင်းတိုင်း စစ် ဌာနချုပ် မှ ကွပ်ကဲ ၍ အမှတ် (၁) တပ်မဟာ နှင့် အမှတ် (၉) တပ်မဟာ တို့ ပါဝင် တိုက်ခိုက် ခဲ့ကြ ပါသည်။ မှတ်ချက်။ ကိုကိုအေး (မြို့မ) ရေး သည့် နမ့်တိမ်ချောင်း မှ မဲခေါင် သို့ စာအုပ် တွင် ဖတ်နိုင် ပါသည်။

အမြောက် ပစ်ကူ

ရန်ကြီးအောင် စစ်ဆင်ရေး ကို လေတပ် နှင့် အမြောက် တပ် တို့မှ ပစ်ကူ ပေး တိုက်ခိုက် ခဲ့ပြီး အမြောက် ပစ်ကူ ကို အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်) မှ ပစ်ကူ ပေး တိုက်ခိုက် ခဲ့ရာ တပ်ရင်းမှူး မှာ (ကြည်း ၃၅၄၂) ဒု - ဗိုလ်မှူးကြီး ရဲထွန်း (ယခု အငြိမ်းစား ဗိုလ်မှူးကြီး) ဖြစ် ပါသည်။ ဤ စစ်ဆင် ရေး ကို အဓိက ပါဝင် စစ်ကူ ပေးသော အမြောက် တပ်ခွဲ မှာ အမှတ် (၃၀၂) အမြောက် တပ်ခွဲ ဖြစ်ပြီး တပ်ခွဲမှူး မှာ (ကြည်း ၅၆၄၈) ဗိုလ်ကြီး အောင်ကြူး (နောင်တွင် အမှတ် (၂) အမြောက် တပ်ရင်း ၏ တပ်ရင်း မှုး ဒု - ဗိုလ်မှူးကြီး ဖြစ် လာပြီး လားရှိုး မြို့တွင် ၁၉၇၀ ခုနှစ် လွတ်လပ် ရေး နေ့ အခမ်း အနား ၌ သောင်း ကျန်း သူများ က လက်ပစ်ဗုံး ဖေါက်ခွဲ ခဲ့ သဖြင့် ကျဆုံး) ဖြစ် ပါ သည်။ ဒု - တပ်ခွဲ မှူး မှာ (ကြည်း ၆၂၂၉) ဗိုလ် မောင်ပြို ဖြစ်ပြီး၊ တပ်စု မှူး များ မှာ (ကြည်း ----) ဗိုလ် စိန်ဝင်း၊ (ကြည်း ၆၇၂၀) ဗိုလ် မြစိုးညိမ်း (အငြိမ်းစား ဒု - ဗိုလ်မှုးကြီး သံ အမတ်ကြီး ကွယ်လွန်) နှင့် (ကြည်း ၆၅၆၆) ဗိုလ် ကျော်မင်း (အငြိမ်းစား ဗိုလ်မှုးကြီး ဒု - တပ် မမှူး အမှတ် (၈၈) ခြေမြန် တပ်မ ဌာနချုပ်) တို့ ဖြစ် ပါသည်။

စစ်ဆင်ရေး အပိုင်း လိုက် တိုက်ခိုက်ခြင်း

ရန်ကြီး အောင် စစ်ဆင် ရေး အပိုင်း (၁) ကို မိုင်းဆတ်၊ လွယ်တုန်းကြီး မှ စတင် ၍ လည်းကောင်း၊ အပိုင်း (၂) ကို မိုင်းတုံ မှ ထိုင်း နယ်စပ် လွယ်လမ်း ရွာ အထိ လည်း ကောင်း၊ အပိုင်း (၃) ကို တာချီ လိတ် မှ မြန်မာ - ထိုင်း နယ်စပ် အတိုင်း တောင်ဘက် ကို ဦးတည် ၍ လည်းကောင်း ချီတက် တိုက်ခိုက် ခဲ့ကြ ပါ သည်။ အပိုင်း (၃) တွင် မိုင်းလုံး ကို အမြောက် ပစ်ကူ ဖြင့် တိုက်ခိုက် ခဲ့ရာ အမြောက် တပ်စု မှူးများ သည် ရှေ့တန်း အကဲ ကြည့် အရာရှိ (Forward Observation Officer) တာဝန် နှင့် ပစ်မိန့် ပေး အရာရှိ (Gun Position Officer) တာဝန် ကို အလှည့် ကျ တာဝန် ထမ်းဆောင် ခဲ့ပါ သည်။ စစ်ဆင် ရေး အပိုင်း (၃) အဖြစ် တာချီ လိတ် မှ စတင် ၍ မြန်မာ - ထိုင်း နယ်စပ် အတိုင်း တောင်ဘက် သို့ ဦးတည် တိုက်ခိုက် ခဲ့ကြ ရာ (ကြည်း ၃၅၉၂) ဒု - ဗိုလ်မှူးကြီး သူရ အောင်ဖေ (ယခု အငြိမ်း စား ဗိုလ် မှူးကြီး တိုင်း မှူးဟောင်း) ဦးစီး သော အမှတ် (၁၀၆) ခြေမြန် တပ်ရင်း ၏ တိုက်စစ် တွင် ဗိုလ် မြ စိုးညိမ်း သည် ရှေ့တန်း အကဲ ကြည့် အရာရှိ တာဝန် ကို ဆက်သွယ် ရေး တပ်သား စန်းလွင် နှင့် အတူ တာဝန် ယူခဲ့ ရပါသည်။ ခမရ (၁၀၆) သည် လေတပ် နှင့် အမြောက် တပ် တို့၏ ပစ်ကူ ဖြင့် စတင် တိုက်ခိုက် ရာ မြေပြင် အခြေ အနေ ခက်ခဲ ၍ လည်းကောင်း၊ တရုပ်ဖြူ တို့၏ ခုခံ မှု များပြား သဖြင့် လည်းကောင်း၊ ပထမ နေ့ (ယ) ရက် တွင် ရည်မှန်း ချက် တစ်ခု လုံး ကို မသိမ်း ပိုက် နိုင်ပဲ ရည်မှန်း ချက် ရှေ့ ၏ မျက်နှာ စာ ရှိ ကာကင်း တောင်ကုန်း ကိုသာ သိမ်းပိုက် နိုင် ခဲ့ပါ သည်။ ထို့ကြောင့် ပထမ နေ့ (ယ) ရက် တွင် ထို သိမ်းပိုက် ပြီး တောင်ကုန်း တွင် မိမိ တပ်များ အခိုင် အမာ ခံစစ် ယူထား ပြီး တစ်ည အခြေပြု ခဲ့ကြ ပါ သည်။

ရည်မှန်းချက် ကို သိမ်းပိုက်ခြင်း

ဒုတိယ (ယ+၁) ရက် တွင် ရည်မှန်း ချက် အား တိုက်ခိုက် သိမ်းပိုက် ရန် စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် တွင် လေကြောင်း ပစ်ကူ နှင့် အမြောက် ပစ်ခတ် မှု စီမံ ချက် များ ပြုလုပ် ကြ ပါသည်။ ခမရ (၁၀၆) မှ လည်း တပ် အင်အား ထပ်ဖြည့် ခြင်း များ ပြုလုပ် ပြီး စက် ကလေး များ၊ စက်လတ် များ ကို အလုံး အရင်း ဖြင့် ရှေ့တင် ပြီး လေကြောင်း ပစ်ကူ၊ အမြောက် ပစ်ကူ တို့ဖြင့် စွမ်းအား ပြည့် စတင် တိုက်ခိုက် ခဲ့ပါ သည်။ သို့သော် လည်း တရုပ်ဖြူ တို့သည် လက်နက် ကြီး အကူ ဖြင့် ကျားကုတ် ကျားခဲ ခုခံ ခြင်း၊ တန်ပြန် တိုက်ခိုက် ခြင်း များ ကို ပြုလုပ် ရာ ရှေ့သို့ များများ မတိုး နိုင်ပဲ ခြေလျင် တပ်ခွဲ များ နှင့် အမြောက် ရှေ့တန်း အကဲ ကြည့် အဖွဲ့ တို့သည် ရှေ့တိုး နောက်ငင် ဖြစ်နေ ကြ ပါသည်။ စစ်ရေး အခြေ အနေ မှာ လည်း ရှုတ်ထွေး လျှက် ရှိ ပါသည်။ အမြောက် အကဲ ကြည့် အဖွဲ့ မှပင် လက်နက် ငယ် ဖြင့် ပစ်ခတ် ရသည့် အခြေ အနေ သို့ ရောက်နေ ခဲ့ပါ သည်။ ရှေ့တန်း အကဲ ကြည့် အဖွဲ့ သည် ရန်သူ့ ခံစစ် အား ကောင်းစွာ မြင်ရသည့် နေရာ သို့ ရှေ့တန်း ကျကျ ပြောင်း ၍ အကဲ ကြည့် လျှက် ရှိစဉ် တရုပ်ဖြူ အင်အား တော်တော် များများ မှာ မိမိ အကဲ ကြည့် နေရာ သို့ တက်ရောက် လာခဲ့ ကြပါသည်။ ထို့ကြောင့် ရှေ့တန်း အကဲ ကြည့် အရာရှိ ဗိုလ် မြစိုးညိမ်း သည် ဆိုင်း မတွ နေဘဲ ရန်သူ အများစု နှင့် အသက် ချင်း လဲရန် ဆုံးဖြတ် ကာ မိမိ နေရာ ကို အမြောက် အလုံး အရင်း ဖြင့် အမြန် ဆုံး ပစ်ခတ်ရန် အမြောက် ပစ်မိန့် ပေး အရာရှိ သို့ ပြတ်ပြတ် သားသား အမိန့် ပေး လိုက် ပါ သည်။ အမြောက် အဖွဲ့ မှ လည်း ရှေ့တန်း အကဲကြည့် အရာရှိ ၏ အမိန့် ကို တသွေ မတိမ်း နာခံ ၍ အမြောက် ကျည် အလုံး အရင်း ဖြင့် ပစ်ခတ် ခဲ့ရာ ရှေ့တန်း အကဲ ကြည့် ရှိနေသည့် နေရာ သို့ အမြောက် ကျည်များ ပြင်းထန် စွာ ကျရောက် ပေါက်ကွဲ ပါတော့ သည်။ အမြောက် ကျည် ပေါက်ကွဲ မှု ကြောင့် တရုပ်ဖြူ တို့ အတုံး အရုံး ကျဆုံး ၍ အနည်း အကျဉ်း သာ ထို နေရာ မှ ပြန်လည် ဆုတ်ခွာ ထွက်ပြေး နိုင်ခဲ့ ကြ ပါသည်။ ထို နေရာ မှ ဗိုလ် မြစိုးညိမ်း နှင့် တပ်သား စန်းလွင် တို့လည်း အမြောက် ကျည်များ ကျရောက် ပေါက်ကွဲ နေသည့် ကြားမှ ဆက်သွယ် ရေး စက် နှင့် အကဲ ကြည့် ပစ္စည်း များ ကို ထမ်းကာ အမြန် ဆုံး တိမ်းရှောင် လိုက် ရပါသည်။

ထို့နောက် မိမိ တပ်များ နှင့် ရန်သူ တို့ လက်နက် ငယ်၊ လက်နက်ကြီး များ ဖြင့် အပြန် အလှန် တိုက်ခိုက် ကြ လျှက် ရည်မှန်း ချက် ကို သိမ်းပိုက် နိုင်ရေး မိမိ တပ် များ မှ ကြိုးစား ကြ သော်လည်း ရှေ့ မတိုး နိုင်ပဲ ရှိနေ ခဲ့ပါ သည်။ ဤ ကဲ့သို့ တိုက်ပွဲ အားပြိုင် လျှက် စစ်အီ နေသည့် အချိန် တွင် မိမိ တပ် အတွက် အန္တရာယ် ကြီး မား လှပြီး ရန်သူ ၏ တန်ပြန် တိုက်ခိုက် ခြင်း ကို စိုးရိမ် ရသော အချိန် ဖြစ် ပါသည်။ ဤ အချိန် တွင် အမှတ် (၄) အမြောက် တပ်ရင်း ၏ တပ်ရင်း မှူး ဒု - ဗိုလ်မှူးကြီး ရဲထွန်း မှ ရှေ့တန်း အကဲ ကြည့် အရာရှိ ဗိုလ် မြစိုးညိမ်း အား ဆက်သွယ် ရေး စက် ဖြင့် ခြေလျင် တပ်များ အား တိုက်ခိုက် ရန် အနေ အထား အတိုင်း တပ်စီ ထားရန် နှင့် အမြောက် ရှိသမျှ ကို အမြန် ဆုံး ပစ်နှုန်း ဖြင့် ငါးမိနစ် အလုံး အရင်း ဖြင့် ပစ်ခတ် ပေးမည် ဖြစ်ကြောင်း၊ အမြောက် အပစ် ရပ်သည် နှင့် ရည်မှန်း ချက် အား တက်ရောက် တိုက်ခိုက် သွားရန် ညွှန်ကြား သဖြင့် ဤ အတိုင်း ခြေလျင် တပ်ဖွဲ့ အား ပြောကြား စီမံ ပေးခဲ့ ပါသည်။ ထို စီမံ ချက် အတိုင်း အမြောက် များ ငါး မိနစ် ပစ်ခတ် ပေးပြီး ရှေ့တန်း အကဲ ကြည့် အဖွဲ့ အပါ အ၀င် မိမိ တပ်ဖွဲ့များ ရည်မှန်း ချက် အား တက်ရောက် တိုက်ခိုက် ခဲ့ရာ ရည်မှန်း ချက် အား သိမ်းပိုက် ရရှိ ခဲ့ပါ သည်။

ဗိုလ် မြစိုးညိမ်း အတွက် သူရဘွဲ့


သူရဘွဲ့ တံဆိပ်

ရန်ကြီးအောင် စစ်ဆင်ရေး ၏ အပိုင်း (၃) ရည်မှန်း ချက် သိမ်း တိုက်ပွဲ တွင် အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်) မှ ရှေ့တန်း အကဲ ကြည့် အရာရှိ ဖြစ်သူ (ကြည်း ၆၇၂၀) ဗိုလ် မြစိုးညိမ်း အား မိမိ နေရာ အား မိမိ အမြောက် များ ဖြင့် ပြန်လည် ပစ်ခတ် မှုကြောင့် တရုပ်ဖြူ တို့ အများ အပြား ကျဆုံး မှု၊ ၄င်း ၏ စွမ်းဆောင် ချက် တို့သည် တိုက်ပွဲ အောင်နိုင် ရေး အတွက် အဓိက အထောက် အကူ ပြုမှု တို့ကြောင့် ၁၉၅၇ ခုနှစ် လွတ်လပ်ရေး နေ့တွင် နိုင်ငံတော် သမ္မတ မှ (သူရ ဘွဲ့) ကို ထိုက်ထိုက် တန်တန် ပေးအပ် ချီးမြှင့် ခဲ့ ပါသည်။ ၄င်း နှင့် အတူ တာဝန် ထမ်းဆောင် ခဲ့သူ ကိုယ်ပိုင် အမှတ် - ၁၁၉၅၇၂ တပ်သား စန်းလွင် သည် လည်း (သူရဲကောင်း မှတ်တမ်း ၀င် တံဆိပ်) ချီးမြှင့် အပ်နှင်း ခြင်း ခံခဲ့ ရ ပါသည်။

သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်

No comments:

Post a Comment