Popular Posts

Tuesday, December 2, 2014

မြန်မာ့ သူရဲကောင်း၊ တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီး ဗထူး



ဗိုလ်မှူးကြီး ဗထူး သည် လောင်းလုံ မြို့နယ်၊ လေးလွန် ရွာ တွင် မြေပိုင်ရှင် ဦးဘိုးထန်း၊ ဒေါ် စိန်မြရင် တို့မှ မွေးဖွား သော သားထွေး ဖြစ်သည်။ ငယ်စဉ် က ထားဝယ် မြို့ အစိုးရ ကျောင်း တွင် ပညာ သင်ကြား ခဲ့လေ သည်။ ပင်ကိုယ် ဗီဇ က အတိုက် အခံ အလုပ်ကို ၀ါသနာ ပါသော် လည်း မိတ်ဆွေ အပေါင်း အသင်း များ ကိုမူ ဖော် ရွေ စွာ ဆက်ဆံ လေ့ ရှိသည်။ ဗိုလ်မှူးကြီး ဗထူး သည် အဌမ တန်း သို့ ရောက်သော အခါ သူငယ်ချင်း များနှင့် အတူ အလုပ် လုပ်ရန် အတွက် ကျောင်းမှ ထွက်လေ သည်။ မိဘ များ ကမူ ကျောင်း ဆက်တက် ရန် အမျိုးမျိုး နားချ ပြောကြား သော်လည်း လုံးဝ နားမ ထောင် သည့် အပြင် မိဘ အိမ်တွင် လည်း မနေ၊ သူငယ်ချင်း များ ထံသို့ လည်း အကူ အညီ မတောင်း ခဲ့ပေ။ မိမိ ကြိုးစား မှုဖြင့် ပင် ထားဝယ် မြို့ရှိ သတ္ထု တွင်း ကုမ္ပဏီ တစ်ခု တွင် လခ စား အဖြစ် ၀င်ရောက် လုပ်ကိုင် နေလေ သည်။ ဗထူး သည် ရိုးသား ဖြောင့်မတ် သည့် အပြင် ၀တ္တရား များ ကို ကျေပွန် စွာ လုပ်ကိုင် ခြင်း တို့ကြောင့် မန်နေဂျာ အဖြစ် ရာထူး တိုးမြှင့် ခံခဲ့ ရလေ သည်။

ဤ သို့ဖြင့် တဖြည်းဖြည်း အလုပ် ကို ကြိုးစား လုပ်ကိုင် လာ သော အခါ လခစား များ ၏ ဘ၀ အကြောင်း ကို ကောင်းကောင်း ကြီး သိလာ လေတော့ သည်။ လခ စားများ ဘ၀ သည် လွတ်လပ် ခြင်း လည်း မရှိ၊ အကျိုး အမြတ် မှာ ဓန ရှင်ကြီး များ အတွက် သာ ဖြစ်ပေ သည်။ ဆင်းရဲ သား အလုပ် သမား များမှာ မူ ရရ စားစား နှင့် ဆင်းရဲ တွင်း မှ မတက် လှမ်း နိုင်သည့် အဖြစ် ကို ကိုယ်တွေ့ သိမြင် လာလေ တော့ သည်။ ထို့ကြောင့် လည်း ကုမ္ပဏီ ပိုင်ရှင် နှင့် အလုပ် သမား များ အရေး အခင်း ဖြစ်တိုင်း အလုပ် သမားများ ဘက်မှ ၀င်ရောက် ၍ အတိုက် အခံ ပြော ခဲ့သည်။ ယင်းကြောင့် ဗထူး မှာ အလုပ် သမား များ၏ မှီခို အားထားရာ ခေါင်းဆောင် တစ်ဦး အဖြစ် အလိုလို ရောက်ရှိ လာလေ သည်။ ထို အချိန် က ကုမ္ပဏီ ပိုင်ရှင် သည် ဗထူး အား အလုပ် မှ ထုတ်ပစ် လို သော်လည်း အလုပ် သမား များ သပိတ် မှောက်မည် စိုး သဖြင့် အရိပ် အခြေ ကို အကဲခတ် စောင့်ကြည့် နေလေ သည်။

ဤ သို့ဖြင့် အလုပ် ရှင်နှင့် အလုပ် သမား များ ပဋိပက္ခ ဖြစ်နေစဉ် အတွင်း တွင် ဂျပန် တို့က စစ် ကြေညာ လိုက်သော သတင်း ကြောင့် မြန်မာ နိုင်ငံ တွင် ဂယက် ရိုက် သွား လေတော့ သည်။ အထူး သဖြင့် ဗိုလ်ချုပ် အောင်ဆန်း ဦးစီး ပြီး ထိုင်း နိုင်ငံ တွင် ဗမာ့ လွတ်လပ် ရေး တပ်မတော် ကို ဖွဲ့စည်း ခဲ့သည်။ ဗမာ့ လွတ်လပ် ရေး တပ် မတော် နှင့် အတူ ဂျပန် တပ်မတော် လည်း စစ်ကြောင်း ကြီးများ ဖွင့်၍ ချီတက် လာပြီ ဟူ သော သတင်း များ သည် ထားဝယ် မြို့ တွင် ပျံ့လွင့် နေလေ သည်။ ထို အချိန် က ဗထူး သည် မိဘ အရေး ကိုလည်း မတွေး တော၊ ဇနီး နှင့် သာသမီး များ ကိုလည်း သတိ မရ တော့ဘဲ ဗမာ့ လွတ်လပ် ရေး တပ်မတော် ထဲ ကိုသာ ၀င်လို သော အတွေး ဖြင့် ပျော်နေ ခဲ့လေ သည်။ ထို အချိန် တွင် ဗိုလ်မှူးကြီး လက်ျာ ဦးစီး သော တပ်မတော် ကြီး သည် ထားဝယ် မြို့ ကို သိမ်းပိုက် လိုက်သော အခါ တွင် ဗထူး သည် စစ် ထဲသို့ ၀င်ရောက် ခဲ့လေ တော့ သည်။ ဇနီး ဖြစ်သူ မအုန်းတင်ကိုလည်း အကြောင်း မကြား၊ သားကြီး ဖေ၀င်း၊ သားလတ် ဖြူဝင်း နှင့် သမီး ထွေး မခင်ဝင်း တို့ကို လည်း သတိ မရ ခဲ့ပေ။ မိမိ ဖြစ်ချင် နေသော တော်လှန်ရေး တပ် မတော် သား ဘ၀ ကိုသာ ကျေနပ် နှစ်သိမ့် နေလေ တော့ သည်။

ထိုစဉ် က ဗထူး သည် တပ်သား (၁၅) ယောက် ကိုသာ အုပ်ချုပ် ရသော တပ်ကြပ် ကလေး ရာထူး ကို ရ ခဲ့သည်။ ယင်း ကြောင့် “ ငါ စစ်ပညာ ကြိုးစား သင်မယ်၊ မသိ တာ ရှိရင် စစ်ဗိုလ် ကို မေးမယ်၊ စစ်သူကြီး မဟာ ဗန္ဓုလ ပင် ဆင်းရဲ သား ဘ၀ မှ ကမ္ဘာ ကျော် စစ် သူရဲကောင်း ကြီး ဖြစ်ခဲ့တယ်၊ ငါလည်း ကြိုးစားရင် အောင်မြင် ရ မယ် ” ဟူ ၍ မိမိ ကိုယ် မိမိ အားပေး ခဲ့သည်။ မကြာမီ စစ်ထွက် တော့ မည် ဖြစ်သဖြင့် အိမ် သို့ ပြန်၍ မိဘ နှင့် သားသမီး များ ကို ၀မ်းနည်း ကြေကွဲ စွာ နောက်ဆုံး နှုတ်ဆက် ၍ တပ် စခန်း ရှိရာ သို့ ပြန်ခဲ့ လေတော့ သည်။ ယင်း အချိန် မှ စပြီး နောက်ကြောင်း ကို လုံးဝ မစဉ်းစား တော့ ဘဲ ထားဝယ် စစ်ကြောင်း တပ် မတော် ကြီး နှင့် အတူ မြန်မာ တို့၏ သတ္တိ ကို ပြသ ခွင့် ရခဲ့ လေတော့ သည်။

ဗထူး သည် တစ်ခါ တစ်ရံ တွင် မိမိ ကိုယ်တိုင် ဦးစီး ၍ မြို့ တစ်မြို့ ကို သော်လည်းကောင်း၊ ရွာ တစ်ရွာ ကို သော်လည်းကောင်း သိမ်းပိုက် ရန် တာဝန် ကျသော အခါ တွင် မိမိ တပ်သား များ ကို “ စစ်သား ဆိုတာ စစ်သား ပီသ ရမယ်၊ စစ်သား သည် တိုင်းပြည် နဲ့ လူမျိုး အတွက် စစ်ထဲ ၀င် တယ်၊ အသက် ကို စွန့်စား ရမယ်၊ ဒီတော့ တိုင်းသူ ပြည် သား များ ကို စိတ် ဆင်းရဲ စေမယ့် အလုပ် မျိုး မှန်သမျှ ကို လုံးဝ ရှောင်ကြဉ် ရမယ်၊ ခု ကျုပ် ကိုယ်တိုင် ဦးစီးပြီး မြို့ ကို သိမ်းမယ်၊ သိမ်း ပြီး ရင် အဓမ္မ ပစ္စည်း သိမ်း ခြင်း၊ လုယက် ခြင်း၊ ရွှေတို ငွေစ ယူ ခြင်း စတဲ့ အလေ့ အကျင့် ဆိုးတွေ ကို လုံးဝ ရှောင်ကြဉ် ရမယ် ” ဟု ရှေးဦးစွာ သွန်သင် ညွှန်ကြား ပြီး မှ မြို့ ကို သိမ်းပိုက် လေ့ ရှိသည်။ ထို့ အပြင် “ စစ်သား ဟာ ကိုယ်ကျိုး ရှာ သမား မဟုတ်ဘူး ဆိုတာ အထူး သတိပြု ရမယ် ” ဟု အမြဲ သွန် သင် ဆုံးမ လေ့ ရှိသည်။ မိမိ ကိုယ်တိုင် လည်း ရှေ့ ဆောင် လမ်းပြ လုပ်ကိုင် ခဲ့လေ သည်။ ယင်းကြောင့် အဘက် ဘက် မှ ထူးချွန် ပြည့်စုံ သော ဗမာ့ လွတ်လပ် ရေး တပ်မတော် ကြီး သည် မြန်မာ နိုင်ငံ တစ် နိုင်ငံ လုံး အား သိမ်း ပိုက် အောင်မြင် သော အခါ တွင် ဗထူး သည် ဗိုလ်ကြီး အဆင့် သို့ တိုးမြှင့် ခန့်အပ် ခြင်း ခံရ လေသည်။

မြန်မာ နိုင်ငံ ကို သိမ်းပိုက် ပြီးသော အချိန် တွင် မိမိ နိုင်ငံ လွတ်လပ် ရေး ရရှိခြင်း အတွက် လည်းကောင်း၊ မိမိ အား ရာထူး တိုးခြင်း ကြောင့် လည်းကောင်း၊ ဗထူး အတွက် ၀မ်းမြောက် စရာ ဖြစ်သော်လည်း ၀မ်း မသာ နိုင် ရှာပေ။ အကြောင်း ကား လွတ်လပ်ရေး ရရှိရန် အတွက် ဂျပန် နှင့် ပူးပေါင်း ၍ တိုက်ပွဲ ပေါင်း မြောက်မြား စွာ ကို ဆင်နွှဲ နေချိန် ၌ နောက်ကျ ဂျပန် တို့သည် တိုင်းသူ ပြည်သား များ အပေါ် တွင် ရိုင်းစိုင်း စွာ ဆက်ဆံ ပြုမူ နေ သဖြင့် ပြည်သူ လူထု ၏ အထင် အမြင် လွဲမှား ခြင်း ကို ဗမာ့ လွတ်လပ် ရေး တပ်မတော် အနေ ဖြင့် ခါးစည်း ၍ ခံနေ ရလေ သည်။

မြန်မာ နိုင်ငံ အား ဗြိတိသျှ တို့ လက်အောက် မှ ပြန်လည် သိမ်းပိုက် ပြီးသော အခါ ဗိုလ်ကြီး ဗထူး သည် ဗိုလ်မှူး ရန်နိုင် အုပ်ချုပ် သော ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) ဗိုလ်ကြီး ရာထူး ဖြင့် ပင် တပ်ခွဲမှူး တာဝန် ကို ထမ်းဆောင် နေရ လေ သည်။ တစ်ဖန် အသစ် ဖွဲ့စည်း ပေးသော ဗမာ့ ကာကွယ် ရေး တပ်မတော် တွင် တပ်ရင်း အားလုံး စအား စစ်ပညာ သင်ကြား ပေးရန် အတွက် ဂျပန် အကြံ ပေး အရာရှိ များ ကို ခန့်ထား ပြီး သင်ကြား ပေး သည်။ ယင်း အချိန် က ဗိုလ်ကြီး ဗထူး သည် စစ် ပညာ ကို ကြိုးစား ၍ သင်ကြား နေချိန် ဖြစ်သလို မိမိ တပ်ခွဲ ရှိ ရဲဘော် များ ကိုလည်း စနစ် တကျ သင်ကြား စေ သည်။ ထို့ နောက် တပ်ရင်း (၃) ရင်း ကို စစ်ပညာ သင်ကြား ပေးပြီး ဖြစ်သဖြင့် တာဝန် များ ကို လွှဲအပ် လိုက် သည်။ နောက်ထပ် ဖွဲ့စည်း သော စက်မှု လက်မှု တပ် အမှတ် (၁) တွင် ဗိုလ်ကြီး ဗထူး အား ဗိုလ်မှူး အဆင့် သို့ တိုးမြှင့် ခန့်အပ် သည့် အပြင် တပ်ရင်းမှူး ရာထူး ကိုပါ ခန့်ထား ခြင်း ခံရ လေသည်။ တပ်ရင်းမှူး ဖြစ် လျှင် ဖြစ်ချင်း ကသာ နယ်၊ အင်းတော် နယ် တို့တွင် တာဝန် ထမ်းဆောင် ရန် အရေးကြီး လာသည့် အတွက် အင်းတော် မှ ကလေးဝ စစ်ကြောင်း သို့ စစ်ထွက် ခဲ့ရ သည်။

ဗိုလ်မှူး ဗထူး တို့သည် စစ် ဌာနချုပ် နှင့် အဆက် အသွယ် ပြတ်တောက် သဖြင့် လွတ်လပ် ရေး ပေးသည် ဆို သော သတင်း ကို လည်း မသိ။ စစ် မြေပြင် ရှိ ဖက်ဆစ် ဂျပန် များ ပြောကြ သည် ကိုလည်း မယုံကြည် ကြပေ။ ထို့ အပြင် ဂျပန် များ သည် ဗိုလ်မှူး ဗထူး ၏ တပ်ရင်း နှင့် အတူ တပ်ရင်း (၃) ရင်း ကို နည်း အမျိုးမျိုး ဖြင့် နှိပ်စက် ကြ လေသည်။ တစ် နေရာ မှ တစ်နေရာ သို့ ပြောင်းရွှေ့ ရာ တွင် လည်း ဂျပန် တပ်များ ကို မော်တော် ကား ဖြင့် ပြောင်းရွှေ့ ပေးပြီး ဗမာ တပ် များ ကိုမူ ကိုယ့် အစီအစဉ် ဖြင့် ကိုယ် ပြောင်းရွှေ့ ရမည် ဟူသော ပြင်းထန် သည့် စစ် အမိန့် ကို ပေးခဲ့ ကြ လေသည်။

ဤ ကဲ့သို့ မတရား သော အမိန့် ကို ဆက်လက် နာခံ နေပါက မိမိ ရဲဘော် များ စိတ်ဓာတ် ကျမည် ကို စိုးရိမ် မိသည့် အတွက် ဖက်ဆစ် ဂျပန် အား တော်လှန် ရန် စိတ်ပိုင်း ဖြတ် လိုက်လေ တော့ သည်။ ယင်း အချိန် မှ စ ၍ ဂျပန် ခေါင်းဆောင် များပေး သော အမိန့် ကို မနာခံ သည့် အပြင် “ မိမိ အမိန့် နှင့် မိမိ စစ်သား တွေ ကို ခိုင်းရ လိမ့်မည် ” ဟု ရဲရင့် ပြတ်သား စွာ ပြောဆို ခဲ့လေ သည်။ ယင်း ကြောင့်ပင် ဂျပန် အကြီး အကဲ များသည် ဗိုလ်မှူး ဗထူး ကို လည်းကောင်း၊ ဗမာ တပ်သား များ ကို လည်းကောင်း မတရား သော ဆက်ဆံ မှုမျိုး နှင့် မဆက် ဆံ ၀ံ့ကြ တော့ ပေ။ ဗိုလ်မှူး ဗထူး သည် ဖက်ဆစ် ဂျပန် များ ၏ နှိပ်စက် ညှဉ်းပန်း မှုကြောင့် အအိပ် ပျက်၊ အစား ပျက် ကာ ငှက်ဖျား ရောဂါ စွဲကပ် လာပြီး အိပ်ရာ ထဲ တွင် ဗုန်းဗုန်း လဲ သွားလေ တော့ သည်။ သို့သော် တပ်ရင်း ရှိ ရဲဘော် များ ၏ ပြုစု ယုယ မှုကြောင့် တစ်ရက်၊ နှစ်ရက် အတွင်း မှာ ပင် သက်သာ လာ သည်။ ဤသို့ နေကောင်း စ ပြုလာသော အချိန် တွင် ဗိုလ်ချုပ် အောင်ဆန်း ထံမှ ၀ိုင်ယာ လက် သတင်း ထူး ရောက်ရှိ လာ သည်။ ယင်း သတင်း ကား “ ဗိုလ်မှူး ဗထူး အား တိုင်းမှူး အဖြစ် မန္တလေး သို့ ပြောင်း ရမည် ” ဟူသော သတင်း ပင် ဖြစ်လေ သည်။

ဗိုလ်မှူး ဗထူး သည် အထက် မှ ရာထူး တက်ပေး ကာ တိုင်းမှူး အဖြစ် ခန့်ထား ခြင်း ကို ခံရ သော်လည်း ၀မ်းသာ ပုံ မရ ရှာပေ။ မိမိ ရဲဘော် များ ကိုသာ စေ့စေ့ ကြည့်ရင်း - “ ရဲဘော် တို့ - ကျုပ်တော့ မန္တလေး ကို တိုင်းမှူး အဖြစ် နဲ့ ပြောင်းရ တော့ မယ်၊ အမိန့် အတိုင်း အမြန် ဆုံး ပြောင်းမှ ဖြစ်မယ်၊ ဒါကို တို့ ဗိုလ်မှူး က တိုင်းမှူး ဖြစ်တာ နဲ့ ၀မ်း သာလွန်း လို့ အမြန် ပြောင်းတယ် လို့တော့ မထင် ပါနဲ့၊ ဒီ စစ် မြေပြင် မှာ နေခဲ့ ရတဲ့ အဖြစ် အပျက် တွေကို အမြန် ဆုံး ရှင်းပြ ချင်တယ်၊ ဒါ ကြောင့် ကျုပ် ပြောင်း သွား သော်လည်း ကျုပ် ရှိစဉ် ကကဲ့ သို့ အထက် အမိန့် ကို နာခံ၊ စည်းစည်း လုံးလုံး နဲ့ တာဝန် ကို ကျေပွန် ကြ ပါစေ ” ဟူသော နောက်ဆုံး စကား ကို ပြောကြား ခဲ့ပြီး ၀မ်းနည်း စွာ ဖြင့် ပင် မန္တလေး သို့ ပြောင်းရွှေ့ ခဲ့လေ သည်။

ဗိုလ်မှူးကြီး ဗထူး မန္တလေး သို့ တိုင်းမှူး အဖြစ် ရောက်ရှိ လာသော အခါ ယခင် က ဖက်ဆစ် ဂျပန် တို့ ၏ နှိပ်စက် ခြင်း အမျိုးမျိုး၊ ရိုင်းစိုင်း ခြင်း အမျိုးမျိုး ကို ခံစား နေခဲ့ ရသော မြို့သူ မြို့သား များ သည် ယခု အခါ အေး အေး ဆေးဆေး၊ တည်တည် ငြိမ်ငြိမ် ပြန် ဖြစ်လာ သဖြင့် ဗိုလ်မှူးကြီး ဗထူး ကို လည်း လိုအပ် သည့် အကူ အညီ များ ပေးကြ လေသည်။ ယင်းကြောင့် ဗိုလ်မှူးကြီး ဗထူး သည် မိမိ ၏ ရည်ရွယ် ချက် ဖြစ်သော တိုင်းပြည် အား ကယ်တင် ရတော့ မည်။ မတရား သော ဂျပန်၊ ရက်စက် သော ဂျပန်၊ အကျင့် ဆိုးများ ဖြင့် ပြည်သူ များ အား ညှဉ်းဆဲ သော ဂျပန် ကို ဗမာ တို့က တော်လှန် မှု အောင်မြင် ပြီး မုချ လွတ်လပ် ရေး ရရှိမည် ဟူသော ရည်ရွယ် ချက် ဖြင့် မန္တလေး တိုင်းမှူး ဖြစ်ပြီး မကြာမီ မှာ ပင် ဂျပန် တော်လှန် ရေး ကို စတင် စိုင်းပြင်း လေတော့ သည်။

ဤ ကဲ့သို့ ဗိုလ်မှူးကြီး ဗထူး ဂျပန် တော်လှန် ရေး အတွက် စတင် စိုင်းပြင်း နေစဉ် အင်္ဂလိပ် တို့၏ အမှတ် (၁၅) တပ်မ ကြီး သည် တောင်ကုတ် စစ်ကြောင်း ကို သိမ်းပိုက် ရန် ချီတက် လာလေ သည်။ ထို့ အပြင် အမှတ် (၃၃) တပ်မ ကြီး သည်လည်း ရွှေဘို မှ စစ်ကြောင်း နှစ်သွယ် ဖြန့်၍ ပြင်ဦးလွင် သို့ လည်းကောင်း၊ အမှတ် (၄) တပ်မ ကြီး သည် ဧရာဝတီ မြစ် ကို ဖြတ်ကူး ပြီး မိတ္ထီလာ ကား လမ်းမ ကြီး ကို သိမ်းပိုက် ရန် အတွက် လည်းကောင်း ချီတက် လာသော အချိန် နှင့် တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေ သည်။ ထို အချိန် က တိုင်းမှူး ဗိုလ်မှူးကြီး ဗထူး သည် ဖက်ဆစ် ဂျပန် အား အသိပေး ၍ တစ်မျိုး၊ အသိ မပေး၍ တစ်မျိုး စခန်း အသီးသီး တို့တွင် မိမိ တပ်များ ကို လျှို့ဝှက် စွာ ဖြန့်ချ ထားလေ သည်။ ဤ ကဲ့သို့ မိမိ တပ်မှူး များ အား ညွှန်ကြား စီစဉ် စေကာ မိမိ မူကား  မန္တလေး မြို့တွင်း တွင် ဗိုလ်မှူးကြီး ဗထူး ရှိနေသည် ဟူ သော အမှတ် အသား ဖြစ်စေရန် မိမိ စစ်ရုံး နှင့် ဂျပန် စစ်ရုံး တို့တွင် တလူလူ လွှင့်ထူ ထားသော အလံနီ ကလေး ဖြင့် ဂျပန် တို့အား ယုံကြည် စေလေ သည်။

ဤသည် မှာ ဗိုလ်မှူးကြီး ဗထူး ၏ ရဲရင့် ပြောင်မြောက် သော သူရ သတ္တိ နှင့် ထူးခြားသော စစ် ပရိယာယ် ပင် ဖြစ်ပေ သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၈ ရက် သည် ဗိုလ်မှူး ကြီး ဗထူး ၏ ထူးခြား သော နေ့ထူး နေ့မြတ် ပင် ဖြစ်သည်။ မတ်လ ၈ ရက် တွင် အထက် ဗမာ ပြည် မှ စတင် ကာ ဖက်ဆစ် ဂျပန် ကို တော်လှန် ခဲ့လေ သည်။ ထို တော်လှန် ရေး နေ့ တွင် ဗိုလ်မှူးကြီး ဗထူး သည် စွန့်လွှတ် စွန့်စား ၍ တိုက်ပွဲဝင် ခဲ့သော ကြောင့် မန္တလေး နယ် အားလုံး ကို အောင်ပွဲ ရရှိ ခဲ့ပေသည်။ စစ်ကိုင်း စခန်း ရှိ တပ်မတော် သားများ က လည်း ပြောက်ကျား နည်း ဖြင့် တိုက်ပွဲ ဆင်နွှဲ ကာ အောင်ပွဲ ခံခဲ့ သည်။ တစ်ဆက် တည်း မှာ ပင် တပ်မတော် သားများ သည် မအူပင် မြောက်ရွာ၊ သာဒွန်း ရွာ၊ ဒေါင်း ရွာများ အား လည်းကောင်း၊ သပြု ရွာ၊ ကျွဲလူး ရွာ၊ ညောင်တန်း ရွာများ အား လည်းကောင်း သိမ်းပိုက် ၍ ဂျပန် များကို အပြီး သတ် အောင်ပွဲ ခံယူ ခဲ့လေ သည်။

ဤ သို့ဖြင့် ဗိုလ်မှူးကြီး ဗထူး သည် တော အထပ်ထပ်၊ တောင် အထွတ် ထွတ်၊ စမ်း အသွယ်သွယ် ကို ကျော်ဖြတ် ၍ တိုက်ပွဲ အဆင့်ဆင့် ကို အောင်ပွဲ အလီလီ ရရှိ ခဲ့သော်လည်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက် တွင် တယ်လူး စခန်း ၌ ငှက်ဖျား ရောဂါ ဖြင့် အိပ်ရာ ထဲ လဲလျောင်း နေရာ မှ သတိ ပြန် မလည် လာတော့ ဘဲ ရုတ်တရက် ကျဆုံး သွားရ ရှာလေ သည်။ မည်သို့ပင် ဆိုစေ ကာမူ ဗိုလ်မှူးကြီး ဗထူး သည် ဗမာ့ လွတ်လပ်ရေး အတွက် အသက် ကို စွန့်လွှတ် စွန့် စား ၍ ရှေးဦးစွာ တော်လှန် တိုက်ခိုက် ခဲ့သော ကြောင့် လည်းကောင်း၊ တိုင်းပြည် နှင့် လူမျိုး ကို ထိလျှင် မချိ အောင် နာတတ်သော စိတ်ဓာတ် ကြောင့် လည်းကောင်း၊ ကျွန်ုပ် တို့ သည် ဗိုလ်မှူးကြီး ဗထူး အား ဗမာ့ တော်လှန်ရေး သူရဲ ကောင်းကြီး အဖြစ် ဂုဏ်ယူ ၀င့်ကြွား စွာ သတိရ နေရမည် ဖြစ်ပေ သည်။ ။

ရဲဘော် ကျော်ဆန်း




No comments:

Post a Comment