Popular Posts

Thursday, December 11, 2014

သမိုင်းဝင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ


ဗကပ တို့ သည် အကြိမ်ကြိမ် သေဖူး သည့် တိုင် ပျဉ်ဖိုး ကို နားမလည် နိုင်ပဲ ရှိခဲ့ ကြ သည်။ သံလွင် အရှေ့ ခြမ်း လွှမ်းမိုး နိုင် ရေး မူဝါဒ နှင့် မဟာ ဗျူဟာ အား မစွန့် လွှတ်နိုင် ခဲ့ ကြ ပေ။ ထို့ကြောင့် လည်း ကွမ်းလုံ အရှေ့ ခြမ်း ရှိ ဟိုပန် ဒေသ စိုးမိုး သိမ်းပိုက် ရေး ကို အဆုံး အဖြတ် တိုက်ပွဲ ကြီး တစ်ပွဲ အဖြစ် ဖန်တီး ကာ အခြေခံ နယ်မြေ တည်ဆောက် နိုင်ရေး အတွက် မီးကုန် ယမ်းကုန် ကြိုးပမ်း လာခဲ့ ပြန်သည်။ ထို တိုက်ပွဲ များ တွင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ များ အပါ အ၀င် ဖြစ်ပြီး အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ် နယ် မြေ တွင် ၁၉၇၇ အောက်တိုဘာ လ ၃ ရက် နေ့ မှ ၃၁ ရက် နေ့ အထိ ဆင်နွှဲ တိုက်ခိုက် ခဲ့ ကြ ရသည်။ ၄င်း တိုက်ပွဲ များ သည် တပ်မတော် သမိုင်း တွင် မော်ကွန်း ထိုးရ သည် တိုက်ပွဲ များ ဖြစ်လာ သကဲ့သို့ ဗကပ တို့ ၏ မဟာ ဗျူဟာ ရည်မှန်း ချက် တာဝန် များ အား အပိုင်းပိုင်း ရိုက်ချိုး လိုက်နိုင် သော တိုက်ပွဲ များ ပင် ဖြစ်သည်။ ထို တိုက်ပွဲ များ ပါဝင်သော စစ်ဆင် ရေး ၏ အမည် ကား ရဲမင်းအောင် စစ်ဆင် ရေး ဟူ သတည်း။

Sunday, December 7, 2014

ဤ တပ်ရင်း


နိဒါန်း

၁။ အမှတ် (၄) ခြေလျင် တပ်ရင်း ၏ အကျဉ်းချုပ် ရာဇ၀င် ကို အပိုင်း နှစ်ပိုင်း ခွဲဝေ ပြီး ဖေါ်ပြ ခြင်း ဖြစ် ပါ သည်။ ပဋ္ဌမ အပိုင်း မှာ အင်္ဂလိပ် ခေတ် တွင် ဖြစ်၍ ဒုတိယ အပိုင်း မှာ လွတ်လပ်ရေး ရရှိပြီး ပြည်ထောင် စု မြန်မာ နိုင်ငံတော် အစိုးရ လက်ထက် သို့ ရောက်ရှိ သည့် အချိန်မှ စ၍ ဖြစ် ပါသည်။

အင်္ဂလိပ် ခေတ်

၂။ ၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီ လ လောက် တွင် မြန်မာ ပြည် ကို ဂျပန် တပ်များ တိုက်ခိုက် ၀င်စီး ရာ မြန် မာ ပြည်တွင် တပ်စွဲ နေသော ဗမာ့ တပ်မတော် (အဟောင်း) သည် ဆုတ်စစ် တိုက်ခိုက် လျှက် အိန္ဒိယ ပြည် သို့ ဆုတ်ခွာ သွားခဲ့ ပါသည်။ အိန္ဒိယ ပြည် သို့ ရောက်ရှိ သော အခါ ဟိုရှာ ပူ မြို့ တွင် ပြန် လည် ဖွဲ့စည်း ရန် စုထား ခဲ့ပါ သည်။ ဤ ကဲ့သို့ ပြန်လည် ဖွဲ့စည်းရာ နယ်ခြား စောင့် တပ် (ပျော်ဘွယ်) မှ လူများ အား စုယူပြီး အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ဖွဲ့ စည်း လိုက် ပါသည်။

ဟိုရှာပူ လေ့ကျင့်ရေး များ

၃။ Frontier Force Pyawbwe ကို အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ပြန်လည် ဖွဲ့စည်း ပြီးစီးသော အခါ တပ်ရင်း တိုက်ခိုက် ရေး လေ့ကျင့် ရေး များ ပြည့်စုံ စွာ ပြုလုပ် ခဲ့ ပါသည်။ ထို့နောက် အခြား တပ်များ နှင့် ပူးပေါင်း ပြီး တပ်မဟာ တိုက်ခိုက် ရေး လေ့ကျင့် ရေး များကို လည်း ပြုလုပ် ခဲ့ ပါသည်။

၎။ ၁၉၄၃ ခုနှစ် မတ်လ တွင် တပ်ခွဲ တခွဲ ကို အထူး တပ်ခွဲ အဖြစ် ဖွဲ့စည်း ပြီး ရခိုင် စစ်မျက်နှာ သို့ တာဝန် ထမ်းဆောင် ရန် ပို့ပေး ရသည်။ ၄င်း တပ်ခွဲ သည် အမှတ် (၄) တပ်မ ကြီး လက်အောက် တွင် နေခဲ့ ပြီး တာဝန် ထမ်းဆောင် ရာ နာမည် ကောင်း များ ကိုလည်း ရရှိ ခဲ့ပါသည်။ သူရ သတ္တိ ဘွဲ့များ ရရှိ သည် မှာ Military Cross (MC) (၁) ခု နှင့် Burma Gallantary Medal (BGM) (၂) ခု ဖြစ် ပါသည်။ ၁၉၄၃ ခုနှစ် ဇွန် လ တွင် ပန်ချာပီ လူမျိုး တို့အား အမှတ် (၄) ခြေလျင် တပ်ရင်း မှ အခြား တပ်သို့ ပြောင်းရွှေ့ ပေးရာ ဤ တပ်ရင်း တွင် ဂေါ်ရခါး လူမျိုး များ သာ ကျန် ပါတော့ သည်။

ကချင် ပြည်နယ် တွင် တိုက်ခိုက်မှု

၅။ ၁၉၄၃ ခုနှစ် နိုဝင်ဘာ လ (၁၅) ရက်နေ့ တွင် အမှတ် (၄) ခြေလျင် တပ်ရင်း သည် ဟိုရှာပူ မြို့မှ ကချင် ပြည်နယ် သို့ ထွက်ခွာ သွား၍ ဒီဇင်ဘာ လ တွင် ပူတာအို မြို့ သို့ ရောက်ရှိ ခဲ့ ပါသည်။ ဒီဇင်ဘာ လ အလယ် လောက်တွင် ဆွန်ပရာ ဘွမ် ဒေသ တွင် ဂျပန် တပ်များ နှင့် တိုက်ခိုက် ခဲ့ပြီး ဂျပန် တပ်များ ကို မောင်းထုတ် နိုင်ခဲ့ ပါသည်။ အထိ အခိုက် များပြား သော်လည်း စိတ်ဓါတ် မှာ အလွန် ကောင်း ပါသည်။ မိမိ ဘက်မှ ကျဆုံး သူများ မှာ အရာရှိ (၂) ဦး၊ ဂျီစီအို (၂) ဦး နှင့် အခြား ရဲဘော် များ ဖြစ် ပါသည်။ ဂျပန် တပ်များ အထိ အခိုက် ဒဏ်ရာ ရသူ အဆ မတန် များပြား ခဲ့သည်။ ဤ တိုက်ပွဲ တွင် ရရှိ ခဲ့သော သူရ သတ္တိ ဘွဲ့ များ မှာ Military Cross Bar (MC Bar) (၁) ခု၊ MC (၅) ခု၊ BGM (၁၆) ခု၊ စစ်မှုထမ်း မှတ်တမ်း ၀င် (၈) ခု၊ သူရဲကောင်း လက်မှတ် (၁၂) ခု နှင့် ချီးကြူး ခံရခြင်း လက်မှတ် (၁၀) ခု ဖြစ်သည်။

မြစ်ကြီးနား မြို့ကို သိမ်းပြီး သော အခါ ဤ တပ်ရင်း ၏ အင်အား သည် ဖျားနာ ခြင်း နှင့် အထိ အခိုက် ဒဏ်ရာ များ ကြောင့် အလွန် ပင် လျော့နည်း သွား ပါသည်။ ဤ ကဲ့သို့ ဖြစ်ရာ အမှတ် (၄) ခြေလျင် တပ်ရင်း ကို အနား ပေးရန် နှင့် ပြန်လည် ဖွဲ့စည်း ပေးရန် ဟိုရှာပူ မြို့သို့ ၁၉၄၄ ခုနှစ် စက်တင်ဘာ လ တွင် ပြန်လည် ပို့ပေး ရ ပါသည်။

Saturday, December 6, 2014

မိုင်းယန်း တိုက်ပွဲ


နိဒါန်း

၁၉၈၆ ခုနှစ် စီစီဝမ် တာပန် တိုက်ပွဲ ကြီး ပြီးသွား တော့ ဗကပ များ ဖွတ်ကျော ပြာစု ခရု ဆန် ကျွတ် ဖြစ်သွား သည်။ သူတို့ အကို တော် ပေါက်ဖော် ပါတီ မှ အကူ ညီ များ ဖြတ်တောက် လိုက် သဖြင့် စစ်ရေး အစွမ်း ပြမည် ဟု ကြုံးဝါး ကာ စီစီဝမ် တာပန် ကို ထတိုက် လိုက်ရာ အမြတ်မ ရ ပဲ ကြူကုတ် ၊ ပန်ဆိုင်း ၊ မန်ဟီးရိုး ကွမ်ဟိုင်း ၊ နောင်မ စသည့် သူတို့ ၏ အရေး ပါ သော အခြေခံ ဒေသ များ ပါ ဆုံးရှုံး သွား သဖြင့် အရင်း ထဲ က ပါသွား တော့ သည်။ စီစီဝမ် တာပန် တိုက်ပွဲ ကို ဦးဆောင် ခဲ့သော ရဲဘော် အောင် ( ခေါ် ) အသား မည်း မျိုးမြင့် လည်း အမြီး ကုတ် ကာ တချိုး တည်း ပြေးရ တော့ သည်။ ဗကပ ဗဟို သည် အခြေ အနေ မ ကောင်း သဖြင့် ဗျူရို များ နှင့် တပ်မ များ ကို ဖျက်သိမ်း ပြီး အဖွဲ့ ငယ်များ ဖွဲ့ ကာ နည်းနည်း နှင့် ကြဲကြဲ ၀ိုင်းနိုင်ရန် အားထုတ် တော့ သည်။ လက်ကား မတတ် နိုင်တော့ ၍ လက်လီ စိတ်ပြီး ရပ်တည် နိုင်ရန် ကြိုးစား တော့ သည်။ ထိုသို့ ကြိုးစား ရင်း အခြေအနေ ကောင်း ကို စောင့်နေခဲ့ ကြ သည်။

၁၉၈၈ မတ်လ ၁၂ ရက်နေ့ တွင် ကျောင်းသား မောင်ဖုန်းမော် သေဆုံး ရမှု နှင့် ပတ်သတ် ၍ ရန်ကုန် မြို့ ၌ ကျောင်းသား အရေး အခင်း စတင် ခဲ့သည်။ ဗကပ မြောက်ပိုင်း ဗျူရို မှ ရဲဘော် ထွန်း ( ခေါ် ) ဗိုလ်ကျင်မောင် သည် ရန်ကုန် ၊ မန္တလေး အပါ အ၀င် နိုင်ငံ အနှံ့ မြို့ကြီး များ ၌ Under Ground ခေါ် မြေအောက် UG လုပ်ငန်း များ တာဝန်ခံ ဖြစ် သည်။ သူသည် မြို့ပြ များ ၌ ဗကပ UG များ စေလွှတ် ပြီး အခွင့် အရေး ရ သည် နှင့် ဆူပူ မှု များ ဖြစ်ပွား စေရန် UG များ ကို ဖွဲ့စည်း ညွှန်ကြား လျက် ရှိသည်။ ထို့ နောက် ဆူပူ သူ ကျောင်းသား များ အား တော်လှန် သော သူရဲ ကောင်း များ အဖြစ် ဗကပ အသံ မှ ကြေငြာ ချက် အမျိုးမျိုး ထုတ် လွှင့် ပြီး ဆူပူ မှု ကြီးထွား သထက် ကြီးထွား လာအောင် လှုံ့ဆော် တော့ သည်။ ထို့ အပြင် လက်နက် ကိုင် တိုက်ပွဲ များ တချိန် တည်း တပြိုင်တည်း လုပ်ဆောင် နိုင်ရန် အတွက် တပ်များ စုစည်း ခြင်း ၊ လက်နက် ခဲယမ်း များ စုစည်း ခြင်း တို့ ကို ပြင်ဆင် လုပ်ဆောင် လာခဲ့ ကြသည်။

သို့ရာ တွင် ၁၉၈၈ စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် တပ်မတော် မှ နိုင်ငံတော် အာဏာ ကို ရယူ ထိမ်းသိမ်း လိုက်ပြီး ဆူပူ အကြမ်းဖက် သတ်ဖြတ် မှု များ အား ထိန်းသိမ်း လိုက်သော အခါ ဗကပ ဥက္ကဌ သခင် ဘသိန်းတင် က " ဒီမိုကရေစီ ဆိတ်သုဉ်း သွား ပြီ ရရာ လက်နက် စွဲ ကိုင် ပြီး စစ်အစိုးရ ကို တော်လှန် ကြ " ၊ " လောက တလွှား ဥက္ကဌ မော် တရား နဲ့ လက်နက် နဲ့ အာဏာ သိမ်း ယူကြ " ဟူ သော အသံလွှင့် ချက် များ ကို ထုတ်လွှင့် တော့သည်။ ထို့နောက် ဗဟို စစ်ကော် မရှင် အား မိုင်းယန်း ဒေသ အား တိုက်ခိုက် ရန် အမိန့် ပေး လိုက်တော့ သည်။ သို့ ဖြင့် ၁၉၈၈ စက်တင် ဘာ ၂၃ ရက် နံနက် တွင် လူ အင်အား ၂၀၀၀ ကျော်ဖြင့် မိုင်းယန်း ကို ၀င်ရောက် တိုက်ခိုက် ရာ မှာ သမိုင်းဝင် မိုင်းယန်း တိုက်ပွဲ ကြီးစတင် ဖြစ်ပွား တော့ သည်။

Wednesday, December 3, 2014

စီးဆင်း နေသော ဧရာဝတီ


စစ် ဆေးရုံ ကားဂိတ် သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန် တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာ ရှိသေး သည်။ လူနာ တွေ့ ချိန် သည် ညနေ ၄ နာရီ မှ ၆ နာရီ အထိ ဖြစ်၍ ၁၅ မိနစ် စောင့် ရပေဦး မည်။ အမှတ် (၂) ဂိတ် ပေါက်ဝ ရှိ အုတ် ခုံတန်း ပေါ်တွင် ထိုင်ရင်း ထောက်ကြန့် ကား ဂိတ် က ဝယ် လာ ခဲ့သည့် ၃၅ ပြား တန် ဒူးယား စီးကရက် တစ်လိပ် ကို အင်္ကျီအိတ် ကပ် အတွင်း မှ ဆွဲထုတ် လိုက် သည်။ မီး ညှိရန် အတွက် ဘေး ဘယ်၊ ညာသို့ လှမ်း ကြည့် လိုက်သည် တွင် အုတ်ခုံ အစွန်း ၌ ဆေးလိပ် ထိုင်သောက် နေသည့် ဦးကြီး တစ်ဦး ကို တွေ့၍ အနီး သို့ တိုးကပ် လိုက် မိသည်။

"ဦးလေး ... မီး တစ်တို့ လောက် နော်" ဦးလေး ကြီး ကမ်းပေး သည့် မီး တရဲရဲ နှင့် ဆေးလိပ် ကို လှမ်း ယူကာ မီး ညှိရင်း ဦးလေးကြီး ကို အကဲခတ် သလို ကျွန်တော် ကြည့် လိုက်မိ သည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင် နှင့် ခေါင်းတုံး ဆံတောက် ကို တိုတို ညှပ်ထား သည်။ ဦးလေးကြီး ၏ ပုံ သဏ္ဌာန် ကို မြင် လိုက် ကတည်း က စစ်သည် ဟောင်းကြီး တစ်ဦး ဖြစ်ကြောင်း ကျွန်တော် အကဲ ခတ် မိသည်။ သေသပ် စွာ ဝတ် ဆင် ထား သည့် ပင်နီ တိုက်ပုံ ၏ ညာဘက် အိတ် ကပ် ထက်တွင် တပ်ဆင် ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင် ခြယ် ကတ္တီ ပါ အတုံး ကလေး ထက်မှ တဖျပ်ဖျပ် တောက် နေ သည့် ငွေ ကြယ်ဖြူ ကလေး သုံးပွင့် ကို လှမ်း၍ မြင်လိုက် ရသည် နှင့် ထိုဦးလေး ကြီး ကို ကျွန်တော် စိတ် ဝင်စား သွားမိ သည်။

Tuesday, December 2, 2014

မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၂ )


၁၉၉၅ ခုနှစ် ဧပြီလ ၁၉ ရက်မှ စ၍ တပ်မတော် က တရုတ်ဖြူ တို့ တပ်စွဲ ထားသည့် ဆင်ဦး ခေါင်း စခန်း ကို စတင် တိုက်ခိုက် ရာ ဗမာ့ တပ်မတော် မှ တိုက် လေယာဉ် များ က အနီးကပ် လေကြောင်း ပစ်ကူ ပေး၍ တိုက်ခိုက် ခဲ့ကြ သည်။ ဧပြီ လ ၂၂ ရက် တွင် လွယ်ဘန်ဆုံ ကို လည်းကောင်း၊ ဧပြီလ ၂၅ ရက် တွင် မုံးယောင်း ကို လည်းကောင်း၊ မေလ ၇ ရက် တွင် တာချီလိတ် တောင်ထိပ် ကို လည်းကောင်း တိုက်ခိုက် ရာ တွင် တိုက် လေယာဉ် များ က အနီး ကပ် လေကြောင်း ပစ်ကူ ပေး တိုက်ခိုက် ခဲ့ကြ သည်။ မေလ ၈ ရက် တွင် အိုကီနာဝါ ခံတပ် ဥမင် လိုဏ်ခေါင်း ကို လည်းကောင်း၊ မေလ ၁၁ ရက် တွင် မိန်းမ တောင် ၏ ဆင်တောင် စခန်း ကို လည်းကောင်း၊ မေလ ၁၄ ရက် မှ ၁၅ ရက် များ တွင် လွယ် ကုန်းကြီး ကို လည်းကောင်း ဗမာ့ တပ်မတော် က တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။ မေလ ၂၂ ရက် တွင် မိုင်းကွင်း ကို တိုက်ခိုက် ရာ တရုတ် ဖြူ ၁၅၁၇ ဦး လက်နက် ချ ခဲ့သည်။ တိုက်ပွဲ များ သည် များစွာ ပြင်းထန် ကာ ရန်သူ ဘက်မှ အကျ အဆုံး များခဲ့ပြီး ထိုင်း နိုင်ငံ အတွင်း သို့ ကစဥ့် ကလျား ဆုတ်ခွာ သွားကြ သည်။ ၁၉၅၅ ခုနှစ် မေလ တွင် ရန်ကြီး အောင် စစ်ဆင် ရေး ပြီးဆုံး ခဲ့ရာ တရုတ်ဖြူ ကျူးကျော် သူ အင်အား မှာ ၃၀၀၀ ခန့် အထိ လျော့ကျ ခဲ့သည်။

မဲခေါင် စစ်ဆင်ရေး တွင် အမှတ် (၁) အုပ်မှ ဆီးဖြူရီ တိုက် လေယာဉ် များ က ၁၉၆၁ ခုနှစ် ဇန်နဝါရီ လ ၄ ရက်မှ မတ်လ ၂၃ ရက် အထိ ပါဝင် ဆင်နွှဲ ခဲ့ကြ သည်။ စစ်ဆင် ရေး ကာလ မှာ နှစ်လ ကျော် မျှသာ အချိန် ကြာမြင့် ခဲ့သော် လည်း ရန်သူ စခန်း များ သို့ အကြိမ် ၇၀ တိုင်တိုင် လေကြောင်း မှ သွား ရောက် တိုက်ခိုက် ခဲ့ကြ သည်။ လေကြောင်း စစ်ဆင် ရေး များ ဆင်နွှဲ ရာ တွင် ၂၀ မမ စက် အမြောက် ကျည် ၂၇၂၉၀ တောင့်၊ ၂၀ ပေါင် လူ သတ် ဗုံး ၁၄၃ လုံး၊ ပေါင် ၂၅၀ လူ သတ်ဗုံး ၂၀ လုံး၊ ပေါင် ၂၅၀ မီးလောင် ဗုံး ၁၀ လုံး အသုံး ပြု တိုက်ခိုက် ခဲ့ ရခြင်း က ဤ မဲခေါင် စစ်ဆင် ရေး သည် ပမာဏ မည်မျှ ကြီးမား ကြောင်း ဖော်ပြ လျက် ရှိသည်။


မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၁ )


မြန်မာ့ တပ်မတော် (လေ) ကို ဒုတိယ ကမ္ဘာ စစ် အပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် မှာ တရားဝင် ဖွဲ့စည်း ခဲ့ပါ သည်။ သို့ ပေမယ့် လေတပ် တစ်စု အတွက် အခြေခံ လိုအပ် ချက် ဖြစ်တဲ့ လေကြောင်း ပျံသန်းမှု ပညာ ရပ် တွေ ကတော့ ၁၉၄၇ ခုနှစ် မတိုင်မီ နှစ် များ ကတည်း က မြန်မာ နိုင်ငံ ကို စတင် ရောက်ရှိ ခဲ့ပြီး ဖြစ်ပါ သည်။ ၁၉၃၄ ခုနှစ် မှာ Flying School ဟူသော အမည် ဖြင့် အပျော် တမ်း လေယာဉ် မောင်း သင်တန်း ကျောင်း တစ်ကျောင်း ကို ရန်ကုန် မြို့ မှာ စတင် ထူထောင် နိုင် ခဲ့ပြီး အကျိုး ဆက် အဖြစ် မြန်မာ နိုင်ငံ မှာ လေကြောင်း ပျံသန်းမှု ပညာ ရပ် များ အပေါ် စိတ်ဝင်စား သည့် ပုဂ္ဂိုလ် များ စတင် ပေါ်ထွက် လာခဲ့ ခြင်း ကြောင့် Rangoon Flying School သည် မြန်မာ နိုင်ငံ ရဲ့ ပျံသန်း ရေး သမိုင်း ဦး အစ အဖွဲ့ အစည်း ဟု ဆို ရမည် ဖြစ် ပါသည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာ လ ၁၉ ရက် မှာ Burma Volunteer Air Unit (BVAU) ခေါ် ဗမာ့ အပျော် တမ်း လေ တပ်ဖွဲ့ ကို စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၄၁ ခုနှစ် ဧပြီ လ ၄ ရက် မှာ (BVAU) ကို Burma Volunteer Air Force (BVAF) အဖြစ် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး စစ် ဆင်ရေး တာဝန် များ ထမ်းဆောင် နိုင်အောင် ကြိုတင် ပြင်ဆင် ခဲ့ပါ သည်။ မြန်မာ နိုင်ငံ ကို ဖက်ဆစ် များ တိုက်ခိုက် သိမ်းပိုက် ပြီးချိန် တွင် BVAF သည် အိန္ဒိယ နိုင်ငံ ထဲ အထိ ဆုတ်ခွာ ရွှေ့ပြောင်း ခဲ့ပါ သည်။ ဒုတိယ ကမ္ဘာ စစ်ကြီး အတွင်း BVAF တပ်ဖွဲ့ ဝင် မြန်မာ အမျိုးသား များ သည် ဥရောပ နှင့် အာရှ စစ် မျက်နှာ များ တွင် မဟာ မိတ် တပ်များ ဘက်မှ ပါဝင် ပြီး စစ်ဆင် ရေးများ ဆောင်ရွက် ခဲ့ကြ သည်။ မြန်မာ နိုင်ငံ လုံးဝ လွတ်လပ် ရေး ရရှိ ဖို့ ဆွေးနွေး တောင်းဆို ရာတွင် တပ်မတော် ဖွဲ့စည်း တည်ထောင် ရေး ကို ထည့်သွင်း ဆောင်ရွက် မှု ၏ တစ်စိတ် တစ် ဒေသ အဖြစ် အမြဲ တမ်း လေ တပ်မတော် တစ်ရပ် ဖွဲ့စည်း ထူထောင် နိုင်ရေး စီမံချက် ရေးဆွဲ ခဲ့ကြ သည်။ စီမံ ချက် အရ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် တွင် မြန်မာ နိုင်ငံ အစိုးရ ကာကွယ် ရေး ဌာန Burma Air Force (Dicipline) Act,1947 ကို ပြဋ္ဌာန်း အတည် ပြု ပေး လိုက်ရာ မှ အစ ပြု ၍ မြန်မာ့ လေ တပ်မတော် Burma Air Force အဖြစ် စတင် ရပ်တည် ထူထောင် နိုင်ခဲ့ ပါသည်။

မြန်မာ့ သူရဲကောင်း၊ တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီး ဗထူး



ဗိုလ်မှူးကြီး ဗထူး သည် လောင်းလုံ မြို့နယ်၊ လေးလွန် ရွာ တွင် မြေပိုင်ရှင် ဦးဘိုးထန်း၊ ဒေါ် စိန်မြရင် တို့မှ မွေးဖွား သော သားထွေး ဖြစ်သည်။ ငယ်စဉ် က ထားဝယ် မြို့ အစိုးရ ကျောင်း တွင် ပညာ သင်ကြား ခဲ့လေ သည်။ ပင်ကိုယ် ဗီဇ က အတိုက် အခံ အလုပ်ကို ၀ါသနာ ပါသော် လည်း မိတ်ဆွေ အပေါင်း အသင်း များ ကိုမူ ဖော် ရွေ စွာ ဆက်ဆံ လေ့ ရှိသည်။ ဗိုလ်မှူးကြီး ဗထူး သည် အဌမ တန်း သို့ ရောက်သော အခါ သူငယ်ချင်း များနှင့် အတူ အလုပ် လုပ်ရန် အတွက် ကျောင်းမှ ထွက်လေ သည်။ မိဘ များ ကမူ ကျောင်း ဆက်တက် ရန် အမျိုးမျိုး နားချ ပြောကြား သော်လည်း လုံးဝ နားမ ထောင် သည့် အပြင် မိဘ အိမ်တွင် လည်း မနေ၊ သူငယ်ချင်း များ ထံသို့ လည်း အကူ အညီ မတောင်း ခဲ့ပေ။ မိမိ ကြိုးစား မှုဖြင့် ပင် ထားဝယ် မြို့ရှိ သတ္ထု တွင်း ကုမ္ပဏီ တစ်ခု တွင် လခ စား အဖြစ် ၀င်ရောက် လုပ်ကိုင် နေလေ သည်။ ဗထူး သည် ရိုးသား ဖြောင့်မတ် သည့် အပြင် ၀တ္တရား များ ကို ကျေပွန် စွာ လုပ်ကိုင် ခြင်း တို့ကြောင့် မန်နေဂျာ အဖြစ် ရာထူး တိုးမြှင့် ခံခဲ့ ရလေ သည်။

ဤ သို့ဖြင့် တဖြည်းဖြည်း အလုပ် ကို ကြိုးစား လုပ်ကိုင် လာ သော အခါ လခစား များ ၏ ဘ၀ အကြောင်း ကို ကောင်းကောင်း ကြီး သိလာ လေတော့ သည်။ လခ စားများ ဘ၀ သည် လွတ်လပ် ခြင်း လည်း မရှိ၊ အကျိုး အမြတ် မှာ ဓန ရှင်ကြီး များ အတွက် သာ ဖြစ်ပေ သည်။ ဆင်းရဲ သား အလုပ် သမား များမှာ မူ ရရ စားစား နှင့် ဆင်းရဲ တွင်း မှ မတက် လှမ်း နိုင်သည့် အဖြစ် ကို ကိုယ်တွေ့ သိမြင် လာလေ တော့ သည်။ ထို့ကြောင့် လည်း ကုမ္ပဏီ ပိုင်ရှင် နှင့် အလုပ် သမား များ အရေး အခင်း ဖြစ်တိုင်း အလုပ် သမားများ ဘက်မှ ၀င်ရောက် ၍ အတိုက် အခံ ပြော ခဲ့သည်။ ယင်းကြောင့် ဗထူး မှာ အလုပ် သမား များ၏ မှီခို အားထားရာ ခေါင်းဆောင် တစ်ဦး အဖြစ် အလိုလို ရောက်ရှိ လာလေ သည်။ ထို အချိန် က ကုမ္ပဏီ ပိုင်ရှင် သည် ဗထူး အား အလုပ် မှ ထုတ်ပစ် လို သော်လည်း အလုပ် သမား များ သပိတ် မှောက်မည် စိုး သဖြင့် အရိပ် အခြေ ကို အကဲခတ် စောင့်ကြည့် နေလေ သည်။

ဤ သို့ဖြင့် အလုပ် ရှင်နှင့် အလုပ် သမား များ ပဋိပက္ခ ဖြစ်နေစဉ် အတွင်း တွင် ဂျပန် တို့က စစ် ကြေညာ လိုက်သော သတင်း ကြောင့် မြန်မာ နိုင်ငံ တွင် ဂယက် ရိုက် သွား လေတော့ သည်။ အထူး သဖြင့် ဗိုလ်ချုပ် အောင်ဆန်း ဦးစီး ပြီး ထိုင်း နိုင်ငံ တွင် ဗမာ့ လွတ်လပ် ရေး တပ်မတော် ကို ဖွဲ့စည်း ခဲ့သည်။ ဗမာ့ လွတ်လပ် ရေး တပ် မတော် နှင့် အတူ ဂျပန် တပ်မတော် လည်း စစ်ကြောင်း ကြီးများ ဖွင့်၍ ချီတက် လာပြီ ဟူ သော သတင်း များ သည် ထားဝယ် မြို့ တွင် ပျံ့လွင့် နေလေ သည်။ ထို အချိန် က ဗထူး သည် မိဘ အရေး ကိုလည်း မတွေး တော၊ ဇနီး နှင့် သာသမီး များ ကိုလည်း သတိ မရ တော့ဘဲ ဗမာ့ လွတ်လပ် ရေး တပ်မတော် ထဲ ကိုသာ ၀င်လို သော အတွေး ဖြင့် ပျော်နေ ခဲ့လေ သည်။ ထို အချိန် တွင် ဗိုလ်မှူးကြီး လက်ျာ ဦးစီး သော တပ်မတော် ကြီး သည် ထားဝယ် မြို့ ကို သိမ်းပိုက် လိုက်သော အခါ တွင် ဗထူး သည် စစ် ထဲသို့ ၀င်ရောက် ခဲ့လေ တော့ သည်။ ဇနီး ဖြစ်သူ မအုန်းတင်ကိုလည်း အကြောင်း မကြား၊ သားကြီး ဖေ၀င်း၊ သားလတ် ဖြူဝင်း နှင့် သမီး ထွေး မခင်ဝင်း တို့ကို လည်း သတိ မရ ခဲ့ပေ။ မိမိ ဖြစ်ချင် နေသော တော်လှန်ရေး တပ် မတော် သား ဘ၀ ကိုသာ ကျေနပ် နှစ်သိမ့် နေလေ တော့ သည်။