တံမြက်စည်း အမည်ရ တပ်မတော် ရေမှ ဘိုဖာ အမြှောက်နှင့် အမြှောက်ပစ် တပ်သားများ
မင်းဓမ္မ တောင်ကုန်း တဲ့ အင်းစိန် မှာ ရှိသည်။ သာမန် တောင်ကမူ လေး ပါပဲ။ မည်သူ မျှ သတိပြု ကြမည် မထင် ပါ။ အင်းစိန် သူ အင်းစိန် သားများ ပင် သတိ ထား မိကြမည် မဟုတ် ပါ။ ယနေ့ ခေတ် အင်းစိန် မြို့ ဘက်စုံ တိုးတက်ရေး အတွက် လမ်းသစ် တွေ ဖောက် ၊ တောင် ကမူ တွေ ဖြို၊ တိုက်သစ် တွေ ဆောက် နှင့် ရှေးနှင့် မတူ အထူး ပြောင်းလဲ နေသော်လည်း မင်း ဓမ္မ တောင် ကတော့ ယခင် အတိုင်း ကျန်ရှိ နေပေသည်။ တောင် ကလေး က မမြင့် ပေမဲ့ သစ်ပင် ၀ါးပင် တွေ အထူး သဖြင့် ကုက္ကိုပင် တွေ ဖုံးအုပ် နေပေ သည်။ အရိပ် အာဝါသ ကောင်းပြီး တော့ တကယ့် တရား ကျင့်ရာ တောရ စခန်း လို ဖြစ်နေ ပေသည်။ သို့သော် မင်းဓမ္မ တောင်ပေါ် ၌ ထူးထူး ဆန်းဆန်း ကျည်ဆန် တတောင့် ထောင် နေသလို ကျောက်တိုင် တတိုင် မားမား မတ်မတ် စိုက်ထူ ထား သည်။ အမြင့် ပေ (၂၀) ခန့်ရှိမည်။ ကျောက်တိုင် နှင့် မနီး မဝေး တွင် အုတ်တိုက် လေး တခု၊ ကျောက်တိုင် ဘုန်းကြီး ကျောင်း ဟု ယခင် က ဆရာတော် တပါး သီတင်း သုံးခဲ့ ဖူး သည်။ ယခု မရှိတော့။ သို့သော် မင်းဓမ္မကုန်း နှင့် ဆက်သွယ် နေ သော အနီးကပ် တောင်ကုန်း တွင်မူ ဇေယျာ သီရိ ဘုန်းကြီး ကျောင်းနှင့် လွန်စွာ မှ သပ္ပါယ် ကြည်ညိုဖွယ် ကောင်း လှသော စေတီ တဆူ တည်ထား သည်။ ဘုရား ထီးတော်မှ ဆည်းလည်း သံ က တိတ်ဆိတ် ငြိမ်သက် လျက် ရှိသော မင်းဓမ္မ ကုန်း ပေါ်သို့ ပျံ့လွင့် လို့လာပါ သည်။ သာသနိက အဆောက် အအုံ၊ သာသနာ့ မြေ၊ သာသနာရေး ဆိုင်ရာ အမှတ် အသားတွေ ဟု ပင် ယူဆ ဖွယ် ရှိနေ သည်။ သို့သော် ကျည်ဆန် ကျောက်တိုင် မို့ ဘာများ ပါလိမ့် ဟူ၍ အနီးကပ် သွားရောက် စူးစမ်း သည့် သဘော ကျောက်တိုင် ပေါ်တွင် ရေးထိုး ထားသော စာတန်းလေး ကို ဖတ်လိုက် မည်ဆို ပါက “အမှတ် (၅) ဗမာ့ သေနတ်ကိုင် တပ်ရင်း ၁၉၄၉ ခုနှစ်၊ မင်းဓမ္မ တောင်ကုန်း ဦးစက္ကိန် ကျောင်း တိုက်ပွဲ ၌ ကျဆုံး သွားသည့် စစ်သည်တော် များ အတွက် အထိမ်း အမှတ် ဂုဏ်ပြု ကျောက်တိုင်” ဟူ၍ ထူးခြားသော စာတန်း လေး ကို တွေ့ကြ ရပေ မည်။
အင်းစိန် တိုက်ပွဲ ကာလ
အင်းစိန် တိုက်ပွဲကာလ အင်းစိန်မြို.တွင်း တစ်နေရာ
ဘာ့ အတွက်၊ ဘာပြု လို့၊ ဘယ်သူ တွေနဲ့တိုက်ပြီး တော့ ကျဆုံး ကြ တာလဲ၊ ဘာများ မှတ်သား စရာ ဂုဏ်ပြု စရာ ကောင်းလို့ ပါလိမ့် ဆိုပြီးတော့ မေးစရာ ရှိလာ သည်။ အမှန် တော့ ၁၉၄၉ ခုနှစ် ဆိုတာ လွတ်လပ်ရေး ရပြီးစ နောက်တနှစ် ပေါ့။ ခုဆို နှစ်ပေါင်း ၄၆ နှစ် ပင် ကြာ ခဲ့ပြီ။ မင်းဓမ္မ တောင်ကုန်း ပေါ်မှ ကျည်ဆန် ပုံ ကျောက်တိုင် လေးက နိုင်ငံတော် သမိုင်း တစိတ် တဒေသ (၀ါ) တပ်မတော် သမိုင်း တကွေ့ကို ပြောပြ နေပါ သည်။ တနည်း အားဖြင့် တရံရော အခါ က မိဘ ဘိုးဘွား ခေတ် အဆက်ဆက် မရေ မတွက် နိုင်သော အသက်တွေ ပေးပြီးတော့ ခက်ခက် ခဲခဲ ရယူခဲ့သော မြန်မာ့ လွတ်လပ် ရေးကြီး လုံးဝ ဆုံးရှုံး တော့မည့် ဘေး အန္တရာယ် ဆိုးကြီး မှ တပ်မတော် သားတွေ က သွေး၊ ချွေးရင်း ပြီး မည်သို့ မည်ပုံ ကယ်ခဲ့ ရသည် ကို သက်သေ ထူနေခြင်း ပင် ဖြစ်သည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ (၄) ရက်နေ့။ မြန်မာ နိုင်ငံ တော်ကြီး လွတ်လပ်ရေး ရတော့ သည်။ လွတ်လပ်ရေး ရပြီး သည်နှင့် ဖွားဖက်တော် အဖြစ် ပြည်တွင်း သောင်း ကျန်းမှု ကပ်ပါ လာသည် ဟု သမိုင်း ဆရာများ က ရေးကြ သည်။ အမှန် မှာ လွတ်လပ်ရေး မရခင် ကပင် နိုင်ငံတော် ၌ ပြည်တွင်း ဆူပူမှု တွေ၊ သောင်းကျန်း မှုတွေက ရှိနေ ပါလေပြီ။ ကျွန်တော် တို့ ကိုယ်တွေ့ တွေပါ။ ပြော ရလျှင် ဖက်ဆစ် တော်လှန်ရေး ပြီး၍ ဗိုလ်ချုပ် အောင်ဆန်း နှင့် မောင့်ဘက်တန် တို့ ချုပ်ဆိုသော ကန္ဒီ စာချုပ် အရ မျိုးချစ် တပ်မတော် ကို ဖျက်သိမ်း ကာ ယနေ့ တပ်မတော် ကို သေနတ်ကိုင် တပ်ရင်း (၃) ရင်း နှင့် သန္ဓေ တည် ၍ ပြန်လည် ဖွဲ့စည်း သည်။ တပ်ရင်း (၃) က သန်လျင်၊ တပ်ရင်း (၄) က ပြည် နှင့် တပ်ရင်း (၅) က ပျဉ်းမနား။ ကျွန်တော် က တပ်ရင်း (၅) မှာ တာဝန် ထမ်းဆောင်ရန် သတင်းပို့ ရပြီး တပ်ရင်း (၅) က ပျဉ်းမနား တွင် ၁-၁-၄၆ ရက်နေ့ ၌ စတင် တည်ထောင် သည်။ ပထမ ပိုင်း ကျွန်တော် တို့ အားလုံး ကို ဗြိတိသျှ စစ်အရာရှိ တွေက အင်္ဂလိပ် စစ် သင်တန်း ပေး၍ တပ် ကိုလည်း သူတို့ပင် အုပ်ချုပ် လေ့ကျင့် ပေးသည်။ နောက်မှ မြန်မာ အရာရှိ တွေကို လွှဲပေး သည်။
၁၉၄၆ နှစ်ဝက် ကျိုးပြီး နှစ်ကုန် ပိုင်း ရောက် လာတော့ ပြည်တွင်း မှာ အလံနီတွေ ကောင်းမှု ကြောင့် ဆန်လု တာ တွေ၊ ဆန်စက် သပိတ် တား တာတွေ စပြီး တော့ ဖြစ်လာ သည်။ သည်တော့ ပွဲဦး ထွက် Operation Flush Force ဆိုပြီး တပ်မတော် က ပြည်တွင်း တရား ဥပဒေ စိုးမိုးရေး စစ်ဆင်ရေး ၌ ပါ ရသည်။ သေနတ်ကိုင် တပ်ရင်း (၄) ကို ဗိုလ်ချုပ် နေ၀င်း က ဦးဆောင်ပြီး ကျွန်တော် တို့ တပ်ရင်း (၅) က တပ်ခွဲ နှစ်ခွဲ ပါ ရသည်။ ကျွန်တော် က တပ်ခွဲမှူး မေဂျာ။ နောက် တကြိမ် ပုလိပ် သပိတ် ပေါ်လာပြန် သည်။ တပ်ရင်း (၅) က ရန်ကုန် ဂေါ်ရာ ကုန်း ကို ပြောင်း လာပြီး တော့ ပုလိပ် တွေ ထံမှ လက်နက် တွေ သိမ်း၊ ဂတ် တွေ ကို ပုလိပ် လက်မှ လွှဲအပ်ယူ လုပ်ရ ပြန်သည်။ ၁၉၄၇ ဇူလိုင် လ (၁၉) ရက်၊ ဗိုလ်ချုပ် တို့လုပ်ကြံ ခံရတော့ တပ်ရင်း (၅) က စီအိုဒီ မှ ပျောက်ဆုံး လက်နက် တွေ နောက် လိုက်ရ၊ ဂဠုန် ဦးစော နှင့်သူ့ အင်အား စု များအား အရေး ယူ ရ စသည့် ကိစ္စ များ တွင် ပါဝင် ရသည်။ ပြီးတော့ ၁၉၄၇ ခုနှစ် တွင်ပင် တပ်ရင်း (၅) ကို ရခိုင် သို့ ပို့ ရပြန်သည်။ ရခိုင် တွင် ဆရာတော် ဦးစိန္တာ နှင့် ဘုံပေါက် သာကျော် တို့ ဦးဆောင် သော ရခိုင် ပြောက်ကျား များက အစိုးရ ကို တော်လှန် နေပြီ။ တပ်ရင်း (၅) နှင့် ရန်ကုန် မှ စစ်ကူ ပို့လိုက်သော တပ်ရင်း (၃) တို့က ရခိုင် ပြောက်ကျား တို့အား နှိမ်နင်း ရသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ (၄) ရက် ပထမ ဆုံး လွတ်လပ် ရေး ရသည့် နေ့ တွင်ပင် ပြောက်ကျား ဌာနချုပ် ကြာအင်းတောင် စခန်း ကို တပ်မတော် က သိမ်းလိုက် ခြင်း အားဖြင့် ပြောက်ကျား တို့ ဆူပူမှု အဆုံး သတ် သွားသည်။
သို့သော် ရခိုင် ပြည်နယ် ပါကစ္စတန် နယ်စပ် ဘက် ၌ လူမျိုးရေး၊ ဘာသာ ရေး၊ ပြည်နယ် သီးခြား ထူထောင်ရေး ကို အကြောင်းပြ ပြီးတော့ မူဂျာဟစ် တို့က တစခန်း ထကြ ပြန်သည်။ ပြည်ပ မှ ငွေအင်အား၊ လက်နက် အား အကူ အညီ ရသဖြင့် မူဂျာဟစ် တွေ အင်အား ကြီးမား စိတ်ဓါတ် တက်ကြွ ကာ ရခိုင် ရွာတွေ ကို မီးရှို့ ရခိုင် ရွာသူ ရွာသား တွေ မနေနိုင် အောင် မောင်းထုတ် သဖြင့် အကြီး အကျယ် ထကြွ လာကြ သည်။ မြို့ပိုင် ရုံးစိုက် ပြီးတော့ မိမိတို့ တပ်ခွဲ တပ်စွဲ ထား သည့် ဘူးသီးတောင် မြို့ နှင့် နယ်ပိုင် ရုံး စိုက်ပြီး တော့ တပ်ရင်း (၅) တပ်စွဲ ထားသည့် မောင်းတော မြို့ ကိုပင် ၀ိုင်းထား ကြသည်။ လမ်းပန်း ဆက်သွယ် ရေး ဖြတ်တောက် ထားကြ သည်။ တပ်ရင်း (၅) သည် ရခိုင် ပြောက်ကျား များနှင့် စစ်ဆင်ရေး ပြီးဆုံး သွားသော ကြောင့် ရသမျှ အင်အား တွေ ထုတ်ကာ တပ်မတော် (ရေ) ၏ စစ် သင်္ဘော များ အကူအညီ နှင့် မူဂျာဟစ် တွေကို ပင်လယ် မှ ၀ိုင်းပြီး ထိုးစစ်ဆင် ရသည်။ နောက်ဆုံး ရခိုင် - ပါကစ္စတန် နယ်စပ် မျဉ်းပေါ်ရှိ မူဂျာဟစ် တို့၏ အခိုင် အမာ ဌာနချုပ် ဖြစ်သော “တောင်ပျို စခန်း” ကို မိမိ တို့အောင်မြင်စွာ သိမ်းပိုက် လိုက်ခြင်း ကြောင့် မူဂျာဟစ် တို့၏ ဆူပူမှု ရပ်ဆိုင်း သွားရ လေ တော့ သည်။ ယင်း သို့ တပ်ရင်း (၅) က ရခိုင် တွင် စစ်ဆင်ရေး တွေ လုပ်နေ ရစဉ် မြန်မာ နိုင်ငံ ပြည်မ ၌ လည်း အခြေ အနေ တွေ က တနေ့ တခြား ပြောင်းလဲ လှုပ်ရှား လာလေ သည်။
၁၉၄၈ ခုနှစ် သြဂုတ် ၂ဝ ရက် မော်ချီးမိုင်း ဒေသ ကို ကေအင်ဒီအို တို့ သိမ်းပိုက် ပြီ။ သြဂုတ် ၂၅ ရက် သထုံ ကို ကေအင်ဒီအို သိမ်းပိုက်ပြန် ပြီ။ ၁၉၄၈ ခုနှစ် ကုန်ခါနီး အပိုင်း လောက် ကပင် မြန်မာ နိုင်ငံ အနယ်နယ် အရပ်ရပ် မှ ကေအင်ဒီအို လက်နက် ကိုင်များ အင်းစိန် သို့ တဖွဲဖွဲ ရောက်ရှိ စုဝေး လာသည်။ အရေး အခင်း မဖြစ်ခင် နှစ်လ၊ သုံးလ အလိုလောက် က စသည်။ ကေအင်ဒီအို လက်နက် ကိုင် တပ် ခေါင်းဆောင် နှင့် ကေအင်ယူ နိုင်ငံရေး ပါတီ ဥက္ကဋ္ဌ ဖြစ်သူ စောဘ ဦးကြီး နှင့် အခြား အရေး ပါသော ကရင် ခေါင်းဆောင်ကြီး များလည်း အင်းစိန် မှာ ရှိနေ ကြသည်။
နယ်တွင် မူ အင်းစိန် ထက် စော၍ ကေအင် ဒီအို များက ခြေသွက် လက်သွက် ဖြင့် ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက် တွင် တောင်ငူ၊ ထန်းတပင် နှင့် ဖြူး ကို ဘီစီပီ နှင့် ပေါင်း၍ သိမ်းလိုက် သည်။ ဇန်နဝါရီ ၂၈ ရက် တွင် ပုသိမ် ကျ သွား၏။ ထိုနေ့ ညတွင် ရန်ကုန် ကြည့်မြင်တိုင်၊ အလုံ၊ ကရင်စု ကို ကာကွယ် စောင့်ရှောက် နေသော ပြည်ထောင်စု စစ်ရဲ (ယူအမ်ပီ) အား ကရင်စု မှ သေနတ် နှင့် ပစ်သည် ဟု ဆိုကာ စစ်ရဲ တို့က ရပ်ကွက် ကို မီး တင်ရှို့လိုက်သည်။ အိမ်ခြေ ၅ဝ ခန့် ပြာကျ ၍ ၁ဝ ဦး ဒဏ်ရာ ရသည်။ သည် တင် မပြီးသေး ပါ။ နောက် တစ်နေ့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁ဝ နာရီခန့် တွင် အတင့်ရဲ လာပြီ ဖြစ်သော အင်းစိန် ကေအင် ဒီအို ယူနီဖောင်း အပြည့် အစုံ ဝတ် အင်အား ၂ဝဝ ခန့် က မင်္ဂလာဒုံ လေယာဉ် ကွင်း ၌ အခြေ စိုက်သော တပ်မတော် (လေ) ဌာနချုပ် ကို ဝင်စီး သည်။ လေတပ် မှ ကရင် တပ်သား များက ကူညီ ကြပြီး လက်နက် ခဲယမ်း မီးကျောက် စစ်ပစ္စည်း အမြောက် အမြား ကို သိမ်းယူ သွားသည်။ ကရင် အမျိုးသား လေ တပ်သား များလည်း လိုက်ပါ သွားကြ သည်။
သည် တစ်ခါ တော့ အစိုးရ က လက်ပိုက် ကြည့် နေ၍ မဖြစ်တော့။ ကေအင်ဒီအို စခန်း ချရာ အင်းစိန် ရှိ ကျိုက်ကလား နှင့် ခဝဲခြံ သို့ စစ်ရဲ တပ်ရင်း (၂၁) ကို စေလွှတ် ၍ ကေအင် ဒီအို တို့ ထံမှ လက်နက် သိမ်းခိုင်း သည်။ ကေအင် ဒီအို တို့က တပ်မတော် စခန်း ကိုပင် ဝင်စီး ခဲ့သူ ဖြစ်သဖြင့် စစ်ရဲ လောက်တော့ မမှု တော့။ လက်နက် အသိမ်း မခံ။ ပြန်၍ တိုက် လွှတ်သည်။ ယင်း သို့ဖြင့် တအုံ နွေးနွေး လိပ်ခဲ တည်းလည်း ဖြစ်နေ သော အင်းစိန် ယမ်းအိုးကြီး သည် ဖေဖော်ဝါရီ ၁ ရက် တွင် အတိ အလင်း ပေါက်ကွဲ ပါလေပြီ။ ပြည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မြင်းခြံ၊ မေမြို့ (ယခု ပြင်ဦး လွင်) တို့သာ မက မြန်မာ နိုင်ငံ ၏ ဒုတိယ မြို့ တော် ဖြစ်သော မန္တလေး မြို့လည်း ရောင်စုံ သောင်းကျန်း သူ လက်သို့ ကျ သွားပြီ။ ထို့ကြောင့် ၁၉၄၉ ခုနှစ် သည် မြန်မာ နိုင်ငံ အတွက် အဆိုး ရွားဆုံး နှစ် ဖြစ်ချေ သည်။ နိုင်ငံတော် ၏ မြို့ပေါင်း ၇၅ ရာခိုင်နှုန်း ခန့် ရောင်စုံ သောင်းကျန်းသူ လက်တွင် ရှိနေ လေသည်။ သည် ဟာကြောင့် နိုင်ငံ တကာ မှ ထုတ်ဝေ ကြ ကုန်သော စာနယ်ဇင်း များက ဖဆပလ အစိုးရ သည် ရန်ကုန် ကွက် ကွက် သာ အုပ်စိုး နိုင် တော့သည် မို့ ''ရန်ကုန် အစိုးရ'' ဟူ၍ ပင် ကင်ပွန်း တပ် နေကြ လေ သည်။
သည်လို ခေတ် သည်လို အခါ ၌ မြွေပူရာ ကင်းမှောင့် ဆိုသလို ပြည်မြို့ တွင် တပ်စွဲ ထားသော ကရင် သေနတ်ကိုင် တပ်ရင်း (၂) သည် တပ်ရင်း တစ်ရင်း လုံး တပ်ရင်းမှူး ပါ တောခို ၍ အင်းစိန် သို့ ပူးပေါင်း ရန် အလုံး အရင်း နှင့် ဆင်း လာသည်။ တောင်ငူ ရှိ ကရင် သေနတ်ကိုင် တပ်ရင်း (၁) ကလည်း အားကျ မခံ တပ်ရင်းမှူး ပါ တောခို ပြီး အနီးရှိ ကေအင်ဒီအို လက်နက် ကိုင် တပ်တွေ ပါ စုရုံးကာ ကားကြီး ကားငယ် အသွယ်သွယ် ဖြင့် အင်းစိန် သို့ ဦးတည် ချီတက် လာ လေ သည်။ အင်းစိန် တွင် အင်အား ကြီးမားစွာ စုပြီး မြို့တော် ရန်ကုန် ကို သိမ်းတော့ မည်။ အစိုးရ သစ် ဖွဲ့ရန် ခေါင်းဆောင် များ လည်း အသင့် ရှိ နေချေပြီ။ မကြာခင် ကမ္ဘာ သို့ သူတို့ အစိုးရ ဖွဲ့ကြောင်း ကြေညာ ပေတော့ မည်။ လွန်စွာမှ အရေးကြီး လှသည့် အချိန် ပေတည်း။ ထို့ကြောင့် ပင် ထိုစဉ် က ဝန်ကြီးချုပ် ၏ မိန့်ခွန်း အရ တိုင်းပြည်ကြီး ချောက်ထဲ ကျရန် လက် နှစ်လုံး သာ လိုတော့ သည်ဟု ထုတ်ဖော် ဖွင့်ဆို ခဲ့သည် မဟုတ် ပါလော။ အစိုးရ ကလည်း ခုမှ မြန်မြန် ဆန်ဆန် အရေးယူ ရတော့ သည်။
ဦးစီးချုပ် အသစ် သည် အဓိက အားဖြင့် အစိုးရ အဖွဲ့ ရုံးစိုက် မြို့တော် ရန်ကုန် မကျ စေရန် နှင့် ရန်ကုန် ကို ခြိမ်းခြောက် နေသည် သာမက မြန်မာ့ လွတ်လပ် ရေးကြီး ပါ ဆုံးရှုံး သွားစေ နိုင်သည့် အဓိက အန္တရာယ် ဖြစ်သော အင်းစိန် ကို မည်သည့် နည်းနှင့် မဆို အမြန် ပြန်သိမ်း နိုင်ရန် စီစဉ် ရ သည်။ ဦးစီးချုပ် အတွက် အားကိုး အားထား ရာ ဟူ၍ တော်လှန်ရေး မှ ပေါက်ဖွား လာသော သန္ဓေခံ တပ်ရင်း သုံးလေးရင်း သာ ရှိသည်။
ရှင်နည်း ရသည့် အထဲ အဂ္ဂ လူထွက် ဆိုသလို သေနတ် ကိုင် တပ်ရင်း (၃) က တပ်ရင်းမှူး နှင့် တပ်ခွဲ အချို့ မင်္ဂလာဒုံ စခန်း မှ ဗကပ နှင့် အတူ တောခို သွား သည်။ ပဲခူး ရှိ သေနတ်ကိုင် တပ်ရင်း (၆) က ရဲဘော် အချို့ လည်း ပါသွား သေး သည်။ အားထား ရမည့် သေနတ်ကိုင် တပ်ရင်း (၄) ကလည်း မြစ်ဝကျွန်း ပေါ် တွင် တပ်ဖြန့် ထားရပြီး မြို့တွေ ရန်သူ့ လက် မကျ အောင် ထိန်းနေ ရသည်။ ပြီးတော့ သေနတ် ကိုင် တပ်ရင်း (၅) က အလွန် ဝေးကွာ လှသော ပင်လယ် ရပ်ခြား ရခိုင် ပြည်နယ် သို့ ပို့ထား ရပြီး ရခိုင် ပြောက်ကျား များ၊ မူဂျာ ဟစ်များ နှင့် နင်လား ငါလား တိုက်ပွဲဝင် နေရ သည်။ ဦးစီးချုပ် သည် ပြတ်ပြတ် သားသား ဆုံးဖြတ် ချက် ချ လိုက်ကာ တပ်ရင်း (၅) ကို ရခိုင် စစ်မျက်နှာ မှ အမြန် ဆုံး လေယာဉ် ဖြင့် ပြန် ခေါ် ပြီး အင်းစိန် ပြန်သိမ်းရန် အမိန့် ပေး လိုက် လေသည်။ ထို အချိန်က တပ်ရင်း (၅) ၏ တပ်ရင်းမှူး မှာ အင်္ဂလိပ် တွေ ထံမှ လွှဲပြီးစ ဒုတိယ ဗိုလ် မှူးကြီး (လက်ဖတင်နင် ကာနယ်) ကင်ပက်နက် ဆိုသော ကပြားကြီး ဖြစ်၍ ကျွန်တော် က ဒုတိယ တပ်ရင်းမှူး မေဂျာ၊ အင်္ဂလိပ် ရာထူး နှင့် ပင် ရှိသေး သည်။ အရေးကြီး လှသော အထက် အမိန့် ကို ကျွန်တော် တို့ ရခိုင် - ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ် မျဉ်း မြောက်ဖျား စွန်းရှိ မူဂျာဟစ် တို့၏ အခိုင်အမာ ဌာနချုပ် ဖြစ်သော ''တောင်ပြို စခန်း''ကို သိမ်းပိုက် အောင်ပွဲ ခံချိန် တွင် လက်ဝယ် ရရှိခြင်း ဖြစ်သည်။
အမိန့် ရရချင်း နယ်အစွန် တွင် တပ်စွဲ ထားသော တပ်စု၊ တပ်ခွဲ၊ တပ် စခန်း အားလုံး ကို ရုပ်သိမ်းကာ စစ်တွေ သို့ စုရ ၏။ စစ်တွေ လေယာဉ် ကွင်း တွင် ရန်ကုန် မှ စေလွှတ် လိုက်သော ဒါကိုတာ လေယာဉ် ဖြင့် အခေါက်ခေါက် အခါခါ နေ့ရော ညပါ မင်္ဂလာဒုံ သို့ တိုက်ပွဲ ဝင်ရန် ချီတက် ရသည်။ ယနေ့ တပ်မတော် သမိုင်း တစ်ကဏ္ဍ ဝယ် ယခု ကဲ့သို့ တပ်ရင်း လိုက် သာမန် ပြောင်းရွှေ့ ခြင်းမျိုး မဟုတ်မူ ၍ တိုက်ရိုက် လေကြောင်းဖြင့် သယ် ဆောင် ကာ တိုက်ပွဲ ဝင်ရသော သေနင်္ဂ ဗျူဟာ ဖြစ်သည့် Air Transported Operation ကို သေနတ် ကိုင် တပ်ရင်း (၅) ကပင် စတင် ခဲ့သည် ဟု ဆိုရခြိမ့် သည်။
ထိုခေတ် အခါက ကျွန်တော် တို့ လေ တပ်မတော် တွင် ကိုယ်ပိုင် သယ်ယူ ပို့ဆောင်ရေး လေယာဉ် ဟူ၍ လုံးဝ မရှိ သေးပါ။ ထို့ကြောင့် နိုင်ငံခြား သို့ပင် မျက်နှာ ငယ်ခံ အကူ အညီ တောင်း ရသည်။ ပြည်ပ နိုင်ငံ များက ညှိထား သလား မသိ။ မည်သူမျှ အကူ အညီ မပေးကြ။ သည် အထဲ ရှားရှား ပါးပါး အင်ဒိုနီးရှား နိုင်ငံ က အကူ အညီ ပေးခဲ့ခြင်း ဖြစ် သည်။ အင်ဒိုနီးရှား လေယာဉ် ဖြင့် တပ်ရင်း (၅) တစ်ရင်း လုံး လက်နက် ခဲယမ်း မီးကျောက် အပြည့် အစုံ ခေါက်တုံ့ ခေါက်ပြန် ဆက် တိုက် သယ်ပေး သည်။ ဂဠုန် တံဆိပ် အမှတ် အသား ပါသော ထို လေယာဉ်များ သည်ပင် ''ဂရူးဒါး'' အင်ဒို နီးရှား လေကြောင်း ဟူ၍ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက် တွင် မြန်မာ့ မြေ၌ ပေါက်ဖွား လိုက်ခြင်း ဖြစ်သည်။ ထိုစဉ် က ပထမ ဦးဆုံး သုံးစွဲ ခဲ့သော ဒါကိုတာ လေယာဉ် သည် အမှတ် RI-001 ဟူ ၍ မသိ ခဲ့ပါ။ သို့သော် ကျွန်တော် က ဝါသနာ အရ သွားလေရာ ယူဆောင် သွားတတ် သော ကင် မရာ လေးဖြင့် အင်းစိန် တိုက်ပွဲ ဝင်ရန် သွားကြ မည့် တပ်ခွဲမှူး၊ တပ်စုမှူး များ ကို သူတို့ သယ်မည့် လေယာဉ် နောက်ခံ ထားကာ လက်ကမြင်း မိခဲ့ သဖြင့် ယခုလို ဂရူးဒါး က မြန်မာ နိုင်ငံ အား သူတို့ စထောင် ခဲ့ခြင်း အမှတ် တရ အဖြစ် RI-001 ဝဝ၁ လေယာဉ် ကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ် ကြောင်း သိရှိ ရပါသည်။
အင်းစိန် စစ်မျက်နှာ သို့ အချိန်မီ စစ်ကူ တပ် ရောက်ရှိ တိုက်ပွဲ ဝင်နိုင်ရေး သည် ထို အချိန်က လွန်စွာ မှ အရေးကြီး လှပေ သည်။ အချိန် လု၍ လုပ်ကိုင် နေရ သော နိုင်ငံတော် ၏ သေရေး ရှင်ရေး ပြဿနာ ဆိုလျှင် မမှား ပါ။ သာမန် အားဖြင့် တပ်ရင်း လိုက်ရွှေ့ ရန် ဆိုပါက ရန်ကုန် နှင့် စစ်တွေ ကမ်းရိုး တန်း သွား ပင်လယ် ကူး သင်္ဘော တော့ ရှိသည်။ အိန္ဒိယ နှင့် မလေးရှား တို့တွင် အခြေ စိုက်သော (S.S.Vita) ''အက်စ်အက်စ် ဗီတာ'' တို့၊ ''မာတန်း'' သင်္ဘော တို့ ရရန် အမြန် လိုလျှင် တနင်္ဂနွေ နှစ်ပတ်၊ သာမန် အားဖြင့် တစ်လ ကြာ မှ တစ်ခေါက် သာ ပြေးဆွဲ ကြသည်။ တပ်ရင်း (၅) သည်ပင် ရန်ကုန် မှ ရခိုင် ပြောင်းစဉ် က (S.S.Vita) ကိုသာ အားကိုး ခဲ့ရ သည်။ သူနှင့် သွားရန် ရန်ကုန် မှာ လနှင့် ချီ စောင့်ခဲ့ ရလေ သည်။ မြို့တော် ရန်ကုန် သောင်းကျန်းသူ လက် ကျလုလု ယခုလို အရေး ပေါ် အချိန် မျိုးတွင် ဂရူးဒါး လေယာဉ် တွေ ရ၍ တပ် အမြန်ဆုံး ရန်ကုန် ရောက်ခဲ့ ရခြင်း ဖြစ်ရာ မောင်မင်းကြီး သား ဂရူးဒါး အား ကျေးဇူး တင် ထိုက် လှပေသည်။
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ အစ ပိုင်းလောက် တွင် တပ်ရင်း (၅) အင်းစိန် ရောက်သည်။ မင်္ဂလာဒုံ လေတပ် စခန်း ကို ကေအင်ဒီအို တွေ ဝင်စီး စ ဖြစ် ခြင်း၊ အင်းစိန် စော်ဘွားကြီး ကုန်းမှ ကေအင်ဒီအို တွေ လေဆိပ် သွားလမ်း ကို ပစ်ခတ် တိုက်ခိုက် နေခြင်း တို့ကြောင့် တပ်ရင်း (၅) မှ ပထမ ဆုံး မင်္ဂလာဒုံ လေဆိပ် ဆင်း သည့် ''က'' တပ်ခွဲ သည် လေယာဉ် မှ ဆင်းဆင်းချင်း လေဆိပ် လုံခြုံရေး အရင် ပြုလုပ် ရ သည်။ နောက်မှ တပ်ခွဲ တစ်ခွဲ စီ ဆင်းသက် ရသည်။
တပ်ရင်း (၅) ရောက်ရောက် ချင်း အင်းစိန် စစ်မျက်နှာ ၌ တာဝန် ယူရ သည်မှာ ''က'' တပ်ခွဲ သည် ကျိုက်ကလား နှင့် ခဝဲခြံ ကို မိမိ တပ်များ သိမ်း ပြီး စ ဖြစ်၍ ၎င်း အနီး တွင် ရွှေ့ပြောင်း ဖွင့်လှစ် ထားသော မိမိ တို့၏ တိုင်း စစ်ဌာနချုပ် ရှေ့တန်းရုံး နှင့် စခန်း လုံခြုံရေး ကို ယူ ရသည်။ ထို့နောက် မိမိ တို့ တိုင်း ရှေ့တန်း စစ်ဌာနချုပ် နှင့် နီးကပ် နေပြီး အန္တရာယ် ပြု နိုင်သည့် ကေအင်ဒီအို အခိုင် အမာ စခန်း ဖြစ်သော စောဘင် ဆင်ခြံ နှင့် ဓာတ်ဆီ သိုလှောင်ရုံ ကို သိမ်းပိုက် ရန် တိုင်းမှူး က တာဝန် ချက်ချင်း ပေးသည်။ တပ်ရင်း (၅) ''က'' တပ်ခွဲ ဗိုလ်ကြီး အောင်ဖေ (နောင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သူရ အောင်ဖေ) သည် တပ်စု တစ်စု ကို ရှေ့တန်းရုံး ကာကွယ် ရန် ချခဲ့ပြီး ကျန် တပ်စု နှစ်စု ဖြင့် စောဘင် ဆင်ခြံ တိုက် ရန် ပြင်ဆင် ရသည်။ သေသေ ချာချာ အသေး စိတ် ကင်းထောက် လေ့လာ ပြီးနောက် နေရာ အနေ အထား၊ ရန်သူ့ အပြု အမူ အရ ''က'' တပ်ခွဲ ကို ဗိုလ်ကြီး လှမော် (နောင်တွင် နိုင်ငံတော် ကောင်စီဝင်) ကိုယ်တိုင် ည တိုက်ပွဲ ဖြင့် ဖေဖော်ဝါရီ ၁၄ ရက် ည အလစ် ဝင်တိုက်ရန် ဆုံးဖြတ် သည်။ မှန်ကန် သွားပါ သည်။ ကေအင် ဒီအို တို့ အငိုက် မိသွား သဖြင့် လက်နက် ပစ္စည်း အားလုံး ထား ခဲ့ကာ လူလွတ် ထွက်ပြေး ရသည်။ အရှင် လည်း တော်တော် များများ ဖမ်းမိ သည်။ မိမိ ဘက်မှ သိမ်းပိုက်ပြီး ကြောင်း မသိ သေး၍ နံနက် စစ်ကူ ရောက် လာ သော ရန်သူ ကိုလည်း ဖမ်းမိ နိုင်ခဲ့ လေ သည်။ တပ်ရင်း (၅) ကျန် တပ်ခွဲ များက မင်္ဂလာဒုံ လေဆိပ် ကို တိုက်ရိုက် ခြိမ်းခြောက် နေသည့် စော်ဘွားကြီး ကုန်း ကို ပြန်သိမ်း ရသည်။ တပ်ရင်း (၅) ရှေ့တန်း ကွပ်ကဲရေး စခန်း ကို ပြည်လမ်း (၉) မိုင် တရုတ် သင်္ချိုင်း အနီး ရှိ ''ဂျမားခြံ'' တွင် ဖွင့်လှစ် လိုက် ပါသည်။
အင်းစိန် တိုက်ပွဲ ၏ ပုံသဏ္ဌာန် နှင့် ဝိသေသ များ
အင်းစိန်မြို့ သည် သိရှိ သည့် အတိုင်း ကျေးရွာ၊ ရပ်ကွက် အများ အပြားနှင့် လူနေ အိမ်ခြေ ထူပြော သလို အိမ်ကြီး အိမ်ကောင်း လည်း များသည်။ အဓိက အားဖြင့် မီးရထား စက်ရုံ များ၊ မီးရထား အင်ဂျင်နီယာ ရုံးများ၊ ခေါင်းတွဲ ပြင်နိုင်သည့် စက်ရုံ များ၊ ဆန်စက်၊ အထည် စက်၊ ကြိုးစက်၊ ပန်းကန် စက်၊ ဆေးရုံ၊ အကျဉ်း ထောင်၊ ရုံး စသည် ဖြင့် ထုထည် ရှိသော အဆောက် အအုံ များ၊ တိရစ္ဆာန် ဆေး ကု တက္ကသိုလ်၊ ကျမ်းစာ သင်ကျောင်း ကဲ့သို့ သော ကျယ်ဝန်း သည့် ကျောင်းကြီး များ ရှိသလို စစ်ရေး အရ အရေး ပါသော မမြင့် လှသည့် တောင်ကုန်း များ၊ တောင်ဆင် နှာမောင်း များ၊ ကမူများ၊ တောအုပ် များ၊ ရော်ဘာ တော နှင့် ချိုင့်ဝှမ်းများ စသည် ဖြင့် မြေပြင် အနေ အထားပုံ သဏ္ဌာန် အမျိုးမျိုး ရှိသော မြို့နယ် ဖြစ်သည်။
အင်းစိန်မြို့ ကို အစိုးရ တပ်က ပြန်လည် သိမ်းပိုက် ရေး အတွက် တာဝန်ယူ ကွပ်ကဲ စီမံ ရသည့် တိုင်း စစ်ဌာနချုပ် တပ်မှူးကြီး ၏ သုံးသပ် ချက်မှာ အင်းစိန် ကို ဒေသ အလိုက်၊ နေရာ အလိုက် စိုးမိုး ထားသော တောင်ကုန်း၊ တိုက်တာ စသော အရေး ပါသော နေရာ များ၊ အခိုင် အခံ့ ထုထည် ရှိပြီး ရန်သူ က ခံကတုတ် ပြုလုပ် ထားသော စက်ရုံ၊ ကျောင်း၊ ရုံး ကဲ့သို့ သော အဆောက် အအုံ များကို မိမိတပ် က ကေအင် ဒီအို တို့ လက်မှ ပြန်လည် သိမ်းပိုက် နိုင်ရေး သည် အဓိက အရေးကြီး ဆုံး အင်းစိန် တိုက်ပွဲ ၏ ရည်မှန်းချက် ဖြစ်သည်။
ရန်သူ ကလည်း ထိုကဲ့သို့ အရေး ပါသော နေရာ များကို အခိုင် အမာ ခံကတုတ် ပြုလုပ် ရယူ ထားသဖြင့် လွယ်လွယ် နှင့် လက်လွှတ် ရန် ဆန္ဒ လုံးဝ မရှိ ကြချေ။ ပြီးတော့ ရန်သူ့ ဘက် တွင်လည်း မိမိ တို့ ကဲ့သို့ စစ် အတွေ့ အကြုံ ရှိပြီး၊ လေ့ကျင့် ထားပြီး၊ စည်းကမ်း ရှိပြီး လက်နက် အင်အား သူ မသာ ငါမသာ ရှိသော ကရင် စစ်သည် တော် အများ အပြား ပါဝင် တိုက်ပွဲ ဝင်ကြ သည်။ သို့ ဖြစ်ရာ တပ်မှူးကြီး ရွေးချယ် သတ်မှတ် ပေးလိုက် သော (Objectives) ရည်မှန်း ချက် တစ်ခုခု ကို သိမ်းပိုက် နိုင်ရေး မှာ လွန်စွာ မှ ခက်ခက် ခဲခဲ တိုက်ယူ ရသည် ချည်း ဖြစ်ပါသည်။ အသေ အပျောက် ၊ အကျ အဆုံး၊ ထိခိုက် ဒဏ်ရာ ရ နှစ်ဦး နှစ်ဖက် စလုံး ၌ ပင် များပြား တတ်ပါ သည်။ နောက်ဆုံး အဆုံး အဖြတ် ကို ဇွဲ၊ သတ္တိ၊ လက်နက်ကြီး အကူ အင်အား သာလွန်မှု တို့က ပေးမည် ဖြစ်ပါ သည်။
သေနတ်ကိုင် တပ်ရင်း (၅) သည် တပ်မှူးကြီး သတ်မှတ် တာဝန် ပေးသည့် အတိုင်း အမိန့် နာခံ ကာ ဖော်ပြပါ ရန်သူ့ အခိုင် အမာ စခန်းပေါင်း များ စွာ ကို အသက်ပေး သိမ်းပိုက် နိုင်ခဲ့ ပါသည်။ ဥပမာ အားဖြင့် စောဘင် ဆင်ခြံ၊ ဓာတ်ဆီ သိုလှောင် စခန်း၊ ပြီးတော့ ကြို့ကုန်း လူနေ ရပ်ကွက်၊ သမိုင်း ဘူတာ နှင့် စက်ရုံ၊ မီးရထား ခေါင်းတွဲ ပျက်များ တန်းစီ ထားသည့် ခံကတုတ်၊ ကျမ်းစာ သင်ကျောင်း၊ တိရစ္ဆာန် ဆေးကု တက္ကသိုလ်၊ ဦးစက္ကိန် ကျောင်း၊ အချက် အချာ ကျသော မင်းဓမ္မ တောင်ကုန်း၊ နွားထိုး ကုန်း၊ တရုတ် သင်္ချိုင်း၊ ပွိုင့် ၁၁၂ တောင်ကုန်း နှင့် ရှေ့တွင် သွယ်တန်း နေသော မြင်း ကုန်းနှီး သဏ္ဌာန် တောင်တန်း မှ ရန်သူ့ ခံတပ်များ စသည် တို့ ဖြစ်ပါသည်။ ရည်မှန်း ချက် တစ်ခု ကို တစ်ရက် နှင့် မပြီး တစ်ကြိမ် နှင့် မရ နှစ်ကြိမ်၊ သုံး ကြိမ် စသည်ဖြင့် မရ မနေ အသက် ပေါင်း များစွာ စတေးပြီး မှ အောင်မြင်မှု ရသည် လည်း ရှိခဲ့ ပါသည်။
ယင်းကဲ့သို့ အရေး ပါသော နေရာ၊ စိုးမိုး လျက် ရှိသည့် အချက် အချာ စခန်း များကို ကေအင်ဒီအို တို့ ကလည်း အသက် နှင့်လဲ ကာကွယ် ကြ ပါသည်။ ထို့ကြောင့် အချို့ တိုက်ပွဲ များမှာ လက်တစ်ကမ်း နပန်းလုံး ရသည် အထိ သူတစ်ပြန် ကိုယ် တစ်ပြန် ပြင်းပြင်း ထန်ထန် ပင် တိုက်ကြ ရသည်။ ဥပမာ အားဖြင့် တပ်ရင်း (၅) အင်းစိန် ရောက်စ ရခိုင် တွေ မြန်မာ့ သတ္တိ ပြ လာသော တပ်ရင်း (၅) ကို တပ်မှူးကြီး ကလည်း အထူး အားကိုး သဖြင့် ပွဲဦးထွက် တစ်ချီ တည်း သိမ်းပိုက် ရန် ရည်မှန်း ချက်တွေ အများကြီး ပေးလိုက် သည်။ ''က'' တပ်ခွဲ ဗိုလ်ကြီး အောင်ဖေ က ဦးစက္ကိန် ကျောင်း သိမ်းရန်၊ ''ခ'' တပ်ခွဲ ဗိုလ်ကြီး လှမော် က နွားထိုးကုန်း သိမ်းရန်၊ ''ဂ'' တပ်ခွဲ ဗိုလ်ကြီး မောင်လွင် က မင်းဓမ္မ တောင်ကုန်း သိမ်း ရမည်။ သိမ်းပိုက် ပြီးလျှင် ''က'' တပ်ခွဲ က ဦးစက္ကိန် မှ နွားထိုးကုန်း နှင့် မင်းဓမ္မ တောင်ကုန်း၊ ''ခ'' နှင့် ''ဂ'' နေရာ များ ပြောင်းလွှဲ ရယူ ၍ ''ဂ'' တပ်ခွဲ က ပွိုင့် ၁၁၂ အိမ်နီကြီး တောင်ကုန်း ဆက်သိမ်း ရန် ''ခ'' တပ်ခွဲ က အရန် အင်အား ထားရန် ဟူ၍ ဖြစ် လေသည်။
တကယ် တိုက်သော အခါ ''က'' တပ်ခွဲ ဦးစက္ကိန် ကျောင်း သိမ်းနိုင် ခဲ့သည်။ ''ခ'' တပ်ခွဲ လည်း နွားထိုးကုန်း၊ ''ဂ'' တပ်ခွဲ မင်းဓမ္မ တောင်ကုန်း ပေါ်သို့ '' တပ်ရင်း(၅) ကွ'' ဆိုပြီး လှံစွပ် ထိုး တိုက်ရင်း တက်ရာ ကောင်းစွာ ရောက်ရှိ သွားသည်၊ မှန်ပါ၏။ သို့သော် ကေအင်ဒီအို တို့က ခံစစ် တွင် ကျွမ်းကျင် ကြ သူတွေ ဖြစ် သဖြင့် ရည်မှန်းချက် ပေါ် မိမိ တို့ ရောက်ပြီးမှ ထိုးစစ် ပြန်ဆင် သည်။ သူတို့ တောင်ကုန်း ပေါ်တွင် ဂျပန် ခေတ်တုန်း က လေယာဉ် ကွင်း ကာကွယ် ဖို့ လေယာဉ် ပစ် အမြောက် တပ်က တည်ဆောက် ထားခဲ့သော ကတုတ် ကျင်းများ ကို ကေအင်ဒီအို တွေက သုံးလေးလ အချိန် ယူပြီး သေသေ ချာချာ ပြုပြင် ထား သဖြင့် ကတုတ်ကျင်း ကောင်း လှသည်။ ဆက်သွယ်ရေး ကျင်း တွေ တောင် ပတ်လည် တူးပြီး ပစ်ကွင်း များ ကြိုတင် စီစဉ် ထား သည်။
ထို့ကြောင့် ရည်မှန်းချက် တောင်ကုန်း ပေါ်ရောက်မှ တပ်ရင်း (၅) နှင့် ကေအင်ဒီအို တွေ လက်တစ်ကမ်း တိုက်ပွဲ များ ဆင်နွှဲ ရသည်။ နှစ်ဖက် စလုံး အထိ အခိုက် အကျ အဆုံး များ လှသည်။ နံနက် ဝေလီ ဝေလင်း မှ ညမှောင် သည် အထိ တိုက်ကြ ရာ တပ်ရင်း (၅) မှ တပ်ခွဲ သုံးခု စလုံး အကျ အဆုံး များလှ ပါသည်။ ဒဏ်ရာ ရသော ရဲဘော် များကို စစ်ကား နှင့် သာမက ပြည် လမ်းပေါ် ပြေးဆွဲ နေသော အရပ်ကား တွေ နှင့်ပါ ကြုံရင် ကြုံသလို မင်္ဂလာဒုံ ဆေးရုံ ရော ရန်ကုန် ပြည်သူ့ ဆေးရုံ ကိုပါ ပြည်သူ လူထု က ကူညီ ၍ ပို့ပေး ကြရာ ဆေးရုံ နှစ်ခု စလုံး ပြည့်လျှံ သွားသည် အထိ ဖြစ်ခဲ့ ရ လေ သည်။ စစ်ရုံး မှ ဗိုလ်ချုပ် ကိုယ်တိုင် လူနာ တွေ သွားကြည့် အားပေး သည်။
တပ်ရင်း (၅) ခေတ္တ အနား ပေးပြီး မင်းဓမ္မ တောင်ကုန်း နှင့် ပွိုင့် ၁၁၂ အိမ်နီကြီး သို့ ဆက်သွယ် သော တောင်ကြော နွားထိုးကုန်း ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် ရဦး မည်။ မနက်ဖြန် တိုက်တော့ မည် ရှိစဉ် ယနေ့ ညနေပိုင်း ၌ အရေး ပေါ် ကိစ္စ ပေါ်လာ သည်။ တပ်ရင်း (၅) တပ်ရင်းမှူး ဖြစ်သူ ကပြားကြီး ဒုတိယ ဗိုလ်မှူးကြီး ကင်ပက်နက် ကို စစ်ရုံး မှ ဦးစီးချုပ် က ခေါ်တွေ့ ပြီး ညွှန်ကြား သည်မှာ မနက်ဖြန် နံနက် စောစော လေတပ် လေယာဉ် နှင့် မေမြို့ (ယခု ပြင်ဦးလွင်) သွား ရမည်။ မြောက်ပိုင်း တိုင်း စစ် ဌာနချုပ် တိုင်းမှူး လစ်လပ် နေသဖြင့် အမြန် ဆုံး သွားရောက် တာဝန်ယူ ဦးစီး ရမည်။ တပ်ရင်း (၅) ကို ဒုတိယ တပ်ရင်းမှူး ဖြစ်သူ ကျွန်တော့် အား လွှဲပြောင်း ပေးခဲ့ရန် ဖြစ်လေ သည်။ ညတွင်း ချင်း အလွှဲ အပြောင်း လုပ်ရ၏။ မနက်ဖြန် စောစော နွား ထိုးကုန်း နှင့် မင်းဓမ္မ တောင်ကုန်း တိုက်ပွဲ ကို မိမိ ဦးစီး တိုက်ရ မည်။ မိမိ အနေနှင့် ကိုယ်တိုက် ရမည့် နေရာ တွေကို ကင်းထောက်ခြင်း၊ လေ့လာ ခြင်း ပင် မပြု ရသေး။ စစ်ဆင်ရေး အစီ အစဉ် ကိုလည်း မိမိ ကိုယ်တိုင် ရေးဆွဲ ပြုလုပ် ထားခြင်း မဟုတ် ဘဲ သူများ လုပ်တာ ကို မိမိက ဝင်ပြီး တာဝန် ယူရ မှာမို့ သိပ်ပြီး တော့ ဘဝင် မကျလှ။ သို့သော် အားလုံး ပြင်ဆင် ထားပြီး ပြီ။ အမြောက် နှင့် ညှိပြီးပြီ။ သည်တော့ စစ်တပ် တွင် အမိန့် ဟာ အမိန့် ဖြစ်သဖြင့် နာခံ ဆောင်ရွက် ရမည်သာ ဖြစ် တော့သည်။
မိမိ၏ တိုက်အား ဖြစ်သော (ခ) တပ်ခွဲ က အသင့် ဖြစ်ပါ၏။ (ဂ) တပ်ခွဲ တွင် တပ်ခွဲမှူး ဗိုလ်ကြီး မောင်လွင် ဒဏ်ရာရ ဆေးရုံ တက် ရသဖြင့် တပ်ခွဲမှူး မရှိ၊ သို့သော် တပ်ရင်း (၅) တွင် မိမိ ကဲ့သို့ပင် ရာထူး အတူတူ ဖြစ်၍ မိမိနှင့် ဂျပန် စစ် တက္ကသိုလ် ကျောင်းဆင်း ဖက် အတူတူ၊ မိသားစု ညီအစ် ကို လို ခင်မင် ရင်းနှီးသော သူငယ်ချင်း ဖြစ်သူ ဗိုလ်မှူး လှသောင်း က သူပင် တပ်ခွဲမှူး တာဝန် ယူ တိုက်မည် ဟု ဆန္ဒပြု သည်။ မိမိအနေ နှင့် သဘော မတူ နိုင်သော်လည်း အခြား နည်းလမ်း ရုတ်တရက် မရှိ သေးသဖြင့် အင်တင်တင် သဘော တူ လိုက် ရပါသည်။
တိုက်ပွဲ အတွက် တပ် မထွက်ခင် စုရပ် ဖြစ်သော ဂျမားခြံ သရက်ပင် အောက် (ဂ) တပ်ခွဲ ကို တန်းစီ ပြီး ဗိုလ်မှူး လှသောင်း က မိန့်ခွန်း ပြော သည်။ အမြဲတမ်း စကား မပြော ဘဲ ခပ်အေးအေး နေလေ့ နေထ ရှိသော သူငယ်ချင်း က မပြော စဖူး တပ်ထွက် မိန့်ခွန်း ပြော သဖြင့် ထူးဆန်း နေသည်။ နံနက် ၄ နာရီ စုရပ် တပ် မှ စထွက် ကြပြီ။ မိမိ တို့ သိမ်းပိုက် ခဲ့သော ဦးစက္ကိန် ဘုန်းကြီး ကျောင်းကို ချင်း သေနတ်ကိုင် တပ်ရင်း (၁) က လွှဲပြောင်း နေရာ ယူထား သည်။ ချင်း သနက (၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဟရန် သီယို ကိုယ်တိုင် သူ့တပ် က သုံး လက်မ စိန်ပြောင်း တပ်စု နှင့် တပ်ရင်း (၅) တက်တာ ကို အကာ အကွယ် ပစ်ပေး နေ သည်။ မိမိ တို့ တပ်ခွဲ များက လည်း အဝေး မှ လှမ်းကူ ပစ် နေသော မိမိ တို့ ၂၅ ပေါင်ဒါ အမြောက် နှင့် ချင်း (၁) စိန်ပြောင်း ပစ်ပေးမှု ကို ချိန်ဆ ပြီး တောင်ပေါ် တက်ကြ ရသည်။ မိုး မလင်းခင် ရန်သူ့ နေရာ တွေကို လှံစွပ်ထိုး တိုက်ယူ ပြီး သိမ်းပိုက် နိုင် လိုက်သည်။ အရင် ကြုံဖူး တာက သူတို့ နေရာ သိမ်းပြီး မှ ရန်သူက တန်ပြန် ဖိအား နှင့် လာတိုက် သည်။ ချိန်သား ကိုက် ပစ်ကွင်း တွေ လုပ်ထား တတ်သည်။ ဒါကြောင့် ဒီ တစ်ခါ တော့ သိမ်းပြီးပြီး ချင်း ရန်သူ ထိုးစစ် ဆင် လာရင် အသင့် ဖြစ်အောင် မိမိက ခံစစ် ပြန်လုပ် ထားရ သည်။ စစ်ကြောင်း မှူး ဗိုလ်မှူး လှသောင်း က ''နွားထိုးကုန်း'' သူ သိမ်းပြီး ကြောင်း မိမိ ထံ သတင်း ပို့ဖို့ တောင် ပေါ် က ဆင်းသွား သည်။ တွက်ထား သည့် အတိုင်း နံနက် ကောင်းကောင်း လင်း၍ ၉ နာရီ လောက် ရောက်သည် တွင် ရန်သူ က အင်နှင့် အားနှင့် ထိုးစစ် ဆင် လာသည်။ အနီးကပ် တိုက်ပွဲ တွေ၊ လက်ပစ်ဗုံး တွေ သုံးရသည့် တိုက်ပွဲ တွေ၊ လှံစွပ် ထိုးရသည့် တိုက်ပွဲ တွေ ဖြစ်သည်။ စောစော က ရန်သူ့ စခန်း တိုက် သိမ်း တုန်းက ဒါလောက် ထိခိုက် ဒဏ်ရာ ရမှု မရှိ၊ ယခုမှ ကျဆုံး တာတွေ၊ ဒဏ်ရာ ရတာတွေ နှစ်ဖက် စလုံး ရှိလာ သည်။ သို့သော် ဒီတစ်ခါ တော့ ရန်သူ က သူတို့ နေရာ ဟောင်း ပြန် မသိမ်း နိုင်ဘဲ နောက်ဆုတ် ရပြီး တစ်ချိန် လုံး ပစ်ခတ် တိုက်ခိုက် နှောင့်ယှက် နေလေ တော့ သည်။
ရည်မှန်းချက် တောင်ကုန်းတွေ မိမိတို့တပ်က အောင်မြင်စွာ သိမ်းထား နိုင် ပါပြီ။ သို့သော် ရန်သူ ကတော့ အလျှော့ မပေး။ စနိုက်ပါ (လက်ဖြောင့် တပ်သား) ထားပြီး သေချာ ပေါက်မှ ပစ်ခြင်း၊ နှစ်လက်မ မော်တာ နှင့် မှန်မှန် ပစ်ခြင်း စသည် ဖြင့် ခပ်လှမ်းလှမ်း မှ တစ်ချိန် လုံး ဖိအားပေး နေပြန် သည်။ မိမိ တို့ တပ်များ သည် နံနက် မှ ညနေစောင်း အထိ ခံပစ် နေရ လေသည်။ သို့သော် ရန်သူ့ လက်ဖြောင့် စနိုက်ပါ လက်ချက် ကြောင့် မိမိ တို့ဘက်မှ စစ်ကြောင်း မှူး ဗိုလ်မှူး လှသောင်း ရှေ့ဆုံး မှ ကွပ်ကဲ တိုက်ခိုက် နေစဉ် ကျည်ထိ ကျဆုံး သွား သည်။ မိမိ ဘက်မှ စက်သေနတ် ဖြင့် ရန်သူ ကို ပစ်ခတ် တိုက်ခိုက် နေသော တပ်စုမှူး ဗိုလ် အေးသိန်း (နောင်တွင် ကုန်သွယ်ရေး ရောက် ဒုတိယ ဗိုလ်မှူးကြီး အေးသိန်း) လက်မှန် ၍ ဆေးရုံ ပို့ရာ ဆေးရုံ တွင် ချက်ချင်း လက်ဖြတ် ပစ်လိုက် ရသည်။ သည့် အပြင် တပ်စုမှူး ဗိုလ်ကျော်စိန်၊ သာယာဝတီ လက်ပံတန်း သား သေနတ် ကိုင် တပ်ရင်း (၃) မှ မိမိ တပ်သို့ အရာရှိ အဖြစ် ပြောင်းရောက် လာပြီးစ လူရည် ချောချော သန့်သန့် လေး လည်း ရှေ့တန်း မှ မိမိတပ် ကို ဦးဆောင်ကာ မားမား မတ်မတ် တက်စဉ် ကျဆုံး သွားရှာ သည်။ ဗိုလ်ကျော်စိန် က လူပျို၊ သို့သော် တိုင်းပြည် အတွက် ဆောင်ရွက် နေသော သားကောင်း ရတနာ ဖြစ်သဖြင့် သူ့အား လေးစား ချစ်ခင်ပြီး စာရေး သား ဆက်သွယ် နေသော ချစ်သူ တစ်ဦး ရှိသည်။ သို့ပေမယ့် တစ်ဦး နှင့် တစ်ဦး မမြင် ဖူး၊ မတွေ့ ဖူး ကြသေး။ စာချင်း သာ ရင်းနှီး နေသဖြင့် ဗိုလ်ကျော်စိန် ကို သူ့သူငယ်ချင်း များ က ''မေမသိတဲ့ မောင်'' ဟု နောက်ပြောင် ခေါ်ဝေါ် နေ ကြ လေသည်။ ကျွန်တော့် တပ် ရောက်တာ မကြာ သေး။ ခုတော့ သူလည်း ကြယ် တစ်ပွင့် မြေခ ကြွေကျ ရှာ လေပြီ။ သူတို့ သုံးဦး စလုံး ကို နိုင်ငံတော် မှ တိုက်ပွဲ ပြီးသော အခါ သူရ ဘွဲ့ ချီးမြှင့် လိုက်ပါ သည်။
တပ်ရင်း (၅) က တပ်ခွဲ သုံးခွဲ ဖြင့် ''နွားထိုးကုန်း'' နှင့် ''မင်းဓမ္မ တောင်ကုန်း'' ကို နှစ်ကြိမ် တိုက်ပြီး အနိုင် ရသည်။ ကေအင် ဒီအို တို့၏ အကြီး အကျယ် ပြင်ဆင် ထားသော ခိုင်မာ သည့် ခံကတုတ် ဖြစ်သည်။ ကေအင်ဒီအို တို့က သည်နေရာ တွေ တပ်ရင်း (၅) သိမ်းတော့ မရရ အောင် အကြိမ်ကြိမ် တန်ပြန် ထိုးစစ်ဆင် သည်။ သည် နေရာ တွေကို ဘာ့ကြောင့် များ လက်မလွှတ် နိုင်ဘဲ သဲသဲ မဲမဲ အသက်ပေး တိုက်လေ သည် မသိ။ အင်းစိန် တိုက်ပွဲ သည် သည်နေရာ သည် တိုက်ပွဲ က အင်းစိန် တစ်ခု လုံး၏ အရှုံး အနိုင် ကို စိတ်ဓာတ် အားဖြင့် အဆုံး အဖြတ် ပေးနေ လေသလား မသိ။ ကြည့်ပါ။
သည် နေရာ ကို ရရန် တပ်ရင်း (၅) မှ ဗိုလ်မှူး လှသောင်း၊ ဗိုလ် ကျော်စိန် တို့ အသက် ပေးရပြီး ဗိုလ်ကြီး မောင်လွင်၊ ဗိုလ်ကြီး လှတင် (နောင်တွင် ဗိုလ်မှူးကြီး)၊ ဗိုလ်အေးသိန်း တို့ ဒဏ်ရာရ ဆေးရုံ တက် ရသည်။ မိမိ ဘက်မှ သည် နေရာ အတွက် ကျဆုံးသူ အရာရှိ အကြပ် တပ်သား ၈ဝ ကျော် နှင့် ဆေးရုံ တွင် ပို့ ရသည့် ရဲဘော် ပင် ၁၂ဝ ကျော် ရှိခဲ့ သည်။ ထိုခေတ် ထိုအခါ အတိုင်း အတာ အရ တပ်ရင်း တစ်ရင်း အတွက် ထိခိုက်မှု အလွန် ကြီးမား သည်။ များပြား လှသည် ဟု ဆိုရ ချေမည်။ သည့် အတွက် ကြောင့် ထို သမိုင်းဝင် နေရာ လေး တွင် လွတ်လပ်ရေး မဆုံးရှုံး ရေး အတွက် အသက် ပေးသွား ကြသော တပ်ရင်း (၅) မှ ရဲဘော် တွေ အတွက် ဂုဏ်ပြု ကျောက်တိုင် ''မင်းဓမ္မ တောင်'' ပေါ်၌ တိုက်ပွဲ ပြီးပြီး ချင်း မိမိ တပ်ရင်း (၅) က အမှတ် တရ စိုက်ထူ ခဲ့ခြင်း ဖြစ်ပါ သတည်း။
ထိုနေ့ ည တွင်ပင် တပ်ရင်း (၅) သိမ်းပိုက် လိုက်သည့် နေရာ များကို ချင်း သေနတ်ကိုင် တပ်ရင်း (၁) က လာရောက် လွှဲပြောင်း နေရာ ယူ ပေးခဲ့ သည်။ တပ်ရင်း(၅) ကို မိမိ တို့ တပ် စခန်းပြန် အနားပေး လိုက်ပါ သည်။ ထိုနေ့ ညပင် ကျွန်တော့် အား ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကိုယ်တိုင် စစ်ရုံး သို့ ခေါ်တွေ့ ပြီး ဗိုလ်မှူး လှသောင်း ကျဆုံး ရပုံကို အကျိုး အကြောင်း မေးမြန်း သည်။ စိတ်မကောင်း ဖြစ်နေ ပုံ ရသည်။ ပြီးတော့ အားပေး စကား ပြောကာ တပ်ရင်း (၅) ၏ စွမ်းဆောင်မှု ကို အသိ အမှတ်ပြု ချီးကျူး ပါသည်။ ဦးစီးချုပ် ရှေ့၌ ဘာကြောင့် မှန်း မသိ ကျွန်တော် မျက်ရည် တွေ ကျခဲ့ မိပါသည်။ ကျွန်တော် သည် ရဲဘော် များကို လစာ ထုတ်ပေး ပြီး သုံးရက် လည်ပတ် ရန် ခွင့်ပေး လိုက်သည်။ အချို့ အရာရှိကြီး များ က သွားလိုရာ သွားဖို့ ခွင့်ပြု လိုက်တာ တော့ ဟုတ် ပါပြီ၊ ပြန် မလာရင် ဘယ်လို လုပ်မလဲဟု ပြောသေး သည်။ တပ်ရင်း (၅) သည် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ် ဟူသော တော်လှန် ရေးမှ ပေါက်ဖွား လာ သူတွေ ခံယူ ချက် အပြည့် အဝ ဖြင့် ဖွဲ့စည်း ထားသော တပ် ဖြစ်သည်။ ကြေးစား တပ်မျိုး မဟုတ် ဟု ပြော ရသည်။ ကျွန်တော် တို့ ဂုဏ်ယူ ပြောဆို သည့် အတိုင်း တပ်ရင်း (၅) ရဲဘော် များသည် ခွင့်ရက်စေ့ သော အခါ မိမိ တို့ အသိစိတ်၊ မိမိ တို့ ယုံကြည် ချက် ဖြင့် တိုက်ပွဲ ဆက်ဝင်ရန် ရှေ့တန်း သို့ ပြန်လာ ကြသည် ချည်း ဖြစ်၏။ အင်းစိန် တိုက်ပွဲကြီး ပြီးဆုံး သွားသည် အထိ ပြန်မလာ သော ရဲဘော် ဟူ၍ မရှိ သလောက် အလွန် နည်းပါး လှ ပါသည်။
တပ်နား ထားစဉ် တပ်မတော် နှင့် တိုင်း စစ်ဌာနချုပ် မှ ကြီးမှူးပြီး တပ်ရင်း (၅) မှ ကျဆုံး သွားသော ဗိုလ်မှူး လှသောင်း၊ ဗိုလ်ကျော်စိန် နှင့် ရဲဘော် များ ကို စစ်အခမ်း အနား နှင့် ကောင်းစွာ မီး သင်္ဂြိုဟ် ပေးသည်။ ရန်ကုန် ရှိ စစ်ရုံးမှ ထိပ်တန်း တပ်မတော် အရာရှိ ကြီးများ၊ တိုင်းမှူး နှင့် အခြား တပ်မှူး များ၊ ပြည်သူ လူထု များ၊ ရှမ်း ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ များပါ စည်စည် ကားကား ခမ်းခမ်း နားနား လိုက်ပါ ပို့ဆောင် ကာ နောက်ဆုံး နှုတ်ဆက် ဂုဏ်ပြု ကြ လေသည်။
အင်းစိန် အရေး အခင်းက မပြီး သေးပါ။ ကေအင်ဒီအို တွေက စိတ်ဓာတ် တက်ကြွ စွာဖြင့် ဆက်လက် ပြီး အခိုင် အမာ နေရာ တွေကို သိမ်းပိုက် ခုခံ နေဆဲ ပါ။ ပြည်နှင့် တောင်ငူ မှ ဆင်း လာမည့် အင်အား ကြီးမား သော ကရင် သေနတ်ကိုင် တပ်ရင်း (၁)၊ တပ်ရင်း (၂) နှင့် စစ်ကူ ကေအင်ဒီအို တွေ အင်းစိန် ရောက် လာ မည့် အရေး ကို သူတို့ စောင့်မျှော် နေကြ သည်။ နော်ဆိုင်း ၏ သတင်း လည်း သိနေ သည်။ သထုံ၊ မော်လမြိုင် ဘက်က မွန်ဘီလူး ဆိုသော နာမည်ကြီး တပ် တွေ ကတော့ အင်းစိန် မှာ သူတို့ ဘက်က စစ်ကူ ရောက်နေ ကြပြီ။ သူတို့တွေ ဘာကြောင့် အားတက် နေဆဲ ဖြစ်သည် ကို သူတို့ ရှေ့တန်း စစ်မျက်နှာ ကို အချိန်မှန် ထုတ်ဝေ ဖြန့်ချိ ပေးနေသည့် ''ထော်မဲ'' ပါ စာစောင် အရ သိနိုင် ပေသည်။ ကေအင် ဒီအို တို့သည် အင်းစိန် ထောင် ရှိ အစိုးရ ပုံနှိပ် စက်များ ကို သိမ်းထား သဖြင့် သူတို့၏ သတင်း နှင့် ပြန်ကြားရေး ဆရာ များက ''ထော်မဲပါ'' သတင်းစဉ် ကို မှန်မှန် ရိုက်နှိပ် နေခြင်း ဖြစ်သည်။ ''မင်းဓမ္မကုန်း'' တိုက်ပွဲ ၌ အကျ အန ခြင်ထောင် နှင့် စားပွဲ နှင့် ဝိုင်ယာ လက်စက် နှင့် အိပ်ရာ နှင့် နေခဲ့သော ကေအင်ဒီအို ရှေ့တန်း မှူး တစ်ဦး ၏ နေရာ မှ ရရှိ လိုက်သော ယင်း ''ထော်မဲပါ'' သတင်း စဉ်တွင် ရေးသား ထားသည်မှာ -
''ဟေ့ ... တို့ ကရင် တွေ ထော်မဲပါ ခေတ်ကို ရောက်ပြီ။ အစ ပထမ တော့ကွာ ရန်ကုန် နဲ့ အောက် မြန်မာပြည် ကို သိမ်းဖို့ လောက်ပဲ။ ခုတော့ မတတ် နိုင်တော့ ဘူးဟေ့။ မြန်မာ တစ်ပြည် လုံး ကို သိမ်းပိုက် အုပ်ချုပ် ရတော့ မယ်'' တဲ့။ ရန်ကုန် သိမ်းပြီး သူတို့ အစိုးရ ဖွဲ့မည်။ ကမ္ဘာ ကို ကြေညာ မည်။ သူတို့ကို အားပေး နေသော နိုင်ငံခြား သားတွေ ရှိနေ ကြောင်း သူတို့ ရည်မှန်း ချက် က ပေါ်လွင် နေ ပါ လေတော့ သည်။
တပ်ရင်း (၅) တပ်ခွဲ ''ဂ'' ၌ တပ်ခွဲမှူး မရှိပြန် ပါ။ ဒီတော့ ''ဂ'' တပ်ခွဲ တွင် ရာထူး အကြီးဆုံး နှင့် အရည် အချင်း ပြည့်ဝ သူလည်း ဖြစ်သည့် ဗိုလ် ထွန်းတင်(လက်ဖတင်နင်၊ နောင် တွင် ဗိုလ်မှူးကြီး နှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာသူ) အား တပ်ခွဲမှူး ခန့်အပ် တာဝန် ပေးပြီး တပ်ရင်းမှူး က ဗိုလ်ကြီး အဖြစ် စစ် မြေပြင် ရာထူး ချက်ချင်း တပ်ဆင် ပေးလိုက် လေသည်။ အင်းစိန် တိုက်ပွဲ တွင် ကိုယ်တိုင် ပါဝင် ဆင်နွှဲ ခဲ့ရသော ၎င်း ပုဂ္ဂိုလ်ကြီး အား သူ၏ အတွေ့ အကြုံ ကို မေးမြန်း သဖြင့် မှတ်မိ သမျှ ပြန်လည် ပြောပြ လိုက်သည်မှာ -
''ဗိုလ်မှူး လှသောင်း မီး သဂြုင်္ိဟ်ပြီး နောက် တစ်နေ့ ရေမိုး ချိုးပြီး ကျွန်တော် တို့ တပ်စခန်း ချတဲ့ ဆေးလ် ဘားရိုက် (ရွှေတိဂုံ ဘုရား အနီး ရှိ ဂေါ်ရာကုန်း) က ဘုရား နဲ့ နီးတော့ ပုဆိုးလေး နဲ့ ဟာဝေယံရှပ် နဲ့ တစ်လှမ်းချင်း တစ်ထစ်ချင်း တောင်ဘက်မုခ် က ဘုရားပေါ် စဉ်းစား ရင်း တက်ခဲ့ ပါတယ်။ စနေ ထောင့် ဘက်မှ အနန္တော အနန္တ ငါးပါး၊ ရတနာမြတ် သုံးပါး၊ ဗုဒ္ဓ ရှင်တော် ဘုရား ကို တစ်အား ကြည်ညို လက်စုံ မိုးပြီး အကြာကြီး ပဲ ကန်တော့ မိတယ်။ ဗိုလ်မှူး လှသောင်း နဲ့ ဗိုလ်ကျော်စိန် တို့ ကျဆုံး သွားတဲ့ တပ်ရင်း (၅) က ဗိုလ်၊ အကြပ်၊ တပ်သား တွေကို မေတ္တာ ပို့ပြီး သစ္စာ ဆိုတယ်။ ''ဘုရား တပည့်တော် သည် တိုင်းပြည် နဲ့ သည် လူမျိုး သည် တပ်မတော် ကို ချစ်ခဲ့ ပါတယ်။ မိဘ နှစ်ပါး ကို အဝေးမှ ထောက်ပံ့ လုပ်ကျွေး နေပါ တယ်။ အမျိုး ဘာသာ သာသနာ အတွက် ကျောင်းသား ဘဝ ကတည်း က စွန့်လွှတ် ခဲ့ပါ တယ်။ ဤ မှန်ကန် သော သစ္စာ စကားကြောင့် ဒီ အင်းစိန် တိုက်ပွဲ ကို အနိုင် ရရ ပါလို၏'' လို့ အားရ ပါးရ ဆုတောင်း သစ္စာ ပြုလိုက် မိပါ တယ်။ ပြီးတော့ ဘုရား ကို လက်ယာ ရစ် ဖူးမြော်ပြီး ဘားရိုက် (တပ်စခန်း) ကို ပြန်ခဲ့ တယ်။ ဒီ တစ်ခါ တော့ တပ်မှူးကြီး က တပ်ရင်း (၅) ကို ရန်ကုန် - အင်းစိန် ကားလမ်းမ ပေါ်က ဘိုးတော် ရာကျော် ဘုန်းကြီး ကျောင်းနား က စစ် မျက်နှာ မှာ နေရာ ယူဖို့ တာဝန် ပေး တယ်''
အင်းစိန် တိုက်ပွဲ ပြင်းထန် နေချိန်မှာ ကေအင်ဒီအို ဘက်က စစ်ပရိယာယ် လား၊ တကယ် ပင် ရိုးရိုး သားသား စစ်ပြီး ဆုံး လို၍ လား မသိ။ ငြိမ်းချမ်းရေး ကမ်းလှမ်း မှု ရှိလာဖူး ပါသည်။ မှတ်မှတ် ရရ ၁၉၄၉ ခုနှစ် ဧပြီ ၄ ရက် မြန်မာ နှစ်သစ်ကူး သင်္ကြန် မကျခင် ဖြစ်သည်။ အင်းစိန် စစ်မျက်နှာ တစ်ခု လုံး မိမိ ဘက်မှ အပစ် အခတ် ရပ်ဆိုင်း ထားရန် အထက် မှ အမိန့် ရရှိ သည်။ ပြီးတော့ အဓိက စစ်မျက်နှာ ဖြစ်သည့် အင်းစိန် - ရန်ကုန် ကားလမ်း စစ်မျက်နှာ ကို အုပ်ချုပ် ကွပ်ကဲ နေရသည့် သေနတ် ကိုင် တပ်ရင်း (၅) မှ တပ်ရင်းမှူး နှင့် ဒုတိယ တပ်ရင်းမှူး တို့ အမြန်ဆုံး ရှေ့တန်း တိုင်း စစ်ဌာနချုပ် သတင်း ပို့ရန် ညွှန်ကြား သဖြင့် ဘီအိုင် ဦး ထွန်းရွှေ တိုက် (သမိုင်း) တွင် ဖွင့်ထား သော ရှေ့တန်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ထံ ရောက်ရှိ သတင်းပို့ ရသည်။ တိုင်းမှူး က အထက် အစိုးရ အမိန့် အရ အပစ် အခတ် ရပ်ထား စဉ် ယခု ဂျစ်ကား နှင့် ရောက်ရှိ လာသူ အိန္ဒိယ သံရုံး အရာရှိ နှစ်ဦး အား ရှေ့တန်း သို့ ခေါ်သွား ပါ။ အင်းစိန် ထဲ ဝင်ဖို့ လမ်းဖွင့် ပေးပါ။ ဘာမှ သူတို့ကို မထိခိုက် စေနဲ့။ ကိုယ်တိုင် ခေါ်သွားပါ ဆိုသဖြင့် အမိုးဖွင့် ဂျစ်ကား ပေါ် အလံဖြူ လွှင့်ကာ ကိုယ်တိုင် မောင်း လာသော ထို ပုဂ္ဂိုလ် နှစ်ဦး ကို အင်းစိန် သို့ ရှေ့တန်း မှ တစ်ဆင့် ပို့ပေး လိုက်ပါ သည်။ သိပ်တော့ မကြာ လှပါ။ နာရီပိုင်း လောက် ကြာတော့ ထို ပုဂ္ဂိုလ် နှစ်ဦးနှင့် အမိုးဖွင့် ဂျစ်ကား လေး ပြန်လာ ပြီး မိမိ တို့အား သတင်းပို့ သည်။ ဂျစ်ကား နောက် ထိုင်ခုံ ၌ ကရင် အမျိုးသား ပုဂ္ဂိုလ် နှစ်ဦး ပါလာ ပါသည်။ လားလား ကြည့် လိုက်တော့ အခြား မဟုတ်။ ကေအင်ဒီအို တို့၏ အထူး အရေး ပါလှသော ခေါင်းဆောင် ကြီး စောဘဦး ကိုယ်တိုင် နှင့် အဖော် ဖြစ်သူ ဆရာ မန်းဂျိန်း ထွန်းအောင် (ဟု ထင်ပါသည်) တို့ ဖြစ်နေ ကြ ပါသည်။ ကျွန်တော် တို့လည်း စစ်ဆေး ပြီး ကိုယ်တိုင် ရှေ့တန်း စစ် ဌာနချုပ် သို့ စောဘ ဦးကြီး တို့ကို ပို့ပေး လိုက်သည်။ အမှတ် တရ ဓာတ်ပုံ လည်း ရိုက်ယူ ထားလိုက် ပါသည်။ မြန်မာ အစိုးရ ဝန်ကြီး ချုပ် အပါ အဝင် အခြား ခေါင်းဆောင် များနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ကြကြောင်း သိရ ပါသည်။ ငြိမ်းချမ်း ရေး အပစ် အခတ် ရပ်စဲ ထားစဉ် နှစ်ဦး နှစ်ဖက် သူဘက် ကိုယ့်ဘက် လည်ပတ် ကြခြင်း၊ စားသောက် ဖွယ်ရာ များ ကျွေးမွေး ခြင်း၊ ဗြိတိသျှ စစ်ကျောင်း တက်စဉ် က သိကျွမ်း သူတွေ ဖြစ်နေ ခြင်း၊ စစ်မြေပြင် တွင် မကောက် နိုင်သေးဘဲ ကျန်ရှိ နေသည့် ကျဆုံး ရဲဘော် များ၏ အလောင်း များ ကို လိုက်လံ ကောက်ယူ ကာ ကောင်းစွာ သဂြုင်္ိဟ်ခြင်း များ ပြုလုပ် ကြ လေသည်။ ကေအင် ဒီအို အချို့က ရန်ကုန်မြို့ထဲ ရုပ်ရှင် သွားကြည့် လိုကြောင်း ခွင့်တောင်း တာတော့ ခွင့်မပြု လိုက် မိပါ။
ဧပြီ ၈ ရက် တွင် စောဘ ဦးကြီး တို့ လာတုန်းက အတိုင်း အင်းစိန် ပြန်ပို့ ပေး ရသည်။ သို့သော် အများ မျှော်လင့် သလို တိုက်ပွဲ တော့ ပြီးဆုံး မသွား။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပျက်ပြား သွားသဖြင့် တိုက်ပွဲ ကို ညနေ ၅ နာရီ တွင် ပြန်စ ကြ ရပြန် လေသည်။ ရန်ကုန် သိမ်းမည့် ကေအင် ဒီအို ထိုးစစ် အင်းစိန် ရှိ ကေအင်ဒီအို တို့၏ အင်အား အကြီး မားဆုံး နှင့် အပြင်းထန် ဆုံး ထိုးဖောက် စစ်ကို ကြုံတွေ့ ရ ပါ သေးသည်။
အင်းစိန် စစ်မျက်နှာ ၌ မိမိနှင့် ရန်သူ ဘက် တိုက်ပွဲ မရှိလျှင် ပကတိ ငြိမ်သက် လျက် ရှိသည်။ တစ်ခါ တစ်ရံ မှသာ ကေအင်ဒီအို တို့ဘက်က လက်ဖြောင့် တပ်သား (စနိုက်ပါ) က ချောင်းမြောင်း ပစ်ခတ် သံ ကို ကြားရ တတ်သည်။ မိမိ ဘက် ကလည်း မေ့လောက် မှ တစ်ခါ တစ်ခါ ပြန်လည် ပစ်သော လက်နက် ငယ် အသံ က ကြားရ တတ်သည်။ ထိုကဲ့ သို့သော နေ့မျိုး ဆိုလျှင် နံနက်ခင်း တွင် သတင်း ထောက်များ ရှေ့တန်း သို့ သတင်း ယူ ရန် ပေါ်လာ တတ် သလို ရန်ကုန် မြို့သူ မြို့သား များ၊ အစိုးရ ဝန်ကြီး မိသားစု များ၊ ယဉ်ကျေးမှု အနုပညာ ရှင် များက စုပေါင်း ဖွဲ့စည်း ၍ ရှေ့တန်း စေလွှတ် လိုက်သော သက်သာ ချောင်ချိရေး ရှေ့တန်း ဖျော်ဖြေ ရေး အဖွဲ့များ ဖြင့် လည်း စည်ကား နေလေ့ ရှိတတ် ပါသည်။ စားစရာ များ လက်ဆောင် များ ပေးကျွေး လေ့ ရှိသည်။ ရုပ်ရှင် ပညာရှင် နှင့် အဆိုတော် များ လည်း ပါလာ တတ်ပြီး သီဆို ဖြေဖျော် တတ်သည်။ မှတ်မိ သလောက် ရုပ်ရှင် သရုပ်ဆောင် ဘေဘီနွဲ့ ကို ရှေ့တန်း ရဲဘော် များ က ''အစ်မ ရယ် ကျွန်တော် တို့ နေ့သေ မလား၊ ညသေ မလား မသိ ပါဘူး။ အစ်မ သီချင်းလေး မသေခင် နားထောင် ပါရစေ'' ပြော သဖြင့် ဘေဘီနွဲ့ က မျက်ရည်လေး စမ်းစမ်း နှင့် အကြိမ်ကြိမ် အခါခါ သီဆို ပေးရရှာ ပါသည်။
မည်သို့ ရှိစေ ညနေစောင်း လျှင်တော့ လူသူ ဆိတ်၊ အသံတွေ တိတ်ပြီး ပကတိ စစ်မြေပြင် အသွင် ဆောင်ပြန် တော့သည်။ ရှေ့တန်း ရှိ နှစ်ဦး နှစ်ဖက် စစ် သည်တော် အသီးသီး လည်း မိမိတို့ တာဝန် ကျသည့် ဘန်ကာ ခံကတုတ် စသည် တို့တွင် ဝင်ရောက် နေရာ ယူကြကာ သူက တိုက် မလား၊ မိမိက တိုက် မလား စောင့်ကြည့် ရသည်။ ပုံမှန် အားဖြင့် တော့ ငြိမ်သက် တိတ်ဆိတ် လျက် ...။ ယင်းသို့ ကြုံတွေ့ ရလေ့ ရှိသည့် သာမန် ည တစ်ည ၏ အင်းစိန် စစ်မျက်နှာ တစ်နေရာ ... တပ်ရင်း (၅) မှ ''ဂ'' တပ်ခွဲ က အင်းစိန် ကြို့ကုန်း နှင့် ရာကျော် ဆရာတော် ဘုရားကြီး ကျောင်း တွင် တာဝန် ယူထား သည်။ မီးရထား ဦးဘစိန်၊ ပညာ မင်းကြီး ဦးဘယုတ် တို့၏ တိုက်တွင် တပ်ခွဲ ရှေ့တန်းရုံး ဖွင့်ပြီး တပ်ခွဲမှူး ဗိုလ်ကြီး ထွန်းတင်၊ တပ်စုမှူး ဗိုလ်မျိုးဝင်း (နောင် တွင် ပြန်ကြားရေး ဝန်ကြီး ဌာန၊ အတွင်းဝန် ဗိုလ်မှူးကြီး) တို့ ကိုယ်တိုင် နေရာ ယူထား ကြသည်။
တပ်ခွဲမှူး ဗိုလ်ကြီး ထွန်းတင် က သူ့ ရဲဘော် တွေကို ''ညတိုင်း မစို့ မပို့ ရန်သူ တွေက ပစ်ပစ် နေတယ်ကွာ။ အလကား အိပ်ရေး ပျက် တယ်။ ဒီည ငါ ကောင်းကောင်း အိပ်မယ်။ ရန်သူ လှံစွပ် လာ မထိုး မချင်း ငါ့ မနှိုးနဲ့'' ဟု မှာပြီး စိတ်ချ လက်ချ အိပ် လိုက်သည်။ ပြောသာ ပြောရ သည်။ နံနက် ၃ နာရီ လောက်မှာ သေနတ် သံ တွေက ဆူညံ နေအောင် ကြားရတော့ အိပ်ရာ မှ ထ ရသည်။ တိုက်ပေါ် က အောက်ဆင်း ပြီး ရေတွင်း ဘေးမှာ သွားတိုက် မျက်နှာ သစ် နေစဉ် သေနတ်သံ က ပေါက်ပေါက် လှော် သလို များပြား လာသည်။ ဆက်တိုက် ပေါ်လာ သည်။ ''အေး ... ဒီတစ်ခါတော့ ထူးခြား တယ်။ ရန်သူ တိုက်ပြီ ထင်တယ်။ အားလုံး သတိ ထားကြ၊ နေရာယူ ကြ ဟေ့'' ဟု အမိန့်ပေး လိုက် သည်။ ကပျာ ကယာ စစ်ဝတ်စုံ ကောက်ဝတ် လိုက်ပြီး နားစွင့် မျက်စိဖွင့် လေ့လာ နေတုန်း နံနက် ၄ နာရီ လောက် စက်မှု တက္ကသိုလ် ကျောင်းဘက် က E.coy [တပ်ရင်း (၅) မှ အားဖြည့် ရန် ပို့လိုက် သည့် လူသစ် များနှင့် ဖွဲ့စည်း ထားသော အသစ် တပ်ခွဲ] မှ တပ်ကြပ် နှင့် ရဲဘော် တွေ ကျွန်တော် တို့ ခြံထဲ ပြေးဝင် လာပြီး သတင်း ပို့ သည်။ ''ဗိုလ်ကြီး ... ရန်သူ အုပ်နဲ့ သင်းနဲ့ သိပ်များ တယ်။ ကျမ်းစာ သင်ကျောင်း ဘက်ရယ် ဝပ်ရှော့ ဘက် ကရယ် လှိမ့်ဆင်း လာ တယ်။ သူတို့ ရဲ့ အားမတ် ကားတန်း ကြီးလည်း ဘီအိုစီ ဓာတ်ဆီ ဆိုင် လွန်ပြီး တံတားနား ရောက် သွားပြီ'' လို့ ပြောသည်။
''သူတို့ကို နေရာ ယူဖို့ သတ်မှတ် ပေး လိုက်တယ်'' ''မှောင်နေ ဆဲ ပါပဲ။ နောက် နည်းနည်း လင်း လာတော့ လားလား ရန်သူ့ အား မတ် ကားက လမ်းထိပ် ကနေ ဒီ တိုက် တည့်တည့် ဝင်လာဖို့ ဟန်ပြင် နေပြီ။ ရဲဘော် တွေကို တိုက်ပတ်ပတ် လည်မှာ ရှိတဲ့ ရေမြောင်း ထဲ နေရာ ယူခိုင်း တာ စိတ်မချ လို့ ''ဟေ့ ငါ့ကို ကြည့်'' ဆိုပြီး လမ်းလျှောက် ပြ နေရတယ်။ ဒီ အကြောင်း ကို တပ်ရင်း (၅) က အရာရှိ တွေနဲ့ ရဲဘော် တွေပဲ သိပါ တယ်။ ဒီ့ပြင် လူကို ကျွန်တော် ကတော့ မပြော မိတာ အမှန် ပါ။
ဒါပေမဲ့ ဒေါက်တာ မောင်မောင် ရေးတဲ့ ''မြန်မာ့ နိုင်ငံရေး ခရီး နှင့် ဗိုလ်ချုပ်ကြီး နေဝင်း'' စာအုပ် မှာ ပါ လာတယ်။ စာအုပ် မှာ ပါ လာ တာက တပ်ခွဲမှူး ဗိုလ်ကြီး မောင်လွင် ဒဏ်ရာ ရတယ်။ အကျ အဆုံး များလွန်း တဲ့ နေ့များ မှာ ရဲဘော်တွေ တက်ရန် အမိန့် ပေး သော်လည်း မတက် ချင် မတက် ကြ တော့ဘူး။ ဒါနှင့် ထွန်းတင် (ယခု ဗိုလ်မှူးကြီး၊ လေ့ကျင့်ရေးမှူး) က ထပြီး လမ်းလျှောက် ပြ ရတယ်။ ကျည်ဆန် တွေက သူ့နား တဝီဝီ နှင့် တစ်ချက်မှ မမှန် ဘူး။ သူက ''ကြည့်ပါကွ လူဆိုတာ သေနေ့ စေ့မှ သေတာ'' ဆိုပြီး ရဲဘော် တွေကို ရဲဆေး တင်တယ်။ ပြီးတော့ တက်ဖို့ အမိန့် ပေးတော့ တက်ကြ တယ် လို့ ဦးစီးချုပ် က သတိ တရ ပြောတယ် လို့ ရေးထား တယ်''
''ခု ... ရန်သူ့ အားမတ်ကား နှင့် ရင်ဆိုင် နေရပြီ။ ကျွန်တော့် နား မှာ စားဖိုမှူး ဗလကြီး နှင့် အုန်းမောင် ရှိတယ်။ ''ဟေ့ .. ငါ့ကို ဘရင်းဂန်း မြန်မြန် ယူ ပေးစမ်း'' ဆိုပြီး ဘရင်း နှင့် အော်လီကွန် ဂန်း နှင့် စပစ် နေတဲ့ ကရင် အား မတ်ကား ရဲ့ ဘီးကို ချိန်ပြီး တစ်ကတ် လုံး ဆွဲပစ် လိုက်တယ်။ ဗလ နှင့် အုန်းမောင် ကလည်း နှစ် လက်မ မော်တာ နှင့် ပစ်တယ်။ ကရင် အမျိုးသား ကျွန်တော် တို့ ဘက်က ဦးထွန်းရွှေကြီး ကလည်း ဘရင်းဂန်း နှင့် ကူပစ် ပေးတယ်။ ရန်သူ အပစ် ရပ်တန့် သွားတယ်။ မိုးမလင်း တလင်း ပေမယ့် ကောင်းကောင်း မြင် နေရပြီ။ ခြေကျင် တက် လာတဲ့ ရန်သူ တွေက စောဘင်ဆင်ခြံ ဘက် ဝင်ပြီး စီးနေ ကြ ပြီ။ ဒီ သံချပ်ကာ ကား ကတော့ ကျွန်တော်တို့ တပ်စွဲ ထားတဲ့ တိုက် ကို ဖြိုဖို့ ပဲ။ ကျွန်တော် တို့ ပစ်လို့ လမ်းထိပ် က ရန်သူ ပစ်သံ ရပ်သွား တော့ တပ်စိတ် တစ်စိတ် နှင့် တက်ကြည့် တော့ ရန်သူ က သံချပ်ကာ ကားမောင်း သမား ကို ဆင်းမပြေး နိုင်အောင် သံကြိုး နဲ့ ချည်ပြီး သော့ခတ် ထားတာ။
အဲဒီ ကရင် ရဲဘော် လည်း ကျသွား ပါပြီ။ အားမတ် ကားနောက် က ကပ်ပါ လာတဲ့ ဂျစ်ကား ပေါ်မှာ အော်လီ ကွန်ဂန်း နှင့် အလား တူ သော့ခတ် ထားတဲ့ ရန်သူ လည်း သေနေပြီ။ သူတို့ နောက် ရဲဘော် တွေက လိုက်တိုက် နေတယ်။ မိုးကောင်း ကောင်း လင်းသွား ပြီ။ သံချပ် ကာကား နှင့် အော်လီကွန် ဂျစ် ကို ''ထော်မဲပါ'' လို့ ရေးထား တယ်။ ရဲဘော် တွေက ကျွန်တော့် တိုက် ရှေ့ ဆွဲယူ လာတယ်။ သော့ခတ် ပြီး အရက် ကိုးမောင်း နဲ့ အရမ်းမူး အောင် တိုက်ပြီး အပိုင် လုပ်ခိုင်း တဲ့ သူတို့ အကြံ ကို တွေ့ရ တယ်''
ဒီအချိန် မှာ ရန်သူ က စောဘင် ဆင်ခြံ နှင့် ဘီအိုစီ ဓာတ်ဆီဆိုင် စီးနေ ပြီ။ အဲဒီမှာ မိမိတို့ ရှေ့တန်း ကွပ်ကဲ ရုံး ရှိတာ ကိုး။ သေနတ် စိန်ပြောင်း အော်တို မက်တစ် မရှင်း ဂန်း သံတွေ က ဆူညံ နေတာ။ လက်ပစ်ဗုံး သံ လည်း ကြား ရတယ်။ သဲဗျောက်
ကနေ စိန်ရောင်ခြည် ဗျောက် ကို ပေါက်ပေါက် လှော် ကြည့်ရင် ဒီ အသံမျိုး ကြား ရမှာပဲ။ ရှေ့တန်း မိမိ ဘက်က စစ်မျက်နှာ နှစ်နေရာ သုံးနေရာ ပေါက် သွားပြီ။ စီး နေပြီ တဲ့။ တပ်ရင်း (၁) က ဗိုလ်ကြီး ကြည်သိန်း (နောင်တွင် ဗိုလ်မှူးကြီး) ရယ်။ တပ်ရင်း (၅) က ဗိုလ်မျိုးဝင်း ရယ်က ပေါင်းပြီး မီးရထား ဦးဘစိန် နှင့် ရာကျော် ဘုန်းကြီး ကျောင်းကြား မှာ နေရာယူ ထားကြ တယ်။ ရန်သူ က သူတို့ ကျော်သွား ပေမယ့် သူတို့က မဆုတ် ဘူး။ သူတို့ ကြည့် ရတာ ခပ်အေးအေး ပဲ။ မကြောက် လို့ လား။ မထူး တော့ဘူး လို့ သဘော ထား သလား မသိဘူး''
''သူတို့ကို အခြေ အနေ မေးတော့ ဘုန်းကြီး ကျောင်း ထဲမှာ ရန်သူတွေ ရှိတယ်။ အများကြီး ပဲ။ ရန်သူ က ပစ်တော့ မပစ်ဘူး။ ဒါပေမဲ့ လက်နက်ချ ဖို့ ချည်း အော်ပြော နေတယ် တဲ့။ ကျွန်တော် လည်း သူတို့ နှစ်ယောက်နဲ့ တိုးတိုး တိုင်ပင်ပြီး ရဲဘော် တွေ ကို လှံစွပ် တပ်ခိုင်း လိုက်တယ်။ ကျွန်တော် တို့ နားမှာ ရှိတဲ့ အရပ်သား အချို့ ကို လက်နက် ချမယ် လို့ အော်ပြော ခိုင်း တယ်။ သူတို့ ကလည်း ကျွန်တော် ခိုင်း သလို အော်ကြတော့ ဘုန်းကြီး ကျောင်း ထဲက ရန်သူ တွေက ဝမ်းသာ အားရ စုပြုံ ပြီး နံရံ ကိုကျော် တက်ထွက် လာကြ တာနဲ့ ကျွန်တော် က အသင့်ပြင် ထားတဲ့ ရဲဘော် တွေကို လှံစွပ် တက်ထိုး ဖို့ အမိန့် ပေးပြီး ကိုယ်တိုင် ဗိုလ်မျိုးဝင်း တို့ပါ ခေါင်းဆောင် ပြီး တိုက်တယ်။ ရန်သူ တွေ အတုံး အရုံး ကျပြီး အချို့လည်း အသက် ဘေးက လွတ်အောင် အတင်း ထွက်ပြေး ကြ တယ်။ ရန်သူ ကို နိုင် လိုက် ပါပြီ။''
''ဒီအချိန် မှာပဲ တပ်ရင်းမှူး က လွှတ်လိုက် လို့ ဆိုပြီး မော်တော်ယာဉ် က မောင်မြင့်လေး အားမတ် တစ်စီး မောင်းပြီး ရောက် လာ တယ်။ ''ဗိုလ်ကြီး ကျွန်တော် ရောက်ပြီ''တဲ့ ''ဟေ့ ဘာ လက်နက် ပါလဲ'' ဆိုပြီး ဆာဂျင် ထွန်းနောင် ကို ကား ထဲဝင် ကြည့် ခိုင်းတော့ ''မောင်းပြန် စက် သေနတ် တစ်လက် တော့ ပါတယ်။ ဒါပေမဲ့ အရေး ထဲမှာ မောင်း တံ ပြုတ် နေတယ်။ ရှာလို့ မရဘူး'' တဲ့။ ကိစ္စ မရှိ ဘူးကွာ အဟန့် တော့ ရတာ ပေါ့။ ကိုင်း ... ထွန်းနောင် မင်း ဒီတိုက် က ရဲဘော် တွေ စုပြီး တပ်စိတ် တစ် စိတ် ပဲ ကာကွယ် ဖို့ ချန်ထား ခဲ့။ ငါနဲ့ အတူ ရှေ့တန်း ကို ပစ်တက် မယ်။ မောင်မြင့် မင်း က ... တပ်ရှေ့ က မောင်းပြီး တက်။ ငါက ကားပေါ် ကနေ ဘရင်း နဲ့ ပစ်မယ်။ ငအေး မင်း က ငါနဲ့ လိုက်ခဲ့။ ဘရင်းဂန်း ကျည်ကတ် တွေ ရသလောက် ယူခဲ့'' ဆိုပြီး အားမတ် ကား နှင့် ကျွန်တော် က ရှေ့က ထွန်းနောင် နှင့် ရဲဘော် တွေ က နောက်က ဝဲယာ ဘေး ပစ်ခတ် တက် တယ်။ မိုး ထိန်ထိန် လင်းပြီ။
ရန်သူ တွေ အရက် မူးပြေ တော့ မခုခံ တော့ဘဲ တစ်ကြိုး တည်း ဆုတ်ကြ တယ်။ ပြေးကြ တယ်။ ရှေ့တန်း ဆုတ် လာရ တဲ့ မိမိ ရဲ့စခန်း နေရာ ဟောင်း တွေ ပြန် ရတယ်။ ကျောပိုး အိတ် တွေ တချို့ လက်နက် တွေ ကို ဒီ အတိုင်း ပဲ ထားပစ် ခဲ့ကြ တယ်။ နံနက် ၈ နာရီ လောက် ရှိ သွားပြီ။ ရန်သူ ဟာ ရန်ကုန် ကို သိမ်းဖို့ အားမတ် ကားတွေ နဲ့ တက် လာတာ သမိုင်း လမ်းဆုံ တောင် ရောက်သွား တယ်လို့ ကြား ရတယ်။ ဒီလို ဆိုတော့ ကျွန်တော် တို့ တပ်ရင်း (၅) က ရန်သူ့ နောက်မှာ ကျွန်း ကလေး လို ကွက်ကွက် ကလေး ကျန်ရစ် တာပါ လား လို့ သိရ တော့ တယ်''
ဟုတ် ပါသည်။ ထိုနေ့ နံနက် ကေအင် ဒီအို တို့ ထိုး စစ်သည် သံချပ် ကာ ကား များကို ရှေ့တန်း တင်၍ တိုက်ခိုက် သဖြင့် အင်းစိန် - ရန်ကုန် ကား လမ်းပေါ် ရှိ မိမိ ၏ ရှေ့တန်း ကာကွယ် ရေး စည်း ကျိုးပေါက် သွားသည်။ စောဘင် ဆင်ခြံ ရှိ တပ်ရင်း ရှေ့တန်း ကွပ်ကဲ ရေး စခန်း လည်း ကျ သွားသည်။ ထို အချိန် ဘီအိုင် ဦးထွန်းရွှေ အိမ် ၌ နေရာ ယူထား သော တိုင်း စစ်ဌာန ချုပ် မှ အခြေ အနေ သိသိ ချင်း တပ်မှူးကြီး ကိုယ်တိုင် အသင့် ရှိသော ရေ တပ်မတော် မှ ဘိုဖာ အမြောက် ''တံမြက်စည်း'' ကို ကားလမ်း ပေါ် တင် စေပြီး ရန်သူ အား မတ်ကော်လံ အလာ ကို စောင့် အပစ် ခိုင်း သည်။ တံမြက် စည်း က ပစ်ရန် အသင့် ဖြစ်ဖြစ်ချင်း ပစ်ကွင်း သို့ ရန်သူ့ ကားများ ရောက်ရှိ လာ သဖြင့် ပစ်ခတ် တိုက်ခိုက် ရာ ကံအား လျော်စွာ ချက် ကောင်းမှန် ပြီး ရန်သူ အား မတ်ကား မီးလောင် ၍ ပျက် သည်။
ရှေ့ဆုံးမှ ရန်သူ့ အားမတ် ကား မောင်းသူ ကို အရက် မူးအောင် တိုက်ပြီး ခြေထောက် ကို သံကြိုး ချည် သော့ခတ် ထား သဖြင့် ဆင်း မပြေး နိုင်။ နေရာ တွင် ပွဲချင်း ပြီး သေဆုံး ရသည်။ ကာကွယ် ရေး ဝန်ကြီး ဌာန စစ်ရုံး ၌ ညအိပ် သော ဦးစီးချုပ် ကလည်း သတင်း ရရ ချင်း အရန် ထားသော ရေတပ် မှ ဗိုလ်ကြီး တော်မီရိုက် နှင့် ဘိုဖာ အမြောက် များ၊ ဗိုလ်ကြီး မောင်မောင်ကြီး ၏ အော်လီ ကွန်ဂန်း များ စေလွှတ် လိုက်သေး သည်။ ယင်း ကဲ့သို့ အားမတ် တွေ ထိမှန် ပြီး မတက် နိုင်တော့ သော်လည်း ခြေကျင် နှင့် ကား နှင့် ကေအင် ဒီအို တို့က ရန်ကုန် ချီတက် ရန် ကြိုးစား သေး သည်။ သို့သော် ကံဆိုး ချင်တော့ အင်းစိန် အဝင် ကြို့ကုန်း၊ ဘိုးတော် ရာကျော် ကျောင်း တွင် တပ်စွဲ ထားသော တပ်ရင်း (၅) ဗိုလ်ကြီး ထွန်းတင် ၏ တပ်ခွဲ ''ဂ'' က နောက် မဆုတ် ဘဲ ထီးထီး ကျန် နေသည်။ တပ်ရင်း (၁) တပ်ခွဲ လည်း ပူးပေါင်း မိ သည်။ ရန်သူ့ နောက် ကျွန်း ကလေး လို ကျန်နေ သော တပ်ရင်း (၅) က အင်းစိန် တိုက်ပွဲ ၌ သူရ ဘွဲ့ ချီးမြှင့် ခြင်း ခံရသည့် ဗိုလ်ကြီး ထွန်းတင် ကိုယ်တိုင် သတ္တိ ရှိရှိ နှင့် ဖြတ်ပြီး ထိုး စစ်ဆင် တိုက်ခိုက် တော့ သည်။
ရန်သူ့ နောက် ကျွန်းကလေး လို ကျန် နေသော တပ်ရင်း (၅) က အင်းစိန် တိုက်ပွဲ ၌ သူရ ဘွဲ့ ချီးမြှင့်ခြင်း ခံရ သည့် ဗိုလ်ကြီး ထွန်းတင် ကိုယ်တိုင် သတ္တိ ရှိရှိ နှင့် ဖြတ်ပြီး ထိုး စစ်ဆင် တိုက်ခိုက် တော့ သည်။ ရန်သူ သည် စစ်သဘော အရ နောက်ကြော မလုံမှု နှင့် နောက်ကြော ဓားနှင့် ထိုးမှု ကို အထူး ကြောက်ကြ ရ သည့် ထုံးတမ်း စဉ်လာ အရ တစ်ကြိုး တည်း ဆုတ်ရ လေတော့ သည်။
ဤ သည် ပင်လျှင် ကေအင် ဒီအို တို့၏ ရန်ကုန် အပြီး သိမ်းပိုက် ရေး၊ ရန်ကုန် အစိုးရ ဖြုတ်ချ ရေး၊ သူတို့ အစိုးရ ဖွဲ့ရေး ဟူသည့် ခေါင်းဆောင် စောဘ ဦးကြီး ကိုယ်တိုင် ငြိမ်းချမ်း ရေး သုံးရက် ရန်ကုန် သို့ သွားရောက် ဆွေးနွေးစဉ် က အစိုးရ အဖွဲ့ ဝန်ကြီး တွေ ဘယ်မှာ နေသည်၊ ဘယ်သူ့ ကို ဖမ်းရ မည်၊ ဘယ်သူ တွေ ဘယ်နေရာ မှာ ရှိသည် ဆိုသည့် သူတို့ ရေးဆွဲ ထားသော မဟာ စီမံကိန်း သည် ပျက်ပြား သွားရ ပါလေ တော့ သည်။
ယင်း သို့ဖြင့် ''မင်းဓမ္မ တောင်ကုန်း'' ပေါ်မှာ ကျည်ဆန် ပုံ ကျောက်တိုင် ကလေး ကတော့ တပ်မတော် သမိုင်း တစ်ကွေ့ ဝယ် ဖြစ်ပေါ် လာ ခဲ့သော လွတ်လပ် ရေး ဆုံးရှုံး လုလု အခြေ အနေ ဆိုးကြီး မှ မည်သို့ မည်ပုံ တပ်မတော် က ပါဝင် ခဲ့ရပုံ၊ ရဲဘော် တွေ ရဲ့ အသက် ပေါင်း များစွာ ဖြင့် စတေး ပြီး ကယ်တင် ခဲ့ရပုံ ကို ပြောပြ နေခြင်း ဖြစ်ပါ သတည်း။
''သြော် ရန်ကုန် အစိုးရ ခေတ်၊ အင်းစိန် ရယ်၊ တပ်ရင်း (၅) ရယ် ...'' ဟူ၍။

ဗိုလ်မှူးကြီး စောမြင့် (ငြိမ်း) ၊ မှုးသမိန်
တံမြက်စည်း အမည်ရ တပ်မတော် ရေ
မေး။ ။ အဲဒီတုန်းက ချင်းတပ်တွေက ပြည်ထောင်စုကို ကယ်တင်ခဲ့ကြတယ်ဆိုတာကော ဟုတ်သလား၊
ReplyDeleteဖြေ။ ။ အဲဒီတုန်းက ချင်း သေနတ်ကိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီးရှိတယ်၊ တကယ့် Active အဖြစ်ဆုံးပေါ့၊ အင်းစိန်တို့ စော်ဘွားကြီးကုန်းတို့ အဲဒီမှာ ကရင်တွေနဲ့ ချကြတာ၊ ဗိုလ်တိုက်ချွန်း တို့က ရွံ့ရွံ့ချွံချွံတိုက်ခဲ့ကြတယ်၊ ဗိုလ်မှူးကြီး ဟရန် ထီယိုလည်း ကျသွားတယ်၊ ကရင်တွေ က ရန်ကုန်ကို မသိမ်းနိုင်တော့တာပေါ့။ အဲဒါကို ဗမာသေနတ်ကိုင်တပ်ရင်းက အသေအချာ တိုက်ယူပြီး အုပ်ချုပ်ရေးကို ချင်းလက်ထက် အပ်ခဲ့တယ်လို့ ရုပ်ရှင်ရိုက်ကြတာ၊ ရုပ်ရှင်ပြ နေစဉ်မှာပဲ ချင်း ဗိုလ်မှူးတဦးက မဟုတ်တာတွေပြတယ် ဆိုပြီး မိုးပေါ်ထောင်သေနတ်ဖောက်တယ်၊ ဗိုလ်နေ၀င်း တောင်မှ အဖြစ်မှန်ကို မပြောရဲတော့ပဲ ရုပ်ရှင်ကို ပြန်ဖျက်သိမ်းခိုင်းတယ်၊ သမိုင်းကို ဗြောင်ညာကြ တယ်၊ လက်ငင်း အဖြစ်အပျက် တောင် ပြောင်းပြန် လှန်ပြောကြတယ်၊ လှိုင်မြစ်ကနေ အင်းစိန်ကို တက်လာတဲ့ ရဲဘော်ဖြူတွေကို ချင်းတပ်တွေက နှိမ်နင်းခဲ့ တယ်၊ ရန်ကုန်မြို့ကိုချင်းတပ်ကပဲ ကယ်ခဲ့တာပဲ၊ ကျတော် စဉ်းစားမရတာက ဘာဖြစ်လို့ ချင်းကိုသမိုင်းကနေဖျောက်ဖျက်ချင်ကြ တာလဲ၊
ခွေးတွေစာအရေးမှာ ဗမာကဘယ်အင်းစိန်းကိုကယ်တာ
လက်တွေမှာက ချင်းမရှိရင် ဗမာစစ်အစိုးရအခုချိန်ဆိုမရှိတောဘူ