KNU ဗဟို မာနယ် ပလော ၏ အဓိက ခံစစ် မှာ ယွန်း စလင်းချောင်း နှင့် သံလွင်
မြစ်ကြား အဓိက စစ်ဆင်ရေး နယ်မြေ ဖြစ်သော အမြင့် ပေ ၄၀၄၄ ပေ ရှိသည့်
တောင်ကုန်း တစ်ကုန်း ဖြစ်၏။ ခွေး ကလေး တစ်ကောင် အိပ်နေသော ပုံစံ ဖြစ်နေ ၍
ခွေး အိပ်တောင် ဟုလည်း ခေါ်သည်။ ကရင် လူမျိုး တို့ အလို ကား ထွီးဖားဝီကျိုး
ဟူတည်း။ အဓိက စစ် နယ်ဝှမ်း ကား မြောက်ဖက် ဖောထ (သံလွင် မြစ် နှင့်
ယွန်းစလင်း ချောင်းကြား) မှ တောင်ဘက် ထို မြစ် နှင့် ချောင်း တို့
ဆုံဆည်းရာ ထိ မိုင် ၂၀ ခန့် ၊ အရှေ့ ဘက် သံလွင်မြစ် မှ အနောက် ဖက်
ယွန်းစလင်း ချောင်းထိ ၁၀ မိုင် ကျော် ခန့် ဖြစ် သည်။
အပြင်ပန်း အားဖြင့် ကတုံး ပြောင်ပြောင် ဖြစ်နေသော ခွေး အိပ်တောင် သည် ကား အတွင်း တွင် မြေခွေး ကတုတ်ကျင်း များဖြင့် အတိ ပြီးကာ အမြောက် ကြီး ဒဏ် ခံနိုင် သော ကွန်ကရစ် ဘန်ကာ ကြီး ၆ လုံး က စစ်ထိုး သူများ အတွက် သေမင်း တမန် သဖွယ်။ ထို အိုဗာ ဟက်ကြီး များ တွင် ပစ်ပေါက် အရှင် တပ်ဆင် စဉ် က အနောက် ကမ္ဘာ မှ Mercenary အဲကြံပေး များ၏ ပူတတ် ရန်ကော ဟု အကြည့် များ ခံခဲ့ ရသေး သည်။ သူ တို့ ၏ အလို အတိုင်း သာ ဆိုလျှင် ဤမျှ ကျဉ်းမြောင်း သော ဤမျှ အကာ အကွယ် မဲ့သော ဤမျှ လျောစောက် သော မြေ နေရာ ကလေး မှ နေ၍ မည် ကဲ့သို့ သော သူသည် အပြေး တက်ကာ ဘန်ကာ ၏ ပစ်ပေါက် ကျဉ်းကလေး ဆီသို့ လက်ပစ်ဗုံး ပစ်ထည့် ၀ံ့ ပါ အံ့နည်း။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာ သိသော KNU တို့ သည် မချိ ပြုံးသာ ပြုံး၍ လုပ်ဆောင် သင့်သည် တို့ကို လုပ်ဆောင် မြဲ လုပ်ဆောင် ခဲ့ရ ပေသည်။ မြောက်ဘက်၊ အရှေ့ ဘက်၊ တောင်ဘက် တို့ တွင် မတ်စောက်သော ကျောက် ကမ်းပါးကြီး တို့ မှ သဘာဝ အတား အဆီး အဖြစ် ကြီးစွာ သော အထောက် အကူ ပေးထား ပြီး ဖြစ်သည့် အတွက် လည်း ကိုက် ၃၀၀ ခန့် လျောဆင်း သွားသည့် အနောက် မြောက် ဘက်မှ တောင်စွယ် သည် သာ စစ်ထိုး သူများ အတွက် ရွေးချယ် စရာ ရှိတော့ သည်။ ထို့ ပြင် တ၀ ထိုတောင်စွယ် လေး ရှိ ကျောက်ဆောင် ကျောက်တုံး များ ကလည်း တစ်ရှိန် ထိုး ပြေးတက်ခြင်း အား အဟန့် အတား ဖြစ်စေပြီး စစ်ထိုး သူများ ကို အကြိမ်ကြိမ် သွေးမြေ ကျ အရိုး မြေခ လန်ကျ စေခဲ့ လေသည်။
ရှေ့တန်း တပ်မ (၆၆) ဌာနချုပ်၊ နည်းဗျူ ဟာ (၃) ခု၊ ကွပ်ကဲမှု အောက် တပ်ရင်း (၁၀) ရင်း နှင့် ကွန်မင်ဒို တပ်ခွဲ တစ်ခွဲ သည် ယွန်းစလင်း ချောင်း အရှေ့ဖက် ကမ်း သို့ ခြေချ လိုက်သည် နှင့် KNU ဒေသခံ ခရိုင် ပြောက်ကျား တပ်ဖွဲ့ များ ၏ အဆင့်ဆင့် သော ခုခံမှု ကို ပြင်းထန်စွာ ကြုံ ရ တော့သည်။ KNU တို့ သည် တပ်မ ၆၆ ၏ စစ်အင်္ဂါစဉ် အသစ် ကို အလွတ်ရ နေကြ သည့် ပြင် မာနယ် ပလော ဌာနချုပ် ကပေါ လူ ရပ်ကွက် ရှိ ဗျူ ဟာရုံး (ဗျူ ဟာမှူး မှာ ဗမက လောဝါးဒီ) တွင် ထွီးဖား ၀ီကျိုး စစ်နယ်ဝှမ်း သဲ မြေပုံ ကြီး အား တိကျ စွာ ခင်းကျင်း ထားပြီး ကြားဖြတ် ဌာန တာဝန်ခံ ဗိုလ်သူလိုင် က နေ့စဉ် ပင် တပ်မတော် စစ်ကြောင်း များ၏ လမ်းကြောင်း များ၊ တပ်အမျိုး အစား၊ အင်အား တို့ကို ရှင်းလင်း တင်ပြ ရသည်။ ဗမက လောဝါးဒီ မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး များ အား ခွင် (ဂွင်) သတ်မှတ် ပေးသည်။ ခွေး အိပ်တောင် တွင် ယခင် က တပ်မဟာ (၇) အင်အား စုများ သာ အဓိက တာဝန် ယူ ခဲ့သော်လည်း ၁၉၉၁ ခုနှစ် နှစ်ကုန် ပိုင်း မှ စ၍ တပ်မဟာ(၂)၊ (၃) နှင့် DAB တပ်ဖွဲ့ များ ကိုပါ အင်အား ဖြည့်ပေး ခဲ့လေ သည်။ ထိုသို့ သက်ရှိ အင်အား များ အပြင် ခံစစ်ကြီး တစ်ခု လုံး ကို ကောင်းသည် ထက် ကောင်းအောင် မွမ်းမံ ရင်း ၁၉၉၂ ခုနှစ် ဇန်န၀ါရီ လ ၀ယ် အလွန် ပြည့်စုံ သော ခံစစ် ကြီး အဖြစ် ရောက်ရှိ လာခဲ့ ချေ ပြီ။ ထိုအချိန် တွင် တပ်မ (၆၆) သည် လည်း မြေ ကိုက် ၁၀၀ မျှ သိမ်းပိုက် ရရှိ စေရေး အတွက် တစ်နေကုန် တစ်နေခန်း အသက် ပေါင်း များစွာ ပေး၍ တိုက်ခိုက် ကာ ယွန်းစလင်း ချောင်း အရှေ့ ဘက် ဒေါမွဲ နော်တရာ တို့ အား လက် ၀ယ် ပိုင်ပိုင် ရရှိပြီး သာလွန် ဟူသော ရှေ့တန်း စစ်ဆင်ရေး ကွပ်ကဲမှု စခန်း ကြီး ဖွင့်လှစ် ပြီး ဖြစ်လေ သည်။
၁၉၉၂ ဇန်န၀ါရီ ၉ ရက်နေ့ တွင် ကား အမှတ် (၁၀၈) ခြေမြန် တပ်ရင်း သည် ပွိုင့် ၄၀၄၄ ၏ အနောက် ကြော မှ စိုးမိုး တောင်ကုန်း အား အလစ် အငိုက် ရယူ ကာ သိမ်းပိုက် နိုင်ခဲ့ သည်။ အဓိက ခံစစ်ကြီး နှင့် အနီးစပ် ဆုံး နေရာ အား ဦးဆုံး လက်လွှတ် လိုက်ရ သည့် အတွက် များ စွာ အခဲ မကျေ ဖြစ်ပြီး တောင်ကြော များ အတိုင်း တောင် နှင့် မြောက် ၂ ဖက် ညှပ် ၍ နာရီ ၂၀ ကြာ ပြင်းထန် စွာ ပြန်လည် တိုက်ခိုက် သော်လည်း ခမရ (၁၀၈) က အောင်မြင် စွာ တွန်းလှန် နိုင်ခဲ့ သည်။ နောက်ပိုင်း စစ်ကူ များ ရောက်လာ ခဲ့ပြီး KNU တို့ လက်လျော့ သွားခဲ့ သည်။ နောင် အခါ ထို တောင် ကုန်း အား ၁၀၈ ကုန်း ဟု အမည် တွင် စေခဲ့ လေသည်။
၁၉၉၂ ခုနှစ်၏ မတ်လ ၁၄ ရက်နေ့ကား မြန်မာ့ တပ်မတော် စစ် သမိုင်း တွင် သမိုင်း ၀င်နေ့ တစ်နေ့ ပင်တည်း။ အမှတ် ၆၆ ခြေမြန် တပ်မ ဌာနချုပ် ၏ ၃ လ ကျော် ၄ လ တွင်း ချဉ်းခဲ့ ရသည့် ရည်မှန်း ချက် တာဝန် တစ်ခု ပြည့်မြောက် ခြင်းလည်း ဖြစ်ချေ ၏။ ထိုနေ့ ထို ဇာတ်လမ်း မစမီ မတ် ၁၃ ရက် သန်းခေါင် ကျော် ချိန်တွင် အမှတ် (၁၀) ခြေမြန် တပ်ရင်း မှ တပ်ကြပ်ကြီး အားဖန် ၏ အသေခံ လက်ရွေးစင် တပ်စု ၀င် စစ်သည် (၂၀) တို့ ရန်သူ့ ဘန်ကာ အနီး သို့ တရွေ့ရွေ့ချဉ်းကပ် ပြီး သတ်ကွင်း အရှေ့ဘက် ရှိ မြက်ခြောက် များ အား ဘန်ကာ ဘက်သို့ တွန်းတင် ရင်း မီးရှို့ရန် အသင့်ပြင် စောင့်ဆိုင်း နေကြ သည်။ တပ်ကြပ်ကြီး အားဖန် နှင့် တပ်ကြပ် မြင့်သိန်း တို့ ၂ ဦး အမှောင်ထု အောက်တွင် ရန်သူ့ ဘန်ကာ ဆီ သို့ မိချောင်း တွားတွား တက်ရင်း အခြေ အနေ ကြည့်ခဲ့ ကြသည်။ အောင်မြင် စွာ ထောက်လှမ်း နိုင်ခဲ့ ပြီး သူတို့ ၏ ပစ်ကျင်း များသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး နောက် သတ်ကွင်း ရှိ မြက်ခြောက် များ ကို မီးရှို့ ပြီး မိမိ ပစ်ကျင်း နှင့် ရန်သူ့ ဘန်ကာ ကြား ချေမှုန်းရေး လမ်း ကို ရှင်းလင်း လိုက်ကြ ရာ အတား အဆီး များ မိုင်းများ ညှောင့်ကျင်း များ မီးလောင် သွားကြ လေတော့ သည်။ အရုဏ် မတက်ခင် တော့ သူတို့ အားမွေး ချိန် ရပေ ဦးမည်။
တပ်ကြပ်ကြီး အားဖန် ဦးစီး အသေခံ တပ်စု က တတိယ ဘန်ကာ ကို ၀င်လုံး ရမည် ဖြစ်သည်။ သူ၏ နောက် မှ ဗိုလ် အေးချို ၏ တပ်ခွဲ (၃)။ နောက် ရံ တပ်ခွဲ (၂) ဗိုလ်ကြီး သန်းအောင်။ သူ တို့ က ဗိုလ်မှူး စိုးတင့် ၏ စစ်ကြောင်း (၂) မှ ဖြစ်သည်။ စစ်ကြောင်း (၁) ဘက် တွင်လည်း အဓိက မျက်နှာ စာ မှ တိုက် မည့် ဗိုလ် ခွာ လျှံမန်း နှင့် တပ်ကြပ် ရဲအောင် တို့၏ စစ်သည် (၁၅) ဦးပါ အသေခံ တပ်စု က ရှေ့ဆုံး မှ ဗိုလ် နိုင်လင်းသိန်း ၏ တပ်ခွဲ (၅) က ဒုတိယ ဆင့်။ ထို့နောက် မှ ဗိုလ် လှထွန်းသန်း ၏ တပ်ခွဲ (၁) နှင့် စစ်ကြောင်း (၁) ကို တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး အောင်နိုင်ထွန်း က ဦးစီး ပြီး အသင့် စောင့်ဆိုင်း နေကြ လေသည်။ အနောက် ဖက် စစ်မျက်နှာ စာ တွင်လည်း မတ်လ ၁၂ ရက်နေ့ ကပင် အမှတ် (၈၀) ခြေလျင် တပ်ရင်း အား အမှတ် (၄) ခြေမြန် တပ်ရင်း နှင့် လဲလှယ် လိုက်ပြီး ဖြစ်သည်။ မတ်လ ၁၃ ရက် ည တွင်မူ အမှတ် (၄) ခြေမြန် တပ်ရင်း ၏ တပ်ခွဲ (၂) သည် ဗိုလ် လှမင်း ဦးစီးပြီး ရန်သူ့ ပင်မ ကုန်း အခြေ တွင် အသင့် စောင့်ဆိုင်း နေကြ လေပြီ။ တပ်စိတ် (၂) စိတ် ကို ၁၀ ယောက် စီ စုဖွဲ့ ပြီး တပ်စု မှူး အဖြစ် ဗိုလ် ထင်ကျော်မိုး က ဦးစီး သည်။ ရှေ့ဆုံး မှ တပ်သား စောမြင့် တပ်သား ကျော်ခိုင် တပ်သား ညီညီဇော် ဒုတပ်ကြပ် မြတ်ကို တပ်ကြပ် ကြီး တင်မောင်ဝင်း တို့ (၁၀) ဦး နှင့် အတူ ဗိုလ် ထင်ကျော်မိုး လိုက်ပါ ကွပ်ကဲ သည်။ ၉၂ မတ်လ ၁၄ ရက် ၀၄၀၀ နာရီတွင် ခမရ (၄) သည် ခွေးအိပ် တောင် ပင်မ ကုန်း သို့ စတင် ချဉ်းကပ် ရာ ၀၄၃၀ နာရီ ၌ ရန်သူ သိမြင် သွားပြီး ထိတွေ့မှု ပြင်းထန် စွာ ဖြစ်ပွား ခဲ့သည်။ ၀၅၀၀ နာရီ တွင်မူ ပွိုင့် ၃၈၀၈ တောင်ကုန်း မှ လက်နက် ကြီး များ ခွေးအိပ် တောင်ကုန်း ဆီသို့ မိုးသီး မိုးပေါက် များ ပမာ ကျရောက် ပေါက်ကွဲ ခြင်း ဖြင့် ခွေးအိပ် တောင် တိုက်ပွဲ နိဂုံး ကို နိဒါန်း ပျိုးခဲ့ လေတော့ သည်။
ခမရ (၁၀) အသေခံ တပ်စု မှ တပ်ကြပ် ရဲအောင် တပ်ကြပ် သန်းဌေး တပ်ကြပ် ဌေးဝင်း တို့ သုံးဦး ကာဘိုင် ကို ကျောတွင် ကိုယ်စီ လွယ်လျက် လက် နှစ်ဖက် က ပင်ဖြုတ် ပြီးသား လက်ပစ် ဗုံး ၂ လုံး စီ ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ကာ အပြေး တက်ရန် အသင့် အနေ အထား ဖြင့် စောင့်နေ ကြ သလို ကျန် ရဲဘော် များ ကလည်း ပစ်တက် တက်ရန် ကျည် အပြည့် နှင့် အသင့်။ ခမရ (၁၀) စစ်ကြောင်း (၂) အသေခံ တပ်စု မှ တပ်ကြပ်ကြီး အားဖန် တပ်စု ကလည်း လက်နက်ကြီး ပစ်ကူ အောက် တွင် ကျားသစ် တွား တွား တက် ချဉ်းကပ် နေ၏။
၀၆၀၀ နာရီ လက်နက်ကြီး ပစ်ကူ ရပ်သွား သည် နှင့် ပေ ၅၀ အကျယ် သတ်ကွင်း ကို တရကြမ်း ပစ်ဖြတ် ဖြတ်ပြီး ရန်သူ့ ဘန်ကာ ပစ်ပေါက် တွင်း သို့ အချိန် ကိုက် လက်ပစ်ဗုံး များ ပစ်သွင်း နိုင် လိုက်ကြ သည်။ ပစ်မှတ် ဘန်ကာ များ ကို ၂ ဖွဲ့ စလုံး အောင်မြင် စွာ သိမ်းပိုက် နိုင်ခဲ့ ကြ သော် လည်း ဗိုလ် ခွာလျှံမန်း နှင့် တပ်ကြပ် ရဲအောင် တို့ တပ်စု မှ စစ်သည် (၄) ဦး ကျ၊ တစ်ဦး ဒဏ်ရာ ရပြီး တပ်ကြပ်ကြီး အားဖန် တို့ ဘက်မှ လည်း တပ်ကြပ်ကြီး အားဖန် ကိုယ်တိုင် နှင့် အများ အပြား ဒဏ်ရာ ရရှိ ခဲ့ကြ သည်။ ၀၈၃၀ နာရီခန့် တွင် ပထမ ပွိုင့်ကုန်း ကို ရရှိ ခဲ့ခြင်း ဖြစ်သည်။ ထို့ နောက် ထို ကုန်း တွင်ပင် ချက်ခြင်း နိုင်ငံတော် အလံ ကို လွှင့်ထူ ခဲ့သည်။ ထို အောင်လံ ကို မြင် ရပြီး ခမရ (၄) ဗိုလ် လှမင်း တပ်ခွဲ မှ အသေခံ တပ်စု သည် ၀၉၀၀ နာရီ တွင် ပင်မ ကုန်း နှင့် ကိုက် ၂၀ ခန့်သာ ကွာဝေး သော ဆက်သွယ် ရေး မြောင်း တစ်ခု ကို သိမ်းပိုက် နိုင်ခဲ့ ပြန် သည်။ သူ့ ကျည် ကိုယ့်ကျည် မခွဲ နိုင်တော့ သည့် အခြေ အနေ တွင် ရောက်ရှိ နေရာ တွင် ခြေကုပ် ယူကာ ဆက်လက် တိုက်ပွဲ ၀င်ခဲ့ ရသည်။
ထိုစဉ် မှာပင် ခွဲမှူး ဗိုလ် လှမင်း ၏ ဘယ်ဘက် ပေါင် ဆီးစပ် ကို လက်နက်ငယ် ကျည်မှန် ပြီး ကျန် ခဲ့ သည်။ ပင်မ ကုန်း ကို ၁၁၀၀ နာရီ ကျော်ခန့် တွင် သိမ်းပိုက် နိုင်ခဲ့ လေသည်။ ဗိုလ် ခွာလျှံမန်း သည်လည်း ဘောင်းဘီ ဂွကြား သို့ လက်နက် ကြီး စ ထိမှန် ခဲ့သော် ငြား ယခင် Cut Out အမိခံ ခဲ့ရစဉ် က ရိက္ခာ ပြတ်ပြီး ပိန်နေ သဖြင့် ဘောင်းဘီ ခွ ချောင်ပြီး လျောကျ နေခြင်း ကြောင့် အန္တရာယ် ဆိုး မှ လွတ်ကင်း ခဲ့ရသည်။ ဘောနော်လေ တောင်ပေါ် သို့ နေကျော် ချိန်တွင် မတော့ ခွေးအိပ် တောင် ပေါ်ဝယ် ထူထဲ လှသော မီးခိုး လုံးများ ကြား ပြေးသူ လိုက်သူ ရောထွေး ကုန်ပြီ ဖြစ် သည်။ သူ့ လူ ကိုယ့်လူ သူ့ ကျည် ကိုယ့် ကျည် မခွဲခြား နိုင်တော့။ သို့သော် ပစ်ကူ ပေးနေသော လက်နက်ကြီး အဖွဲ့ မှ တိုက်ပွဲဝင် တပ်ခွဲ နှင့် အတူ ပါသွား သော အလံ တော် ကို မြင်လိုက် ရသည် နှင့် တောင်ကို ကျော် ပစ်တော့ သည်။ ချေမှုန်း ရေး အသေခံ တပ်စု ၂ စု သည် အိုဗာ ဟက် များ ကြား လက်ပစ်ဗုံး များ ပစ်သွင်း ရင်း ဆက်သွယ် ရေး မြောင်း တစ်နေရာ တွင် ပေါင်းစည်း မိကြ ကာ အလောင်း ဘုရား ၏ စေတီ ပျက် ကလေး ဆီသို့ ထိုးတက် ချေမှုန်း လျက်။
၁၀၀၀ နာရီ မထိုး ခင် တွင် ပင် အလောင်း ဘုရား ကောင်းမှု ဖြစ်သော စေတီ ပျက် ကလေး ကို သိမ်းပိုက် မိကြ လေသည်။ ရှေ့ဆုံး မှ ရောက်သွား သော ဆရာ ရဲအောင် က ပစ်မ၀ သေး သလို ကာဘိုင် သေနတ် ကို မိုးပေါ် ထောင် ဖေါက်ရင်း တပ်မတော် ကွ အောင်ပြီ ကွ ဟု အားရ ပါးရ ကြွေး ကြော် နေသည်။ ဗိုလ်မှူး 2IC က အလံ စိုက် ပေးကွာ ဟု အလံ ပို့ လာ၍ အလံစိုက် ရန် ပြင်ဆင် သည်။ ဘုရား ငုတ်တို ပေါ် တွင် ဖြစ် ၍ အလံ ကို ခဲရာ ခဲဆစ် စိုက်ထူ လိုက်နိုင် စဉ် မှာပင် မလှမ်း မကမ်းမှ နောက်ဆုံး ကျန်ခဲ့ သော ရန်သူ က RPJ ဖြင့် ပစ်လိုက် ရာ ဆရာ ရဲအောင် ၏ ဘယ်ဘက် နားထင် အပါ အ၀င် ဘယ်ဘက် ကိုယ် တစ်ခြမ်းလုံး ဗုံးစ များ ထိမှန် ခဲ့ရ သည်။ သို့သော် လွှင့်ထူ ထားပြီး သော အလံ တိုင် မလဲ သွားစေ ရန် အားတင်း ထိန်းကိုင် ရင်း အလံ တိုင် ကို ဖက်တွယ် လျက် တဖြည်းဖြည်း ဒူးထောက် ကျ သွားလေ တော့ သည်။ အောင်လံတော် ကား တလူလူ လွင့်ထူ လျက်။
မှတ်ချက် ။ ။ ခမရ (၁၀) တွင် ထို တိုက်ပွဲ တစ်ပွဲ တည်း ၌ ကျဆုံး သူ ၁၆ ဦး ရှိ ခဲ့ပြီး များစွာ ဒဏ်ရာ ရခဲ့ ကြပါသည်။
လူ့ဘ၀ အတွက် တန်ဖိုး အထား ကြဆုံး သော အရာ ဖြစ်သည့် အသက် ခန္ဓာ ကို စိုးစိ မျှပင် မခင်တွယ် ပဲ စွန့်လွှတ် စွန့်စား ခဲ့ကြ သူ တပ်မတော် သား ဇာနည် စစ်သည် တော် အပေါင်း အား .... အလေး .... ပြု။
Myanmar Military Literature
No comments:
Post a Comment