အမည်ဆန်း
“စဗန်း” နှင့် “စဗေး” အမွှာ ညီနောင် အား ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး မကြာမှီ အချိန် တွင် ဗမာ့ ရေ တပ်မတော် မှ ပြုစု ခဲ့သည်။ အမှန် တော့ ထို ညီနောင် မှာ၊ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေး ဌာန တွင် မီးရှူး သန့်စင် ဖွားမြင် ခဲ့သည်။ လွတ်လပ်ရေး ၏ ရန်ဆူး ရန်ညှောင့် ပြည်တွင်း မောင် သောင်းကျန်း တို့အား နှိမ်နင်း ရန် သူရဲကောင်း များ လိုလာ သည့် အခါ တွင်၊ သူတို့ ညီနောင် အား ရှာဖွေ တွေ့ရှိ ခဲ့သည်။ “စဗေး” ခမြာ မှာတော့ မသမာ သူ အတွင်း ရန်ကြောင့် တိုင်းပြည် အတွက် အင်ပြည့် အားပြည့် မထမ်း ဆောင် နိုင်မှီ ရေနစ် ၍ ဆုံးရှုံး ရရှာ သည်။
အမည် ဆန်း သည့် “စဗန်း” ကတော့ ခပ် ကြမ်းကြမ်း ခပ်ရမ်းရမ်း ပင်၊ ရန်သူ များ အား ထို အချိန် မှ စ၍ ယခု ထက်တိုင် နှိမ်နင်း လျက် ရှိသည်။ စဗန်း ၏ သင်းရနံ့ သည်၊ မြစ်ဝကျွန်းပေါ် တ၀ိုက် နှင့် ဧရာဝတီ မြစ် တလျောက် တွင် ဖုံးလွှမ်း ခဲ့သည်။ အပျို၊ အအို၊ လူငယ် လူကြီး ခလေး မှ စ၍ သာသနာ့ ဘောင်ဝင် ရဟန်း ရှင် များပင်၊ စဗန်း အား မြင်ဖူး ကြ သည်။ စဗန်း မရောက် ဖူးသော ဒေသ များ ကမူ ဋီကာ ချဲ့၍ ထားသည့် သတင်း စာများ ကြောင့် စဗန်း ၏ သတင်း ကို ဖတ်ရှူ ခဲ့ကြ ရ သည်။ စဗန်း ရောက် လျှင် မြို့တိုင်း မြို့တိုင်း မှ၊ မြို့သူ မြို့သား များ အိပ်ရေး ၀ ခဲ့သည်။ ကမ်းညွှတ် မျှ ကြိုဆို ခဲ့သည်။ အမြဲ တန်း နေရန် တောင်းပန် ခဲ့ကြ သည်။ စဗန်း ထွက် သွားမည် ကို စိုးရိမ် ခဲ့ကြ သည်။ စဗန်း နေ လို့တော့ ဘယ်လောက် နေနေ စိတ် ကြည်စွာ လက်ခံ ပါသည် ဟု ပြောခဲ့ ကြသည်။ အမြဲ နေရန် လည်း တောင်းပန် ခဲ့ကြ သည်။ စဗန်း အလာ ကို မျှော်ခဲ့ ကြ သည်။ ဒီ မြို့ ဒီမြို့ တွေက တောင့်တ သလောက် လဲ စဗန်း က ကူညီ ခဲ့သည်။ ကယ်တင် ခဲ့သည်။ စိတ်ချ လက်ချ နေနိုင် အောင် ဖန်တီး ခဲ့ပေ သည်။ အမည် ဆန်း သလောက် ရန်သူ အား နှိမ်နင်း ရာ တွင် ကြမ်း ခဲ့သည်။ အမည် ဆန်း သလောက် အဖြစ် တွေ ကလည်း ဆန်းခဲ့ ချေ သည်။
“စဗန်း” နှင့် “စဗေး” အမွှာ ညီနောင် အား ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး မကြာမှီ အချိန် တွင် ဗမာ့ ရေ တပ်မတော် မှ ပြုစု ခဲ့သည်။ အမှန် တော့ ထို ညီနောင် မှာ၊ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေး ဌာန တွင် မီးရှူး သန့်စင် ဖွားမြင် ခဲ့သည်။ လွတ်လပ်ရေး ၏ ရန်ဆူး ရန်ညှောင့် ပြည်တွင်း မောင် သောင်းကျန်း တို့အား နှိမ်နင်း ရန် သူရဲကောင်း များ လိုလာ သည့် အခါ တွင်၊ သူတို့ ညီနောင် အား ရှာဖွေ တွေ့ရှိ ခဲ့သည်။ “စဗေး” ခမြာ မှာတော့ မသမာ သူ အတွင်း ရန်ကြောင့် တိုင်းပြည် အတွက် အင်ပြည့် အားပြည့် မထမ်း ဆောင် နိုင်မှီ ရေနစ် ၍ ဆုံးရှုံး ရရှာ သည်။
အမည် ဆန်း သည့် “စဗန်း” ကတော့ ခပ် ကြမ်းကြမ်း ခပ်ရမ်းရမ်း ပင်၊ ရန်သူ များ အား ထို အချိန် မှ စ၍ ယခု ထက်တိုင် နှိမ်နင်း လျက် ရှိသည်။ စဗန်း ၏ သင်းရနံ့ သည်၊ မြစ်ဝကျွန်းပေါ် တ၀ိုက် နှင့် ဧရာဝတီ မြစ် တလျောက် တွင် ဖုံးလွှမ်း ခဲ့သည်။ အပျို၊ အအို၊ လူငယ် လူကြီး ခလေး မှ စ၍ သာသနာ့ ဘောင်ဝင် ရဟန်း ရှင် များပင်၊ စဗန်း အား မြင်ဖူး ကြ သည်။ စဗန်း မရောက် ဖူးသော ဒေသ များ ကမူ ဋီကာ ချဲ့၍ ထားသည့် သတင်း စာများ ကြောင့် စဗန်း ၏ သတင်း ကို ဖတ်ရှူ ခဲ့ကြ ရ သည်။ စဗန်း ရောက် လျှင် မြို့တိုင်း မြို့တိုင်း မှ၊ မြို့သူ မြို့သား များ အိပ်ရေး ၀ ခဲ့သည်။ ကမ်းညွှတ် မျှ ကြိုဆို ခဲ့သည်။ အမြဲ တန်း နေရန် တောင်းပန် ခဲ့ကြ သည်။ စဗန်း ထွက် သွားမည် ကို စိုးရိမ် ခဲ့ကြ သည်။ စဗန်း နေ လို့တော့ ဘယ်လောက် နေနေ စိတ် ကြည်စွာ လက်ခံ ပါသည် ဟု ပြောခဲ့ ကြသည်။ အမြဲ နေရန် လည်း တောင်းပန် ခဲ့ကြ သည်။ စဗန်း အလာ ကို မျှော်ခဲ့ ကြ သည်။ ဒီ မြို့ ဒီမြို့ တွေက တောင့်တ သလောက် လဲ စဗန်း က ကူညီ ခဲ့သည်။ ကယ်တင် ခဲ့သည်။ စိတ်ချ လက်ချ နေနိုင် အောင် ဖန်တီး ခဲ့ပေ သည်။ အမည် ဆန်း သလောက် ရန်သူ အား နှိမ်နင်း ရာ တွင် ကြမ်း ခဲ့သည်။ အမည် ဆန်း သလောက် အဖြစ် တွေ ကလည်း ဆန်းခဲ့ ချေ သည်။
စဗန်း မှာ လူထဲက လူမျှ ပင် ဖြစ်သည်။ စစ် ၀တ်စုံ ကို ၀တ်လျှက် လက်နက် စွဲ ကိုင်ကာ တိုင်းပြည် ရန် ကို နှိမ်နင်း နေသော စစ်သား များ သည်၊ လူထဲ က လူဘဲ မဟုတ် ပါလား။ စဗန်း ခမြာ လည်း၊ စစ် ၀တ်စုံ ကိုဝတ် လျှက် လက်နက် စွဲကာ တိုင်းပြည် ၏ ရန် ကို နှိမ်နင်း လျှက် ရှိသည်။ ဒါကြောင့် လည်း သူ့အား ခရီး သည် တင် မီးသင်္ဘော ဘ၀ မှ “မြစ်တွင်း တိုက် ရေယဉ် စဗန်း” ဟု ကင်ပွန်း တပ်ထား ခြင်း ခံ ရပေသည်။ အလျား ၁၀၂ ပေ၊ အနံ ၂၄ - ပေ၊ ရေစူး - ၅ ပေ ရှိ၏၊ တနေရာ မှ တနေရာ သို့ တနာရီ ရေမိုင်- ၁၀ မိုင်နှုန်း နှင့် သွားလာ နိုင်ရန် မြင်းကောင် ရေ ၁၆၀ - အား ရှိ ကရော့ စလေ အင်ဂျင် တပ်ထား သည်။ သူ မော်ကြွား နိုင်တာ က တော့ သူ့တွင် တပ်ဆင် ပေးထား သည့် အော်လီကွန် စက် အမြောက် များ၊ စက် သေနတ် များ၊ မော်တာ များ နှင့် အခြား လက်နက် များကြောင့် သာလျှင် ဖြစ်ခဲ့၏။ ကြွားလည်း ကြွား၊ မော်လည်း မော် နိုင်ခဲ့ ပေ သည်။ သူ့အား နေသား တကျ အသုံး ချလျှက် ရှိသော အရာရှိ ၃ - ဦး နှင့် ရဲဘော် ၃၀ - ကျော် တို့မှာ လည်း သင်တန်း နှင့် ကိုယ်တွေ့ ပညာ များ မှ စ၍၊ သတ္တိ၊ ဗျတ္တိ၊ ဉာဏ၊ ကာယ ဗလ တို့အပြင် လျှင်မြန် ဖြတ်လပ် မှု နှင့် လည်း ပြည့်စုံ လျှက် ရှိသော ကြောင့် သာ၊ ဤမျှ ကြွား နိုင်ခဲ့ ပေသည်။ မော်နိုင် ခဲ့ပေ သည်။
၁၉၄၈ ခုနှစ် မှ စ ၍၊ စဗန်း သည် တာဝန် ကြေပြွန် စွာ ထမ်းရွက် ခဲ့သည်။ တဗိုလ် ဆင်း၍ တဗိုလ် သာ တက်သည်၊ ရဲဘော် တွေသာ ပြောင်းရွှေ့ သွား သည်၊ စဗန်း ကတော့ ဘယ်သူ နဲ့ ဖြစ်ဖြစ် တာဝန် ကို ကြေပြွန် စွာ ထမ်းရွက် ခဲ့သည်။ စဗန်း အား တပ်မတော် (ရေတပ်) မှ ပြုစု ခဲ့သည့် အချိန် မှ စ၍ ယခု ထိ ဦးစီးမှူး ပေါင်း ၁၇ - ယောက် နှင့် ဒု - ဦးစီးမှူး ပေါင်း ၁၅ - ယောက် လဲလှယ် ၍ တာဝန် ထမ်းယူ ခဲ့ကြ သည်။ အချို့ အရာရှိ များ မှာ ယခု အခါ နိုင်ငံ ခြား သို့ပင် သွားရောက် နေထိုင် လျှက် ရှိ နေပြီ။ အချို့ မှာ ရာထူးကြီး များ ချီးမြှင့် ခြင်း ခံနေ ရပေ ပြီ။ အချို့ မှာ တာဝန် ကြီးများ ကို ပေးအပ် ၍ ထမ်းရွက် နေ ရ ပေပြီ။ အချို့ မှာ တိုင်းပြည် အရေး ကို အသက် စွန့်လျှက် ကာကွယ် ခဲ့ကြ ပေပြီ။ မည်သူ မည်မျှ ရာထူးကြီး လာလာ အားလုံး ကိုတော့ စဗန်း က သင်တန်း ပေး လိုက်ခြင်း ခံရ သူများ ချည်း ဖြစ်ချေ သည်။ ရဲဘော် များကို လည်း ထို နည်းတူ စွာပင် သင်တန်း ပေးခဲ့ သည်။ ရဲဘော် များ စည်းရုံး မှု၊ စိတ်ဓါတ် ကြံ့ခိုင်စေမှု၊ သတ္တိ ရှိမှု အားလုံး သည်၊ စဗန်း ၏ သင်တန်း ပေးမှုများ သာ ဖြစ်ခဲ့ သည်။ လူထဲ ကလူပင် ဖြစ်သော် လည်း စဗန်း ၏ အောင်မြင် မှု သင်တန်း ပေးနိုင်မှု တို့ကြောင့် ခေါင်း တလုံး တော့ ပိုခဲ့ ပေ သည်။
ယုံရဲ့လား
စဗန်း၏ အောင်မြင် မှုများ မှာ၊ လွန်ကဲ လှတော့ သည်။ မြစ်တွင်း တိုက် ရေယဉ် အားလုံး ထဲတွင်၊ စဗန်း က ပို၍ တိုက်ပွဲ အရည် အတွက် များ ခဲ့သည်။ စဗန်း ၏ ဖြစ်စဉ် တိုက်ပွဲ များ အကြောင်း ရေး ရလျှင်၊ ထမင်းစား ရေသောက် သာမန် အလုပ် များကို မှတ်တမ်း တင် သည့် ဒိုင်ယာရီ သဖွယ် စိတ်ဝင် စားဖွယ် မရှိ၊ ပျင်းရိ ၍ လာတော့ မည်သာ ဖြစ်သည်။ အဖြစ် တရပ် ကို မှတ်တမ်း တင်ချင် ပါသည်။ ထိုစဉ် က လူထု က သိမည် မဟုတ်၊ သိသူ များ လည်း ရှိကောင်း ရှိခဲ့ ပေမည်။ သို့သော် လည်း ထိုစဉ် အခါ က မပြော သင့်ပေ။ ယုံကြည် ရန် ပင် မရှိခဲ့၊ ဒါပေမဲ့ နောင် သက်ဆိုင်ရာ မှ ထုတ်ဖေါ် ပြောခဲ့ သဖြင့် သိခဲ့ ကြသည်။ အကြောင်း ရင်း အဖြစ် မှန် ကို သိသော် လည်း၊ ထို ထဲတွင် စဗန်း သာ လူစွမ်း ကောင်း ဖြစ်သည် ကိုတော့ သိသူ ရှား ခဲ့သည်။
၁၉၄၈ ခုနှစ် ကုန်ခါနီး ရောင်စုံ သောင်းကျန်း မှုများ မီးဟုန်းဟုန်း တောက်စဉ်၊ ဘဏ္ဍာ ရေး အခြေ အနေ ကြပ်တည်း ခဲ့သည်။ ငွေ မရှိ ပေမဲ့ ဆန်တွေ တပြည် လုံးတွင် ရှိခဲ့ သည်။ ဆန် တွေကို ၀ယ်ယူ မည့် တိုင်းပြည် တွေ ကလည်း ဒုနှင့် ဒေး ရန်ကုန် မြစ်တွင်း ရှိ ပင်လယ် ကူး သင်္ဘော များ ပေါ်သို့ ဆန်ရောက် လျှင် ဘဏ္ဍာ ရေး တောင့်တင်း တော့ မည်။ အစိုးရ တွင် ကျန် နေသော တပြည် လုံး ရှိ လခ စားများ ၏ တလ စာငွေ ကို ဆန် နှင့် ထပ်မံ ဖြည့်တင်း ရမည်။ ရောင်စုံ သောင်းကျန်း သူများ အား နှိမ်နင်း ရန် ပစ္စည်း များ ၀ယ် ရမည်။ ဒါပေမဲ့ မီးရထား လမ်း က သယ်ရန် မဖြစ်။ မြစ်လမ်း က လည်း တွံတေး တူးမြောင်း ပင် မသုံး ၀ံ့။ ဟင်္သာတ တွင် တော့ ဆန်တွေ တောင်လို ပုံနေ ပေသည်။ ဒါတွေ များ ရန်ကုန် ရောက်ခဲ့ လျှင်။ ဟင်္သာတ မှ ဆန် အားလုံး ကို သင်္ဘော တပ်ကြီး နှင့် သယ်နိုင် ခဲ့သည်။ ထို သင်္ဘော တပ်ကြီး ကို စဗန်း နှင့် အခြား တိုက် ရေယဉ်ငယ် တစင်း က ကာကွယ် လျှက်၊ ရန်ကုန် မြစ် အရောက် ပို့ခဲ့ သည်။ တကဲ့ အချိန်တွင် ဤ စဗန်း ပင် ကယ် ခဲ့သည်။ ဒါပေမဲ့ တိုင်းပြည် အတွက် စဗန်း နှင့် တိုက်ရေယဉ် မှ ရဲဘော် တစ်ယောက် စီ ကို စတေး လိုက်ရ ရှာ သည်။ ဟင်္သာတ မှ ရန်ကုန် အထိ အလပ် မရှိ ပစ်ခတ် ခဲ့သော ရန်သူ ကျည်ဆံ များ ကြားမှ စဗန်း က ခုခံ ရင်း စောင့်ရှောက် ခဲ့သည်။ ရန်ကုန် မြစ် အရောက် ပို့ခဲ့ သည်။
ငမိုးရိပ်
တကြိမ် က ရန်သူ ကျည်ဆံ ပေါက်များ ဖာထေး ရန်၊ ပင်ပမ်း နွမ်းနယ် သည့် စက်များ အား ပြင်ဆင် ရန် နှင့် စစ်ဝတ်စုံ အသစ် ၀တ်ဆင် ရန်၊ စဗန်း သည် ဒလ သင်္ဘော ကျဉ်း သို့ တက်ခဲ့ သည်။ ဒလ မှ သံလျှင် နှင့် ဒဂုန် ကို နေ့စဉ် မြင်နေ ရသော ကြောင့်၊ သံလျှင် ရာဇ၀င် ကို သတိ ရလာ ကြသည်။ ရေ တွင် မိချောင်း သည် ရှင် ဘုရင် ဖြစ်ကြောင်း သတိပြု မိ ခဲ့သည်။ မိချောင်း တို့တွင်လည်း လူယောင် ဖန်ဆင်း နိုင်သော ငမိုးရိပ် သည် ဗိုလ်ဆွဲ ခဲ့ကြောင်း တွေးမိ ကြ ပြန်သည်။ ဒါကြောင့် စဗန်း အား ဆိုင်းမပါ ဗုံမပါ “ငမိုးရိပ်” ဟု ကင်ပွန်း တပ် လိုက်ကြ သည်။ စဗန်း ၏ ဦးပိုင်း ကျည်ကာ သံပြား တစ်ဖက် တစ်ချက် တွင် မာန်ထ ၍ ပါးစပ် ဖြဲ နေသော မိချောင်း ခေါင်းပုံ ကို ရေးဆွဲ စေလိုက် သည်။
စဗန်း သို့မဟုတ် ငမိုးရိပ် သည်၊ ယခင် ကထက် တိုက်ပွဲ များ ကို ပါဝင် ဆင်နွှဲ လာရ တော့သည်။ သောင်းကျန်း သူ များ လည်း အစွမ်း ကုန် ကြဲသည့် အချိန် ဖြစ်နေ သည်။ ငမိုးရိပ် မှာ အနား မနေ ခဲ့ရ၊ ရန်သူ ၏ ချောင်းမြောင်း ပစ်ခတ်မှု များ ကို ပိုမို ခံလာ ရသည်။ လက်နက် ကြီး များ ထိမှန် လာရ သည်။ ငမိုးရိပ် သည် တကြိမ် က သံလျှင် ရာဇ၀င် တွင် ထင်ရှား ခဲ့သည်၊ ကျော်ကြား ခဲ့သည်။ ဒါပေမဲ့ နောက်ဆုံး မလက်တို နှင့် အပေါင်း အပါ တို့ ၀ိုင်း၍ တိုက်ခြင်း ခံခဲ့ရ သည်။ ယခု ငမိုးရိပ် လည်း ၀ိုင်း၍ ခဲခြင်း ခံ နေရ သည်။ ရဲဘော် အတော် များများ ၏ အသက် ကို ပေးလိုက် ရသည်။ ထို့ကြောင့် လည်း ငမိုးရိပ် နှင့် မိချောင်း ရုပ်ကို ဖျက်ပစ် လိုက်ကြ သည်၊ ဆေး သစ် နှင့် အထပ်ထပ် သုတ်ပစ် လိုက်ကြ ရ သည်၊ မိချောင်း ရုပ် ကိုပင် အဖေါ် မခံရဲ ဟု ပြောစမှတ် ပြုကြ တော့ သည်။
ဒိဗ္ဗစက္ခု ဆရာကျော် နှင့် ရဲဘော် “သူရ” ဖီးလ်
စဗန်း ၏ လက်ယာ ဖက် အော်လီ ကွန်စက် အမြှောက် အကြောင်း ကို ရဲဘော် တိုင်း သိကြ သည်။ ရန်သူ မရှိသည့် အချိန် တွင် ဖြစ်စေ၊ စက် အမြှောက် အား ဆီထည့် ဆေးကြော ပြီးသည့် အခါ တွင် ဖြစ်စေ၊ ထုံးစံ အတိုင်း အစမ်း ပစ်ကြည့် လျှင် စက် အမြှောက် သည် စက် အမြှောက် မဟုတ် တော့ ဒိုင်း ကနဲ တချက် တည်းသာ မြည်၍ ရပ်သွား လေ့ ရှိသည်။ ဒါပေမဲ့ “ရန်သူ ဟေ့” ဟု အချက် ပေး ခေါင်းလောင်း ထိုးပြီး ပစ်သည့် အခါများ တွင် မူ တိုက်ပွဲ အတွင်း အခြား အမြှောက် များ သာ ပျက် သွားမည်၊ လက်ယာ ဖက် အော်လီကွန် ကတော့ ရန်သူ့ နေရာ ကို တည့်တည့် မှန်မှန် အချက် ကျကျ ပစ်လျက် ရှိပေ မည်၊ ဘယ်တော့ မှ မရပ်၊ ဘယ်တော့ မှ မပျက် တော့ ချေ။
ဤ အဖြစ် ၏ အကြောင်း ရင်းမှာ ယုံလို က ယုံနိုင် ပါသည်။ လက်ခံ လိုက လက်ခံ နိုင်ပါ သည်။ အဖြစ်မှန် ကိုတော့ တင်ပြ လို ပါ၏။ တကြိမ် က နိုင်ငံတော် ၀န်ကြီး ချုပ် ဦးနု မြစ်ဝ ကျွန်းပေါ် သို့ လှည့်လည် လာစဉ် ဘိုကလေး မြို့သို့ ရောက်ခဲ့ သည်။ စဗန်း ကတော့ ၀န်ကြီးချုပ် ၏ သင်္ဘော အား စောင့်ရှောက် ရင်း ပါလာ ခဲ့သည်။ စဗန်း မှ ရဲဘော် များ အား ၀န်ကြီး ချုပ် ကိုယ်တိုင် မုန့်ဟင်းခါး ကျွေးရင်း အတူ ပါလာသူ ဒိဗ္ဗစက္ခု ဆရာ ကျော် အား ၀န်ကြီးချုပ် က စဗန်း ကို အကာ အကွယ် ပေးရန် ကြည့်ရှု စေခိုင်း ခဲ့သည်။ အတိတ် ကို မသိ သော ဆရာကျော် က စဗန်း အား ကြည့်လျှက် သင်္ဘော ဦး တွင် အရပ် မြင့်မြင့် ကပြား တဦး ရှိကြောင်း ပြောပြ သည်။ ၄င်း ကပြား သည် သင်္ဘော အား စောင့်ရှောက် လျှက် ရှိကြောင်း ဆက်လက် ၍ မိန့်မြွက် တော့သည်။ ရဲဘော် တိုင်း ပင် ယခင် ဦးစီးမှူး လက်ထက် က လက်ယာ ဖက် အော်လီကွန် စက် အမြှောက် ကျည်ကာ ကို ရန်သူ ၏ ၂ - ပေါင်ဒါ အမြောက် ဆံ ထိစဉ် က ကျဆုံး သွား ရရှာသော ရဲဘော် “သူရ” ဖီး (လ်) အား သတိ ရကြ သည်။
လက်ယာ ဖက် အော်လီကွန် အကြောင်း ပြောလျှင် အိမ်မဲ ၌ ဖြစ်ပျက် သည့် အဖြစ် တရပ် ကို ရေး ရမည် ဖြစ်သည်။ အိမ်မဲ မြို့ကို ရန်သူ့ လက်မှ အခက် အခဲ များစွာ နှင့် ပြန်လည် သိမ်းပိုက် ပြီးနောက် ညစဉ် ညစဉ် ရန်သူ့ အော်လီကွန် သည် တိုက် ရေယဉ် များနှင့် မြို့တွင်း သို့ အဝေး မှ တချက် ကောင်း ပစ်ပစ် ပြေးလေ့ ရှိသည်။ တည တွင် ချောက်လှန့် သော သဘော နှင့် လက်ယာ ဖက် အော်လီကွန် ကို ပစ်ခတ် စေရာ နံနက် တွင် ရန်သူ ၂ - ယောက် အား ထိမှန် ကြောင်း နှင့် ၄င်းတို့ ကျန်ရစ် သည့် ပစ္စည်း များ သယ်၍ ယူလာ သော အရပ် သားများ က ပြောပြ သဖြင့် အံ့အား သင့်ကြ ရ သည်။
မိန်းမ လှကျွန်း
မိန်းမကျွန်း ဆိုလျှင် လှေသမား တိုင်း လန့်ကြသည်။ သတိ ထားကြ သည်။ စဗန်း ကတော့ ဘာမှန်း မသိ ခဲ့သဖြင့် အဖြစ် ဆန်းများ နှင့် ကြုံ ခဲ့ဖူး သည်။ နောက် တော့ တဆင့် စကား ကြားကြ ရသည်။ တကြိမ် က စဗန်း သည် ရွေးကောက်ပွဲ တာဝန် များကို ကြိုးစား ဆောင်ရွက် နေချိန် တွင် မိန်းမ ကျွန်း အနီး စက်ဆန်း မှ မဲပုံး များ တင်၍ လာသော ဘီ - အမျိုးအစား ဆွဲ သင်္ဘော ၏ နောက်မှ စောင့်ရှောက် ရင်း လိုက် ခဲ့သည်။ အချိန် ကလည်း နေ၀င် ချိန် မိုးကလည်း အေး သဖြင့် 'ဘီ' ဆွဲ သင်္ဘော ပဲ့တွင် ထွန်းထား သည့် မီးကို ကြည့်ရင်း နှစ် နာရီ ခရီးသာ ရှိသော ဘိုကလေး မြို့သို့ ရှေ့ရှု လျက် ခုတ်မောင်း တော့သည်။ ညနေ ဖက်က ချက် ထားသော ကြက်သား ဟင်း နှင့် ထမင်း ကို စားသူ ကစား၊ မိုးအေး သဖြင့် အအေး ဓါတ်မှ ကာကွယ် ရန် ထုတ်ပေး ထား သော (ရမ်) အရက် ကို သောက်သူ များ က လည်းသောက်၊ မိုးအေး သဖြင့် အဆွေးဓါတ် ကို မယ်ဒလင် တီးရင်း ဖြေနေ သူများ ကလည်း ဖြေလျက် ကိုယ့် အလုပ် နှင့် ကိုယ် ရှုပ်နေ ကြ သလို၊ အရာရှိ များမှာ လည်း ဦးပိုင်း တွင် တာဝန် အသီးသီး ထမ်းဆောင် လျက် ရှိကြ ပေသည်။ စစ်သား တွေ မို့ လည်း စားချင် သလိုစား၊ သောက်ချင် သလို သောက်၊ တီးချင် သလို တီး၊ ပျော်ချင် သလို ပျော်၊ ပြောချင် သလို ပြော၊ ဘယ်သူ မှ သတိမှ လည်း မရ၊ ကြားဖူး နားဝ ရှိသူများ လည်း မပါ။ ယုံသူ လည်း ရှိ၊ မယုံသူ လည်းရှိ ဖြစ်ခဲ့ ကြသည်။ တဖြည်းဖြည်း မှောင် လာသည် နှင့် အမျှ ရှေ့မှ ဦးဆောင် သွားနေသော 'ဘီ' ဆွဲ သင်္ဘော ၏ မီးရောင် နှင့် ဝေး၍ ဝေး၍ သွားတော့ သည်။ ဒါပေမဲ့ စိုးရိမ် စရာ မရှိ၊ စဗန်း သည် ဤ လမ်း ကို အခေါက်ခေါက် အခါခါ စုန်ဆန် ဖူးသည်။ မြစ်ခွဲ လည်း မရှိ၊ တနေ့ တလံ ပုဂံ ဘယ်မှ မပြေး နိုင် သကဲ့သို့ ဘိုကလေး မြို့ လည်း ပြေး မလွတ် နိုင်။
သို့သော် လည်း ဘိုကလေး မြို့ ပြေး၍ ပင် သွားပြီ လော၊ ည ၈ - နာရီ တွင်လည်း မရောက်၊ ၁၀ - နာရီ တွင်လည်း မီးရောင် မတွေ့၊ သန်းခေါင် သို့ပင် ရောက်ချေ ပြီ။ စဗန်း ၏ ဦးပိုင်း ကတော့ ရေကို ဖေါက်ထွင်း လျက် သွားနေ ဆဲ ပင်၊ အရာရှိ များ အခက် တွေ့ လာသည်။ ထူးဆန်း သော သောင်တင် နေရော့ သလား ဟု တွေးတော လာ ရတော့ သည်။ စဗန်း ကတော့ မှန်မှန် ပင် ခုတ်မောင်း နေဆဲ။ မဖြေ နိုင်သော ပြဿနာ ဖြစ် သဖြင့် ထို ညမှောင် ထဲတွင် ပင် ကျောက်ဆူး ချ၍ အသီးသီး တာဝန် ပေးလျှက် ရပ်နား တော့ သည်။ နံနက်လင်း မှ ထသွားရန် စီစဉ် ကြ ရ၏။
အာရုဏ် တက် ပေပြီ၊ တကျွိကျွိ နှင့် သမ္ဗာန် များ ပင်လာ ကြ ပေပြီ။ အချို့ဈေး သို့အရောင်း အ၀ယ် သွားကြ မည်၊ အချို့ ထင်းခုတ် ရန် စုန်ဆင်း လာကြ သည်။ သင်္ဘော ထွက်ရန် အချက် ပေးစဉ်၊ ဦးစီးမှူး ၏ အမိန့် နှင့် သမ္ဗာန် တစင်း အား “ဘယ်သွား မှာ လဲ” ဟု အော်မေး လိုက် ကြ သည်။ အဖြေ ကတော့ မထူး လှ။ “စက်ဆန်း ကိုတဲ့” အငြိမ် မနေ နိုင်သော ရဲဘော် က ဆက်၍ “စက်ဆန်း က ဘယ်လောက် ဝေးသေး သလဲ” ဟု ဆက်မေး လိုက် သည်။ အဖြေ ကို ကြား ရ သော အရာရှိ နှင့် ရဲဘော် များ သည် တဦး မျက်နှာ တဦး ကြည့်ရ တော့သည်။ “ဟိုရှေ့ ကဟာ - စက်ဆန်း ဘဲတဲ့ -” သွားပါ များ သော်လည်း ခရီး မရောက် ခဲ့။
သွေး မှတ်တမ်း
လွတ်လပ်ရေး ကို သွေးနှင့် ရင်းခဲ့ ရသည်။ လွတ်လပ်ရေး ရပြန် တော့ တည်မြဲရေး ကို သွေးနှင့် ပင် ရင်းနေ ရသည်။ သွေး နှင့် လောင်း လျှက် အသက် ပေါင်း များစွာ ဖြင့် တည်ဆောက် ခဲ့သည့် ဗိမာန်ကြီး မပြို လဲရန် အတွက် စဗန်း ၏ ဘက်တော် သားများ သည် သွေးနှင့် လောင်း ၍ ပြည်တွင်း အညစ် အကြေး များ ကို ဆေးခဲ့ သည်။ အသက် ပေး ၍ ဗိမာန် ကြီး အား ကြံ့ကြံ့ ခိုင် စေခဲ့ သည်။ တပ်မတော် (ရေတပ်) တွင်း ရှိ မြစ် ရေယဉ်၊ တိုက် ရေယဉ် အားလုံး ထဲတွင် စဗန်း လောက် အသက် မပေး ခဲ့ရ။ တာဝန် များ ကိုလည်း သူများ ထက် ထမ်းရွက် ခဲ့ရ သည်။ အသက် ပေါင်း များစွာ လည်း ဆုံးရှုံး ခဲ့ရ သည်။ စဗန်း ၏ မှတ်တမ်း မှာ အမှန်တော့ သွေး မှတ်တမ်း သာ ဖြစ် ပါသည်။ သောင်းကျန်း သူများ ၏ အညစ် အကြေး များကို သွေးနှင့် ဆေးပစ် လိုက်ရ သော်လည်း ဆေး ရကျိုးတော့ နပ် ပါသည်။ စဗန်း လောက် “သူရ” နှင့် “သူရဲကောင်း မှတ်တမ်းဝင်” ဘွဲ့ တံဆိပ် များ ချီးမြှင့် ခံရသည့် ရေယဉ် မရှိ ခဲ့ပါ။ အမှန်တော့ စဗန်း သို့မဟုတ် ငမိုးရိပ် ကိုပင် တပ်ရင်း လိုက် ဘွဲ့ ချီးမြှင့် သကဲ့သို့ “သီဟ သူရ စဗန်း” ဟုပင် ပေးသင့် ပေ သည်။
စဗန်း ကယ်တင် ခဲ့သော ရွာ၊ မြို့နယ် များ ကား များလှ တော့ သည်။ ရွာသိမ်း တိုက်ပွဲ၊ မြို့သိမ်း တိုက်ပွဲ၊ နယ်သိမ်း တိုက်ပွဲ များ တွင် စဗန်း က ဦးဆောင် ခဲ့သည်။ ရန်သူ နယ်မြေ ဖြတ် ၍ ရေကြောင်း လမ်းသစ် ဖွင့်လျှင် လည်း စဗန်း ကပင် ရှေ့မှ သွား ခဲ့သည်။ ရန်သူ့ အင်အား အကြီး ဆုံး မြို့ နယ် ကို အကဲစမ်း လျှင်လည်း စဗန်း သာ တာဝန် ယူ ခဲ့သည်။ ရှေ့မှ ခေါင်းဆောင် ခဲ့သဖြင့် ခဲ့လည်း ရန်သူ့ ပစ်ကွင်း ကို ဦးစွာ သက်ဆင်း ရသည် ချည်း ဖြစ်သည်။ စဗန်း အဖို့ ရာ မှာတော့ မီးလောင် ထားသော ရွာများ၊ ဘုရား ပျက်များ၊ ကျောင်း ပျက်များ နှင့် ရန်သူ ၏ ရက်စက် ယုတ်မာ မှုများ ကို အရင် ဆုံး တွေ့ ရသည်၊ ကြား ရသည်၊ မြင် ရသည်၊ မချိတင် ကဲ ဖြစ် ရသည်။
တိုက်ပွဲ တွေ ကြား ထဲမှပင် စဗန်း ခမြာ ရန်သူ သိမ်းထား သော သင်္ဘော များ ကို အခွင့် ရတိုင်း ပြန်၍ ဆွဲခဲ့ ရသည်။ သင်္ဘော ငယ်များ ကို ပြန်လည် သိမ်းပိုက် ၍ တွဲခဲ့ ရ လျှင်တော့ တော် ပါ သေး ၏။ ဆင်ကို ဆိတ်တွဲ ရသည့် အချိန် တွင် ရန်သူ့ နယ်မြေ တလျှောက် လှိမ့်ခံ ၍ ရေကြောင်း ရှာ ရ သည်။ ထို အခါမျိုး တွင် တော့ စဗန်း ခမြာ ကံကို သာ တ, နေရ ပေသည်။ တဘက် က ရန်သူ များ ဖျက်ဆီး ထား သဖြင့် ခုတ်မောင်း ၍ မရ သော သင်္ဘောကြီး အား တအိအိ တွဲ လာစဉ် ရန်သူ များက ၂-ဘက် ညှပ် ၍ နှုတ်ဆက် လိုက်သည့် အခါ များ၊ ရေမြှုပ် ဗုံးများ ကို ဖေါက်သည့် အခါများ၊ မြောတိုင် များ ထောင်ထား သည့် အခါ များတွင် တော့ အသက် ရှုကြပ် လှ သည်။ ဒီလို အခက် အခဲ မျိုးများ လေလေ၊ စဗန်း ၏ အပြု အမူ၊ အသွား အလာ ကတော့ လိမ္မာ လေလေ၊ ကျည်ဆံ ကွင်း ၍ ဘေးကင်း လေလေ ပင် ဖြစ် ခဲ့သည်။ ဘေးကင်း သည်ဟု ပြောရ ငြားလည်း တိုက်ပွဲ တိုင်း တွင်တော့ ဘေး မကင်း ခဲ့ပါ။ တဘက် နှင့် တဘက် အသေ အပျောက် မရှိ ဟု မည်သည့် စစ်ပွဲ မှ မှတ်တမ်း မတင် နိုင်ခဲ့ ပေ။ စဗန်း တွင် လည်း အထက် ဆို ခဲ့သည့် အတိုင်း အသက်တွေ တော့ ပေးခဲ့ ရ ပါသည်။
ပေး ခဲ့ရ သည့် အသက် တွေ ထဲတွင် ပုသိမ် နယ် သလပ်ခွာ ရွာသိမ်း တိုက်ပွဲ ကိုတော့ ၀မ်းနည်းစွာ နှင့် သွေး မှတ်တမ်း တင်ထိုက် ပေသည်။ သလပ်ခွာ ရွာ မှာ ပုသိမ် မြို့ ၏ အနောက် ဘက် တွင် တည်ရှိ သည့် ရေကြောင်း ဖြင့် သင်္ဘော နှင့် သွားလျှင် ပုသိမ် မြစ် ကို ၂၀ - မိုင်ခန့် စုန်ဆင်း ၍ သံတွဲ မြစ် ကို မိုင် ၂၀ - ကျော် ခန့် ဆန်တက် မှ ရောက် သည်။ ချောင်းကျဉ်း သည်၊ ရေတိမ် သည်၊ အကွေ့ အကောက် များ သည်။ ဘေး တဘက် တချက် မှ တောင် များ တောများ သည် ရန်သူ အား အကာ အကွယ် ကောင်းစွာ ပေးနိုင် သည်။ ရေကြောင်း မိုင် ၄၀ - ကျော်ခန့် ဝေးသော် လည်း ကုန်းလမ်း သို့မဟုတ် မြောင်းငယ် များမှ သွား လာလျှင်တော့ ပုသိမ် နှင့် ၈ - မိုင်ခန့်သာ ရှိသည်။ ပုသိမ် ၏ မြောက်ဖက် ကျောက်ချောင်း ကြီး သို့လည်း အလွယ် တကူ သွားနိုင် သည်။
ကရင် သူပုန် များ ကတော့ သလပ်ခွာ ရွာ ကို ဌာနချုပ် လုပ်ထား ခဲ့သည်။ လက်နက် မျိုးစုံ နှင့် ခုခံ ရန် အသင့် ဖြစ်ခဲ့ သည်။ ပုသိမ် နှင့် နီးသဖြင့် ပုသိမ် တဖက် ကမ်း အား လာရောက် ဒုက္ခ ပေးလေ့ ရှိသည်။ ကျောက်ချောင်း ကြီး မှ တဆင့် ပုသိမ် မြစ်ကို ဖြတ်ကူး ၍ ပုသိမ် နယ် အရှေ့ ဖက်သို့ ၀င် နိုင်သည်။ သလပ်ခွာ ရွာ မှာ ရန်သူ တို့ သော့ချက် နေရာ ဖြစ်သည်။
၁၉၅၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ ၏ နံနက် အာရုဏ် မတက်မှီ အချိန် လေးမှ စခဲ့ သည်။ တပ်မဟာ (၈) တပ်မင်း ကိုယ်တိုင် ဦးစီး လျှက် “အောင်” သင်္ဘော တပ်စု ကြီး သည် ပုသိမ် မြစ် ကို စုန်ဆင်း ခဲ့ပြီး နောက် သံတွဲမြစ် ကို ဆန်တက် လျှက် ရှိသည်။ ရှေ့ဆုံး မှ စဗန်း၊ စဗန်း ၏ ပဲ့တွင် တိုက် ရေယဉ် “၁၀၆” ဒီ နောက်တော့ တပ်မင်း နှင့် တကွ တပ်ပေါင်းစုံ ကို တင်ဆောင် လာသည့် မြစ် ရေယဉ် ရွှေညောင်၊ ဆင်ဖြူ၊ ဇက် အမျိုး အစား သင်္ဘော နှင့် အခြား ရေယဉ် များ နောက်ပိုင်း အကာ အကွယ် ကို တိုက် ရေယဉ် “၁၀၇” က တာဝန် ယူ လျက် တအိအိ နှင့် ချီတက် လျက် ရှိစဉ်။
ကမ်းဘေး တဘက် တချက်မှ သာယာ လှသော ငှက်သံ ကလေးတွေ ကလည်း တကြူကြူ သီဆို လျက် ကြိုလင့် သည်။ နံနက် ပိုင်း လေနု အေးလေး ကလည်း မျက်နှာ ပြင် ပေါ်သို့ ပက်ဖျန်း လျက် ရှိသည်။ နွေ ၏ နေရောင် ခြည် ကတော့ တစ တစ အစွမ်းပြ ချင် နေပေ ပြီ။ အရာရှိ နှင့် ရဲဘော် များ မှာတော့ တိုက်ပွဲ တပွဲ ၀င်ရ တော့မည် မို့ တပြုံးပြုံး၊ စဗန်း နှင့် အတူ ဆိုး ခဲ့ဖူး သည်။ ကောင်း ခဲ့ဖူး သည်။ သောင်တင် ခဲ့ဖူး သည်။ သင်္ဘော ချင်း တိုက်ခဲ့ဖူး သည်။ အချက် ကောင်း ၀င်တွယ် သည် ကိုလည်း အမိ ခံရဖူး သည်။ ဒါပေမဲ့ နောက်ဆုံး တော့ စဗန်း က ချည်း နိုင် ခဲ့သည်။ အောင်မြင် ခဲ့သည်။ ဒါကြောင့် မို့ လည်း ဘာမှ မစိုးရိမ် ကြ။ သတိတော့ ထားနေ ကြ သည်။
သလပ်ခွာ ရွာ နှင့် နီး၍ နီး၍ လာလေ ပြီ။ ကမ်းဘေး တဘက် တချက် ရှိ ကရင် သူပုန် များ၏ ကတုတ် များ၊ ကင်းတဲ များ ကား စဗန်း ၏ စက် အမြောက် အောက် တွင် ပျောက်၍ ပျောက်၍ သွားလေ ပြီ။ စဗန်း က အလံ တော် တ၀င့်ဝင့် နှင့် တဆင့်ဆင့် တက်နေ သည်။ စဗန်း ၏ ဦးစီးမှူး ဗိုလ်ကြီး တီဆက် (T. Sett) က ပဲ့ကိုင် ခန်းမ ၏ ၀ဲဖက်၊ ဒု - ဦးစီးမှူး ဗိုလ်ကြီး မြင့်ကြည် က ယာဘက် တွင် ထိုင်လျက် ရန်သူ အား အကဲခပ် နေကြ သည်။ ရဲဘော် ခင်လတ် ကလည်း ပဲ့ကို ချောင်း အလိုက် မှန်မှန် ထိမ်းလျှက် ရှိနေ သည်။ တပ်ကြပ်ကြီး စိုးမြင့် ကလည်း စက်ထိန်း အချက် ပြ ကရိယာ တာဝန် ကို ယူလျက် ရှိနေ သည်။ အမြဲ တန်း ပျော်ရွှင်စွာ နေလေ့ ရှိသူ ဗိုလ်ကြီး တီဆက် မှာ လည်း လေ တချွန်ချွန် နှင့်ပင် ဤ တိုက်ပွဲပြီး က ခွင့်ယူ ၍ အနား ယူရင်း ဇနီး၊ သားသမီး များ တို့နှင့် အတူ နေရမည့် အရေး ကို တွေးလျက် ရှိနေ သလို၊ ဗိုလ်ကြီး မြင့်ကြည် ခမြာ မှာ လည်း ကျန်ရစ် သူ အဖွား အို ၏ အကြောင်း ကို တွေးတော လျက် ရှိနေကြ ဟန် တူပေ သည်။ ရန်သူ့ နယ်မြေ ဖြစ် သဖြင့် စကား မပြော ကြဘဲ နေကြ ရသည် မို့ တိတ်ဆိတ် ခြင်းက မင်းမူ နေပေ သည်။
တရွေ့ရွေ့ နှင့် ချီနေသည့် သင်္ဘော တပ်စုကြီး သည် လရောင် ရွာ သို့ ချဉ်းကပ် ခဲ့ပေ ပြီ။ နောက် ပိုင်း အကာ အကွယ် “၁၀၇” သည် လည်း ရေတွင်း ချောင်း သို့ ရောက်ချေ ပြီ။ ထိုစဉ် - အကွက် စောင့်နေ သော ရန်သူ သို့သည် တချိန် တည်းပင် တိုက်ခိုက် လိုက်တော့ သည်။ “၁၀၇” အား ရေ တွင်း ချောင်းမှ ၄င်း၊ စဗန်း အား လရောင် ရွာ အနီး တောင်ကုန်း မှ ၄င်း။ “၀ုံး” … ဟူသော ဘဇူကာ အသံ သည် မီးခိုး တန်းကြီး နှင့် စဗန်း ဦးခန်း အား ထိမှန် တော့ သည်။ ရန်သူ ကား ကံကောင်း လေစွ။ ခဲတလုံး နှင့် ပင် ငှက် နှစ်ကောင် အား ဒီ တချိန် တော့ ထိ ရရှာ ပြီ။ ၀ဲဘက် ကျည်ကာ တိုင်ကို ထိလျက်၊ ယာ ဘက် သို့ ဘဇူကာ ကျည်ဆံ ထိမှန် ပေါက်ကွဲ သဖြင့် ဗိုလ်ကြီး တီဆက် အား ကျည်စ များ မှန်လျက် ထိုင်ခုံ မှ ကျစေ သည်။ ဗိုလ်ကြီး မြင့်ကြည် ကတော့ ၀မ်းဗိုက် ကို ထွင်းဖေါက် သွားခြင်း ခံရ သဖြင့် နေရာ တွင် ပင် တိုင်းပြည် အတွက် ၄င်း၊ သူ စောင့်ရှောက် နေရ သော အဖွား အို အား ၄င်း ပစ် ခဲ့ခါ အသက် ကို လှူ သွား ရရှာ လေ သည်။
ဗိုလ်ကြီး တီဆက် ကတော့ ၁၀ -မိနစ်ခန့် စကားပြော နိုင် သော်လည်း အသက် မှန်မှန် ရှူလျက် ရှိသေး သည်။ ဒါပေမဲ့ နောက်ဆုံး တော့ စစ်သား တို့ ၏ သွားရာ ဗိမာန် သို့ ဖြောင့်ဖြောင့် တမ်း တမ်း လျှောက် သွား ရှာ သည်။ ဗိုလ်ကြီး တီဆက် သို့မဟုတ် ငယ်စဉ် ကပင် ခေါ်ခဲ့ ကြသည့် ၀ - ဆက် ကား ပျော်ပျော် နေတတ် သည်။ ၀ - သလောက် ပေါ့ပါး သွက်လက် သည်။ သတ္တိ ရှိ သည်။ သူ ဦးစီး သည့် သင်္ဘော များမှာ မကြာ မကြာ ရန်သူ့ လက်နက်ကြီး များ ထိ ခဲ့သည်။ ဒါပေမဲ့ မဖြုံ၊ မကြောက်။ ဗိုလ်ကြီး မြင့်ကြည် မှာ လည်း ငယ်ရွယ် သူ ဖြစ်ပေမင့် ရိုသေ ကိုင်းရှိုင်း တတ်သည်။ ရုပ်ရည် နုနယ် ပေမင့် သတ္တိ ရှိသည်။ ကြိုးစား ခဲ့သည်။ မိဘ မဲ့ ရှာ သဖြင့် တဦး တည်းသော သူ ၏ အဖွားအို အား လုပ်ကျွေး ရင်း တိုင်းပြည့် တာဝန် ကို ထမ်း နေရှာ သူ ဖြစ်သည်။ သလပ် ခွာ ရွာ ကိုကား အောင် တပ်မတော်ကြီး မှ သိမ်းပိုက် နိုင်ခဲ့ သည်။ ဘဇူကာ နှစ်လက် နှင့် အခြား လက်နက် များ ကို သိမ်း နိုင်ခဲ့ သည်။ ရန်သူ များ အကျ အဆုံး များသည့် အပြင် လက်ရ သုံ့ပန်း များစွာ မိခဲ့ သည်။ စဗန်း ကတော့ အရာရှိ နှစ်ဦး စတေး ခံလိုက် ရ သဖြင့် တပ်မတော် (ရေတပ်) ရာဇ၀င် တွင် ပဌမ ဆုံးကြိမ် အထိ နာခြင်း ဖြစ် ရပေ သည်။ သွေး နှင့် မှတ်တမ်း တင် လိုက်ရ ပေ သည်။ စဗန်း ကတော့ အမည် ဆန်း သလောက် အဖြစ် လဲဆန်း ခဲ့သည်။ ရန်သူ နှိပ်ကွပ် ရာတွင် လည်း ကြမ်း ခဲ့သည်။ အောင်မြင် မှုတွေ လည်း လျှမ်း ခဲ့ပေ သတည်း။
( တပ်မတော် (ရေတပ်) မှ ကျဆုံး ခဲ့ ရရှာသော အရာရှိ နှင့် ရဲဘော် များ အား အလေးပြု လျက် )
စဗန်း ၏ ဦးစီးမှူး တဦး (၁၉၅၇ ခုနှစ် ဇူလိုင်လ ထုတ် ရေတပ် စာစောင် မှ)
Merkur Situs Judi Slot Online Terpercaya dan
ReplyDeleteMainkan permainan judi slot online yang menyediakan permainan slot online, หารายได้เสริม judi 메리트 카지노 쿠폰 bola 메리트 카지노 sbobet, live casino, judi bola, slot joker123 terbaik.