Popular Posts

Saturday, December 6, 2014

မိုင်းယန်း တိုက်ပွဲ


နိဒါန်း

၁၉၈၆ ခုနှစ် စီစီဝမ် တာပန် တိုက်ပွဲ ကြီး ပြီးသွား တော့ ဗကပ များ ဖွတ်ကျော ပြာစု ခရု ဆန် ကျွတ် ဖြစ်သွား သည်။ သူတို့ အကို တော် ပေါက်ဖော် ပါတီ မှ အကူ ညီ များ ဖြတ်တောက် လိုက် သဖြင့် စစ်ရေး အစွမ်း ပြမည် ဟု ကြုံးဝါး ကာ စီစီဝမ် တာပန် ကို ထတိုက် လိုက်ရာ အမြတ်မ ရ ပဲ ကြူကုတ် ၊ ပန်ဆိုင်း ၊ မန်ဟီးရိုး ကွမ်ဟိုင်း ၊ နောင်မ စသည့် သူတို့ ၏ အရေး ပါ သော အခြေခံ ဒေသ များ ပါ ဆုံးရှုံး သွား သဖြင့် အရင်း ထဲ က ပါသွား တော့ သည်။ စီစီဝမ် တာပန် တိုက်ပွဲ ကို ဦးဆောင် ခဲ့သော ရဲဘော် အောင် ( ခေါ် ) အသား မည်း မျိုးမြင့် လည်း အမြီး ကုတ် ကာ တချိုး တည်း ပြေးရ တော့ သည်။ ဗကပ ဗဟို သည် အခြေ အနေ မ ကောင်း သဖြင့် ဗျူရို များ နှင့် တပ်မ များ ကို ဖျက်သိမ်း ပြီး အဖွဲ့ ငယ်များ ဖွဲ့ ကာ နည်းနည်း နှင့် ကြဲကြဲ ၀ိုင်းနိုင်ရန် အားထုတ် တော့ သည်။ လက်ကား မတတ် နိုင်တော့ ၍ လက်လီ စိတ်ပြီး ရပ်တည် နိုင်ရန် ကြိုးစား တော့ သည်။ ထိုသို့ ကြိုးစား ရင်း အခြေအနေ ကောင်း ကို စောင့်နေခဲ့ ကြ သည်။

၁၉၈၈ မတ်လ ၁၂ ရက်နေ့ တွင် ကျောင်းသား မောင်ဖုန်းမော် သေဆုံး ရမှု နှင့် ပတ်သတ် ၍ ရန်ကုန် မြို့ ၌ ကျောင်းသား အရေး အခင်း စတင် ခဲ့သည်။ ဗကပ မြောက်ပိုင်း ဗျူရို မှ ရဲဘော် ထွန်း ( ခေါ် ) ဗိုလ်ကျင်မောင် သည် ရန်ကုန် ၊ မန္တလေး အပါ အ၀င် နိုင်ငံ အနှံ့ မြို့ကြီး များ ၌ Under Ground ခေါ် မြေအောက် UG လုပ်ငန်း များ တာဝန်ခံ ဖြစ် သည်။ သူသည် မြို့ပြ များ ၌ ဗကပ UG များ စေလွှတ် ပြီး အခွင့် အရေး ရ သည် နှင့် ဆူပူ မှု များ ဖြစ်ပွား စေရန် UG များ ကို ဖွဲ့စည်း ညွှန်ကြား လျက် ရှိသည်။ ထို့ နောက် ဆူပူ သူ ကျောင်းသား များ အား တော်လှန် သော သူရဲ ကောင်း များ အဖြစ် ဗကပ အသံ မှ ကြေငြာ ချက် အမျိုးမျိုး ထုတ် လွှင့် ပြီး ဆူပူ မှု ကြီးထွား သထက် ကြီးထွား လာအောင် လှုံ့ဆော် တော့ သည်။ ထို့ အပြင် လက်နက် ကိုင် တိုက်ပွဲ များ တချိန် တည်း တပြိုင်တည်း လုပ်ဆောင် နိုင်ရန် အတွက် တပ်များ စုစည်း ခြင်း ၊ လက်နက် ခဲယမ်း များ စုစည်း ခြင်း တို့ ကို ပြင်ဆင် လုပ်ဆောင် လာခဲ့ ကြသည်။

သို့ရာ တွင် ၁၉၈၈ စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် တပ်မတော် မှ နိုင်ငံတော် အာဏာ ကို ရယူ ထိမ်းသိမ်း လိုက်ပြီး ဆူပူ အကြမ်းဖက် သတ်ဖြတ် မှု များ အား ထိန်းသိမ်း လိုက်သော အခါ ဗကပ ဥက္ကဌ သခင် ဘသိန်းတင် က " ဒီမိုကရေစီ ဆိတ်သုဉ်း သွား ပြီ ရရာ လက်နက် စွဲ ကိုင် ပြီး စစ်အစိုးရ ကို တော်လှန် ကြ " ၊ " လောက တလွှား ဥက္ကဌ မော် တရား နဲ့ လက်နက် နဲ့ အာဏာ သိမ်း ယူကြ " ဟူ သော အသံလွှင့် ချက် များ ကို ထုတ်လွှင့် တော့သည်။ ထို့နောက် ဗဟို စစ်ကော် မရှင် အား မိုင်းယန်း ဒေသ အား တိုက်ခိုက် ရန် အမိန့် ပေး လိုက်တော့ သည်။ သို့ ဖြင့် ၁၉၈၈ စက်တင် ဘာ ၂၃ ရက် နံနက် တွင် လူ အင်အား ၂၀၀၀ ကျော်ဖြင့် မိုင်းယန်း ကို ၀င်ရောက် တိုက်ခိုက် ရာ မှာ သမိုင်းဝင် မိုင်းယန်း တိုက်ပွဲ ကြီးစတင် ဖြစ်ပွား တော့ သည်။


ဗကပ တပ်များ

ဗကပ တို့သည် ဆူပူ အကြမ်းဖက် မှု အရေး အခင်း ကာလ အစပိုင်း မှာ ပင် မိုင်းယန်း ဒေသ အား တိုက်ခိုက် ရန် အတွက် ကြိုတင် ပြင်ဆင် ခဲ့ပြီး အဖွဲ့ဝင် ၁၁ ဦး ပါ သော ကွပ်ကဲ မှု အဖွဲ့ ကို ဖွဲ့စည်း ပေးခဲ့ သည်။ အကြီး အကဲ မှာ အရှေ့မြောက် စစ်ဒေသ နိုင်ငံရေး မှုး ရဲဘော် စိုးသိမ်း ခေါ် လင်းထင် ဖြစ်ပြီး တပ်မဟာ ( ၁ ) မှ ရင်း ၄၀၄၈ ၊ တပ်မဟာ ( ၃ ) မှ ရင်း ၅၀၁ ၊ တပ်မဟာ ( ၅ ) မှ ရင်း ၀၈၁ ၊ ၀၈၅ ၊ ၀၈၇ ၊ တပ်မဟာ ( ၇ ) မှ ရင်း ၅၀၃ ၊ တပ်မဟာ ( ၈ ) မှ ရင်း ၀၈၃ ၊ တပ် မဟာ ( ၇၆၈ ) မှ ရင်း ၃ ၊ ၆ ၊ ၉ ၊ တပ်မဟာ ( ၈၅၁ )ခေါ် ဗဟို ကင်း တပ် မဟာ မှ ထုတ်နှုတ် အင်အား အချို့ အပါ အ၀င် စုစု ပေါင်း အင်အား ၂၀၀၀ ခန့် ဖြင့် ဖွဲ့ စည်း ခဲ့သည်။ လက်နက် အနေဖြင့် လက်နက် ငယ် များ RPG လောင်ချာ များ ၊ ၆၀ မမ ၊ ၈၂ မမ ၊ ၁၂၀ မမ စိန်ပြောင်း များ ၊ ၅၇ မမ နှင့် ၇၅ မမ နောက်ပွင့် ရိုင်ဖယ် များ ၊ ပွိုင့် ၅ စက် သေနတ် ကြီး များ တပ်ဆင် ဖွဲ့ စည်း ထားသည်။ ဗဟပ တို့ ၏ ရည်ရွယ်ချက် မှာ မိုင်းယန်း ကို သိမ်းပိုက် ပြီး သည် နှင့် ဗမာပြည် ကွန်မြု နစ် ပါတီ အခြေခံ ဒေသ များ တွင် ယာယီ အစိုးရ ကို ဖွဲ့စည်း ကာ နိုင်ငံ တကာ သို့ တင်ပြ နိုင်ရန် ဖြစ်သည်။ အကြံ ကား ကြီးမား လှ ပေစွ။


မိမိ တပ်များ

ထိုစဉ် က မိမိ တို့ ၏ ကျိုင်းတုံ မြောက်ခြမ်း မိုင်းယန်း ဒေသ ၏ တပ် အခင်း အကျင်း မှာ မိုင်းယန်း တွင် ရတ ခလရ ( ၁၁ ) မှ စစ်ကြောင်း ( ၁ ) နှင့် တပ်ခွဲ တစ် ခွဲ မြို့ လုံခြုံ ရေး ၊ ကျန် တပ်ခွဲ တစ်ခွဲ က မိုင်းယန်း နှင့် ဆီလူး ကြား လှုပ်ရှား ၊ စစ်ကြောင်း ( ၂ ) နှင့် တပ်ခွဲ တစ်ခွဲ က မိုင်းယန်း မြို့ ပတ်ဝန်း ကျင် တောင်ကုန်း များ ဖြစ်သော အောင်သပြေ ကုန်း  အောင်မြေ ကုန်း များ ၌ စခန်း ထိမ်း တာ ၀န် ၊ ကျန် တပ် ခွဲ တစ်ခွဲ က ထို စခန်း ကုန်း များ ၀န်းကျင် လှုပ်ရှား ဖြစ်သည်။ မိုင်းလွေ တွင် တပ်ခွဲ တစ်ခွဲ အခြေ ပြု လှုပ်ရှား ၊ မိုင်းခတ် တွင် နည်းဗျူဟာ ( ၈၈၁ ) နှင့် ရှေ့တန်း အမှတ် ( ၆ ) ဗမာ့ သေနတ် ကိုင် တပ်ရင်း မှ စစ်ကြောင်း ( ၁ ) နှင့် တပ်ခွဲ သုံးခွဲ ဗျူဟာ အရံ ၊ စစ်ကြောင်း ( ၂ ) နှင့် တစ်ခွဲ လွယ်ယုတ် ၊ လွယ်မီး ၊ ၀မ်တာပုံ ၊ ရှေ့တန်း အမှတ် ( ၁ ) ကယား သေနတ်ကိုင် တပ်ရင်း စစ် ကြောင်း ( ၁ ) နှင့် တပ်ခွဲ တစ်ခွဲ ကြက်ဥ တောင် ၊ အောင် စိုးမိုး ၊ ကျန် တပ်ခွဲ တစ်ခွဲ ကြက်ဥ တောင် မြောက်ခြမ်း လှုပ်ရှား ၊ ကျိုင်းတုံ တွင် ရှေ့တန်း အမှတ် ( ၈၈ ) ခြေမြန် တပ်မ ဌာနချုပ် နှင့် ရှေ့တန်း အမှတ် ( ၁၄ ) ခြေလျှင် တပ်ရင်း တပ်ခွဲ ( ၅ ) ခွဲ ကျိုင်းတုံ အရံ အဖြစ် ဖြန့်ခွဲ ထားပြီး ရှေ့တန်း အမှတ် ( ၁၁ ) ခြေလျှင် တပ်ရင်း သည် မိုင်းယန်း မြို့တွင်း ရှိ အောင်တံခွန် ကုန်း ၌ စစ်ကြောင်း ဌာနချုပ် အခြေ ပြု ထားသည်။

မိုင်းယန်း ဒေသ အား ဗကပ တို့ စတင် တိုက်ခိုက်ခြင်း

၁၉၈၈ စက်တင်ဘာ လဆန်း ပိုင်း ကတည်း က ပင် ဗကပ တို့ မိုင်းယန်း ဒေသ တ၀ိုက် လှုပ်ရှား လာ ကြ သည်။ ဗကပ လှုပ်ရှား မှု သတင်း များ လည်း ဟိုမှ သည် မှ တစ်စစ ထွက်ပေါ် လာသည်။ ရန်သူ့ သတင်း ကို ရရှိ သော ရှေ့တန်း အမှတ် ( ၈၈ ) ခြေမြန် တပ်မ ဌာန ချုပ် သည် တိုက်ပွဲ မဖြစ် မီ ( ၂ ) ရက်ခန့် က ပင် ကျိုင်း တုံ သို့ ရောက်ရှိ လာ သည့် ခမရ ( ၁၉ ) နှင့် တပ်ခွဲ ( ၂ ) ခွဲ အား မိုင်းယန်း သို့ စစ်ကူ စေလွှတ် ပေးခဲ့ သော်လည်း ထို စစ်ကြောင်း သည် မိုင်းလွေ မရောက် မီ ဗကပ များ နှင့် တိုက်ပွဲ ဖြစ်ပွား ပြီး တပ်ရင်း မှုး ကျဆုံး သွား သဖြင့် မိုင်းယန်း သို့ မရောက် နိုင်ခဲ့ ပေ။ ဗကပ တို့ သည် မိုင်းယန်း အား ၀ိုင်းဝန်း မတိုက်ခိုက်မီ စက်တင်ဘာ ၁၄ ရက်နေ့ လောက် မှ စတင် ၍ သွေးတိုး စမ်း တိုက်ပွဲ များ စတင်တိုက်ခိုက် လာ ခဲ့ပြီး မိုင်းယန်း ကို တဖြည်းဖြည်း ၀ိုင်းပတ် လာခဲ့ သည်။ မိုင်းယန်း ဒေသ အား အရှေ့ ဖက် နှင့် အနောက်ဖက် တို့ မှ စစ်ကြောင်း သုံးကြောင်း ဖြင့် ၀င်ရောက် လာဖြင်း ဖြစ်သည်။

တိုက်ပွဲ ဆင်နွဲ ပုံ အဆင့်ဆင့်


စက်တင်ဘာ ( ၁၄ ) ရက် ။   ။ တွင် ရတ ခလရ ( ၁၁ ) စက ( ၂ ) နှင့် တပ်ခွဲ နှစ်ခွဲ အခြေပြု လှုပ်ရှား နေသော အောင် သပြေ ကုန်း အား ဗကပ တို့ စတင် တိုက်ခိုက် ခဲ့ ကြသည်။ ဗကပ တို့ သည် အောင် သပြေ လှုပ်ရှား တပ်ဖွဲ့ အား ထိုနေ့ နံနက် က စစ်မြူ ပြီး လာရောက် ပစ်ခတ် ရာ မိမိ လှုပ်ရှား တပ်ဖွဲ့ မှ လိုက်လံ တိုက်ခိုက် သည် ကို ၀မ်ကြုံ ဘုန်းကြီး ကျောင်း မှ အင်အား ၁၀၀ ခန့် ဖြင့် စောင့် ၍ ဆီးကြို တိုက်ခိုက် တော့ သည်။ မိမိ လှုပ်ရှား တပ်ဖွဲ့ သည် အင်အား မမျှ သဖြင့် ခွာ စစ်ဆင် ခဲ့ပြီး အောင် သပြေ စခန်း သို့ ပြည်လည် ပူးပေါင်း ခဲ့ သည်။ အောင် သပြေ ကုန်း တွင် စက ( ၂ ) ဌာနချုပ် ရှိနေရာ ဗကပ တို့ သည် နေ့လည် အချိန် မှ စတင် ၍ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သော်လည်း ဒုတပ်ရင်း မှုး ဗိုလ်မှုး တင်အောင် မြင့်ဦး ဦးစီး သည့် စစ်သည် များ က ရဲရင့် စွာ ပြန်လည် ခုခံ တိုက်ခိုက် သဖြင့် ည အချိန် တွင် ထိုးစစ် ရပ်ဆိုင်း သွား သည်။ တိုက်ပွဲ မှာ ပြင်းထန် ခဲ့သည်။ ထိုနေ့ က စက ( ၂ ) မှုး ဗိုလ်မှုး တင်အောင် မြင့်ဦး ၏ ဘယ်ဘက် လက်ကောက် ၀တ် သို့ ရန်သူ့ လက်နက် ကြီး အစ ထိ မှန်ပြီး အရိုးကျိုး သည့် ဒါဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့သည်။ ရန်သူ သည် စစ်ကြောင်း ( ၂ ) အား ပဏာမ အားစမ်း တိုက်ခိုက် လိုက်ခြင်း သာ ဖြစ်သည်။

စင်တင် ဘာ ( ၁၇ ) ရက် ။   ။ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက် ငြိမ် သက်ပြီး စက်တင်ဘာ ၁၇ ရက် တွင် တပ်မဟာ ၇၆၈ နှင့် တပ်မဟာ ၈၁၅ မှ ပူးပေါင်း အင်အား ၁၀၀၀ ခန့် သည် မိုင်းယန်း အနောက် ဘက် သို့ ရောက်ရှိ လာပြီး ၈၂ မမ စိန်ပြောင်း များ ပွိုင့် ၅ စက်သေနတ် ကြီး များ ဖြင့် နံနက် မှ စ၍ နေ့လည် အထိ အဆက် မပြတ် လာရောက် ပစ်ခတ်နေခဲ့ သည်။ မိမိ ရတ ခလရ ( ၁၁ ) မှ လက်နက် ကြီး များ ဖြင့် ပြည်လည် ပစ်ခတ် သဖြင့် အပစ်ရပ် ပြီး အနောက် ဖက် သို့ ပြန်လည် ဆုတ် ခွာ သွား သည်။ ဗကပ တို့ သည် မိုင်းယန်း ကို ၀ိုင်ဝန်း တိုက်ခိုက် မည့် တပ်များ အား စောင့်ဆိုင်း ရင်း လူ လက်နက် စု ဖွဲ့ ခြင်း ကို ၄ - ၅ ရက် ဆောင်ရွက် နေခဲ့ သည်။ သို့ ဖြင့် စက်တင် ဘာလ ၂၂ ရက်နေ့ တွင် မိုင်းယန်း မြို့ ၀န်းကျင် တွင် ဗကပ အင်အား ၂၀၀၀ ခန့် အထိ စုဖွဲ့ မိလာ သည်။

စက်တင်ဘာ ( ၂၃ ) ရက် ။   ။ စက်တင်ဘာ ၂၂ ရက် ညနေ မှ စတင် ကာ လက်နက် ကြီး များ ဖြင့် တည လုံး ပစ်ခတ် တိုက်ခိုက် နေသော ဗကပ တို့ သည် စက်တင် ဘာ ၂၃ ရက် နံနက် တွင် မိုင်းယန်း မြို့ တောင်ဘက် ရှိ လမင်း ကုန်း အား အင်အား ၂၀၀ ခန့် ဖြင့် လက်နက် ကြီး ပစ်ကူ များ နှင့် တဟုန် ထိုး ၀င်ရောက် တိုက်ခိုက် တော့ သည်။ ၄ ကြိမ် တိုင်တိုင် ကျားထိုး တိုက်ခိုက် ရာ မိမိ အောင်တံခွန် ကုန်း မှ လက်နက် ကြီး ပစ်ကူ ပေး သဖြင့် ရန်သူ များ ခတ္တ ရပ်တန့် သွားသည်။ သို့ရာ တွင် နောက်ထပ် အင်အား ၂၀၀ ကျော် ထပ်ဆောင်း ၍ ရန်သူ တို့ မှ ထပ်မံ တိုက်ခိုက် လာပြန် ရာ လမင်း ကုန်း မှ ခံစစ်ဆင် နေသော ခွဲ ရုံး နှစ်စု သည် စခန်း အား လက်လွှတ် လိုက်ရပြီး အောင်တံခွန် ကုန်း သို့ လာရောက် ပူးပေါင်း ခဲ့ ရသည်။

တချိန် တည်း မှာ ပင် ရန်ရှင်း ကုန်း မှ တပ်စု တစ်စု အား ဗကပ အင်အား ၁၀၀ ခန့် မှ အနောက် တောင် ဘက် မှ ၀င်ရောက် တိုက်ခိုက် ခဲ့ ရာ မိမိ တပ်စု သည် ရန်ရှင်း ကုန်း မှ ဘုရား ကုန်း သို့ ဆုတ်ခွာ ရတော့ သည်။ ရန်သူ သည် ရန်ရှင်း ကုန်း နှင့် လမင်း ကုန်း အား ရရှိ ပြီး သည် နှင့် ထို ကုန်း များ မှ ပွိုင့် ၅ စက် သေနတ် ကြီး များ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် များ ဖြင့် မိမိ စစ်ကြောင်း ဌာန ချုပ် တည် ရှိရာ အောင်တံခွန် ကုန်း နှင့် ဘုရား ကုန်း အား ၀ိုင်းဝန်း ပစ်ခတ် တိုက်ခိုက် တော့ သည်။ နေ့လည် ၁၁ နာရီ မှ ညနေ အထိ ဘုရား ကုန်း အား ရန်သူ ၄၀၀ ခန့် မှ ၀ိုင်းဝန်း အော်ဟစ် ၍ ၆ ကြိမ် တိုင်တိုင် ကျားထိုး တိုက်ခိုက် ရာ မိမိ တပ်မှ စခန်း တာဝန် ခံ ဗိုလ် သန့်ဇင် လက်နက် ကြီးထိ မှန် ဒါဏ်ရာ ရရှိ သဖြင့် စခန်း ကို စွန့်လွှတ် လိုက် ရပြီး စစ်ကြောင်း ဌာန ချုပ် ရှိရာ အောင်တံခွန် ကုန်း သို့ လာရောက် ပူးပေါင်း ကြရ သည်။

ဗကပ တို့ သည် ရန်ရှင်း ကုန်း ၊ ဘုရား ကုန်း ၊ လမင်း ကုန်း တို့ အား ရရှိ ပြီး သည် နှင့် ထိုကုန်း သုံးကုန်း မှ လက်နက် ကြီး များ တပ်ဆင် ၍ အောင်တံခွန် ကုန်း သို့ စုပြုံ ပစ်ခတ် တိုက်ခိုက် ကြ တော့သည်။ အောင်တံခွန် ကုန်း မှ လည်း ၆၀ မမ ၊ ၈၁ မမ စိန်ပြောင်း တို့ ဖြင့် ပြန်လည် ခုခံ ပစ်ခတ် ကြသည်။ ထို့နောက် စက ( ၁ ) ဌာနချုပ် ရှိရာ အောင် တံခွန် ကုန်း အား ရန်သူ့ အင်အား ၅၀၀ ခန့် မှ အကြိမ်ကြိမ် ကျားထိုး တိုက်ခိုက် တော့ သည်။ တပ်ရင်း မှုး ဗိုလ်မှုး စိုးလွင် သည် ရန်သူ တို့ အား ၈၄ မမ ကာဂူး စတပ် လောင်ချာ ဖြင့် ပစ်ခတ် ခုခံ တိုက်ခိုက် စေသည်။ ထို လက်နက် မှာ တပ်ရင်း မှုး ၏ ကြီးကြပ် မှု ဖြင့် ပစ်ခတ် ရသော လက်နက် ဖြစ် သည်။ ထိရောက်မှု လည်း အလွန် ကောင်း သည်။ ထို့ကြောင့် ဗကပ တို့ သည် ထိုလက် နက် ပစ်ခတ် ရာ နေရာ သို့ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် များ ဖြင့် စုပြုံ ပစ်ခတ် ရာ ထိုနေ့ ညနေ ၅ နာရီ တွင် တပ်ရင်း မှုး ဗိုလ်မှုး စိုးလွင် သည် ရန်သူ ပစ်ခတ် လိုက်သော ၅၇ မမ နောက်ပွင့် ရိုင်ဖယ် ထိမှန် ကျဆုံး ခဲ့ ရသည်။ တပ်ရင်း မှုး ကျဆုံး သည် နှင့် စက်တင်ဘာ ၁၄ ရက် တိုက်ပွဲ တွင် ဒါဏ်ရာ ကြောင့် အောင်တံခွန် ကုန်း သို့ ရောက်ရှိ နေသော ဒုတပ်ရင်း မှုး ဗိုလ်မှုး တင်အောင် မြင့်ဦး က တိုက်ပွဲ ကို ဆက်လက် ဦးဆောင် ကွပ် ကဲ တိုက်ခိုက် ခဲ့သည်။

စက်တင်ဘာ ( ၂၄ ) ရက် ။   ။ မိုင်းယန်း မြို့ အား ဗကပ အင်အား ၂၀၀၀ ကျော် မှ ၀ိုင်းဝန်း တိုက်ခိုက် နေကြောင်း သိရှိရသဖြင့် အောင်သပြေ အနီး တွင် ရှိနေ သော ဗိုလ်မှုး စိန်အေး ဦးစီး တပ်ခွဲ တစ်ခွဲ သည် စက်တင်ဘာ ၂၃ ရက် နေ့ ညနေ ၌ အောင်မြေ စခန်း သို့ ချီတက် ကာ စစ်ကြောင်း ( ၂ ) နှင့် ပူးပေါင်း ခဲ့ သည်။ ထို့နောက် လို အပ်သည် များ ညှိနှိုင်း ပြီး ဗိုလ်မှုး စိန်အေး ဦးစီး တပ်ခွဲ သည် မိုင်းယန်း မြို့တွင်း ရှိ အောင်တံခွန် ကုန်း သို့ ချီတက် ခဲ့ ကြသည်။ စက်တင် ဘာ ၂၄ ရက် နံနက် ၅ နာရီ ခွဲ အချိန် ၌ အောင်တံခွန် ကုန်း အနီး နေရာ ယူ ထားသော ရန်သူ ၃၀၀ ခန့် နှင့် တွေဆုံ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး မနက် ၆ နာရီ ခွဲ တွင် အောင်တံခွန် စခန်း သို့ ရောက်ရှိ ပူးပေါင်း နိုင်ခဲ့ သည်။

မနက် ၈ နာရီ တွင် မိမိ တပ်မတော် လေ မှ ပီစီ လေယာဉ် ပျံ ၄ စီး ဖြင့် လေကြောင်း ပစ်ကူ များရောက် ရှိလာ သည်။ ထို အချိန် တွင် အောင်တံခွန် ကုန်း အား ရန်သူ ၁၀၀၀ ခန့် မှ ၀ိုင်းဝန်း တိုက်ခိုက် လျှက် ရှိနေပြီး လက်စတုန်း ချေမှုန်း နိုင်ရန် ပြင်ဆင် နေချိန် ဖြစ်သည်။ လေကြောင်း ပစ်ငူ ၏ ပစ်ခတ် တိုက်ခိုက် မှု ကြောင့် ရန်သူ့ တိုက်ခိုက် မှု ခေတ္တ ရပ်တန့် သွား ခဲ့သည်။ သို့ ရာတွင် လေကြောင့် ပစ်ကူ ပြီးဆုံး သွား သည် နှင့် ရန်သူ သည် တဖန် ကျားထိုး တိုက်ခိုက် လာပြန် သည်။ မိမိ လေယာဉ် များ ထပ်မံ ရောက်ရှိ လာပြီး ရန်သူ့ လက်နက် ကြီး နေရာ များ အား ဗုံးကျဲ တိုက်ခိုက် သဖြင့် ထိနေ့ တွင် ရန်သူ့ တိုက်စစ် ရပ်တန့် သွား ခဲ့ သည်။

စက်တင်ဘာ ( ၂၅ ) ရက် ။   ။ တွင် မနက် ၅ နာရီ ခွဲ မှ စတင် ၍ အောင်တံခွန် ကုန်း အား စတင် တိုက်ခိုက် ခဲ့ ကြသည်။ စစ်ကြောင်း ( ၂ ) ရှိရာ အောင်မြေ စခန်း သို့ လည်း လက်နက် ကြီး များ ဖြင့် ပစ်ခတ် ထိမ်းချုပ် ထားခဲ့ သည်။ အောင်တံခွန် စခန်း အား နံနက် ၇ နာရီ မှ ၉ နာရီ အတွင်း ၁၁ ကြိမ်တိုင်တိုင် ကျားထိုး တိုက်ခိုက် ခဲ့ ရာ ခြံစည်း ရိုး များ ပေါက် ၍ မိမိ စစ်သည် များ နှင့် လက် တကမ်း ထွေးလုံး ရစ်ပတ် တိုက်ပွဲ များ ဖြစ်ပွား ခဲ့ သည်။ မနက် ၉ နာရီ တွင် မိမိ လေကြောင်း ပစ်ကူ ရောက်ရှိ လာပြီး ၀ိုင်းဝန်း တိုက်ခိုက် နေသော ရန်သူ များ အား ဗုံးကြဲ တိုက်ခိုက် ရာ ထိနေ့ အတွက် ရန်သူ့ တိုက်စစ် ရပ်တန့် သွား ခဲ့သည်။ ထို နေ့ တိုက်ပွဲ တွင် နှစ်ဖက် စလုံး ထိ ခိုက် ကျဆုံး မှု များပြား ခဲ့သည်။

စက်တင်ဘာ ( ၂၆ ) ရက် ။   ။ တွင် ဗကပ တို့ သည် ထပ်မံ အင်အား ဖြည့် တင်း ၍ အောင်တံခွန် စခန်း အား လာရောက်တိုက် ခိုက် ကြ ပြန်သည်။ မိမိ တပ်မတော် လေ မှ လည်း ရန်သူ များ စုဖွဲ့ နေသည့် ယမ်းပေါက် နှင့် အွန်လာ ကြော ကို ဗုံးကြဲ တိုက်ခိုက် ရာ ဗကပ တို့ အထိ နာပြီး လူနာ များကို သည်ဆောင် ကာ ၀မ်ကျင်း ဆန်တောက် သို့ ဆုတ်ခွာ သွား ခဲ့သည်။ ယနေ့ တိုက်ပွဲ တွင် လည်း စက်တင် ဘာ ၂၅ ရက် တိုက် ပွဲ ကဲ့ သို့ ပင် လေကြောင်း ပစ်ကူ ထိရောက် သဖြင့် ရန်သူ့ တိုက်စစ် အရှိန် တန့် သွား ခဲ့ သည်။

စက်တင်ဘာ ( ၂၇ ) ရက် ။   ။ အောင်တံခွန် စခန်း အား တိုက်ခိုက် မရ သော ဗကပ တို့ သည် စစ်ကြောင်း ( ၂ ) ဌာနချုပ် တည်ရှိ ရာ အောင်မြေ စခန်း သို့ နံနက် ၆ နာရီ ခွဲ မှ စတင် ၍ အင်အား ၃၀၀ ခန့် ဖြင့် ချည်းကပ် တိုက်ခိုက် ကြ ပြန်သည်။ ခြံစည်း ရိုးအား အတင်း ထိုးဖောက် ချိန် တွင် မိမိ တပ် မှ ရှေ့ထွက် မိုင်း နှစ်လုံး ဖြင့် ပြန်လည် တိုက်ခိုက် သဖြင့် ရန်သူတို့ ပြန်လည် ဆုတ်ခွာ သွား ရသည်။ ညနေ မှောင်စပြိုး ချိန် တွင် ဒုတိယ အကြိမ် ထပ်မံ တိုက်ခိုက် ရာ မိမိ တပ် မှ အောင်မြင် စွာ ခုခံ တွန်းလှန် နိုင်ခဲ့ သည်။ ထိုနေ့ ည တွင် အောင်မြေ စခန်း ရှိ စစ်ကြောင်း ၂ နှင့် တပ်ခွဲ တစ်ခွဲ အား အောင်တံခွန် စခန်း နှင့် ပူး ပေါင်းရန် ရှေ့တန်း တပ်မ မှ ညွှန်ကြား ခဲ့သည်။ ဗိုလ်မှုး ဖေချစ် ဦးစီးသော စစ်ကြောင်း ၂ နှင့် တပ်ခွဲ တစ်ခွဲ သည် စက်တင် ဘာ ၂၇ ရက် ည ၇ နာရီ တွင် အောင်မြေ စခန်း ကို စွန့် ခွာ ၍ အောင်တံခွန် သို့ ချီတက် ခဲ့ ရာ ဗကပ တို့ က မွန်ကဲ ဘုရား ကုန်း နှင့် အွန်လာ ကျော မှ ပစ်ခတ် တိုက်ခိုက် ခဲ့သည်။ စက ( ၂ ) နှင့် တစ်ခွဲ သည် ရန်သူ များ အား တိုက်ခိုက် ရှင်းလင်း ပြီး စက်တင် ဘာလ ၂၈ ရက်နေ့ တွင် အောင်တံခွန် ကုန်း သို့ ရောက်ရှိ ပူးပေါင်း နိုင်ခဲ့ သည်။

စင်တင်ဘာ ( ၂၈ ) ရက် ။   ။ တွင် ရတ ခလရ ( ၁၁ ) တပ်ခွဲ ၄ ခွဲ သည် အောင်တံခွန် ကုန်း တွင် ရောက်ရှိ ပူးပေါင်း နိုင်ခဲ့ သည်။ စခန်း တွင် လူ လက်နက် ပြန်လည် နေရာ ချ ထားပြီး ခံစစ် အတွက် ထပ်မံ ပြင်ဆင် ၍ ရန်သူ တို့ အား စောင့်ဆိုင်း ခဲ့ ကြ သည်။ ထို အချိန် တွင် ဗကပ တို့ သည် အောင်မြေ နှင့် အောင် သပြေ ကုန်း တို့ တွင် အင်အား ၃၀၀ ခန့် ၊ အွန်လာ ကျော တွင် အင်အား ၁၀၀ ခန့် ၊ ပါလျှံ ကျောင်း ဘုရား ကုန်း ၊ ရန်ရှင်း ကုန်း နှင့် လမင်း ကုန်း တွင် အင်အား ၃၀၀ ခန့် ဖြန့် ခွဲ အခြေ ပြု ထား ပြီး မိမိ အောင်တံ ခွန် ကုန်း အား လက်နက် ကြီး များ ဖြင့် အဆက် မပြတ် ပစ်ခတ် တိုက်ခိုက် လျှက် ရှိနေဆဲ ပင် ဖြစ် သည်။ ထို့ကြောင့် တပ်မတေ် လေ မှ ဗုံးကြဲ တိုက်ခိုက် ခြင်း ဒုံးကျည် များဖြင့် ပစ်ခတ် တိုက်ခိုက် ခြင်း များ အား ပြုလုပ် ပေးခဲ့ ရသည်။ ယခု တကြိမ် လေ ကြောင်း တိုက်ခိုက် မှု တွင် လက်နက် ကြီး ပစ်ခတ် သည့် ရန်သူ့ အမိန့် ပေး အဖွဲ့ အား တိုက်ရိုက် ထိမှန် သွား သဖြင့် ဗကပ တို့ လွန်စွာ ခြောက်ခြား သွား ခဲ့ ရသည်။

စက်တင် ဘာ ( ၂၉ ) ရက် ။   ။ တွင် ရန်သူ တို့ ကျားထိုး တိုက်ခိုက် နှိင်ခြင်း မရှိတော့ ပေ။ တပ်မတော် လေ မှ ဗကပ တို့ ဖြန့်ခွဲ အခြေပြု နေသော ကုန်း များ အား ပစ်ခတ် တိုက်ခိုက် ဗုံးကြဲ ရာ ရန်သူ ဗကပ ခေါင်းဆောင် ပိုင်း အချို့ ထိ မှန် ကျဆုံး ပြီး ည သန်းခေါင် ယံ အချိန် တွင် ရန်သူ့ ပစ်ခတ် မှု လုံးဝ ညိမ်သက် သွား ခဲ့ သည်။

စက်တင်ဘာ ( ၃၀ ) ရက် ။   ။ တွင် ရန်သူ့ ပစ်ခတ် မှု လုံးဝ မရှိတော့ သဖြင့် ဒုတပ်ရင်း မှုး ဗိုလ်မှုး တင်အောင်မြင့် ဦး မှ ဗိုလ်ကြီး သန့်ဇင် ဦးစီး တပ်ခွဲ အား စနစ်တကျ ဖွဲ့ စည်း ပြီး ဘုရားကုန်း သို့ တက်ရောက် ရှင်း လင်းစေရာ ရန်သူ ၂၅ လောင်း တွေ ရှိသည်။ ဆက်လက် ၍ ရန်ရှင်း ကုန်း လမင်း ကုန်း တ၀ိုက် ဆက်လက် ရှင်းလင်း ရာ ရန်သူ ၇၁ လောင်း ထပ်မံ တွေ့ ရှိရသည်။ ရန်သူ တို့ သည် စက်တင်ဘာ ၂၉ ရက် နေ့ ည ကပင် ဒါဏ်ရာရ သူများ ကို သယ်ဆောင် ၍ မိုင်းယန်း မှ ဆုတ်ခွာ သွား ခဲ့ကြ ပြီ တည်း။


တိုက်ပွဲ နိဂုံး

မိုင်းယန်း တိုက်ပွဲ အား စက်တင်ဘာ လ ၂၃ ရက်နေ့ မှ စတင် ခဲ့ပြီး စက်တင်ဘာ လ ၂၉ ရက်နေ့ ည အထိ တိုက်ခိုက် ခဲ့ ရာ မိမိ ဘက် မှ ရတ ခလရ ၁၁ တပ်ရင်းမှုး ဗိုလ်မှုး စိုးလွင် အပါ အ၀င် အရာ ရှိ ၄ ဦး ၊ အခြား အဆင့် ၄၆ ယောက် ကျဆုံး ခဲ့ရပြီး ဒု တပ်ရင်း မှုး ဗိုလ်မှုး တင်အောင် မြင့် ဦး အပါ အ၀င် အရာရှိ ၉ ဦး နှင့် အခြား အဆင့် ၁၁၁ ဦး ထိခိုက် ဒါဏ်ရာ ရရှိ ကာ လက်နက် မျိုးစုံ ၃၅ လက်ဆုံး ရှုံး ခဲ့ သည်။ ဗကပ တို့ ဖက် မှ ၂၀၂ ယောက် အလောင်း ရ ပြီး ၁၀၀၀ ခန့် ထိခိုက် ဒါဏ်ရာ ရရှိ သွားကြောင်း မြေပြင် သတင်း နှင့် ကြားဖြတ် သတင်း များ အရ သိရှိ ရ ပြီး ရန်သူ့ လက်နက် မျိုးစုံ ၂၄ လက် အား သိမ်းဆည်း ရရှိ ခဲ့ သည်။

နိဂုံး

မိုင်းယန်း တိုက်ပွဲ သည် တပ် မတော် အစိုးရ တက် လာပြီး ရက်ပိုင်း အတွင်း အကြီး အကျယ် တိုက်ခိုက် ခဲ့ ရသော တိုက်ပွဲ တစ်ပွဲ ဖြစ်ကာ ဗကပ တို့ ၏ ယာယီ အစိုးရ ဖွဲ့ စည်း ရေး အိပ်မက် ပြိုလဲ သွားခဲ့ ရသော တိုက်ပွဲ တစ်ပွဲ ဖြစ်သည်။ ထိုတိုက် ပွဲ ကြောင့် ဗကပ တို့ ၏ နောက်ဆုံး အင်အား များ ကြေပြုန်း ခဲ့ရပြီး လူ ၂၀၀ ကျော် ကျဆုံး ကာ ၅၀၀ ကျော် အပြင်း အထန် ထိခိုက် ဒါဏ်ရာ ရရှိ ခဲ့ပြီး ဗကပ တပ်မဟာ များ တပ်ပျက် ခဲ့ ရသည်။ အထူး သဖြင့် ၀ လူမျိုး ဗကပ တပ် သား များ အကျ အဆုံး များ ပြား ခဲ့ ပြီး ၀ တိုင်းရင်းသား ခေါင်းဆောင် များ မကျေနပ် တော့ ပဲ ၁၉၈၉ ခုနှစ် ဧပြီ လ တွင် ဗကပ ဗဟို ပန်ဆန်း ကို သိမ်းယူ ၍ တပ်မတော် နှင့် ငြိမ်းချမ်းရေး ရ ယူ ခဲ့ သည် အထိ ဗကပ တို့ အပေါ် တွင် မိုင်းယန်း တိုက်ပွဲ ဂယက် ရိုက်ခတ် ခဲ့သည်။

မိုင်းယန်း တိုက်ပွဲ တွင် ရှေ့တန်း အမှတ် ၈၈ ခြေမြန် တပ်မ ဌာနချုပ် လက်အောင် ခံ ရတ ခလရ ၁၁ သည် မိမိ ထက် အင်အား ၅ ဆ ကျော် သာလွန် သော ရန်သူ ဗကပ တို့ အား စွန့်လွှတ် စွန့်စား သော စိတ်ဓါတ် မလျော့ သော ဇွဲ လုံ့လ ဖြင့် ရက် သတ္တပတ် ကျော် စွမ်းစွမ်း တမံ ခုခံ တိုက်ခိုက် ခဲ့ ကြ သည်။ တစ်ဗိုလ် ကျ တစ်ဗိုလ် တက် စနစ် ဖြင့် ခုခံ တိုက်ခိုက် ခဲ့ ကြသည်။ အရံ ကုန်း များ ကျဆုံး ခဲ့ရ သော် လည်း ပင်မ တောင်ကုန်း မှ နေ၍ အပြင်း အထန် ခုခံ နိုင်ခဲ့ သဖြင့် မိုင်းယန်း မြို့ အား ရန်သူ သိမ်းပိုက် ကာ ယာယီ အစိုးရ ဖွဲ့ စည်း ရေး အိပ်မက် ပျက်ဆီး ခဲ့ ရ ပြီး ၁၉၈၉ ခုနှစ် တွင် ဗကပ ပြိုကွဲ သည် အထိ ဂယက် ရိုက်ခဲ့ ရသော တပ်မတော် ၏ သမိုင်း ၀င် တိုက်ပွဲ ကြီး တစ်ပွဲ ပင် ဖြစ်ပါ တော့ သတည်း။

ခေတ် အဆက်ဆက် တွင် နိုင်ငံ တော် အား ကာကွယ် စောင့်ရှောက် ရင်း ကျဆုံး ခဲ့ရ သော တပ်မတော် သား အာဇာနည် စစ်သည် အပေါင်း အား ဤ ဆောင်းပါး ဖြင့် ဂုဏ်ပြု ပါသည်။


မှီငြမ်း ကိုးကား - သောင်းဝေဦး ၊ အမှတ်တရ တိုက်ပွဲ များ ( ၂ ) မိုင်းယန်း တိုက်ပွဲ

No comments:

Post a Comment