Popular Posts

Wednesday, December 3, 2014

စီးဆင်း နေသော ဧရာဝတီ


စစ် ဆေးရုံ ကားဂိတ် သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန် တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာ ရှိသေး သည်။ လူနာ တွေ့ ချိန် သည် ညနေ ၄ နာရီ မှ ၆ နာရီ အထိ ဖြစ်၍ ၁၅ မိနစ် စောင့် ရပေဦး မည်။ အမှတ် (၂) ဂိတ် ပေါက်ဝ ရှိ အုတ် ခုံတန်း ပေါ်တွင် ထိုင်ရင်း ထောက်ကြန့် ကား ဂိတ် က ဝယ် လာ ခဲ့သည့် ၃၅ ပြား တန် ဒူးယား စီးကရက် တစ်လိပ် ကို အင်္ကျီအိတ် ကပ် အတွင်း မှ ဆွဲထုတ် လိုက် သည်။ မီး ညှိရန် အတွက် ဘေး ဘယ်၊ ညာသို့ လှမ်း ကြည့် လိုက်သည် တွင် အုတ်ခုံ အစွန်း ၌ ဆေးလိပ် ထိုင်သောက် နေသည့် ဦးကြီး တစ်ဦး ကို တွေ့၍ အနီး သို့ တိုးကပ် လိုက် မိသည်။

"ဦးလေး ... မီး တစ်တို့ လောက် နော်" ဦးလေး ကြီး ကမ်းပေး သည့် မီး တရဲရဲ နှင့် ဆေးလိပ် ကို လှမ်း ယူကာ မီး ညှိရင်း ဦးလေးကြီး ကို အကဲခတ် သလို ကျွန်တော် ကြည့် လိုက်မိ သည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင် နှင့် ခေါင်းတုံး ဆံတောက် ကို တိုတို ညှပ်ထား သည်။ ဦးလေးကြီး ၏ ပုံ သဏ္ဌာန် ကို မြင် လိုက် ကတည်း က စစ်သည် ဟောင်းကြီး တစ်ဦး ဖြစ်ကြောင်း ကျွန်တော် အကဲ ခတ် မိသည်။ သေသပ် စွာ ဝတ် ဆင် ထား သည့် ပင်နီ တိုက်ပုံ ၏ ညာဘက် အိတ် ကပ် ထက်တွင် တပ်ဆင် ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင် ခြယ် ကတ္တီ ပါ အတုံး ကလေး ထက်မှ တဖျပ်ဖျပ် တောက် နေ သည့် ငွေ ကြယ်ဖြူ ကလေး သုံးပွင့် ကို လှမ်း၍ မြင်လိုက် ရသည် နှင့် ထိုဦးလေး ကြီး ကို ကျွန်တော် စိတ် ဝင်စား သွားမိ သည်။

"ဦးလေး က မော်ကွန်းဝင် ပထမ ဆင့်နော်" ဦးလေးကြီး သည် ကျွန်တော် ကမ်းပေး သည့် ဆေးလိပ် ကို လှမ်း ယူရင်း ကျွန်တော့် မျက်နှာ ကို မော့ ကြည့် ကာ ဖော်ရွေ စွာ တစ်ချက် ပြုံး လိုက်သည်။ "ဟုတ်တယ် ကွဲ့ ငါ့ တူရဲ့၊ ငါ့ တူ က တပ်ထဲ က ပဲလား" "ဟုတ်ကဲ့ ကျွန်တော် တပ်မ ( -) ဌာနချုပ် က ပါ။ ကျွန်တော့် နာမည် ဗိုလ် အောင်နိုင် ပါ" ကျွန်တော့် ကိုယ် ကျွန်တော် မိတ်ဆက် ရင်း ထို ဦးလေးကြီး အနား မှာ ပင် ထိုင် လိုက်သည်။ "သြော် - ဗိုလ်ကြီး က တပ်မ (-) က ကိုး၊ ဦး နာမည် က အောင်ထွန်း ကွဲ့" "ဟုတ်ကဲ့ ဦးလေး၊ သိ ရတာ ဝမ်းသာ ပါတယ်" ဘတ်စ် ကား ကို တိုးဝှေ့ စီး ရသဖြင့် စိတ် ကျဉ်းကျပ် လာခဲ့ သလောက် အုတ်ခုံ ပေါ် တွင် လွတ်လွတ် လပ်လပ် ထိုင်ပြီး စီးကရက် ကို အားရ ပါးရ ဖွာရှိုက် လိုက် ရသည့် အခါ တွင် ကျွန်တော့် စိတ် သည် ပေါ့ပါး လန်းဆန်း ၍ လာ သည်။ လွတ် လပ်ခြင်း၊ ကျယ်ပြန့် ခြင်း ၏ အရသာ ကို ကျွန်တော် ခံစား နေရ သည်။

"ဒါနဲ့ ဦးလေး က ဘယ် တပ် ကလဲ ဟင်၊ အခု ကော တပ် ထဲမှာ ပဲလား" ဦးလေးကြီး သည် ဆေး လိပ် ငွေ့ များကို မှုတ်ထုတ် လိုက်ရင်း ရီဝေ သော မျက်လုံး များဖြင့် အဝေး သို့ ငေးစိုက် ကြည့် လိုက်သည်။ "တပ် ထဲက ထွက် လိုက်တာ ကြာ ပါပြီကွယ်" "ဟာ ဦးလေး ကျန်းမာရေး အခြေ အနေ က တော်တော် ကောင်း သေး တာပဲ ဦးလေး ရဲ့၊ ကောင်းကောင်း တာဝန် ထမ်းဆောင် နိုင်ေ သး တာ ပဲ ဦးလေး ရယ်၊ တပ် ထဲက ထွက်တာ စော မနေ ဘူးလား" "မစော ပါဘူး ဗိုလ်ကြီး ရယ်၊ ခြေ တစ်ဖက် မှ မရှိ တော့တာ" "ဟာ ဦးလေး ရယ်"

ကျွန်တော့် မျက်လုံး များ သည် ဦးလေးကြီး ၏ ခြေထောက် ဆီသို့ အလို အလျောက် ရောက်သွား မိသည်။ ခြေ အတု တပ်ထား သော ဦးလေးကြီး ၏ ဘယ် ခြေထောက် နှင့် အုတ်ခုံ ဘေး တွင် လှဲချ ထားသော ချိုင်းထောက် ကို ယခု မှ ပင် ကျွန်တော် သတိထား လိုက်မိ သည်။ နီညို ရောင် သစ်သား ခြေတု ကြီး ကို ကြည့်ရင်း ကျွန်တော့် ရင် ထဲတွင် နင့် ခနဲ ခံစား လိုက်ရ သည်။ "ဦးလေး အခု လူနာ လာ ကြည့် တာလား" "ဟုတ်တယ် ဗိုလ်ကြီး" "ဒါ ဖြင့် ဆေးရုံ ထဲ ဝင်ကြ ရအောင်၊ ဂိတ် တံခါး ဖွင့် နေပြီ၊ ဦးလေး ကို ကျွန်တော် ဖြည်းဖြည်း တွဲခေါ်မယ်" "ရပါတယ် ဗိုလ်ကြီး ရယ်၊ မလို ပါ ဘူး ကွယ်" ဦးလေးကြီး သည် ပြောပြော ဆိုဆို နှင့် အုတ်ခုံ နံဘေး တွင် လှဲချ ထား သည့် ချိုင်းထောက် ကို ကုန်းကောက် ရင်း ချိုင်းထောက် အကူ ဖြင့် ထိုင် ရာမှ ထလိုက် သည်။ နှစ်ယောက် သား ဆေးရုံ ဝင်း အတွင်း သို့ တစ်လှမ်း ချင်း ဝင်လာ ကြ သည်။

"ဦးလေး တို့ သားအဖ ကံမကောင်း ကြ ဘူးကွယ်" "ဗျာ ဦးလေး တို့ သား အဖ ဟုတ် လား" "ဟုတ်တယ် ဗိုလ်ကြီး၊ အခု ဦးလေး သားကြီး လည်း ဒဏ်ရာ ရပြီး မနေ့ ကပဲ ဒီ ဆေးရုံ ကို ရောက် လာတယ် ဆိုလို့ သူ့ကို ဦးလေး လာတွေ့ တာ" "ဖြစ်မှ ဖြစ်ရလေ ဦးလေး ရယ်၊ ဒီလို ဖြစ်ရတာ ကို ကျွန်တော် စိတ် မကောင်း ပါဘူး။ ကျွန်တော် တို့ လည်း စစ်သား ဆိုတော့ ကိုယ်ချင်း စာ မိပါတယ် ဦးလေး။ ကျွန်တော် လည်း သင်တန်း တက်ဖို့ အတွက် မနေ့ ကမှ ရှေ့ တန်း ဌာနချုပ် က ပြန် လာတယ်။ ကျွန်တော် ဌာနချုပ် ကို မရောက် ခင် ခြေလျင် တပ် မှာ နေတုန်းက ကျွန်တော့် တပည့် တစ်ယောက် လည်း ရှေ့တန်း မှာ ဒဏ်ရာ ရပြီး ဒီ ဆေးရုံ ကို ရောက် လာတယ် ဆိုလို့ ကျွန်တော် လာ တွေ့တာ၊ စစ်ပွဲ ဆိုတော့ လည်း သေနတ် တွေ၊ ဗုံးတွေ နဲ့ ပစ်ကြ၊ ခတ်ကြ၊ တိုက် ကြ ရတာ မဟုတ် လား ၊ ပန်းနဲ့ ပေါက် ကြတာ မဟုတ် တော့ လည်း ထိကြ၊ ခိုက် ကြတာ ပေါ့။ ကိုယ့် တိုင်းပြည် နဲ့ လူမျိုး အတွက် တရား သော စစ်ကို တိုက်နေ ကြ တာပဲ မဟုတ် လား။ ပြည်သူ တစ်ရပ် လုံး ကလည်း ကျွန်တော် တို့ ဘက်က ရှိနေ ပါတယ် လေ"

"ဒါပေါ့ ဗိုလ်ကြီး ရယ်၊ ဒီကောင် က ကျွန်တော့် ထက် ပိုဆိုး တယ်၊ ကျွန် တော် ကမှ တပ် ထဲမှာ ဒုတိယ အရာခံ ဗိုလ် အဆင့် အထိ တာဝန် ထမ်း ခဲ့သေး တယ်။ ဒီကောင် အခု တပ်ကြပ်ကြီး ပဲ ရှိသေး တာ၊ အသက် က ဘာ ရှိဦး မှာလဲ၊ သုံးဆယ့် တစ်နှစ် ပဲ ရှိဦး မယ်" "ဦးလေး သား က ဘယ် တပ် ကလဲ နာမည် ဘယ်လို ခေါ် သလဲ ဦးလေး" "မောင်မောင်၊ တပ်ကြပ်ကြီး မောင်မောင်၊ အမှတ် (-) ခြေမြန် တပ်ရင်း က" ကျွန်တော့် စိတ် ထဲတွင် သံသယ တစ်ခု ဝင်လာ မိ သည်။ "မြခင် ယောက်ျား မောင်မောင် လား ဦးလေး" ဦးလေးကြီး သည် သူ့ ခြေလှမ်း ကို တုံ့ခနဲ ရပ် လိုက်ပြီး မှ ကျွန်တော့် အား စူးစမ်း သလို မော့ကြည့် လိုက်သည်။ "ဗိုလ်ကြီး ဒီကောင့် ကို သိတယ် နော်" "မြခင် ယောက်ျား မောင်မောင် လား" ဟု ကျွန်တော် ထပ်မေး လိုက်မိ သည်။ "ဟုတ်တယ် ကွဲ့၊ မြခင် ယောက်ျား မောင်မောင်"

* * * * * * * * * *

"ဗိုလ်ကြီး" "ဘာ တုံးကွ၊ မင်း ဘာလာ ရှုပ်ဦး မလို့ လဲ" တိုက်ပွဲ တစ်ပွဲ အတွက် မြေပုံ ပေါ် တွင် လမ်းကြောင်း သုံးသပ် ရွေးချယ် လျက် ရှိစဉ် ကျွန်တော့် ကို ခေါ်လိုက်သ ဖြင့် ကျွန်တော် စိတ်တို သွားမိ သည်။ မောင်မောင့် အကျင့် ကို ကျွန်တော် သိပြီး ဖြစ်သည်။ ရန်သူ နှင့် တိုက်ပွဲ ဝင်ရန် ပြင်ဆင် ပြီ ဆိုလျှင် မောင်မောင် တစ် ယောက် အူမြူး နေတတ် သည်။ ရဲဘော် တွေ ကို စသည်၊ နောက်သည်၊ ပြောင် သည်။ တပ်စု တပ်ကြပ်ကြီး လည်း မနေ ရ၊ ကျွန်တော့် ကိုပင် ချစ်ခင်စွာ လေးလေး စားစား ပြောလေ့ ဆိုလေ့ ရှိ သည်။ သူ့ အကျင့် ကို သိထားပြီး ဖြစ်၍ သူ့ကို လှမ်းမေး လိုက် ရသည်။ "ဒီ စစ်ဆင်ရေး ပြီးရင် မြခင် ကို တောင်းပေး နော် ဗိုလ်ကြီး"

ကျွန်တော် တို့ တပ်စု ရေအိုးစင် ရွာ ကလေး ၌ တာဝန် ကျ သည်မှာ နှစ်လ ခန့်သာ ရှိသေး သည်။ ရွာလယ် ဈေးဆိုင် မှ မြခင် ကို မောင်မောင် တစ်ယောက် မျက်စိ ကျ နေပေ ပြီ။ မြခင် ကလည်း မျက်စိ ကျ လောက် စရာပင်။ မလှသော် လည်း အသား ညို စိမ့်စိမ့်၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့် တင်းတင်း၊ မျက်လုံး မျက်ခုံး ကောင်းကောင်း၊ နှာတံ ပေါ်ပေါ် နှင့် ကြည့်လို့ ကောင်း သည်။ ဈေးသည် ပီပီ နှုတ်ချို သည်၊ ဖော်ရွေ သည်။ ထို့ကြောင့် ပင် မြခင် ၏ ဈေး ဆိုင် ၌ ဝယ်သူ မစဲ တသဲသဲ နှင့် အမြဲ လိုပင် စည်ကား နေလေ့ ရှိသည်။ တပ်စု အတွင်း ၌ ဈေးဝယ် သည့် အဝယ် တော် ရာထူး နှင့် ပတ်သက်ပြီး မကြာ ခဏ ပြဿနာ ဖြစ် ရသည်။ ဈေးဝယ် လွှတ် ကြ တော့မည် ဆိုလျှင် သူ သွားမည်၊ ငါ သွားမည် နှင့် အလု အယက်။ ထိုအထဲ တွင် မောင်မောင် တစ်ယောက် အကဲ ဆုံး ဖြစ်သည်။ မြခင် ဆိုင်မှာ သာ ဈေး ဝယ် ရမည် ဆိုလျှင် မောင်မောင် တစ်ယောက် ကဖြင့် မိုး သဲသဲ မဲမဲ ရွာနေ လျှင်လည်း သွားသည်။ နေ ချစ်ချစ် တောက် ပူနေလျှင် လည်း သွားသည်။ မြခင် ဈေးဆိုင် အနီး တွင် မည်သို့သော ပြဿနာ ရှိနေ စေကာမူ မောင်မောင် တစ်ယောက် ဂရု မထား၊ သွားမည် သာ ပင်ဖြစ်သည်။

"မင်း ဟာက ဟုတ်ကော ဟုတ်ရဲ့ လား မောင်မောင် ရယ်၊ ကောင်မလေး က မင့်ကို ကြိုက် လို့လား" "သေချာ ပါတယ် ဗိုလ်ကြီး ရဲ့၊ မနေ့ ကလေ ကျွန်တော် နဲ့ ရွာထိပ်မှာ ရေခပ် နေရင်း တွေ့တော့ သူ့ မျက်နှာ တစ်ခု လုံး ပြုံး နေတာပဲ၊ မျက်လုံး တွေ ကလည်း အရောင် တဖျတ်ဖျတ် တောက် လို့၊ ပြီးတော့ ..." "တော် စမ်း ပါကွာ မောင်မောင် ရာ၊ မင်းကို တွေ့တွေ့ ချင်း ပြုံး မပြ လို့ မဲ့ပြ ရမှာလား၊ သူများ သားသမီး ကို တောင်းတယ် ဆိုတာက နှစ်ဦး နှစ်ဖက် ကျေကျေ နပ်နပ် ရှိမှကွ" မောင်မောင် မျက်နှာ တစ်ချက် ပျက် သွားသည်။ "မြခင် သာ ခွေးကလေး၊ ကြောင် ကလေး ဆိုရင် သိပ်ကောင်း မှာ ပဲ၊ ဗိုလ်ကြီး ကိုတောင် သွား မတောင်း ခိုင်း ဘူး။ တိတ်တိတ် ကလေး ခေါ် လာပြီး သွား လေရာ ကျောပိုး အိတ် ထဲ ထည့် လွယ်ထား မှာ၊ အခုတော့ လူ မ ကလေး ဖြစ်နေ လို့ သာပေါ့။" "ဟေ့ကောင် ... သောက်ရူး၊ တော် စမ်းကွာ" "ဗိုလ်ကြီး ... တောင်း ပေးနော် ၊ စစ်ဆင်ရေး မှာ ကျွန်တော် တာဝန် ကျေ အောင် အစွမ်းကုန် ကြိုးစား မယ်၊ စစ်ဆင်ရေး တာ ဝန် ပြီးရင်တော့ တောင်း ပေးပါ ဗိုလ်ကြီး ရာ"

ကျွန်တော် ဒီကောင့် ကို စိတ်မ ရှည် နိုင် တော့ သဖြင့် မျက်နှာ တည်တည် ထားပြီး ဟောက်ပစ် လိုက် ရသည်။ "မောင်မောင် မင်း ... မြခင် ကို စိတ်ဝင်စား တာ လား၊ တာဝန် ကို စိတ်ဝင် စား တာ လား ပြောစမ်း ..." မောင်မောင် ခေါင်းငုံ့ သွားသည်။ အတန်ကြာ မှ ... "ကျွန်တော် နားလည် ပါ တယ် ဗိုလ်ကြီး၊ ကျွန်တော့် ရဲ့ တာဝန် ဟာ ဘာလဲ ဆိုတာ ကျွန်တော် သိ ပါတယ်" "သိရက် သားနဲ့ ဘာဖြစ် လို့ အချစ်ရေး ကို စဉ်းစား နေ ရတာလဲ" "ကျွန်တော် မြခင် ကို တကယ် စိတ်ဝင်စား နေ လို့ ပါ ဗိုလ်ကြီး" "လာပြန် ပြီ ဒီ မြခင်၊ သွား ဆရာကြီး ကျော်မြ ကို သွားပြော။ နောက်ထပ် ဆယ့် ငါးမိနစ် ကြာ ရင် တို့ တပ်စု တစ်စုလုံး ထွက်မယ် လို့၊ မင်း လည်း အသင့်ပြင် တော့၊ သွားတော့ ..." "ဟုတ် ကဲ့ ဗိုလ်ကြီး"

အလေးပြု ကာ လှည့်ထွက် သွား သော မောင်မောင့် ကျောပြင် ကို ငေးစိုက် ကြည့်ရင်း ကျွန်တော် ကျန်ရစ် ခဲ့သည်။ ဇွတ်တရွတ် လုပ်တတ် သော ကျွန်တော့် တပည့် ကျော် မောင်မောင် ကြောင့် ကျွန်တော် တစ်ယောက် မကြာ ခဏ စိတ် ပူ ရသည်။ ကြောင့်ကြ ရ သည်။ စိတ်ညစ် ရသည် မှာ များ ပေပြီ။ ယခု လည်း မကြာ ခင် စစ်ဆင် ရေး တာဝန် တစ်ရပ် ဆင်နွှဲ ရတော့ မည်။ မြခင် ကို စိတ်ဝင်စား စဉ် တာဝန် ကို မေ့နေ တတ် သည့် မောင်မောင့် အတွက် ကျွန်တော့် ရင်မှာ ပူ ရသည်။

လရောင် ထွက်ပြူစ ပြုသည် နှင့် ကျွန်တော် တို့ စတင် ချီတက် ကြသည်။ မှုန်မွှားမွှား လရောင် အော က် တွင် လမ်း နှင့် ရွာများ ကို ကွင်းရှောင် ပြီး တောတိုး ချီတက် ကြ ရသဖြင့် ချွေး သီး ချွေးပေါက် တို့ စိုရွှဲ ၍ နေသည်။ မြေဝပ် ငှက် တို့ ရုတ်တရက် ထပျံ ကြ သည်။ မမြင် မစမ်း နှင့် မို့ ခလုတ် တိုက်ပြီး လဲသူ လဲ၊ ချောက်ထဲ ပြုတ်ကျ သူ ပြုတ်ကျ၊ တောင်ကျ ချောင်း ကလေး များ ကို ဖြတ်ကူး ချိန် တွင် ရေစီး နှင့် မျော ပါသူ မျောပါ နှင့် အခက် အခဲ အမျိုးမျိုး ဖြတ်ကျော် ပြီး တစ်ည လုံး ချီတက် ခဲ့ရ သဖြင့် အလွန် ပင်ပန်း နွမ်းနယ် နေကြ သည်။ တောကြီး မျက်မည်း ထဲ၌ ည အချိန် ချီတက် ကြ ရသည့် အခက် အခဲ ကို ကျွန်တော် တို့ သာလျှင် နားလည် သည်။ မိုးမရွာ ၍ တော်သေး သည်။ နံနက် လေး နာရီ မထိုး မီ ရန်သူ့ စခန်း သို့ ရောက် ရှိ ကြပြီး ရန်သူ့ စခန်း ကို ခဏ အတွင်း ဝိုင်းပတ် ထားလိုက် ကြ သည်။ မှုန်မွှားမွှား လ သည် လုံးဝ ဝင် သွား ပေပြီ။ ရောင် နီ ပေါ် မလာ သေး သဖြင့် ပတ်ဝန်း ကျင် တစ်ခု လုံး ပိန်းပိတ် အောင် မှောင်နေ သည်။

အလင်း ရောင် လာသည် အထိ ကျွန်တော့် တပ်စု ကို အနား ပေးပြီး တစ်ည လုံး ချီ တက် ခဲ့ရ သဖြင့် ကုန်ခန်း သွားသော ခွန် အား တို့ကို ပြန်မွေး ရ ပေဦး မည်။ သစ်ပင် တစ်ပင် ၏ ပင်စည် ကို ကျောမှီရင်း မျက်စိ နှစ်လုံး ကို အသာ မှိတ်ကာ အမော ဖြေ လိုက် သည်။ မှုန်မွှားမွှား လရောင် အောက် တွင် မြင်ထား ခဲ့သော ရန်သူ့ စခန်း သည် ကျွန်တော့် အာရုံ ထဲ၌ အထင်း သား ပေါ် လာ သည်။ သက်ငယ် တဲ ငါးလုံး ထက် တွင် ရန်သူ တို့သည် အိပ်မော ကျ ၍ ကောင်း တုန်း ပင် ရှိ ပေမည်။ အချို့ သည် လည်း တမလွန် ဘဝ အတွက် အိပ်မက် များပင် မြင်မက် နေပြီ လား မသိ။ ကျွန်တော့် မျက်လုံး များ ပြန်ဖွင့် လိုက် ချိန်၌ သောကြာ ကြယ် သည် မာကျူရီ မီးလုံး ကြီး နှယ် မိုးကုပ် စက်ဝိုင်း နှုတ်ခမ်း ထက်၌ တောက်ပ ၍ နေပေ ပြီ။ အရှေ့ ဘက် အရပ် ဆီမှ ရောင် နီ ပေါ် လာ ပြီ ဖြစ်၍ ရန်သူ့ တဲများ ကို နောက်ခံ ရောင်ခြည် များ ရှေ့တွင် မှုန် ဝါးဝါး မြင်နေ ရသည်။

အချင်းချင်း လက်တို့ ကာ အချက် ပေးလိုက် သည် နှင့် ရန်သူ့ စခန်း ကုန်း ဆီသို့ ဝပ်တွား၍ တက်ကြ သည်။ ငိုက် မျဉ်း နေသော ရန်သူ့ ကင်း သမား သည် မောင်မောင် ၏ လှံစွပ် များနှင့် ထိတွေ့ ပြီး တစ်သက် လုံး မနိုးသော အိပ်ခြင်း ဖြင့် ငြိမ်သက်စွာ အိပ်ပျော် သွားသည်။ မောင်မောင် ၏ ဂျီသရီး ပြောင်းဝ မှ သေနတ် သံနှင့် အတူ တိုက်ပွဲ စပေ ပြီ။ လက်နက် ငယ်သံ၊ လက်ပစ် ဗုံး သံနှင့် အမ် ၇၉ ဗုံးပစ် သေနတ် သံ တို့ ဖြင့် ခဏချင်း ပွက်ပွက် ညံ သွားတော့ သည်။ မျက်စိ ရှေ့၌ ပင် ရန် သူ့ တဲ သုံးလုံး မီး လောင်၍ နေပေ ပြီ။ တဟုန်းဟုန်း တောက် လောင် နေသည့် မီးရောင် အောက် တွင် သွေးရူး သွေးတန်း ဖြင့် အော်ဟစ် ညည်း တွားကာ ခြေဦး တည့်ရာ ပြေး လွှား နေ သော ရန်သူ များကို လိုက် လံ ပစ်ခတ် ချေမှုန်း နေရင်း ကျွန်တော့် ရှေ့မှ မောင်မောင် တစ်ယောက် ခွေ ခနဲ မြေပေါ် သို့ လဲကျ သွား သဖြင့် ကျွန်တော့် ရင် ထဲ၌ ထိတ် သွား မိတော့ သည်။

မောင်မောင့် အား ကျွန်တော် ပြေး ပွေ့နေသည့် ခဏ အတွင်း ၌ပင် တိုက်ပွဲ ပြီးဆုံး သွားသည်။ ရန် သူ့ စခန်း တစ်ခု လုံးကို ကျွန်တော် တို့ သိမ်းပိုက် ရရှိ လိုက် သည်။ နံနက် ခင်း ၏ နေခြည် အောက် တွင် ရန် သူ အလောင်း ကောင်များ မြင် မကောင်း အောင် ပုံပျက် ပန်းပျက် ဟိုသည် ပြန့်ကျဲ ၍ ရှိနေ သည်။ ထို တိုက်ပွဲ တွင် မောင်မောင် တစ်ယောက် သာ ညာဘက် ပေါင်တွင် ဒဏ်ရာ ရပြီး ရန်သူ အသေ ခုနစ်ယောက် နှင့် အရှင် နှစ်ယောက် ဖမ်းမိ ကာ လက်နက် မျိုးစုံ ၁၀ လက် ရရှိ လိုက် သည်။ အရင်း နည်း နည်း နှင့် အမြတ် များများ ရလိုက် သော တိုက်ပွဲ၊ ရန်သူ ဦးကျိုး သွားသော အလှည့် အပြောင်း တိုက်ပွဲ ပင် ဖြစ်သည်။

တိုက်ပွဲ တွင် ရွပ်ရွပ် ချွံချွံ သက်စွန့် ဆံဖျား တိုက်ပွဲ ဝင် ခဲ့သော မောင်မောင် အား နိုင်ငံတော် က သူရဲကောင်း မှတ် တမ်းဝင် ချီးမြှင့် ခဲ့သည်။ တပ်ရင်းမှူး က မောင်မောင့် အား ဒုတိယ တပ်ကြပ် အဆင့် သို့ တိုးမြှင့် ပေး လိုက်သည်။ ကျွန်တော် သည်လည်း မောင်မောင် ဒဏ်ရာ ပျောက်၍ ဆေးရုံ မှ ဆင်းလာ သော အခါ တွင် သူ အလွန် ချစ်သော မြခင် ကို မိသား ဖသား ပီပီ လူကြီး စုံရာ ဖြင့် တောင်းရမ်း ပေးခဲ့ သည်။ ထို တိုက်ပွဲ သည် မောင်မောင့် အတွက် မမေ့ နိုင် သော မှတ်တမ်း ကလေး တစ်ခု ပင် ဖြစ်တော့ သည်။

* * * * * * * * * *

လူ့ သမိုင်း သည် တက်ချည် ဆင်း ချည်၊ နိမ့်ချည် မြင့်ချည် ဖြင့် ပြောင်းလဲ နေသည်။ တစ်ခါ တစ် ရံ ဖြည်းဖြည်း နှင့် မှန်မှန် ပြောင်းလဲ နေ သကဲ့သို့ တစ်ခါ တစ်ရံ အရှိန် အဟုန်ဖြင့် ရုတ်တ ရက် မြန်မြန် ပြောင်း လဲ သည်လည်း ရှိသည်။ လူ့ဘောင် အတွက် အကျိုး စီးပွား ကို ဆောင် ကြဉ်း သော ဝါ ဒ စနစ် နှင့် လူ ပုဂ္ဂိုလ် အဖွဲ့အစည်း တို့သည် ကြာရှည် စွာ တည်တံ့ ခိုင်မြဲ ပြီး ဆိုး သွမ်း ရိုင်း စိုင်း ၍ ရက်စက် ယုတ်မာ သော ဝါဒ စနစ် နှင့် လူ ပုဂ္ဂိုလ် အဖွဲ့ အစည်း တို့ မှာ လူသား တို့၏ အကျိုး စီးပွား ကို မျက်ကွယ် ပြုခဲ့ သဖြင့် ခဏ ချင်း ကျဆင်း ပျက်သုဉ်း ကာ ပြည်သူ တို့၏ ဒဏ်ခတ် ခြင်းကို ခံကြ ရသည် သာ ဖြစ် သည်။ ရိုးမ ဗမာပြည် ကွန်မြူနစ် ပါတီ အဖွဲ့သည် လည်းကောင်း၊ ဗမာပြည်ကွန် မြူနစ် ပါတီ သည် လည်းကောင်း ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက် တွင် ပြည် သူ တို့၏ ဒဏ်ခတ်ခြင်း ကို မရှုမလှ ခံကြ ရပြီး ဗုန်း ဗုန်း လဲကာ ပြိုကွဲ ပျက်စီး သွားခဲ့ ရပေ သည်။ အ လုပ် သမား၊ တောင်သူ လယ် သမားများ အပါ အဝင် ပြည်သူ အများ ကောင်းကျိုး အတွက် တိုက်ပွဲ ဝင်ခြင်း သည် တရား သော စစ်ကို ဆင်နွှဲ ခြင်း ဖြစ်ပြီး ပြည်သူ တစ်ရပ် လုံး ပါဝင် သည့် တရား သော ဘက် မှ တိုက်ပွဲ ဝင် သူတို့ သည်သာ ရေရှည် တွင် အောင်ပွဲ ဆင်ကြ ရ စမြဲ ပင် ဖြစ်သည်။

နိုင်ငံတော် အစိုးရ သည် ပြည်သူ အများ ၏ အကျိုး စီးပွား အတွက် ကာယ အား၊ ဉာဏ အား စွမ်း ပကား တို့ဖြင့် စွမ်းအား ရှိသမျှ အစွမ်း ကုန် ကြိုးစား တည် ဆောက် နေချိန် တွင် အရှေ့ မြောက် ဒေသ ဗကပ တို့သည် ၁၉၆၈ ခုနှစ် မှ သည် ယနေ့ အချိန် အထိ နယ်စပ် ဒေသ များ တွင် အဖျက် အမှောင့် လုပ်ငန်း များ ကို အစွမ်း ကုန် ပြုလုပ် လျက် ရှိကြ သည်။ အသက်၊ သွေး၊ ချွေး တို့ဖြင့် စတေး ကာ ခက်ခက် ခဲခဲ ရယူ ခဲ့သော နိုင်ငံတော် ၏ လွတ်လပ်ရေး နှင့် အချုပ် အခြာ အာဏာ ပိုင်စိုးမှု တို့ကို ပျက်သုဉ်း အောင် ဖန်တီး လျက် ရှိပြီး တိုင်းပြည် နှင့် လူမျိုး ကို ကျွန် ဇာတ်သွင်း ရန် အတွက် အမျိုးမျိုး ကြိုးပမ်း လုပ်ဆောင် လျက် ရှိကြ သည်။ တိုင်းပြည် နှင့် လူမျိုး ဘက်မှ ထာဝရ ရပ်တည် လျက် သမိုင်း အစဉ် အလာ ကြီးမား ခဲ့သည့် တပ်မတော် သည် ပြည်သူ တို့နှင့် လက်တွဲ ကာ အရှေ့ မြောက် ဒေသ ဗကပ တို့အား ချေမှုန်း တိုက်ခိုက် ခဲ့ရာ တစ်ပွဲပြီး တစ်ပွဲ အောင်ပွဲ ဆင် ခဲ့သည်။ တရား သော စစ် အောင်နိုင်ရေး အတွက် ပါဝင် လုပ်အား ပေး ကြသော ပြည်သူ များနှင့် တပ်မတော် သည် ထိုးစစ် ဆင်၍ တိုက်ခိုက် လျက် ရှိသည်။ ဗကပ တို့ သည် အရူး မီးဝိုင်း ခံနေ ရသည့် နှယ် စခန်း များ ကို စွန့်ခွာ ၍ တရကြမ်း ဆုတ်ခွာ ထွက် ပြေး နေကြ ရပေပြီ။

မောင်မောင် တစ်ယောက် အမှတ် (-) ခြေမြန် တပ်ရင်း နှင့် အတူ တိုက်ပွဲ အသီးသီး တွင် ပါဝင် တိုက်ခိုက် ခဲ့သည်။ ပင်ကို ကပင် သူရ သတ္တိ ရှိသော မောင် မောင်သည် ၄င်း၏ တပ်ရင်း နှင့် အတူ တကွ ပင် ရန်သူ့ စခန်း များ ကို တစ်ခု ပြီး တစ်ခု သိမ်းပိုက် ရရှိ ခဲ့သည်။ ဒုတိယ တပ် ကြပ် အဆင့်မှ တပ်ကြပ် အဆင့်၊ တပ်ကြပ် အဆင့် မှ တပ်ကြပ်ကြီး အဆင့် သို့ စစ်ဆင် ရေး အတွင်း ၌ ပင် စစ်မြေပြင် အဆင့် တိုး မြှင့်ခြင်း ခံခဲ့ ရသည်။ ဗကပ များ အလုံး အရင်းနှင့် ခုခံ နေသော ပွိုင့် တောင်ကုန်း သည် မောင် မောင် တို့ တပ်ရင်း ၏ နောက်ဆုံး ရည် မှန်းချက် ဖြစ်သည်။ ထို တောင်ကုန်း ထိပ် ရှိ ရန်သူ အား အနီး ကပ်ကာ တက်ရောက် လှံစွပ် ထိုး တိုက်ပွဲ ဆင်နွှဲ နေစဉ် ရန်သူ့ မိုင်း တစ်လုံး နင်းမိ ၍ မောင်မောင် တစ် ယောက် လှေလှော် ရင်း တက်ကျိုး သွားခဲ့ ရပေ သည်။

* * * * * * * * * *

ချိုင်းထောက် ကြီး တကားကား နှင့် တရွေ့ရွေ့ သွား နေသော မော်ကွန်း ဝင် ဦးလေး ကြီး ကို အသာ တွဲရင်း ခွဲစိတ် ဆောင် အတွင်း သို့ ကျွန်တော် တို့ ဝင်လာ ခဲ့ကြ သည်။ အစိမ်း ရောင် နှင့် အဖြူ ရောင် ဝတ်ဆင်ထားသော ခွဲစိတ်ဆောင် တာဝန် ခံ ဆရာမလေး ညွှန်ပြသည့် အတိုင်း မောင် မောင့် အခန်း ဆီသို့ ကျွန်တော်တို့ လျှောက် လှမ်းလာကြသည်။ တိုင်းပြည် တွင် မိမိ တို့၏ ကိုယ် ခန္ဓာ ကို စွန့်လွှတ် ရဲကြသော စစ် ဆေးရုံ အတွင်း တွင် တွေ့မြင် ကြ ရသည့် သူရဲ ကောင်း စစ်သည် များ အတွက် ကျွန်တော် ကိုယ်တိုင် စစ်သား တစ်ယောက် အနေ ဖြင့် ရင် ထဲတွင် ဝမ်းနည်း ဝမ်းသာ ဖြစ်နေ မိသည်။ မ သန်စွမ်း စစ်သည် ကလေး များ ကို ကြည့်ရင်း ကျွန်တော့် နံဘေး ရှိ ဦးလေး ကြီး ကို သတိရကာ ငဲ့စောင်း ကြည့် လိုက် မိသည်။ ဦးလေးကြီး ၏ မျက်လုံး အစုံ သည် ကြမ်းပြင် ဆီသို့ စူးစူး ရဲရဲ စိုက်ကြည့် နေပြီး မေးကြော ကြီးများ တင်း နေ အောင် အံကို ကြိတ် ထားသည်။ ကျွန် တော့် ရင်ထဲ ၌ မည်သို့ ခံစား ရသည် ကို ထိုးဖောက် မြင်သည့် နှယ်။

"ဦးတော့ ဝမ်းမနည်း ဘူး၊ စစ်သား တစ်ယောက် အနေ နဲ့ အခုလို စွန့်လွှတ် ရဲ တာ ကို ဂုဏ်ယူ တယ်။ ကိုယ့် တိုင်းပြည် လွတ်လပ် ရေး ကို အဓွန့် ရှည်အောင် ကာကွယ် ရမှာ ဦးတို့၊ ဗိုလ်ကြီး တို့ရဲ့ မွေးရာပါ တာဝန် ပဲ၊ တောက် - ဦး ခြေထောက် သာ ကောင်းရင် ဒီ ရဲဘော်လေး တွေ နဲ့ တွဲပြီး ရန်သူ ကို တိုက် လိုက်ချင် သေးတယ်" စစ်သားကြီး ၏ သံမဏိ စိတ်ဓာတ် ကို ကြားသိ လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး ကြက်သီး မွေးညင်း များ ပင် ထသွား မိ သည်။ "တော် ပါတော့ ဦးလေး ရယ်၊ တိုင်း ပြည် အတွက် ဦးလေး အဖို့ တာဝန် ကျေပွန် လွန်း လှ ပါပြီ။ ဒီ တာဝန် တွေ ကို ကျွန် တော် တို့၊ မောင်မောင် တို့ တစ်တွေ ပခုံး လွှဲပြောင်း ထမ်းဆောင် နေကြ ပါတယ်။"

စကား တပြောပြော နှင့် လျှောက် လှမ်းလာ ကြရာ မောင်မောင့် အခန်း ဝ သို့ ရောက်သည် တွင် ကျွန်တော် ခြေလှမ်း များ တုံ့ခနဲ ရပ်တန့် သွား သည်။ မြခင် ...။ သေချာ ပါသည်။ မြခင် မှ မြခင် အစစ်။ မတွေ့ ရသည်မှာ လေး၊ ငါး၊ ဆယ်နှစ် ကြာသည့် တိုင် အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်၊ မျက်လုံး မျက်ခုံး ကောင်းကောင်း နှင့် မြခင် ကို ကျွန်တော် ကောင်းေ ကာင်း မှတ် မိ သည်။ မှန် ပြတင်း မှ ထိုးဖောက် ဝင်ရောက် နေသည့် ဝင်လု ဆဲ နေခြည် ဖျော့ေ ဖျာ့ အောက် တွင် မြ ခင် ၏ မျက်နှာ သည် ပြုံး၍ နေ သည်။ သို့သော် ဝင်းလက် တောက်ပ နေ သည့် မြ ခင် ၏ မျက်လုံး အစုံ တွင် မျက် ရည် ကြည် တို့ ရစ်ဝိုင်း သိုင်းဖွဲ့ လျက် ရှိနေ သည်။ မြခင် တစ်ယောက် ပြုံးနေ သည် လား၊ ငိုနေ သည်လား ကျွန်တော် ခွဲခြား မရ။ သူ့ အပြုံး တွင် မျက်ရည်စ တွေ နှင့်။

"အစ်ကို ... အစ်ကို ဘာမှ အား မငယ် နဲ့ နော်၊ မြခင် အစ်ကို့ ဘေးနား မှာ ရှိနေတယ် လေ" မြခင် အသံ သည် တုန်ခါလျက် ရှိ ပြီး လှိုက်လှဲ ကြေကွဲဖွယ် ကောင်းနေ သည်။ မြခင်၏ လက် အစုံ သည် မောင် မောင်၏ တစ်ဖက် တည်း သာ ကျန် ရှိသော ညာ လက်ရုံး ကို တင်းတင်း ကျပ်ကျပ် ဆုပ် ကိုင် ထား ရင်း တဆတ်ဆတ် တုန်နေ သည်။ "မြခင် လေ ပညာ မတတ် ပေမယ့် ဈေးတော့ ရောင်း တတ် ပါ တယ်။ ဈေး ရောင်းပြီး အစ်ကို့ ကို မြခင် ရှာကျွေး မယ်၊ အစ်ကို ဘာမှ အားမငယ် နဲ့ နော်" ချစ် ခင်ပွန်း ကို အားပေး စကား ပြောကြား ရင်း မြခင် ရင်တွင်း မှ ရှိုက်သံ သဲ့သဲ့ တို့သည် တစ်ချက် တစ်ချက် တွင် တိုးတိုး ညင်းညင်း ထွက် လာသည်။ မြခင် ၏ မျက်ဝန်း အစုံ မှ ပါးပြင် ထက် သို့ တလိမ့်လိမ့် ကျဆင်း လာသည့် မျက်ရည် ပူ များကို ယမ်းခိုး ရိုက် ထား သဖြင့် မျက်လုံး နှစ်ဖက် စလုံး ပတ်တီး စည်း ထားသော မောင်မောင် တစ်ယောက် မမြင် ရ၍ တော်သေး သည်။ "မြခင် အားမငယ် နဲ့ ကွာ၊ အစ်ကို့ မှာ ခြေ တစ်ဖက် နဲ့ လက် တစ်ဖက် မရှိ တော့ ပေမယ့် ခြေ တစ်ဖက် နဲ့ လက် တစ် ဖက် ကျန်နေသေး တာပဲ၊ တိုင်းပြည် တာဝန် ကို ကျရာ အခန်း က အစ်ကို ထမ်းဆောင် နိုင် ပါသေး တယ် ကွာ"

မြခင် ထံမှ ရှိုက်သံ တစ်ချက် သိမ့် ခနဲ ထွက်လာ သည်။ "မြခင် မင်းငို နေတာလား ဟင်။ မြခင် တစ်ယောက် မျက်ရည် များ ကို ကမန်း ကတန်း သုတ်ပြီး ပြုံး လိုက်သည်။ "မငို ပါဘူး အစ်ကို ရယ် ၊ မြခင် မငို ပါဘူး၊ မြခင် ဘာဖြစ် လို့ ငို ရမှာ လဲ၊ အစ်ကို့ အတွက် မြခင် ဂုဏ်ယူ လို့ မဆုံး ပါဘူး အစ်ကို ရယ်။ ဆယ်နှစ် ဆယ်မိုး ကိုယ်ကျိုး စွန့်ပြီး တိုင်းပြည် တာဝန် ကို ကျေကျေ ပွန်ပွန် ထမ်းရွက် ခဲ့တဲ့ အစ်ကို့ လို စစ်သားကောင်း တစ်ယောက် ရဲ့ မိန်းမ ဖြစ်ရတာ ကိုပဲ ဂုဏ်ယူ လို့ မဆုံး ပါ ဘူး အစ်ကို"

"မြခင် ..." "ပြောပါ အစ်ကို၊ မြခင် အနား မှာ ရှိပါတယ်" "အစ်ကို့ သားကြီး ကော ပါလား ဟင် ..." "ပါ လာ ပါတယ် အစ်ကို၊ အစ်ကို့ ခုတင် နံဘေးက ခုံပေါ် မှာ ထိုင်နေ ပါ တယ်" "အစ်ကို့ သားကြီး ကို ခုတင် ပေါ် တင်ပေး စမ်း ပါ" "ဟုတ်ကဲ့ အစ်ကို" တစ်ဖက် တည်း သာ ကျန် ရှိသော လက်ဖြင့် သားငယ် ကို တင်းတင်း ကျပ် ကျပ် ပွေ့ဖက် ရင်းမှ ... "သားကြီး" "ဗျာ ပေပေ" "ငါ့ သား ကြီး လာရင် ဘာလုပ် မလဲ ဟင် - သား" သားငယ် သည် မိခင် ၏ မျက်နှာ ကို သမင် လည်ပြန် ပြန်ကြည့် ကာ အတန်ကြာ စဉ်းစား ၍ နေသဖြင့် မြခင် က ဝင်ရောက် အားပေး လိုက် သည်။ "သားကြီး - ပြော လိုက်လေ၊ ဖေဖေကြီး မေးနေတာ ဖြေ လိုက်" "ပေပေ့ လို ကြစ်တားကြီး လုပ် မယ်" "ဒါမှ ဖေဖေ့ သားကြီး ကွ။ ဖအေ့ တာဝန် ကို ပခုံး ပြောင်း ယူမယ့် သားကြီး ဟေ့"

ဝမ်းသာ အယ်လဲ အော် လိုက်သော မောင်မောင် ၏ အသံသည် အခန်း တွင်းမှ တုန်ခါ ၍ အခန်း ဝ တွင် ရပ် နေသော ကျွန်တော့် ထံ သို့ ပျံ့လွင့် ထွက်လာ သည်။ ကျွန်တော့် ရင်တွင်း သို့ ရိုက်ခတ် စိမ့်ဝင် ၍ သွားသည်။ မောင်မောင် ၏ တိုင်းချစ် ပြည်ချစ် စိတ် သည် ကျွန်တော့် ရင်တွင်း သို့ သာမက တရား သော စစ်ကို ဆင်နွှဲ နေကြသော ပြည်သူ တစ်ရပ် လုံး ၏ အသည်း နှလုံး အတွင်း သို့ တိုင် ထိုးဖောက် ဝင်ရောက် သွားပေ မည် မှာ မုချ။ "အေးပါ ... ငါ့ သားဟာ စစ်သား ကောင်း တစ်ယောက် ဖြစ် သလို ငါ့ မြေး ဟာလည်း စစ်သား ပဲ ဖြစ် ရမယ်၊ အိုကွာ တို့ တစ်မျိုး လုံး ဟာ တို့ တိုင်းပြည် ကာ ကွယ် စောင့်ရှောက် ဖို့ အတွက် စစ်သား တွေ ပဲ ဖြစ် ရမယ် ဟေ့" ချိုင်းထောက် ကြီး တကားကား နှင့် ကျေကျေ နပ်နပ်ကြီး ကြုံးဝါး ကာ မောင် မောင့် အခန်း တွင်း သို့ လှမ်းဝင် သွား သော စစ်သား အိုကြီး ၏ ကျယ်ပြန့် သော ကျောပြင် ကို ကြည့်ရင် အခန်းဝ တွင် ကျွန်တော် တစ်ယောက် တည်း ရပ်လျက် ငေးငိုင် ကာ ကျန်ရစ် ခဲ့သည်။

ဧရာဝတီ သည် မြစ်ဖျား မှ သည် မြစ်ဝဆီသို့ တသွင်သွင် အဆက် မပြတ် စီးဆင်း ၍ နေ သည်။ ယခင် ကလည်း စီးဆင်း နေခဲ့ သည်။ ယခု လည်း စီးဆင်း နေဆဲ ပင်။ နောင် တွင် လည်း ကမ္ဘာ တည် သရွေ့ စီးဆင်း နေဦးမည် သာ ဖြစ်သည်။ တိုင်းပြည် ကို ချစ်သော စစ်သား အိုကြီး ဒုတိယ အရာခံ ဗိုလ် အောင်ထွန်း သည် သူ၏ ခြေ တစ်ဖက် ကို စတေး ၍ တိုင်းပြည် အတွက် လွတ်လပ် ရေး ကို ရယူ ပေးခဲ့ သည်။ မော်ကွန်း ဝင် စစ်သား အိုကြီး ၏ သား စစ်သား ကလေး မောင်မောင်၊ ဒုတိယ တပ်ကြပ် မှ သည် တပ်ကြပ်ကြီး အထိ စစ် မြေပြင် တွင် ရာထူး အဆင့်ဆင့် ရရှိ ခဲ့သော သူရဲကောင်း မှတ်တမ်း ဝင် တပ်ကြပ်ကြီး မောင်မောင်၊ ဖခင် ၏ မပြီး ဆုံး သေးသော တာဝန် ကို ဖခင် ထံမှ ပခုံး လွှဲပြောင်း ယူကာ ခြေ တစ်ဖက် နှင့် လက် တစ်ဖက် ကို စွန့်လွှတ် ၍ တိုင်းပြည် ၏ လွတ်လပ် ရေး ကို အဓွန့် ရှည်အောင် ကာကွယ် ပေး ခဲ့သည်။

သြော် - တိုင်းပြည် ကို ချစ်သော ကျွန်တော် တို့ လူမျိုး ၏ တိုင်းချစ် ပြည်ချစ် စိတ်သည် သားစဉ် မြေး ဆက် တိုင် အောင် ကမ္ဘာ တည် သရွေ့ ဧရာဝတီ မြစ် ကြီး နှယ်ပင် စဉ်ဆက် မပြတ် တသွင်သွင် စီးဆင်း နေပေ တော့ မည် တကား။ ။

(မင်း ရန်အောင် စစ်ဆင်ရေး မှ တိုက်ပွဲဝင် စစ်သည် များ ကို ဂုဏ်ပြု လျက်)

သိန်းစိန်ထွန်း ( ယခု သမ္မတ ကြီး ဦးသိန်းစိန် )



No comments:

Post a Comment