Popular Posts

Monday, December 1, 2014

မြ၀တီ ခံစစ်


ကျွန်တော် အရှေ့ တောင် တိုင်း စစ်ဌာန ချုပ် သို့ ရောက်ရှိ ပြီးသော အခါ ယင်းဒေသ ရှိ သောင်း ကျန်း သူ များ ၏ အခြေ အနေ အရပ်ရပ် ကို အကဲခတ် တွက်ချက် မှု ပြုသော လုပ်ငန်း ကို ရှေးဦး စွာ ပြုလုပ် ရ၏။ အရှေ့တောင် တိုင်း နယ်မြေ ဒေသ တွင် ကေအင်ယူ ကရင် သောင်းကျန်း သူ နှင့် မွန် ပြည် သစ် ပါတီ တို့သည် အဓိက အင်အား ရှိသော ရန်သူ အဖွဲ့ အစည်း များ ဖြစ်သည်။ ထို အ ထဲ တွင် ကေအင်ယူ တို့က မြ၀တီ ကို ၀င်တိုက် လိမ့်မည် ဟု ကျွန်တော် တွက်ချက် မိသည်။ ရန် သူ နေရာမှ ၀င်၍ ကြည့် ပါက တိုက်သင့် သော အနေ အထား ဖြစ်၏။

ထိုအချိန် အခါ သည် ကရင် သောင်းကျန်းသူ က အားကောင်း နေသော အချိန် လည်း ဖြစ်၏။ ထို့ကြောင့် ကျွန်တော် ကိုယ်တိုင် မြ၀တီ သို့ သွားရောက် ခဲ့ကာ မြေပြင် အနေ အထား ကိုလည်း အကဲခတ် သည်။ မြ၀တီ မှာ ကျွန်တော် တို့ အင်အား က တပ်ခွဲ တစ်ခွဲ လောက် ပဲ ရှိသည်။ ထို့ကြောင့် ကျွန်တော် မြ၀တီ တွင် စစ်ကြောင်း မှူး တစ်ယောက် ကို ခန့်အပ် ပြီး တပ်ခွဲ နှစ်ခွဲ ကို ထားရှိ လိုက် ပါ၏။ စစ်ကြောင်းမှူး က ဗိုလ်ကြီး စိန်ထွန်းသန်း ဖြစ်ပါ သည်။ ထို့နောက် ကျွန်တော် က “ရန်သူ က တိုက် လိမ့်မယ်၊ ဒါကြောင့် မင်းတို့ ခံစစ် တွေကို ကောင်းအောင် ပြင်ထား၊ ကတုတ်ကျင်း တွေ ကိုလဲ ကောင်းကောင်း လုပ်၊ စိန်ပြောင်း တို့၊ အမြောက် တို့ ပစ်ဖို့လည်း ကျင်းတွေ ကို စံနစ် တကျ စီစဉ်” ဟု မှာကြား သည်။

ထိုမျှ သာမက ခဲယမ်း မီးကျောက် များနှင့် ပတ်သက် ၍ လည်း ပြည့်ပြည့် ၀၀ လုံလုံ လောက်ေ လာက် ဖြည့် တင်း ပေးသည်။ ဖြည့်တင်း ရရှိ သမျှ ခဲယမ်း များကို စံနစ် တကျ သိုလှောင် ဖို့ လည်း မှာ ကြား သည်။ ထို့အပြင် သတိ ၀ီရိယ နှင့် နေရန်၊ အမြဲတမ်း နားစွန့် နေရန် မှာကြား ၍ ထိုမှ တစ် ဖန် သင်္ကန်း ညီနောင် ကိုလည်း ၀င်၍ ခံစစ် ကို စံနစ် တကျ စီစဉ် ထားရန် တပ်ခွဲမှူး ဗိုလ်အောင်ကို ကို မှာကြား ခဲ့ပါသည်။ ကျွန်တော် ပြန်ခဲ့ပြီး မကြာ ခင် မှာဘဲ ၁၇-၃-၁၉၇၄ ရက် နေ့ တွင် ကရင် သောင်းကျန်း သူ တို့က မြ၀တီ ကို အလုံး အရင်း နှင့် ၀င်တိုက် ပါတော့ သည်။ မြ၀ တီ နှင့် ကော့ကရိတ် အကြား ရှိ သင်္ကန်း ညီနောင် သို့လည်း ကရင် သောင်းကျန်းသူ က ၀င်တိုက် ၏။ တိုက်ခိုက် သော အင်အား က ကေအင် ယူ ကရင် သောင်းကျန်း သူ သက်သက် မဟုတ်၊ မဒတ ခေါ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်း စု အမည်ခံ ကေအင် ယူ၊ ပြည်ပြေး၊ ပအိုဝ့် ခွန်ရဲနောင် အဖွဲ နှင့် မူဆလင် သောင်းကျန်း သူ တို့ စုပေါင်း ထားသော အဖွဲ့ ဖြစ်သည်။

ထိုအခါ ကျွန်တော် သည် ရှေ့တန်း တိုင်း စစ်ဌာနချုပ် ကို ကော့ကရိတ် ၌ ပြောင်းရွှေ့ ဖွင့်လှစ် ကာ ကျွန်တော် ကိုယ်တိုင် ကော့ကရိတ် တွင် သွားရောက် ကွပ်ကဲ ပါသည်။ သောင်းကျန်းသူ က မြ၀တီ နှင့် သင်္ကန်း ညီနောင် ကို လက်နက် ကြီး များနှင့် ယင်းနေ့ နံနက် ၄ နာရီ ခွဲ တွင် စတင် တိုက်ခိုက် တာ ဖြစ်၏။ ယင်း နေ့ မနက် ၆ နာရီ ခွဲ တွင် မဲပလဲ သို့ အင်အား ၃၀၀ ခန့်ဖြင့် ၀င် တိုက် သည်။ တိုက် တာ ကတော့ ပြင်းပြင်း ထန်ထန် ကို စတိုက် တာ ဖြစ်၏။ တိုက်လျှင် တိုက်ချင်း ကျွန်တော့် တပ်များ က ချက်ချင်း သတင်း ပို့ သည်။ ဒီတော့ ကျွန်တော် က - “အေး သူတို့ က တိုက်တာ လည်း တိုက်တာ ပေါ့၊ ငါ စီစဉ် ထားတဲ့ ခံစစ် အတိုင်း မင်းတို့ သေသေ ချာချာ လုပ်ကြ၊ ခံစစ် ကို ကောင်းကောင်း ပြုပြီး ခုခံ” ဟု လှမ်းပြော ပါသည်။

မြ၀တီ စစ်ကြောင်း မှူး ဗိုလ်ကြီး စိန်ထွန်းသန်း ကလည်း ပြောကြား သည့် အတိုင်း လုပ်ဆောင် သူ ဖြစ် ၏။ သူ က ခံစစ် ပြု ၍ စံနစ် တကျ ခုခံ ပါသည်။ ရန်သူ ဘက် ကလည်း သူတို့က ကြိုတင် စီ စဉ် ထားတာ ဖြစ်သည် နှင့် အညီ အတော် လေး အင်အား ကောင်းကောင်း ဖြင့် တိုက် လေရာ စစ်ကြောင်းမှူး က ကျွန်တော့် ထံ ဆက်သွယ် ၍ - “တိုင်းမှူး ခင်ဗျား ကျွန်တော့် ကို လေကြောင်း ပစ်ကူ ပေးပါ” ဟု ပြော ပါ၏။ မြ၀တီ ကို လေကြောင်း မှ ပစ်ကူ ပေးဖို့ ဆိုတာက မြ၀တီ က တစ်ဖက် နိုင်ငံ နှင့် ကပ်လျှက် ရှိသဖြင့် လေကြောင်း မှ ၀င်တိုက် လျှင် တစ်ဖက် နိုင်ငံ ထဲ ၀င်သွား ပါက တစ်ဖက် နိုင်ငံက ကန့်ကွက် နိုင်၏။ ထို့ကြောင့် စစ်ကြောင်း မှူး ထံ ကျွန်တော် က - “ဗိုလ်ကြီး စိန်ထွန်းသန်း မင်း ကိုငါ လေကြောင်း အကူ အညီ တော့ မပေး နိုင်ဖူး တစ်ဖက် နိုင်ငံ နဲ့ ကပ် နေတယ်။ ငါ တပ် လွှတ် ပေးမယ်၊ မင်း ကြံ့ကြံ့ ခံနေ ပါ။” ဟု ပြောကာ ကျွန်တော် က ကချင် သေနတ် ကိုင် တပ်ရင်း တစ်ရင်း လုံး ကို လွှတ်ဖို့ စီစဉ် ၏။

ရန်သူ က တပ်ပေါင်းစု ဖွဲ့စည်း ၍ မြ၀တီ ကို အင်အား ၇၀၀ ကျော်၊ သင်္ကန်း ညီနောင် ကို အင်အား ၅၀၀ ခန့်၊ မဲပလဲ ကို အင်အား ၃၀၀ ကျော် နှင့် ၀င်တိုက် တာ ဖြစ်သည်။ ထို့ပြင် မြ၀တီ နှင့် သင်္ကန်း ညီနောင် သို့ မိမိ တပ်များ စစ်ကူမသွားရောက်နိုင်ရန် ရန်သူက ကော့ကရိတ် နှင့် သင်္ကန်း ညီနောင် အကြား ဒေါန တောင်တန်း ကားလမ်း နှင့် တောင်ကျော လမ်း ၂ ခု တို့တွင် အင်အား ၄၀၀ ခန့် ကို တပ်ချ ထားရာ စစ်ဆင် ရေး တစ်ခု လုံး တွင် မြ၀တီ အား ၀င်တိုက် သော ရန်သူ အင်အား စုစု ပေါင်း ၂၀၀၀ ခန့် ရှိ၏။ ကော့ကရိတ် နှင့် မြ၀တီ အဆက် အသွယ် ပြတ် သွားလျှင် မြ၀တီ တိုက် ရတာ ပို၍ လွယ် သွားမည် ဖြစ်သည်။

ထိုဒေသ တွင် ရှိသော မိမိ အင်အား က မြ၀တီ တွင် တပ်ခွဲ နှစ်ခွဲ၊ အင်အား ၂၀၀ ခန့်၊ သင်္ကန်း ညီနောင် တွင် တပ်ခွဲ ရုံး နှင့် တပ်စု တစ်စု ဖြစ်သော ကြောင့် အင်အား ၃၀ ကျော် ခန့် ရှိပြီး မဲပလဲ တွင် လည်း အင်အား ၃၀ လောက် ရှိသည်။ ထို့ကြောင့် မိမိ ဖက်မှ စစ်သည် အင်အား က စုစုပေါင်း ၂၆၀ လောက် သာ ရှိ၍ ရန်သူ အရေ အတွက် ၂၀၀၀ ခန့်ကို ခံစစ် ပြုရတာ ဖြစ်သော ကြောင့် ကျွန်တော် သည် မိမိ တပ်၏ အခြေ နေ ကိုလည်း တွက်ချက် ရပါ သည်။ သို့သော် လည်း မိမိ တပ် က ကြိုတင် ပြင်ဆင် ထားမှု၊ လေ့ကျင့် မှု၊ စိတ်ဓါတ် ကြံ့ခိုင်မှု၊ တိုက် ရည် ခိုက်ရည် ယှဉ်၍ မရ အောင် သာလွန် မှု ရှိသည် ကို ကျွန်တော် ယုံကြည် ပြီး ဤ တိုက်ပွဲ ကို ကျွန်တော် ကွပ်ကဲ တာ ဖြစ် ပါသည်။


ထို အချိန် တွင် သင်္ကန်း ညီနောင် မှာ က ဗိုလ်အောင်ကို ရှိ၏။ ကျွန်တော် က မြ၀တီ ကို ခံစစ် ပြင်ဆင် ထားခိုင်း စဉ် ကပင် သင်္ကန်း ညီနောင် ရှိ သူတို့ ကိုလည်း ခံစစ် အတွက် လိုအပ် သည်များ ကို သေသေ ချာချာ ပြုလုပ် ခိုင်း ထားပြီး ဖြစ် ပါသည်။ မြ၀တီ ကို သဲသဲ မဲမဲ ၀င်တိုက် သော နံနက် မှာ ပင် ဗိုလ်အောင်ကို က “တိုင်းမှူး ကျွန်တော့် ကို လည်း စတိုက် နေပြီ၊ စစ်ကူ ပို့ပါ” ဟု ဆို၏။ ထိုအခါ ကျွန်တော် က “ဗိုလ်ကြီး အောင်ကို မင်း ဆီ ကိုတော့ ငါ စစ်ကူ မပေး နိုင်ဘူး၊ ဒါပေမဲ့ လေကြောင်း ပစ်ကူ ပေးမယ်။ မင်း ဆီမှာ ဆိုရင် လေကြောင်း က လွတ်လွတ် လပ်လပ် လှုပ်ရှား နိုင်တယ်။ အဓိက ကတော့ မင်း ကြံ့ကြံ့ ခံပါ” ဟု ပြော လိုက် ရသည်။

ကျွန်တော် ဒီလို စီစဉ် ရတာက မြ၀တီ ကို အကျ မခံ နိုင်။ မြ၀တီ ကျလျှင် နိုင်ငံ သိက္ခာ ထိခိုက် မည်။ မြ၀တီ ကို ကရင် သောင်းကျန်း သူက တိုက်တော့ တစ်ဖက် ကမ်း ကလည်း အခြေ အနေ ဘယ်လို ရှိသလဲ ဆိုတာ စောင့်ကြည့် နေ ပါ၏။ ကျွန်တော် လည်း စစ်ရုံး သို့တင်ပြ ကာ သင်္ကန်း ညီနောင် ကို လေကြောင်း မှ ပစ်ကူ ပေးသည်။ မတ်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ နံနက် အထိ တီ ၃၃ အမျိုး အစား ဂျက် လေယဉ် ၅ စီး ဖြင့် သင်္ကန်း ညီနောင် ပတ်ဝန်း ကျင် ရှိ ရန်သူ စခန်း ချရာ နေရာ များ ကို ပစ်ကူ ပေးသည်။ ဗိုလ်ကြီး အောင်ကို အား လည်း “မင်း ထိန်းနိုင် အောင်တော့ အစွမ်း ကုန် ထိန်းထား” ဟု မှာ ရသည်။ သူ ကလည်း အစွမ်းကုန် ထိန်းထား ပါ၏။

ထို အချိန် မှာပဲ ကျွန်တော် က အမှတ် (၂) ကချင် သေနတ် ကိုင် တပ်ရင်း ၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဒါရှီဂန်း (ကြည်း ၇၃၃၈) ကို ကော့ကရိတ် သို့ခေါ်ယူ ၍ “ဗိုလ်မှူး ဒါရှီဂန်း မြ၀တီ ကို ရန်သူ က ၀င်တိုက် နေပြီ၊ သင်္ကန်း ညီနောင် ကိုလည်း တိုက်နေ တယ်။ အဲဒီ တော့ မြ၀တီ ကိုတော့ လေကြောင်း ပစ်ကူ မပေး နိုင်ဘူး၊ တပ် အကူတော့ ပေးမယ်၊ ဒီတော့ ဗိုလ်မှူး ဒါရှီဂန်း က တပ်ကူ သွား ပါ။ တပ်ကူ သွားရင် ကားလမ်း ပေါ်က မသွား ပါနဲ့။ ကားလမ်း ပေါ်က သွားရင် မင်း ခြုံခို တိုက်တာ ခံ ရဖို့ များတယ်၊ သင်္ကန်း ညီနောင် ကိုလည်း ရန်သူ က တိုက် နေတော့ မင်း မော်တော် ကားလမ်း ကလည်း သွား လို့ ရမှာ မဟုတ် ဘူး။ ဒါကြောင့် ကော့ကရိတ် ကနေ မြ၀တီ ကို တောလမ်း က သွားပါ။ တပ်ရင်း တစ်ရင်း လုံး တောလမ်း ကနေ သွား ရမှာ၊ ရောက် တဲ့ နေရာ ကနေ သတင်းပို့၊ သင်္ကန်း ညီနောင် နား ရောက်တဲ့ အခါ သေနတ် သံတွေ ကြားရ လိမ့်မယ်။ ကြား ရင်လည်း ကိစ္စ မရှိဘူး သူ့ကို လေယာဉ် ပျံ နဲ့ပဲ ပစ်ကူ ပေးထား မယ်။ ဗိုလ်မှူး ဒါရှီဂန်း က မြ၀တီ ကို အရောက် သွား၊ ရောက် တာနဲ့ တပ်ရင်း တစ်ရင်း လုံး နဲ့ဝင်ပြီး စစ်ကူ ပေး၊ ဒီလို ဆိုရင် မြ၀တီ ကို တိုက် နေတဲ့ သောင်းကျန်း သူတွေ ဆုတ်သွား လိမ့်မယ်။ မင်း ကို အခု တာဝန် ပေး ရာမှာ နိုင်ငံတော် ရဲ့ ဂုဏ် သိက္ခာ ပါတယ်” ဆိုပြီး လွှတ် လိုက် ပါသည်။

ဗိုလ်မှူး ဒါရှီဂန်း သည် မတ်လ ၂၂ ရက် ညဦးပိုင်း က တပ်ထွက် သည်။ သူ သည် မြ၀တီ - ကော့ကရိတ် လမ်း၏ တောင်ဖက် တောလမ်း မှ ထိုး ဖေါက် ၍ ၀င်ရောက် တာ ဖြစ်၏။ သင်္ကန်း ညီနောင် နား ရောက်တော့ ဗိုလ်မှူး ဒါရှီဂန်း က သေနတ် သံတွေ ကြား ရကြောင်း သတင်း ပို့ သည်။ ကျွန်တော် က ကိစ္စ မရှိ ဘူး မြ၀တီ ကိုသာ သွား ဟု ဆိုရာ သူ ကလည်း အမိန့် အတိုင်း လိုက်နာ သည်။ ထို့နောက် မြ၀တီ ကို တိုက်ခိုက် နေ သော ရန်သူ များ ၏ နောက်ကျော ကို ၀ိုင်း၍ ဗိုလ်မှူး ဒါရှီဂန်း ၏ တပ်ရင်း တစ်ရင်း လုံး ဖြင့် ၀င်တိုက် ရာ ကရင် သောင်းကျန်း သူများ မြ၀တီ မှ ၂၃ ရက်နေ့တွင် ဆုတ်ခွာ သွားကြ ၏။

ထိုအခါ ဗိုလ်မှူး ဒါရှီဂန်း က “ကျွန်တော် သင်္ကန်း ညီနောင် ကို ပြန်လှည့် ရဦး မလား” ဟု မေးရာ ကျွန်တော် က “နေဦး ငါ သင်္ကန်း ညီနောင် အခြေ အနေ မေးကြည့် ဦးမယ်” ဆိုပြီး မေးကြည့် ၏။ “ဗိုလ်ကြီး အောင်ကို အခြေ အနေ ဘယ်လို ရှိလဲ” “မြ၀တီ ကို တပ်က ၀င်သွား ပြီ ဆို တော့ သူ တို့ လည်း ပစ်တာ ခတ်တာ တွေ နည်းနည်း ရှဲသွား ပါတယ်၊ ကြီးကြီး ကျယ်ကျယ် တိုက်တာ တွေ တော့ မရှိ တော့ဘူး၊ ကျွန်တော် ဆက်ပြီး ကြံ့ကြံ့ ခံ ပါ့မယ်” ဟု ဆိုသည်။ နောက် တခေါက် ထပ်မေး တော့ သောင်းကျန်း သူများ သင်္ကန်း ညီနောင် က ဆုတ်သွား ပြီ ဟု သတင်း ရရှိ ပါ၏။ ထို သတင်း ကြားကြား ချင်း ကျွန်တော် သည် ရဟတ် ယာဉ် ဖြင့် သင်္ကန်း ညီနောင် သို့သွား၍ ဆင်းကြည့် ပြီး ဗိုလ်ကြီး အောင်ကို ကို အားပေး သည်။ သူက ရန်သူ အင်အား ၅၀၀ ကို မိမိ အင်အား ၃၀ နှင့် ခုခံ ရတာ ဖြစ်၏။ သူ့ကို လည်း ကျွန်တော် က လက်ဆွဲ နှုတ်ဆက် ၍ - “အေး - မင်း လုပ်ဆောင် ချက်တွေ ကျေနပ် ပါတယ်၊ ကျေးဇူး လည်း အများကြီး တင် ပါတယ်” ဟု ပြောရ သည်။ ကျွန်တော် ရောက်ချိန် တွင် အားငယ် နေဟန် ရှိသော ဗိုလ်ကြီး အောင်ကို မှာ အားတက် လာသည် ကို တွေ့ရ ၏။

ကျွန်တော် က ဆက်၍ - “အေးကွယ် မင်း အခက် အခဲ လည်း ငါသိ ပါတယ်၊ မင်း တောင်းတဲ့ စစ်ကူ ကိုတော့ ငါမပေး နိုင် ခဲ့ဘူး၊ မြ၀တီ က နိုင်ငံ ရဲ့ ဂုဏ် သိက္ခာ ဖြစ် နေလို့ သူ့ ဆီကို အခြေ အနေ အရ စစ်ကူ လွှတ်လိုက် ရတယ်။ မင်း ဆီတော့ လေယာဉ် ပစ်ကူ ပဲ လွှတ်နိုင် ခဲ့တာ ကျေနပ် ပါကွယ်” ဟု ပြောပြီး နောက် သူနှင့် အတူ ကျွန်တော် တို့ ထမင်းစား ကြ ပါသည်။ ကျွန်တော် သင်္ကန်း ညီနောင် မှ မြ၀တီ သို့ ဆက်သွား ခဲ့ ပါသည်။ နောက်တော့ ဗိုလ်ကြီး အောင်ကို (ယခု သာသနာ ရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူး ချုပ် အောင်ကို (ငြိမ်း)) အတွက် ကျွန်တော် “သူရဘွဲ့” တင်ပြ ပေးခဲ့ ပါသည်။

၁၉၇၅ ခုနှစ် အတွက် “သူရ ဘွဲ့” နှင့် “သူရဲကောင်း မှတ်တမ်း ၀င် တံဆိပ်” ရရှိ ကြသည့် မြ၀တီ နှင့် သင်္ကန်း ညီနောင် တိုက်ပွဲ ၀င် များမှာ -

သူရ ဘွဲ့

ကြည်း ၁၁၅၄၇ ဗိုလ်အောင်ကို၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း ၊ ယခု သာသနာ ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် အောင်ကို (ငြိမ်း)

သူရဲကောင်း မှတ်တမ်း ၀င် တံဆိပ်


ကြည်း ၉၂၈၀ ဗိုလ်ကြီး စိန်ထွန်းသန်း၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
ကြည်း ၁၁၆၇၆ ဗိုလ် မြင့်သွယ် (ကျဆုံး)၊ အမှတ် (၂) ကချင် သေနတ်ကိုင် တပ်ရင်း
ကြည်း ၁၁၉၂၁ ဗိုလ် သာနု၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
ကြည်း ၁၂၆၆၅ ဒုတိယ ဗိုလ် စိုးဝင်းမောင်၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
အမှတ်-၁၁၀၀၇၆ တပ်ကြပ်ကြီး မောင်မောင်၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
အမှတ်-၁၄၃၀၃၂ တပ်ကြပ်ကြီး စိန်လှိုင်၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
အမှတ်-၁၄၉၇၀၈ တပ်ကြပ် စိန်မောင်၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း
အမှတ်-၂၁၆၇၇၈ တပ်ကြပ် ညွန့်မောင် (ကျဆုံး)၊ အမှတ် (၉၇) ခြေလျင် တပ်ရင်း

ဗိုလ်မှူးချုပ် တင့်ဆွေ (အငြိမ်း စား) (ကျောပိုး အိတ်လေး ကို ချီကာ လွယ် မှ)

No comments:

Post a Comment