Popular Posts

Monday, December 1, 2014

ကျုံဒိုး ၀န်းကျင် အမြောက် ပဲ့တင် သံများ


မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) သည် ကျုံဒိုး နယ်မြေ စစ်ဆင်ရေး တာဝန် ကို ၁၉၉၁ ခုနှစ် ဇန်န၀ါရီ လ (၂၆) ရက် နေ့ မှ စတင် ၍ တာဝန် ထမ်း ဆောင် ခဲ့ ပါသည်။ ကျုံဒိုး ဒေသ သည် မော်လမြိုင် မြို့ နှင့် သံလွင် မြစ်၊ ဂျိုင်းမြစ် ကြောင်း ခရီး လမ်း ကို အသုံး ပြု သွား လာ ရပြီး ဂျိုင်း ရေ ကြောင်း ခရီး ဖြင့် ရေကြောင်း ပို့ဆောင်ရေး ကော်ပို ရေရှင်း ဌာန ပိုင် ရေယာဉ် များ နေ့စဉ် ပြေးဆွဲ လျက် ရှိသည်။ ကျုံဒိုး မှ ဘားအံ၊ ကော့ ကရိတ်၊ မြ၀တီ မြို့ များ သို့ ကားလမ်း အဆက် အ သွယ် ရှိ ပါသည်။ ကျုံဒိုး သည် ဂျိုင်း မြစ်၏ လက်တက် ဟောင် သရော မြစ်၏ အရှေ့ ဘက်ကမ်း တွင် တည် ရှိပါ သည်။ ကျုံဒိုး ဒေသ အနီး ပတ်ဝန်းကျင် တွင် မွန်ရွာ များ၊ ကရင် ရွာများ၊ ကုလား ရွာ များ စပ်ကြား တည် ရှိပြီး ရန် သူ မွန်နှင့် ကရင် သောင်းကျန်း သူ များ သည် မိမိ တပ်များ တပ်စွဲ လျက် လှုပ်ရှား နေသည့် ကြားမှ မကြာ ခဏ ၀င်ရောက် ၍ တံတား များ အား ဖေါက်ခွဲ ဖျက်ဆီး ခြင်း၊ မြို့ရွာ များ အား လက်နက် ကြီး များဖြင့် နှောင့်ယှက် ပစ်ခတ် ခြင်း၊ ခရီး သွား ရေယာဉ် များ၊ မော်တော် ယာဉ် များ အား ပစ်ခတ် နှောင့်ယှက် ခြင်းများ ပြုလုပ် လေ့ ရှိ ပါသည်။

မွန် သောင်းကျန်း သူများ သည် absdf အဖွဲ့ နှင့် ပူးပေါင်း ၍ အင်အား (၂၀၀) ခန့်ဖြင့် (၂၈-၁-၉၁) ရက်နေ့တွင် ကမ္မ ရိုက် စခန်း အား လက်နက် ကြီး များ ဖြင့် ထိန်းချုပ် ပစ်ခတ် ပြီး၊ မိမိ တပ်မှ တပ်ကြပ်ကြီး ဦးစီး မိဂလုံ စခန်း အား စခန်း သိမ်း ၀င်ရောက် တိုက်ခိုက် ခဲ့ရာ ကျုံဒိုး ရွာ အခြေပြု ရှေ့တန်း အမှတ် (၂) ကချင် သေနတ် ကိုင် တပ်ရင်း မှ ပစ်ကူ ပေး ရန် မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) အား အကူ အညီ တောင်းခံ လာသည်။ ထိရောက် သော ပစ်ကူ အနီးကပ် ပေး နိုင် ရန် မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) သည် ကျုံဒိုး မှ မိဂလုံ အထိ ခက်ခဲ သော ရေကြောင်း အား ဖြတ်ကျော်၍ တိုက်ပွဲ ဖြစ်ပွား နေသော မိဂလုံ စခန်း ခြေရင်း အထိ ရောက်အောင် သွားခဲ့ ရာ ရန်သူ အနေ ဖြင့် မိမိ စစ် ရေယာဉ် ရောက် မလာ နိုင်ဟု သုံးသပ် ထားရာမှ အလစ် အငိုက် ခံရပြီး ရေယာဉ် ၏ အမြောက် ကြီးများ ဒဏ် ကို အလူး အလဲ ခံရကာ အများ အပြား သေကြေ ဒဏ်ရာ ရ ရှိပြီး မိဂလုံ စခန်း အား မသိမ်း နိုင်ဘဲ ကစဥ့် ကလျား ဆုတ်ခွာ ထွက်ပြေး ခဲ့ရ သည်။

ဤ မိဂလုံ တိုက်ပွဲ အပြီး တွင် ရန်သူ တို့၏ ပစ်မှတ် သည်ကား သူတို့၏ အကျ အဆုံး များစေ ခဲ့ေ သာ ထိခိုက် ဒဏ်ရာ အများ အပြား ရစေ ခဲ့သော သူတို့၏ မိဂလုံ စခန်း သိမ်းပိုက် ရေး ရည်ရွယ် ချက် မေ အာင်မြင် အောင် ပစ်ခတ် မှုဖြင့် စိုးမိုးခဲ့ သော မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) ပင် ဖြစ် လေေ တာ့ သည်။

၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီ လ (၇) ရက်။ ကျုံဒိုး ရွာ သည် ယနေ့ ည စောစော အိပ်မော ကျ နေပုံ ရသည်။ ရွာ အတွင်း မှ မှိတ်တုတ် မှိတ်တုတ် မီးရောင် အ ချို့ သာ တွေ့ ရသည်။ ယခင် နေ့ များ ဆိုလျှင် သည် အချိန် ဆို မီးရောင် အများအပြား။ ယနေ့ ဆောင်း ညချမ်း ကလည်း အအေး ပိုနေသည်။ ကျုံဒိုး ရွာ သင်္ဘော ဆိပ်ကမ်း တွင် မေးတင် ထားသော မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) သည် အိပ်မော ကျ နေသည့် မိကျောင်း ကြီး တစ်ကောင် အ လား ည အမှောင် ထုတွင် အတွင်း ၀ယ် ၀ပ်ဆင်း လျက် ရှိသည်။ အသွင် သဏ္ဍန် က အိမ်မက် နေ သယောင် ရှိနေ သော်လည်း စစ် ရေယာဉ် အတွင်း ၀ယ် သတိ ၀ီရိယ အပြည့် ဖြင့် တိုက်ပွဲဝင် အသင့် အနေ အထား တွင် ရှိနေ သည့် စစ်သည် များ ရှိနေ သည်။ ဒီနေ့ သည် ရန်သူ့ သတင်း အတိ အကျ ရထား သော နေ့၊ ရန်သူ တိုက်ကွက် ၀င်လာ နိုင်သော နေ့ ၊ တစ်ပွဲ တစ်လမ်း အကဲစမ်း နိုင်သော နေ့ ၊ မကျေပွဲ နွှဲနိုင် သောနေ့ ။

တပ်ကြပ် ကပ်တဲလ် သည် နား ကို စွင့် လိုက်သည်။ တစ်ဖက် ကမ်း ရှိ သရက် တောရွာ မှ ခွေးဟောင် သံ တချို့ ကို ကြားလိုက် ရသည်။ နောက် ပြန် တိတ် သွားသည်။ ဘာဝေး လို့ တုန်း ကိုက် (၁၈၀) လောက် ပဲ ရှိသည်။ လေ တစ်ချက် အတိုက် တွင် ဆောင်း လေအေး က စိမ့် ကနဲ ဖြစ်သွား ၍ အနွေး ဂျာကင် အင်းကျီ ဇစ်ကို လည်ပင်း နား အထိ ဆွဲတင် လိုက်သည်။ သူ ဒီ အချိန် ကင်း သမား၊ သူ နေရာ ယူထား သည့် ရေယာဉ် ၏ ပဲ့စင်၊ ၀ဲဘက် ခြမ်း မြင်ကွင်း အရ အားလုံး ကို စိုးမိုး ထား သည်။ ရေယာဉ် ၏ ဦးပိုင်း က ဂျိုင်းရွာ ဘက်သို့ လှည့် ထား သည်မို့ တစ်ဘက် ကမ်း သို့ ရေယာဉ် ၀ဲဘက် ခြမ်းမှ ကြည့်၍ အာရုံ စူးစိုက် ထားသည်။ ည အမှောင် ထု က တော်တော် သိပ်သည်း နေသည်။ ယနေ့ ညနေ (၆) နာရီ က စစ် ရေယာဉ် မှူး က အားလုံး ကို တန်းစီ ၍ ပြော ခဲ့သော စကား အချို့ ကို ပြန်ကြား နေမိ သည်။

“အားလုံး နားထောင်။ ဒီနေ့ ညနေ (၅) နာရီ လွန်ခဲ့တဲ့ (၁) နာရီ ကပဲ ကေအင်ယူ သောင်းကျန်းသူ အင်အား (၂၀၀) လောက် ဟာ မဲဇလီ ရွာ ကို ရောက်နေတယ်။ မဲဇလီ ရွာ ဟာ တို့အခု အခြေပြု ထား တဲ့ နေရာ ရဲ့ အရှေ့ တောင်ဘက် (၇) မိုင် လောက် မှာ ရှိတယ်။ ဟောင် သရော မြစ်ဖျား မှာ။ ဒါက သတင်း တစ်ခု။ နောက် တစ်ခု က မွန် သောင်းကျန်းသူ ဗဟို အဖွဲ့ က လည်း လက်အောက် ခံတပ် တွေ ကို ဒီနေ့ မှာ တိုက်ကွက် တစ်ခု ဖော်ထုတ် ဖို့ ညွှန်ကြား ထားတယ် ဆိုတဲ့ သတင်း ကို အခု ရှေ့တန်း ကချင် (၂) တပ်ရင်း က ရလာ တယ်။ မင်းတို့ သိတဲ့ အတိုင်း မိဂလုံ တိုက်ပွဲ ပြီး ကတည်း က တို့ စစ်ရေယာဉ် အပေါ် အခဲ မကျေ ဖြစ်နေတာ၊ ငါ့ အနေ နဲ့ တို့ စစ် ရေယာဉ် ကို လာ တိုက်ခိုက် မယ် လို့ သုံးသပ် တယ်။ ဒီတော့ ဒီနေ့ အထူး ဂရုစိုက် ဖို့ လိုတယ်။ ကင်း တွေ သတိ ၀ိရိယ နိုးကြား ဖို့ လိုတယ်။ တိုက်ပွဲ ဖြစ် လာရင် မင်း တို့ကို မှာထား သလိုပဲ ကိုယ့်ဆီ က ချက်ချင်း ပြန် ပစ်ခတ် နိုင်ဖို့ လိုတယ်။ တို့တွေ လည်း တပ်လှန့်၊ မီးလှန့်၊ ပျက်စီး ထိန်း လေ့ကျင့်ခန်း တွေ ထပ် တလဲလဲ လုပ်ခဲ့ တာပဲ။ အေး …  ဒါပေမဲ့ တကယ့် နဖူးတွေ့၊ ဒူးတွေ့ ကြုံတဲ့ အခါ မှာ သွေး မကြောင် ပဲ ခေါင်း အေးအေး ထားပြီး အထက် အမိန့် အတိုင်း တိုက်ပွဲ ၀င်ဖို့ လို တယ်။ (က) အမြောက် ရော၊ (ခ) အမြောက် ရော ကျည်ထိုး ထား။ ကင်း ကို တစ်ဝက် အိပ်၊ တစ်ဝက် နိုး စနစ် စောင့်။ (ခ) အမြောက် မှာ လူ အဆင်သင့် ရှိ ပါစေ။ ဒါပဲ” စစ်ရေယာဉ်မှူး က စကား နည်း သည်။ သူ့ ပုံကြည့် တော့လည်း မှုန် တေတေ။ အရယ် အပြုံး နည်းသည်။

တပ်ကြပ် ကပ်တဲလ် သည် မှန်ပြောင်း ဖြင့် တစ်ဘက် ကမ်း သို့ ကမ်းနား တလျှောက် ကြည့်သည်။ မ ထူးခြား။ သူနှင့် တည့်တည့် က မဲမဲ အစု သည် သရက် တော ရေဆိပ် နား က အိမ် (၆) လုံး၊ အပင်ကြီး၊ ချုံပုတ်၊ ကွင်းပြောင် ကြီး၊ ပြီးတော့ သင်းချိုင်း၊ သင်းချိုင်း လွန် တော့ မူလ တန်း ကျောင်း၊ ပြီးနောက် သရက် တော ရွာစု၊ အိမ်ခြေ (၅၀) ခန့် ကမ်းရိုး တစ်လျှောက် ရွာတန်း ရှည်။ ဒီ မြေ မျက်နှာ ပြင် အနေ အထား ကို အလွတ် ရအောင် ကြည့် ထား သည်။ အဲဒီ ဘက်ကမ်း ကို ဂရုပြု ရန် စစ် ရေယာဉ် မှူး မှာထား သည်။ ဟောင် သရော မြစ် သည် ရေကျ စီးဆင်း လျက် ရှိသည်။ မိုးတွင်း မဟုတ် ၍ ရေ နည်း သည်။ ကမ်းပါး တွေက မိုးလို့ နေ သည်။ သူ့ နေရာ အမြင့် ဆုံး ပဲ့စင် ကမှ အတော် ဖြစ်နေ သည်။ ပစ်ကွင်း ကောင်း သည်။ ရေယာဉ် ဦးပိုင်း၊ ပဲ့ပိုင်း ဆိုလျှင် မြင်ကွင်း မကောင်း။ (က) အမြောက် က ရှေ့ပိုင်းမှာ၊ (ခ) အမြောက် က သူ့ပဲ့စင် အနီး၊ ရေယာဉ် အလယ် အမြင့်ပိုင်း ကုန်းပတ် မှာ ရှိသည်။ (ခ) အမြောက် က ပိုမြင့် သည် မို့ ယခု အားကိုး ရမည် က (ခ) အမြောက်။ (ခ) အမြောက် အတွင်း မှ သိန်းနိုင် နှင့် စောအေး တို့ စကား တီးတိုး ပြောသံ ကြား ရသည်။ ပဲ့နင်းမှူး ၏ တိတ်တိတ် နေစမ်း၊ စကား မပြော နဲ့ဟု ပြောလိုက် သံ ကြား ရသည်။ သူလည်း ပတ်ဝန်း ကျင် ကို ထပ်မံ အကဲခတ် လိုက်သည်။ ကင်း သမား သည် စစ် ရေယာဉ် ၏ နား၊ စစ် ရေယာဉ် ၏ မျက်စိ မဟုတ် လား။

ပဲ့ပိုင်း တွင် တာဝန် ကျ နေသော တပ်သား ဌေးကျော် သည် အေးစက် နေသော ဂျီသရီး သေနတ် ၏ မောင်း ခလုတ် ပေါ်တွင် လက်ညှိုး တင် ၍ ကင်းစောင့် လျက် ရှိသည်။ ညက မှောင် နေသည်။ လက ည (၁၂) နာရီ မှ ထွက်မည် ဖြစ်၍ ရန်သူ အနေ နှင့် အမှောင် ထု ကို ချဉ်းကပ် လာကာ လထွက် သည့် အချိန် တွင် မိမိ ရေယာဉ် အား လည်းကောင်း၊ ရွာတွင်း သို့ လည်းကောင်း ပစ်ခတ် နိုင်ကြောင်း၊ ညနေ က စစ် ရေယာဉ် မှူး ၏ ပြော စကား အချို့ ကို သတိ ရမိ သည်။ ခါးပတ် တွင် တပ်ဆင် ထားသော ကျည်ကပ် များ ကို လည်း စမ်း လိုက်သည်။ (၁၈) တောင့်စီ ထည့် ထား သော ကျည်ကပ် (၄) ခု၊ သေနတ် တွေ ကလည်း အားတိုင်း တိုက်ချွတ် ထား သည်မို့ လက်နက် အပေါ် ယုံကြည် ချက် အပြည့်။ အရန် ကျည် များ ကလည်း မိမိ တို့ တိုက်ပွဲ ၀င်ရန် သတ်မှတ် ထားသော နေရာ များ တွင် အဆင် သင့် ရှိနေ သည်။ ပဲ့ပိုင်း အလယ်ခုံ တွင် ထိုင် နေသော စစ်ရေယာဉ် မှူး ၏ ချောင်းဆိုး သံ ခပ် အုပ်အုပ် ကို ကြား လိုက် ရသည်။ ဌေးကျော် ကင်း ချိန် က ည ရှစ် နာရီ မှ ဆယ် နာရီ။

စက်ခန်း တာဝန်ခံ တပ်ကြပ်ကြီး မောင်တင် သည် အိပ်စင် ပေါ်တွင် လှဲရင်း “တစ်ကိုယ် ရေ စစ်သား ဘ၀ တွင် ပျော်ပျော် ရွှင်ရွှင်” ဟူသော တွံတေး သိန်းတန် သီချင်း ကို ညည်း နေသည်။ သည် ဆရာကြီး က သီချင်း ကြိုက် သည်။ သင်္ဘော စစ်ဆင် ရေး ပြန်နား လို့ မော်လမြိုင် ရောက် လျှင်ဖြင့် သူ ဂျူတီ ကျသော ရက်များ တွင် သူ့ အသံပြဲ ကြီး ဖြင့် ကျန် ရှိသော သူ အပေါင်း နား ညည်းအောင် သီချင်း ဆို တတ်သည်။ ၀ါသနာ ကို အခု တော့ ခပ် တိုးတိုး၊ တစ်ကိုယ် တည်း ကြားရုံ၊ ရန်သူ့ သတင်း ထူး သည် ကိုး၊ ထူး တာတော့ လွန် ခဲ့တဲ့ နှစ်ပတ် လောက် ကတည်း ကပါ၊ ရွာ ကို ၀င်ချ မည်။ ခရီးသည် သင်္ဘော ကို မြုပ်ပစ် မည်။ စစ် ရေယာဉ် ကို တီး ပစ်မည် စသည် ဖြင့် အမြောက် ကြီး ပေါ့။ လာလျှင် လည်းလာ။ မြန်မြန် ချ လိုက်။ ရင်ဆိုင် လိုက် ပြီး တာပဲ။ ဒီမှာ အားကိုး စရာ (၂) လက် တောင် ရှိသည် ပဲ။ ဟိုး အရင် အဆက်ဆက် ကတည်း က ဘိုဖာ ဆိုတာ နာမည် ကြီး မို့လား။ သူတို့ ငယ်ငယ် ရေတပ် တပ်ရင်း တွေ ဖွဲ့တုန်း ရှိတုန်း ကလည်း တနင်္သာ ရီ တိုင်း တစ်ခွင် ခြေ အနှံ့ ဆန့်ရင်း တိုက်ပွဲ ပေါင်းစုံ တွေ့ခဲ့ တိုက်ခဲ့ ဖူး သည်။ အခု အနေ အထား ကတော့ ရေယာဉ် နဲ့ပေါ့လေ။ ရေတပ် ၏ ဆောင်ပုဒ် များ မှ တစ်ခု ဖြစ်သော ရေယာဉ် ရေပေါ် ပေါ် နိုင်ဖို့၊ ပြီးတော့ လှုပ်ရှား နိုင်ဖို့၊ တိုက်ခိုက် နိုင်ဖို့ ဖြစ်သည် တွင် သင်္ဘော ရေပေါ် ပေါ် နိုင်ဖို့က အရေး ကြီး ဆုံး။ တိုက်ပွဲ ဖြစ်လည်း ရန်သူ က ကိုယ့် ရေယာဉ် နစ်မြုပ် သွားအောင် ရေ၀င် အောင် ပစ်ခတ် မည် သာ။ ရေ၀င် မည့် အပေါက် ဖြစ်လာ ပါက လည်း ဖာထေး ရန် ပြုပြင် ရန် ပစ္စည်း ကရိယာ အစုံ အလင် ကို စစ် ရေယာဉ်မှူး ၏ ညွှန်ကြား ချက် ဖြင့် အပြည့် အစုံ ပါလာ ပြီး သား။

သည် ရေယာဉ် တွင် သူက စက်ခန်း တာဝန်ခံ၊ ဒီတော့ ပျက်စီး ထိန်းရေး၊ မီးလောင် လျှင် ငြိမ်းသတ်ရေး ကိစ္စ အ၀၀ တွင် စစ် ရေယာဉ် မှူး၊ ဒု-စစ် ရေယာဉ်မှူး တို့နှင့် အတူ ကြီးကြပ်ရေး တာဝန်ခံ။ အစစ လည်း ဇတ်တိုက် လေ့ကျင့် ပြီးသား၊ မီးသတ် ဗူးတွေ လည်း အကုန် ကောင်း၊ ရေစုတ် စက် လည်း ကောင်း၊ အိုကေ ပါ။

စစ် ရေယာဉ် မှူး သည် ရေယာဉ် ပဲ့ပိုင်း ရှိ ကုလား ထိုင် တွင် ထိုင်လျက် ရှိသည်။ ညနေ က ကချင် (၂) တပ်ရင်း မှ ရရှိ ထားသော သတင်း ကို ဒု - စစ် ရေယာဉ်မှူး အား ဌာနချုပ် သို့ အစီရင် ခံရန် ကြေးနန်း အချော ရေးခိုင်း ထား သည်။ ညနေ ကလည်း ရေယာဉ် ရှိ စစ်သည် များ အားလုံး ကို လည်း အခြေအနေ ကို ရှင်းပြ ပြီး ဖြစ်သည်။ သူတို့ လက်ဦးမှု ကို ချက်ချင်း တုန့်ပြန် ပစ်ခတ် နိုင်ဖို့ လိုသည်။ မှာလည်း မှာ ပြီးပြီ။ ဆောင်းတွင်း ရေ နည်း ချိန်မို့ ကမ်းပါး တွေက ရေမျက်နှာ ပြင် အထက် (၁၀) ပေခန့် မြင့်တက် နေသည်။ ဒါကို အခွင့် ကောင်း ယူ၍ အပေါ်စီး မှ ပစ်ခတ် နိုင်သည်။ ကိစ္စ မရှိ ပါဘူး။ အပေါ် က (ခ) အမြောက် က ကမ်းပါး နဲ့ တပြေး ညီ လောက် ဖြစ်နေ သည်။ အရေး ကြီး တာက ရဲဘော် တွေ မကြောက် ဖို့။ အရေး ဆို ကိုယ့် နေရာ ကို အမြန် ဆုံး ရောက်ပြီး ပြန်တွယ် နိုင်ဖို့။ ဇတ်တိုက် လေ့ကျင့် ခန်း တွေ လည်း အကြိမ်ကြိမ် လုပ်ထား သည်။ တိုက်ပွဲ ၀င် နေတုန်း မီးလောင်၊ ရေ၀င် ရင် ပြိုင်တူ ဖြစ်လာရင် ဘာ လုပ်မယ်၊ စသည် ဖြင့် ပေါ့။ စစ်သည် ဂျူနီယာ လေး တွေ ကိုပဲ စိတ် မချ၊ တိုက်ပွဲ အတွေ့ အကြုံ မရှိ ကြသေး။ စီနီယာ ကြီး များ ကတော့ အားကိုး ရမည့် ပုံ၊ ဟုတ်တယ် လေ အတွေ့ အကြုံ ကတော့ ယှဉ် လို့ မရ။

လေ့ကျင့်ခန်း ဇတ်တိုက် မှုတွေ လုပ်ရင်း သူ့ ခေါင်း ထဲမှ စိတ်ကူး တိုက်ပွဲလေး များ ဖန်တီး ၍ မေးခွန်း ထုတ်ရင်း ဖြေခိုင်း သည်။ ဘယ် ကနေ ပစ်ရင် ဘာ လုပ်မယ်၊ ဘာ ဖြစ်ရင် ဘာ လုပ်မယ် စသဖြင့် ပေါ့၊ အဖြေ တွေ လှုပ်ရှား မှုတွေ ကတော့ မဆိုး။ သို့သော် တကယ့် လက်တွေ့ မှတ် ကျောက် တင်မှာ က တိုက်ပွဲ အစစ်။  ကြုံတော့ ကြုံ လိမ့်မည်၊ သတင်း တွေက အစုံ ကြား နေရ သည်။ မိဂလုံ တိုက်ပွဲ ပြီး ကတည်းက ဒီ သင်္ဘော ကို အခဲ မကျေ ဖူး လေ။ အပြတ် ကို ပစ်ထား တာမို့ လား၊ ဒီနေ့ ညတော့ လာတွယ် မည် ဟု သူ သုံးသပ် ထားသည်။ လာလေ …၊ လာပါ စေ ပေါ့၊ ကိုယ့်ဘက် က အစစ အဆင် သင့် ပဲ။

အားသာချက် အားနည်း ချက် လည်း သူ တွက်ပြီး ပြီ။ ကျဉ်းမြောင်း သော မြစ်ချောင်း အတွင်း ရေယာဉ် လှုပ်ရှား၊ လှည့်ပတ် ကစား ဖို့ ကတော့ လွတ် လွတ် လပ်လပ် ပင်လယ် ပြင်ကြီး လိုတော့ မလွယ်၊ မြစ်ချောင်း အတွင်း သောင်တို့၊ ကျောက်တို့ ဒါတွေ ရှောင်ကွင်း သွားလာ ရ သည်။ ပြီးတော့ မြစ် က ကျဉ်း သည်။ မိုးတွင်း လို မဟုတ်။ ရေ နည်းသည်။ ပြီးတော့ ကိုယ့် ရေယာဉ် က လယ်ပြင် မှာ ဆင်သွား သလို ထင်ထင် ရှားရှား ကြီးမား သော ပစ်မှတ်၊ သည် ကောင် တွေက ပုန်းကွယ် ပြီး ပစ်ခတ် နိုင်သည်။ ချုံပုတ် ကွယ် က ပစ် မလား၊ ကမူ ကွယ်က ပစ် မလား၊ လူ တစ်ကိုယ် စာ ဖုံးကွယ်မှု ရှိသော နေရာ ရရုံ နှင့် ပစ် နိုင်သည်။ သည်တော့ သည်ကောင် တွေ ပစ်တာ နဲ့ ဘယ် နေရာ က ပစ်သလဲ၊ ဒါက အရေးကြီး ဆုံး၊ သိနိုင် တာက ယမ်းငွေ့မီး၊ အသံ ဒါကို သိဖို့က မျက်စိ၊ နားလျင် ဖို့ လိုသည်။ ပေါ့၍ မရ။ ရန်သူ ဘယ် နေရာ က ပစ်နိုင် မလဲ၊ မင်းသာ ရန်သူ ဆို ဘယ် က ပစ် မလဲ၊ ဒါမျိုး တွေး တတ်တဲ့ အတွေး ရှိအောင် သင်ပြီး သား၊ နေရာ သိလို့ ကတော့ ရေယာဉ် ၏ အမြောက် ကြီး များ တဒုန်ဒုန်း ပစ် ၍ ဦးနှိမ် ပစ်ခတ် ရမည်။

“တစ်ကိုယ် ရေ စစ်သား ဘ၀ တွင် ပျော်ပျော် ရွှင်ရွှင်” တပ်ကြပ်ကြီး မောင်တင် ၏ သီချင်း ညည်းသံ တိုးတိုး ကြား လိုက် ရသည်။ ဆောင်း လေ အေး ဝေ့ကနဲ တိုက်ခတ် သွား သည်။ ရာသီ ဥတု က အေးအေး မို့ အတွေး ဆွေးဆွေး နဲ့ သူ့ မဟေသီ လောင်း ဆီသို့ အတွေး ရောက် သွားသည်။ ကမန်း ကတန်း အာရုံ ဖြတ် လိုက် သည်။ သူ့အချိန် နှင့် သူပေါ့။

ဒု - စစ်ရေယာဉ်မှူး အခန်း ထဲတွင် ဒု - စစ်ရေယာဉ်မှူး နှင့် ဆက်သွယ် ရေး စစ်သည် တို့ ရှိနေ သည်။ ဒု - စစ် ရေယာဉ်မှူး က စစ် ရေယာဉ်မှူး ရေး ပေး ထားသော ရန်သူ့ သတင်း ကို အထက် ဌာနချုပ် သို့ တင်ပြ ပြီး အထက် မှ ညွှန်ကြား ချက်များ ကို လိုက်နာ ဆောင်ရွက် လျက် ရှိနေ သည်။ ဖယောင်း တိုင် မီးရောင် အောက်တွင် မျက်စေ့ အား ကို အတော် စူးစိုက် နေ ရ၏။ အလင်း ရောင် ပြင်ပ သို့ မထွက် စေရန် လည်း ဘေးရှိ ပြတင်း ပေါက် များ ကို ပိတ်ထား သည်။ ဟုတ်သည်။ ရေယာဉ် ဦး က ဂျိုင်းရွာ ဘက် လှည့်ထား တော့ သူ့အခန်း က တစ်ဘက် ကမ်း နှင့် ဘေးချင်း ယှဉ် လျက်။ ဒါကြောင့် လည်း အလင်း ရောင် မထွက်ရေး ဂရုစိုက် နေရ သည်။ ဆက်သွယ် ရေး စစ်သည် တပ်သား မျိုးညွန့် သည် အနား တွင် ရပ်လျက် ရှိသည်။

ည ၈ နာရီ ၃၅ မိနစ်။ တောက် …… တောက် …… တောက် …… တောက် …။ ရန်သူ့ လက်နက် ငယ်သံ များ၊ ချပြီ။ တစ်ဘက် ကမ်းမှ ဆက်တိုက် ကြားနေ ရသည် ဘာဝေး မလဲ၊ ကိုက် (၁၀၀) ပေါ့။ “ဒိုင်း …… ဒိုင်း …… ဒိုင်း …… ” ရေယာဉ် ပဲ့ပိုင်း ရှိ ကင်းသမား မှ ပြန်လည် ပစ်ခတ် သံ။ “ဂျိမ်း ……” ရန်သူ့ လက်နက် ကြီးသံ ရေယာဉ် တစ်စီး လုံး ဆက်တိုက် တုန်ခါ သွားသည်။ ဆော်ပြီ။ ဒီကောင် တွေ လာဆော် ပြီ၊ အစောကြီး ပဲ၊ ပြန် ချ ရမယ်။

“နေရာယူ” စစ်ရေယာဉ် မှူး ၏ ၀မ်းခေါင်း ထဲမှ အမိန့် သံ၊ အမိန့် သံနှင့် အတူ သူ ရောက်ရှိ ရမည့်၊ ကွပ်ကဲ ရမည့် နေရာ ဖြစ်သော ပဲ့စင် သို့ တစ်ဟုန် ထိုး ပြေးတက် သွား သည်။ ရဲဘော် တွေကို ညွှန်ကြား စဉ် က ရန်သူ ဘယ်ဘက် က ပစ်လျှင် မိမိ ရေယာဉ် ၏ ညာဘက် လမ်း မှ ကျည်ကွယ် မျက်ကွယ် ယူ၍၊ သွားလာ နေရာ ယူ ရမည် ဟု ယခု တကယ် လက်တွေ့ တွင် တော့ သူသည် ပဲ့ပိုင်း ရှိ အလယ် လှေခါး မှ အပေါ် သို့ပြေး တက် ပြီး ဟင်းလင်းပြင် အ တိုင်း ပြေး၊ (ခ) အမြောက် ကို ဖြတ်၊ ပဲ့စင် သို့ ရောက် သည်။ ဘေးမှ ရော ခေါင်းပေါ် မှ ရော ကျည်ဆံ တွေ တ၀ီဝီ၊ ပဲ့စင် အမြန် ရောက်ဖို့ အရေးကြီး သည် ကိုး။ “ခ အမြောက် ပစ်” “ဂျိမ်း …… ဂျိမ်း ……” “ဒုန်း … တောက်တောက်” “ဒိုင်း …… ဒိုင်း ……” ဆူညံ နေသည်။ ရန်သူ တွေ ရေယာဉ် ကို ပစ်အား အတော် များများ နှင့် စုပြုံ ပစ်ခတ် နေပြီ။

“ဂျိမ်း” ဟူသော ပထမ ဦးဆုံး သော ရန်သူ့ အာပီဂျီ လောင်ချာ ကျည် က ဒု - စစ်ရေယာဉ် မှူး အခန်း ဘေး တည့်တည့် ကို ထိမှန် ခြင်း ဖြစ်သည်။ တဆက် တည်း ရန်သူ့ လက်နက် ငယ် ကျည်များ ပလူ ပျံ ၍ ၀င် လာသည်။ “ဟာ … ဗိုလ်ကြီး သွေး တွေ သွေးတွေ ထိ သွားပြီ” “ဟာ … နည်းနည်း ထိတာ၊ ကိစ္စ မရှိဘူး၊ မင်းခြေ ဖိနောင့် မှာလည်း သွေး တွေနဲ့” ဒု - စစ် ရေယာဉ် မှူး ၏ ၀ဲဘက် နံ တွင် ရှပ်မှန် သွားသည်။ မျိုးညွန့် ခြေမျက်စေ့ နောက်တွင် လည်း နည်းနည်း ထိ သွားသည်။ “ကဲ … ကဲ … နေရာ ယူ ... သွားသွား” ဒု - စစ်ရေယာဉ် မှူး ပြောပြော ဆိုဆို (ခ) အမြောက် သို့ ပြေးတက် သွားသည်။ တိုက်ပွဲဝင် အနေ အထား တွင် ကွပ်ကဲ ရမည့် အမြောက် က (ခ) အမြောက်၊ သွေးပူ နေ၍ လား မသိ၊ ဒဏ်ရာ ကိုပင် မေ့နေ သည်။ မိမိ ရေယာဉ် မှ အမြောက် သံ၊ ရန်သူ့ လက်နက်ကြီး သံ၊ လက်နက် ငယ်သံ များ ဆူညံ နေ သည်။ စိတ်ဓါတ် တက်ကြွ ဖို့တောင် ကောင်းနေ သည်။ စစ် ရေယာဉ်မှူး ပဲ့စင် ပေါ် ရောက်တော့ တပ်ကြပ် ကပ်တဲလ် ကို (က) အမြောက် သို့ သွားရောက် ကွပ်ကဲ စေသည်။ (ခ) အမြောက် ဘိုဖာ ကို လောင်ချာ ပစ်ခတ်ရာ နေရာ သို့ ညွှန်ပြ လိုက် သည်။ ဒု - စစ် ရေယာဉ်မှူး လည်း (ခ) အမြောက် သို့ ရောက် ပြီ။

“ဟေ့ … ဟိုမှာ တွေ့လား၊ မီးပွင့် တဲ့ နေရာ၊ ပစ် အဲဒီ နေရာ ကိုပစ် ဆက်တိုက် ပစ်” “ဒုန်း ….. ဒုန်း ….. ” ဘိုဖာ အမြောက် တို့၏ အော်တို ဆက်တိုက် ပစ်ခတ် နိုင်မှု က တပမ်း သာသည်။ “ဂျိမ်း ……. ဂျိမ်း ……. ဂျိမ်း …….” ရန်သူ တို့ အပိုင် ကြံ လာပုံရ၏။ လက်နက် ကြီး တော်တော် များများ လည်း ပါလာ ပုံ ရ၏။ စုပြုံ ပစ်ခတ် ၏။ တော်တော် ပစ်အား သုံး သည်။ နှောင့်ယှက် ပစ်ခတ် ၍ ပြန်ပြေး မည့်ပုံ မဟုတ်။ တိုက်ပုံ ခိုက်ပုံ လေ့လာ ရတာက စိမ်ပြေ နပြေ ပစ်အား များများ သုံး၍ မိမိ ရေယာဉ် ကို နစ်မြုပ် သည် အထိ ရည်ရွယ် ထားပုံ၊ ဘာ ရမလဲ ဆိုင်ပြီး ပစ် နေရုံ ပေါ့။ (ခ) အမြောက် မှ ပဲ့နင်းမှူး ဆရာကြီး စောနောင် ကို (က) အမြောက် သို့ သွားရောက် နေရာ ယူ ကွပ်ကဲ ရန် ညွှန်ကြား လိုက် သည်။ သေနတ် သံ များက ဆူညံ နေသည်၊ အခြေ အနေ ကို သုံးသပ် လိုက် တော့ တစ်ဘက် ကမ်း သရက် တော ရေဆိပ် လယ်ကန် သင်းရိုး များမှ ပစ်ခတ် နေခြင်း ဖြစ်သည်။ အာပီဂျီ လောင်ချာ၊ အမ် ၇၉ လောင်ချာ များ နှင့် ရန်သူ မှ ဆက်တိုက် ပစ်ခတ် နေသည်။ အချို့ ပစ်ချက် များက ရှေ့ ရေထဲ၊ အချို့ က ရေယာဉ် ဘေး ပတ်လည် ကျရောက် ပေါက်ကွဲ လျက် ရှိသည်။ မိမိ ရေယာဉ် မှ လည်း လက်နက် ကြီး ဘိုဖာ အမြောက် (က) ရော (ခ) ရော ဒလစပ် ပစ်ခတ် နေသည်။

“ဟေ့ကောင် အောင်ကြီး မင်းဂျီဖိုး နဲ့ သေသေ ချာချာ ပစ်စမ်း ကွာ။ ဟိုမှာ တွေ့လား၊ မီးပွင့် ကျဲ နေရာ၊ ဟိုအပင် အုပ်အုပ်၊ အေး … ဟုတ်ပြီ”

သည် ပဲ့စင် က ပစ်ကွင်း အကောင်း ဆုံး အပေါ် စီး အောင်ကြီး သည် စစ် ရေယာဉ်မှူး အမိန့် အတိုင်း ထိရောက် စွာ ပစ်ခတ် နေသည်။ ၀င်းစိန် ကလည်း ဂျီဖိုး နှင့် ပဲ့စင် မှ ၀ိုင်းပစ် ပေး နေသည်။ ပဲ့စင် ပေါ်တွင် သုံးဦး။ စစ် ရေယာဉ်မှူး၊ အောင်ကြီး၊ ၀င်းစိန်။ စစ် ရေယာဉ်မှူး ၏ (က) အမြောက်၊ (ခ) အမြောက် များ သို့ အော်ဟစ် အမိန့်ပေး သံ က သေနတ် သံများ ကြားမှ ထွက်ပေါ် လျက် ရှိသည်။ ထို့ကြောင့် ပင်လား မသိ။

“ဂျိမ်း ……” “အား …” အာပီဂျီ ဗုံးသီး တလုံး သည် ပဲ့စင် ၏ ၀ဲဘက် တံခါး အနီး ပဲ့စင် ကြမ်းပြင် ပေါ်တွင် ထိမှန် ပေါက်ကွဲ သည်။ ပဲ့စင် ပေါ်ရှိ သုံးဦး ၏ အလယ် မီးလုံး ကြီး တက် လာသည်။ ပဲ့စင် ကြမ်း ရှစ်လက်မ ပတ်လည် ပွင့်ထွက် သွား သည်။ ပဲ့စင် အမိုး တွင် လည်း လက်နက် ကြီး စများ အများ အပြား ထိမှန် ကုန် သည်။ ၂ ယောက် ထိ သွားသည်။ အောင်ကြီး နှင့် ၀င်းစိန်။ မထိ ပဲ ၀ုန်းကနဲ လွင့် သွားသူ က စစ် ရေယာဉ် မှူး။ ၀င်းစိန် ၏ ဒဏ်ရာ က များသည်။ အောင်ကြီး ဒဏ်ရာ က သိပ် မများ။ ၀င်းစိန် ကို အောက် သို့ စေလွှတ် လိုက်သည်။ စစ် ရေယာဉ် မှူး သည် အောင်ကြီး ကို အားပေး ရင်း တိုက်ပွဲ ကို ကွပ်ကဲ လျက် ရှိသည်။ အောင်ကြီး သည် ဒဏ်ရာ ရထား သော်လည်း၊ ပစ်ခတ် မှု ကတော့ စစ် ရေယာဉ် မှူး အမိန့် အတိုင်း တိုက်ပွဲ ၀င် လျှက်။ တိုက်ပွဲ က ပြင်းထန် လျက် ရှိသည်။ ဘ တစ်ပြန် ကျား တစ်ပြန် ရင်ဆိုင် အပြိုင် နွှဲ လျက်၊ စိတ်ဓါတ် အား ပစ်အား ယှဉ် လျက်၊ စိတ်ဓါတ် အား လျော့ ၍ ပစ်ခတ် မှု လျော့ ၍ ထိရောက် စွာ ပစ်ခတ် နိုင်မှု လျော့သည် နှင့် တစ်ဖက် မှ အနိုင်ရ အသာ စီး ရမည့် ပုံ။ တိုက်ပွဲ စသည် က ၂၀း၃၅၊ အခု ၂၀း၅၀ အချိန်။

ရန်သူ့ အာပီဂျီ ဗုံးသီး တလုံး သည် ရေယာဉ် စက်ခန်း နံရံ ထိမှန် ပြီး သံပြား များ ပေါက်ကုန် ကာ အတွင်း ရှိ ဒီဇယ် ပိုက် လိုင်းများ ထိမှန် ၍ လောင်စာ ဆီ များ မီးစွဲ လောင်တော့ သည်။ စက်ခန်း အတွင်း နေရာ ယူထား သော တပ်ကြပ်ကြီး မောင်တင် ဦးစီး ၍ မီးသတ် ဆေးဗူး များ ဖြင့် တိုက်ပွဲ ဖြစ်နေ သည့် ကြားက အောင်မြင် စွာ ငြိမ်းသတ် နိုင်ခဲ့ သည်။ ထို့ အတူ (ခ) ရိပ်သာ အား လောင်ချာ ထိမှန် ပြီး အိပ်ယာ များ မီးစွဲ လောင်ရာ တပ်ကြပ်ကြီး မောင်တင် ဦးစီး ၍ ပင် ငြိမ်းသတ် နိုင်ခဲ့ သည်။ ရေယာဉ် ၏ ၄၀ မမ ဘိုဖာ အမြောက် မှ ကျည်များ ကျရောက် သည့် မြေပြင် တွင် မီး တ၀င်းဝင်း နှင့် တွေ့နေ ရ သည်။ လယ်များ ရိတ်သိမ်း ပြီး ခြောက်သွေ့ နေ၍ ကောက်ရိုး များ မီးစွဲ လောင်ခြင်း ကြောင့် ဖြစ်သည်။ တချို့ လည်း မီးစွဲ လျက် ခဏ ကြာ ငြိမ်းသွား လျက်။

၂၁၁၅ အချိန် ပဲ့စင် မှ စစ် ရေယာဉ်မှူး ၏ ညွှန်ပြ မှု ဖြင့် ဒု- စစ်ရေယာဉ် မှူး ကွပ်ကဲ နေသည့် (ခ) အမြောက်၊ ပဲ့နင်းမှူး ကွပ်ကဲ နေသည့် (က) အမြောက်၊ ပဲ့ပိုင်း မှ နေရာ ယူထား သော စစ်သည် (၅) ဦး ၏ လက်နက် ငယ်များ၊ ပဲ့စင် ရှိ ဘီအေ ၆၄ သေနတ် အားလုံး သည် ရန်သူ့ လက်နက် ကြီး များ နေရာ ယူထား သော နေရာ များ သို့ တစ်ပြိုင် တည်း အပြင်း အထန် ပစ်ခတ် သည်။ ရန်သူ အား ဦးနှိမ် ပြီး မိမိ ပစ်အား ဖြင့် ချေမှုန်း နိုင်ရန် အတွက် စစ် ရေယာဉ်မှူး သည် (ခ) အမြောက် အား သရက် တော သင်းချိုင်း မှ ရေဆိပ် အိမ်စု အထိ နှင့် (က) အမြောက် အား ရေဆိပ် အိမ်စု မှ သရက် တောရွာ လှည်း လမ်းကြောင်း အထိ လည်းကောင်း၊ လက်နက် ငယ်များ အား ရေစပ် မှ ကမ်းပါး များ အထိ နယ်မြေ များ ခွဲခြား ပေးပြီး ပိုက်စိတ် တိုက် ချေမှုန်း ပစ်၊ ပစ်ခတ် စေသည်။

တိုက်ပွဲ က ပြင်းထန် ဆဲ ပင်။ “ချကွာ …… ပစ် ….. ချ ……. ချ ……” စစ် ရေယာဉ် မှ အော်ဟစ် သံ များ နှင့် အတူ လက်နက် ကြီး၊ လက်နက် ငယ်သံ များက မိုးချုန်း သံ အလား ဆက်တိုက် ထွက်ပေါ် နေသည်။ ရန်သူ့ ပစ်ခတ်မှု ခေတ္တ ရပ် သွားသည်။ မိမိ ပစ်ခတ်မှု က စိုးမိုး ပြီ။ “ဆက်ပစ် ပစ် ဒီကောင် တွေ ကြောက် သွားပြီ၊ ပစ်အား မလျော့ နဲ့” စစ်ရေ ယာဉ် မှူး ၏ အော်ဟစ် အားပေး သံက အားတက် စရာ။ ရန်သူ သည် အမ် ၇၉ လောင်ချာ များ ဆက်တိုက် ပစ်ခတ် သည်။ တဖြည်းဖြည်း အသံ တိုး ကျဲ သွားသည်။ တိုး၍ ဝေး သွားပြီ၊ ဆုတ်ပြီ၊ ဒီကောင် တွေ ဆုတ်ပြီ။ ဆုတ်လမ်း ကို ပစ်ရန် အမြောက် ဖြင့် ထောင့် တင်ချ ပြောင်း ၍ ပစ်ခတ် စေ သည်။ ၂၂၁၅ အချိန် တွင် ရန်သူ့ ပစ်ခတ်မှု အားလုံး ရပ်တန့် သွားသည်။ ဒီကောင် တွေ ပြေးပြီ။ မိမိ အမြောက် တပ်ဖွဲ့ များ အား အပစ် ဆိုင်းရန် နှင့် ပြန်လည် ပစ်ခတ် မှု ဖြစ်လာက အဆင်သင့် ပြန် ပစ်ခတ် နိုင်ရန် အမိန့် ပေး လိုက်သည်။

ရေယာဉ် ၏ ဦးပိုင်း အနည်း ငယ် ရှေ့သို့ စိုက်လာ သည်။ ရေ၀င် လာပြီ။ ထုတ် သည်။ ရန်သူ့ လက်နက်ကြီး ဒဏ် ကြောင့် ရှေ့ရှိ ရေယာဉ် (ခ) ရိပ်သာ ကြမ်းခင်း တီကူ အမှတ် (၄၀) နှင့် (၄၁) သံပြား ကြားမှ ဟပြီး ရေ၀င် လာ သည်။ စစ် ရေယာဉ် မှူး ပဲ့စင် မှ အောက်သို့ဆင်းပြေး သည်။ စက်ခန်း တာဝန်ခံ တပ်ကြပ်ကြီး မောင်တင် နှင့်အတူ ဦးစီး ၍ ရေစုတ် စက် ဖြင့် ရေများ စုတ်ထုတ် လိုက် သည်။ ရေ၀င် ပေါက် ကိုလည်း တွေ့ပြီ။ ရေတပ် လေကျင့် ရေး ဌာနချုပ် တွင် စာတွေ့ သင်ကြား ခဲ့ ရသော ပျက်စီး ထိန်း လုပ်ငန်း စဉ် ကို အောင်မြင် စွာ လက်တွေ့ အသုံး ချ ပြုလုပ် နိုင်ခဲ့ သည်။ ရေ မ၀င်တော့ ရေ၀င်မှု အား ထိန်းချုပ် နိုင် ခဲ့ပြီ။ အထက် ဌာနချုပ် နှင့် လည်း တိုက်ပွဲ ဖြစ်ပွား နေစဉ် ၂၁၀၅ အချိန် ကတည်း အဆက် အသွယ် ရခဲ့ သည် မို့ အခြေ အနေ အားလုံး အစီရင် ခံလိုက် သည်။

လရောင် သည် သန်းခေါင် ယံကျော် မှ ထွက်ပေါ် လာခဲ့ သည်။ ရန်သူ လာဦး မလား။ လာလေ လာပါစေ လာစမ်း ပါ။ နောက် တစ်ပွဲ အတွက် လည်း အဆင် သင့် ပဲ။ သို့သော် အခြေ အနေ မထူးခြား တော့ပါ။ နံနက် အာရုဏ်ဦး အလင်း ရောင် ထွက်ပေါ် လာပြီ မို့ နံနက် ၆ နာရီ ခွဲ တွင် စစ် ရေယာဉ် မှူး ဦးစီး ကမ်းတက် အဖွဲ့ သည် ရန်သူ ပစ်ခတ် ခဲ့ရာ တစ်ဘက် ကမ်း သို့ တက်ရောက် ရှင်းလင်း ခဲ့သည်။ ရန်သူ နေရာ ယူ ခဲ့သော နေရာ များ ရှိ သွေးကွက် များ၊ သွေး ပေလူး နေသည့် ၄၀ မမ အမြောက် ကျည်စ များ ကို တွေ့ရှိ ရသည်။ အာပီဂျီ ဒုံးပစ် လောင်ချာ ဒုံးသီး (၃) လုံး၊ အာပီဂျီ ပို့ကျည် (၂) လုံး၊ အာပီဂျီ ပို့ ကျည် ခွဲ (၆) လုံး၊ အမ် ၇၉ လောင်ချာ ကျည်ခွံ (၉) ခု၊ အမ် (၁၆) ကျည်အိပ် (၁) ခု၊ ၅.၅၆ ကျည် (၁၈) တောင့်၊ အမ် (၂၂) ကျည် ကပ် (၂) ခု၊ ရ.၆၂ မမ အေကေ ကျည် (၅) တောင့် တို့အား လက်ရ သိမ်းဆည်း ခဲ့ သည်။

တကယ် တော့ ရန်သူ တို့၏ မဟာ အကြံ အစည် ကြီး က မိမိ ရေယာဉ် ကို အပိုင် ပစ်ခတ် နစ်မြုပ် ဖို့၊ တကယ့် လက်တွေ့ တွင် တော့ မိမိ ရေယာဉ် မှ တန်ပြန် ပစ်ခတ် သည့် အခါ မိမိ အမြောက် များ ၏ ပစ်ခတ်မှု ကို ယှဉ်ပြိုင် ပစ်ခတ် နိုင်စွမ်း မရှိတော့ ဘဲ ဆုတ်ခွာ ထွက်ပြေး ခဲ့ ရသည်။ ရန်သူ့ အကြံ ပိုင်ပုံ က ထင်ရှား သည်။ လက်နက်ကြီး ထိမှန် သည့် နေရာ တွေ ကြည့်လေ၊ ပဲ့စင်၊ စက်ခန်း၊ ဒု - စစ် ရေယာဉ် မှူး အခန်း စသည့် ရေယာဉ် ၏ အရေး ကြီး နေရာ များ၊ မိမိ ရေယာဉ် အား ကြိုတင် လေ့လာ ပြီးမှ ချိန်ရွယ် ပစ်ခတ် သည့် ပုံ။ ပြီးတော့ ပထ၀ီ အငိုက်၊ လူ အငိုက်၊ အချိန် အငိုက်။

ပထ၀ီ အငိုက် - သတ်ကွင်း လို ဖြစ်နေသော နေရာ လယ်ကန် သင်း မှ ပစ်ခတ် နိုင်ခဲ့ သည်။ ပစ်ခတ် နိုင်ဖို့ အမှောင် ထု ကို အားကိုး ၍ ချဉ်းကပ် ခဲ့သည်။ လူ့ အငိုက် - သတင်း လွှင့်ထား သည်မှာ ကြာပြီ။ မိဂလုံ တိုက်ပွဲ ပြီး ကတည်း က အဆင် သင့်ပြင် ၍ စောင့်နေ ရသော ရက် များ ကြာရှည် လာသည် တွင် ပေါ့လျော့ လာ မည့် အချိန်။ အချိန် အငိုက် - လသာ မှ လရောင် ဖြင့် တိုက်ခိုက် မည် ထင်ထား သော်လည်း တကယ် လာ၍ တိုက်ခိုက် သည့် အချိန် က ည မှောင်မိုက် အမှောင် ထု ထဲ။ အငိုက် သုံးပါး မမိ နိုင်ခဲ့ သည် က သတင်း ရှိမှု၊ အစစ အဆင့်ဆင့် ပြင်ဆင် မှု၊ လေ့ကျင့် သား ပြည့်ဝ မှု၊ အမြောက် ကြီး များ၊ စွမ်းပကား ကို ထိရောက် စွာ အသုံး ချ နိုင်မှု၊ ဒီထက် အရေးကြီး တာက တိုက်ပွဲဝင် တို့၏ စိတ်ဓါတ်၊ သူရ သတ္တိ၊ အမိန့် နာခံ မှု တို့ကြောင့် ဖြစ် သည်။

မိမိ ရေယာဉ် ၏ ချက်ချင်း တုံ့ပြန် ပစ်ခတ် နိုင်မှု၊ အနီးကပ် လက်နက် ကြီး ပေါက်ကွဲမှု ဒဏ် ခံရ သော်လည်း ကြောက်ရွံ့ ခြင်း မရှိ ဘဲ တိုက်ပွဲ တစ်ခု လုံး ဦးစီး ကွပ်ကဲ နိုင်သော စစ် ရေယာဉ်မှူး ၏ ဦးဆောင် မှု၊ စစ်သည် များ တိုက်ပွဲ အတွေ့ အကြုံ နည်း သော်လည်း ရန်သူ နှင့် ရင်ဆိုင် တိုက်ခိုက် ရသည့် အခါ သတ္တိ ပြောင်၍ တိုက်ခိုက် နိုင်မှု၊ မီးလောင် သော်လည်း စံနစ် တကျ လုပ်ကိုင် နိုင် သဖြင့် ရေ၀င် မှု ကို ထိန်းချုပ် နိုင်မှု တို့ကြောင့် သိန်းပေါင်း များစွာ တန်ဘိုး ရှိသော စစ် ရေယာဉ် ဆုံးရှုံး မှု မရှိ ခဲ့ပေ။

ရန်သူ မှာ မွန် ပြည်သစ် ပါတီ သောင်းကျန်း သူ ကျိုက်မရော မြို့နယ်၊ တပ်ခွဲ မှူး နိုင်ရေစင် ဦးဆောင် အင်အား (၃၀) ဖြစ်ပြီး၊ ၆၀ မမ စိန်ပြောင်း (၁) လက်၊ အာပီဂျီ လောင်ချာ (၄) လက်၊ အမ် (၇၉) လောင်ချာ (၃) လက်၊ အမ် (၂၃) စက်လတ် နှင့် လက်နက် ငယ် မျိုးစုံ ကိုင်ဆောင် ခဲ့ကြ သည်။ ရန်သူ (၁) ဦး ကျ ဆုံး ပြီး (၄) ဦး ဒဏ်ရာ ရ ခဲ့သည်။ ထိုနေ့ ည က ကျုံဒိုး ရွာ သည် အမြောက် သံ တို့ဖြင့် ဆူညံ နေခဲ့ ရသည်။ ထို အမြောက် သံများ က တပ်မတော် (ရေ) ၏ ဂုဏ်ယူ ဖွယ်ရာ အောင်မြင် မှု ကို ဖြစ်ပေါ် စေ ခဲ့သော မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) ၏ အမြောက် သံများ သာ ဖြစ်ပါ လေ တော့သည်။

၁၉၉၂ ခုနှစ် ဇန်န၀ါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက် ရေး အဖွဲ့ မှ အမိန့် ကြေငြာ စာ အမှတ် ၃/၉၂ ဖြင့် သူရ ဘွဲ့ ချီးမြှင့် ခြင်း ခံရသည့် စစ် ရေယာဉ်မှူး ရေ/၁၂၈၂ ဗိုလ်ကြီး သက်ဆွေ၊ သူရဲကောင်း မှတ်တမ်း ၀င် တံဆိပ် ချီးမြင့် ခံရသော ဒု စစ် ရေယာဉ် မှူး ရေ/၃၄၅၂ ဗိုလ် ကရင် လဂျာ နှင့် ကိုယ်ပိုင် အမှတ် ၁၉၇၉၉ ဆေး တပ်သား အောင်ကြီး အပါ အ၀င် မြစ်တွင်း တိုက် ရေယာဉ် ၃၀၃ မှ စစ်သည် များ အား ဂုဏ်ပြု လျက်။

ဗိုလ် ရွှေမင်းသိမ်း (တပ်မတော် (ရေ) နှစ်လည် မဂ္ဂဇင်း ၁၉၉၂ ခုနှစ်)

No comments:

Post a Comment