ညီလေး
ညီလေး တစ်ယောက် အကိုကြီး တို့ အမြောက် နှင့် သံချပ်ကာ ယန္တရား တပ် ညွှန်ကြား ရေးမှူး ရုံး လက်အောက် ခံ တပ် ကို ရောက် လာတာ ဂုဏ်ယူ လှိုက်လှဲ စွာ ကြိုဆို ပါတယ်။ ညီလေး နဲ့ အတူ အရာရှိ ငယ်များ အမြောက် ပညာ တွေ သင်ယူ နေ တဲ့ အချိန်မှာ အကိုကြီး တို့ အနေ နဲ့ ရရှိ ထားတဲ့ အတွေ့ အကြုံ၊ ဗဟု သုတ၊ သင်ခန်း စာတွေ ကို လက်ဆင့် ကမ်းပေး ဝေပြီး လက်တွဲ ခေါ် သွားဖို့ တာဝန် ရှိ ပါတယ်။ ဒါ့ အပြင် သမိုင်း အစဉ် အလာ ကြီးမား ထွန်းပြောင် ပြီး အောင်ပွဲ ကုဋေ ကုဋာ ရရှိ လာတဲ့ ဒို့ တပ်မတော် ကြီး ကို ဂုဏ်ပြု ကျင်းပ ခဲ့တဲ့ တပ်မတော် နေ့ဟာ ၁၉၉၅ ခုနှစ် မတ်လ (၂၇) ရက်နေ့ ဆိုလျှင် နှစ် (၅၀) တင်းတင်း ပြည့်ပြီး “ရွှေ ရတု သဘင်” အခါ သမယ ကို ရောက်ရှိ လို့လာခဲ့ ပြီ လေ။ ဒီလို နေ့ထူး နေ့မြတ် မှာ ညီလေး နဲ့ ရဲဘော် ရဲဘက် များ ကို စကား လက်ဆောင် အဖြစ် အ မြောက် တပ်ဖွဲ့ဝင် အကိုကြီး ပါဝင် ဆင်နွှဲ ခဲ့တဲ့ အောင်ပွဲ ရ တိုက်ပွဲ ကြီး တွေ ထဲက ဇွဲအောင် စစ်ဆင်ရေး ဖလူး ဒေသ စခန်း သိမ်း တိုက်ပွဲ အကြောင်း ကို အကျဉ်း ချုပ် မျှ ပြန်ပြော ရခြင်း ဖြစ်ပါတယ်။
ကရင် ပြည်နယ် ဟာ တောင်ကုန်း တောင်တန်း စိမ့်စမ်း မြစ်ချောင်း တွေနဲ့ အလှ ပေါင်းစုံ၊ သာယာ မှု စုံတဲ့ ထူးခြား တဲ့ ပြည်နယ် တစ်ခု ဖြစ်တာ ညီလေး လည်း အသိ ဖြစ် လိမ့်မယ်။ ကရင် တိုင်းရင်း သားတွေ ဟာ ရိုးသား ပွင့်လင်း ပြီး သီချင်း အဆို အက နဲ့ ပျော်ရွှင်စွာ နေတတ် ကြ တဲ့ သူတွေ ဖြစ်တယ်။ အကို ကြီး တို့ စစ်ဆင် ရေး လုပ်ခဲ့တဲ့ ဖလူး ဒေသ ဟာ လည်း တောင်ကုန်း များ ပေါများ ပြီး သစ်တော များ ထူထပ် စွာ ပေါက်လျှက် ရှိပါ တယ်။ ကရင် ပြည်နယ် ရဲ့ စိမ်းလန်း သော အလှ၊ ကရင် တိုင်းရင်း သား တွေရဲ့ ငြိမ်းချမ်း သော ဘ၀ ကို ပိုမို တောက်ပ အောင် အကိုကြီး တို့ အသက် ပေး ဆောင်ရွက် ခြင်း လို့လည်း တင်စား လို့ရ ပါ တယ်။ ဖလူး ဒေသ မှာ ရှိတဲ့ ထီးနု ချောင်း ကလေး ဟာ ထီးနု ကျေးရွာ ဘေး အနောက် မှ အရှေ့ သို့ သွယ်တန်း ပြီး သောင်ရင်း မြစ် တွင်း စီးဆင်း သွား ခဲ့တယ်။ နယ်စပ် မျဉ်း တစ်ခု လို ဖြစ်နေတဲ့ သောင်ရင်း မြစ် ဟာ ဖလူး စခန်း ကို အိုမီဂါ ပုံစံ ၀န်းရံ စီးဆင်း နေခဲ့ တယ်။ ဖလူး စခန်း ပတ်ဝန်း ကျင် မှာ သစ်ပင် များ၊ ၀ါးရုံ တော များ ထူထပ် စွာ ပေါက်ရောက် နေပြီး မြင်ကွင်း ကို ကာကွယ် ပိတ်ဖုံး နေသလို ဖြစ်နေ ခဲ့တယ် ညီလေး။ ဖလူး စခန်း ဟာ အလျား (၁၈၀၀) ကိုက်၊ အနံ (၈၀၀) ကိုက်ခန့် ကျယ်ဝန်း ပြီး ကွန်ကရစ် ထု ၁ ပေ ခွဲ၊ ၂ ပေ အထူ ရှိပြီး အပေါ် မှာ ကွန်ကရစ် ထု အပြင် သဲအိတ် ၈ ထပ် လောက် ရှိတဲ့ ခေါင် ကတုတ်၊ ဘန်ကာ များ အခိုင် အခန့် တည်ဆောက် ထား တယ်။ ကျွန်းပင် ကြီး များက စခန်း တွင်း မှာ ထူထပ်စွာ ပေါက် ပြီး သဘာဝ အကာ အကွယ် လို ဖြစ်နေ ခဲ့ တယ်။
စခန်း မြေ အနေ အထား ကောင်းခြင်း အပြင် စခန်း ကို စံနစ် အကျ ဆုံး၊ အခိုင် ခန့် ဆုံး တည်ဆောက် ထားပြီး ဘယ်တော့ မှ မကျ နိုင်သော စခန်းကြီး အဖြစ် သတ် မှတ် ဂုဏ်ယူ နေကြ တယ်။ လက်နက် ခဲယမ်း တိုက်၊ လူနေ အိမ်များ၊ စာသင် ကျောင်း၊ ဆေးပေး ခန်း တို့ဖြင့် အခိုင် အမာ နေထိုင် မင်းမူ ခဲ့ကြ တယ်။ ဒီ စခန်း ကို တိုက်ခိုက် သိမ်းပိုက် ဖို့အတွက် ကာကွယ် ရေး ၀န်ကြီး ဌာန မှ စစ်ရာထူး ခန့်ချုပ် ဗိုလ်ချုပ် မောင်လှ ဦးစီး တဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့၊ တပ်မ မှူး ဗိုလ်မှူး ချုပ် တင်အေး ဦးစီး တဲ့ အမှတ် (၄၄) ခြေမြန် တပ်မ ဌာနချုပ် ကွပ်ကဲမှု အဖွဲ့၊ ဒုတိယ ဗိုလ်မှူးကြီး သူရ မောင်ကို ဦးစီး တဲ့ ရှေ့တန်း အမှတ် (၃၃၁) နည်း ဗျူဟာ စစ်ဆင် ရေး ကွပ်ကဲမှု အဖွဲ့ များ မှ ဦးစီး ကွပ်ကဲ ပြီး တိုက်ခိုက် ရေး တပ်များ အ နေဖြင့် တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး သိန်းအောင် ဦးစီး တဲ့ အမှတ် (၁၁၉) ခြေမြန် တပ်ရင်း၊ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး ဘိုကြည် ဦးစီး တဲ့ အမှတ် (၄) ခြေလျင် တပ်ရင်း၊ တပ်ရင်း မှူး ဗိုလ်မှူး မြင့်မောင် ဦးစီး တဲ့ အမှတ် (၁၃) ခြေမြန် တပ်ရင်း၊ ပစ်ကူ တပ် အနေ နဲ့ ဒုတိယ ဗိုလ်မှူးကြီး ခင်ညွန့် ဦးစီး တဲ့ အကိုကြီး တို့ အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်) မှ တပ်ခွဲ (၂) ခွဲ ကို တာဝန် ပေးအပ် ခဲ့ ပါတယ်။

အကိုကြီး တို့ ရှေ့တန်း အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်) မှာ တပ်ရင်းမှူး၊ ဦးစီး ဗိုလ် သက်အောင် (စစ်ဆင်ရေး အရာရှိ) နှင့် စစ်ကြောင်း ရုံး ကွပ်ကဲမှု အဖွဲ့ ဟာ ပွိုင့် ၇၄၀ မှာ ယာယီ အခြေပြု ပြီး ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး အောင်ဘယူ ဦးစီး ပြီး ဗိုလ် ဘသန်း၊ ဗိုလ် အောင်စိုးနိုင်၊ တပ်ကြပ်ကြီး လှ ထွန်းဖြူ၊ တပ်ကြပ်ကြီး သန်းအောင်၊ တပ်ကြပ်ကြီး စိုးထွန်း၊ တပ်ကြပ်ကြီး အောင် မျိုးညွန့်၊ တပ်ကြပ်ကြီး ၀င်းမောင် နှင့် အကြပ် စစ်သည် များ ပါဝင် တဲ့ ၇၆ မမ အမြောက် တပ်စု၊ ဗိုလ်မှူး မြင့်အောင် ဦးစီး ပြီး ဗိုလ်ကြီး မျိုးမြင့်၊ ဗိုလ်ကြီး မျိုးဝင်း၊ ဒု - အရာခံ ဗိုလ် မြဦး၊ တပ်ကြပ်ကြီး ရွှေမိုး၊ တပ်ကြပ်ကြီး ခင်အောင်၊ တပ်ကြပ်ကြီး စောမြင့်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ်ကြီး သိန်းဝင်း၊ တပ်ကြပ်ကြီး စောအိုင်စီ နှင့် အကြပ် စစ်သည် များ ပါဝင် တဲ့ ၁၂၀ မမ (ယူဂို) စိန်ပြောင်း တပ်စု များ အတွက် မြေ နေရာ ရွေး ချယ် ခြင်း၊ အမြောက် နေရာ များ ကို ကိုယ်တိုင် သတ်မှတ် ပေးခဲ့ တယ်။ အကိုကြီး ကို အကဲ ကြည့် အဖွဲ့ ဦးစီး ဖို့ တာဝန် ပေး ခဲ့ပြီး ဗိုလ်ကြီး ကျော်ကျော် ကို ရှေ့ တန်း အကဲ ကြည့် အဖွဲ့ ကို ဦးစီး ဖို့ တာဝန် ပေးခဲ့ တယ်။ ဒီလို တာဝန် ပေးချက် အရ အကိုကြီး အ နေ နဲ့ အမြောက် တပ်စု (၂) စု နှင့် ၈၁ မမ စိန်ပြောင်း တပ်စု တို့ကို တစ်ယောက် ထဲ ဦးစီး ကွပ်ကဲ ခဲ့ရ တယ်။ အကိုကြီး ဦးစီး တဲ့ အကဲ ကြည့် အဖွဲ့ဟာ နည်းဗျူဟာ မှူး၊ တပ်ရင်း မှူးများ နှင့် အတူ ရန်သူ့ စခန်း အခြေ အနေ၊ မိမိ ခြေလျင် တပ်များ အခြေ အနေ၊ တိုက်ခိုက် မည့် လမ်းကြောင်း နှင့် မြေပြင် အခြေ အနေ တို့ကို အသေး စိတ် ချီတက် လေ့လာ ပြီး အကြံ ပေး တင်ပြ ခဲ့တယ်။ ချီတက် ရာ လမ်းကြောင်း တစ်လျှောက် မှာ လည်း အကဲ ကြည့် နိုင်မည့် နေရာ တွေ ကို အသေး စိတ် ကြည့်ရှု မှတ်သား ခဲ့ ရတယ်။
အကိုကြီး တို့ရောက် ခဲ့တဲ့ ပွိုင့် ၂၇၆၇ ဟာ ရန်သူ့ စခန်း ကို အသေး စိတ် မြင်တွေ့ နိုင်တဲ့ အပြင် ပတ်ဝန်း ကျင် မြေ အနေ အထား တစ်ခု လုံး ကို အပေါ် စီး မှ မြင် ကွင်း ကျယ် တွေ့နိုင် တဲ့ အတွက် အကဲ ကြည့် နေရာ အဖြစ် သတ်မှတ် ပေးခဲ့ တယ် ညီလေး။ အကိုကြီး တို့ မူလ အကဲ ကြည့် စခန်း ကို ပြန် ရောက် တာနဲ့ အကဲကြည့် နေရာ ပြင်ဆင် ခြင်း၊ ပတ်ဝန်း ကျင် ရှိ အချက် အချာ နေရာ များကို မှတ်တမ်း တင်ခြင်း၊ အကဲ ကြည့် မြင်ကွင်း ပုံကြမ်း ရေးဆွဲ ခြင်း တို့ကို စံနစ် တကျ လုပ်ဆောင် ရ တယ်။ ဒ့ါ အပြင် ဖလူး စခန်း အတွင်း မှာ ရှိတဲ့ ပစ်မှတ် များ ကို မပစ်ခတ် ဘဲ မှတ်ပုံ တင်ခြင်း တွေ လည်း လုပ် ရတယ်။ ဒီလို လုပ်ရာ မှာ စခန်း အနေ အထား အရ နေထွက် ချိန်နှင့် နေ၀င် ချိန် ပေါ် မူတည် ပြီး ပစ်မှတ် တွေကို ဖော်ထုတ် မှတ်တမ်း တင်ခဲ့ ရတယ် ညီလေး။
၁၉၈၉ ခုနှစ် ဒီဇင်ဘာ လ (၂၆) ရက် နေ့၊ ဖလူး ဒေသ ဟာ သစ်ပင် ၀ါးပင် များ ထူထပ်စွာ ပေါက် သည့် အပြင် ဆောင်းတွင်း ကာလ ဖြစ်လို့ နှင်းဇာ ပုဝါ ပါးပါး ခြုံလွှမ်း ထား သလို မြင်ကွင်း ဖြစ်နေ ခဲ့တယ်။ ရန်သူ့ စခန်း နဲ့ အကိုကြီး တို့ ရင်ဆိုင် မျက်နှာ မူထား ကြ တယ်။ အကိုကြီး တို့ အမြောက် တပ် အနေ နဲ့ ပစ်ရှာ ခြင်း ဆောင်ရွက် ရန် အတွက် ကြိုတင် ပြင်ဆင် မှု များ လုပ်ခဲ့ ရတယ်။ တပ်ရင်းမှူး ဟာ ပစ်ခတ်မှု စီမံချက် ကို နည်း ဗျူဟာ မှူး၊ ခြေလျင် တပ်ရင်း မှူး များ နဲ့ ညှိနှိုင်း ရေးဆွဲ ပြီး ပစ်မှတ် များကို သတ်မှတ် ပေးခဲ့ တယ်။ နံနက် (၉) နာရီ ထိုးတာ နဲ့ ဖလူး စခန်း ထဲမှာ ရှိတဲ့ ပစ်မှတ် အမှတ် (၁) ရန်သူ့ လက်နက် ကြီး နေရာ ကို ၇၆ မမ တပ်စု ဖြင့် တစ်လက် ခြင်း ပစ်ရှာ ပြီး မှတ်ပုံ တင် ခဲ့တယ်။ ပြီးတော့ ဒီ ပစ်မှတ် ကို ၇၆ မမ တပ်စု၊ ၈၁ မမ တပ်စု များ ဖြင့် တစ်လက် ခြင်း မှတ်ပုံ တင် ပေး ခဲ့ ရတယ်။ ပစ်မှတ် အ မှတ် (၁) ရန်သူ့ လက်နက် ကြီး နေရာ နှင့် မြစ်ကူး တံတား ကို မှတ်ပုံ တင်ပြီး ပစ်မှတ် အမှတ် (၂) ရန်သူ့ အိမ်စု ကို တပ်စု အားလုံး အတွက် တစ်လက် ခြင်း မှတ်ပုံ တင် ခဲ့ရတယ်။ အဲဒီ နေ့ ညဘက် မှာ ၇၆ မမ တပ်စု အနေ နဲ့ (၁၅) မိနစ် လျှင် ၁ တောင့်နှုန်း၊ ၂၇-၁၂-၈၉ နေ့မနက် (၆) နာရီ အထိ အဆက် မပြတ် နှောင့်ယှက် ပစ်ခတ် ခဲ့ပြီး ကျည်ကျ နေရာ များ အခြေ အနေ ကို တစ်တောင့် ခြင်း ပြောပြ ပြင်ဆင် ပေး ခဲ့တယ်။
၁၉၈၉ ခုနှစ် ဒီဇင်ဘာ လ (၂၇) ရက်နေ့ မှာ တိုက်ပွဲ အရှိန် အဟုန် စ ခဲ့တယ်။ ည ၇ နာရီ ၃၀ မိနစ် လောက်မှာ ပစ်မှတ် အမှတ် (၃) ဖြစ်တဲ့ ဗူးဝ ဘန်ကာ များ မှ ရန်သူ့ မီးထိုး လှုပ်ရှားမှု များပြား လာတဲ့ အတွက် လက်နက် ကြီး များ တပ်ဆင် နေတယ် လို့ သုံးသပ် ပြီး စစ်ကြောင်း ရုံး ကို ချက်ခြင်း သတင်း ပို့ ခဲ့တယ်။ အကို ကြီး တို့ သုံးသပ် တဲ့ အတိုင်း ပဲ ရန်သူ ဟာ ခြေလျင် တပ်တွေ ကို လက်နက်ကြီး၊ လက်နက် ငယ် တွေနဲ့ အဆက် မပြတ် ပစ်ခတ် ခဲ့ တယ်။ ဒါကြောင့် ၇၆ မမ တပ်စု ကို ခေါ်ပစ် - ပစ်ပေး လိုက်မှ ရန်သူ ရဲ့ပစ်ခတ် မှု ရပ်တန့် သွား ခဲ့တယ် ညီလေး။ အကိုကြီး တို့ အမြောက် တပ်စု နှင့် ခြေလျင် အကူ လက်နက် ကြီး တပ်ခွဲ မှ ဗိုလ် မှူး ခင်မောင်မြင့် ဦးစီး တဲ့ ၈၁ မမ တပ်စု ဟာ ဆက်လက် ပြီး ရန်သူ့ ပစ်မှတ် များ ဖြစ်တဲ့ ပစ်မှတ် အမှတ် (၄) ရန်သူ့ ၆၀ မမ နှင့် ၀ါးရုံ တော၊ ပစ်မှတ် အမှတ် (၅) ရန်သူ့ ခေါင် ကတုတ် များ နှင့် ဘန်ကာ များ၊ ပစ်မှတ် အမှတ် (၆) ရန်သူ့ ဘန်ကာ၊ ပစ်မှတ် အမှတ် (၇) ရန်သူ့ ခေါင်းဆောင် အိမ် / ရုံး လက်နက် ကြီး နေရာ၊ ပစ်မှတ် အမှတ် (၈) သောင်ခုံ နှင့် မိုင်းကွင်း တို့အား တပ်စု တစ်စု စီ တို့မှ မှတ်ပုံ တင် ပစ်ခတ် ပေးနိုင် ခဲ့တယ်။

နေ့လည် ပိုင်း မှာ ရန်သူ့ ပစ်မှတ် တွေမှာ လှုပ်ရှား မှု တွေ တွေ့ရတဲ့ အတွက် ၇၆ မမ အမြောက် တပ်စု၊ ၁၂၀ မမ စိန်ပြောင်း တပ်စု နှင့် ၈၁ မမ စိန်ပြောင်း တပ်စု တို့ဟာ ထိထိ ရောက်ရောက် ပစ်ခတ် နှိမ်နင်း နိုင်ခဲ့ တယ်။ ရန်သူ့ ခေါင်းဆောင် တွေဟာ သူတို့ နေထိုင် ရာ ပစ်မှတ် ကို အဆက် မပြတ် ထိမှန် ပေါက်ကွဲ နေတဲ့ အတွက် တိုက်ပွဲ ကို ကွပ်ကဲ မှု မပြု နိုင်ပဲ အဆက် ပြတ်လျှက် ရှိနေ ခဲ့ကြ တယ်။ ၂၈-၁၂-၈၉ နေ့ နံနက် (၇) နာရီ က စပြီး ရန်သူ့ ပစ်မှတ် အားလုံး ကို တပ်စု တစ်စု ခြင်း ပစ်ခတ် သကဲ့သို့ တပ်ခွဲ ပစ်မှတ် အဖြစ် လည်း ပစ်ခတ် ခဲ့တယ်။ ပစ်မှတ် တစ်ခု ခြင်း ကို တပ်စု တစ်စု ခြင်း ခေါ်ပြီး ပစ်ခတ် ခဲ့တယ် ညီလေး။
အရေး မကြီး ပစ်မှတ် များ ဖြစ်တဲ့ ပစ်မှတ် (၁) (၂) (၅) (၆) (၇) တို့ကို တပ်ခွဲ ပစ်မှတ် အဖြစ် အဆက် မပြတ် ပစ်ခတ် ပေး ခဲ့တယ်။ ဒီ ပစ်ခတ် စဉ် ဟာ တိုက်ပွဲ အ တွက် အရေးကြီး ဆုံး ဖြစ်တယ်။ ညီလေး နားလည် အောင် ပြောရ ရင် တော့ကွာ အကို တို့ အမြောက် တပ် အသုံး အနှုံး အရ Time on Target လို့ခေါ်တဲ့ အမြောက် တစ်လက် ကို ကျည်တောင့် ၂၀ - ၃၀ နှုန်း နဲ့ ရန်သူ့ ပစ်မှတ် ပေါ်ကို တစ်ချိန် တည်း တစ်ပြိုင်တည်း ကျရောက် ပေါက်ကွဲ အောင် ပစ် ရတယ်။ ပထမ ဆုံး ကျည် တောင့် ကို ကျည်သွား လမ်းမြင့် တဲ့ ၈၁ မမ စိန်ပြောင်း တွေ အရင် ပစ် ခိုင်း တယ်။ ပြီးတော့ မှ ၁၂၀ မမ စိန်ပြောင်း တွေ ပစ်တယ်။ ပြီးတော့ မှ ကျည် သွား လမ်း နိမ့်တဲ့ ၇၆ မမ အမြောက် တွေက ပစ်ကြ တယ်။ ပစ်မှတ် ပေါ်ကို ရောက်တော့ ကျည်ဆံ တွေ အားလုံး ပေါက်ကွဲ မှု ကြောင့် မိုးခြိမ်း သံ မိုးကြိုး ပစ်သံ ထက်တောင် ကျယ် သေးတယ်။ ၇၆ မမ အမြောက် ၄ လက်၊ ၁၂၀ မမ (ယူဂို) စိန်ပြောင်း ၆ လက်၊ ခြေလျင် အကူ လက်နက် ကြီး တပ်ခွဲ က ၈၁ မမ စိန်ပြောင်း ၁၀ လက်ရဲ့ ပစ်အား ဘယ်လောက် ပြင်းထန် လိုက်မလဲ ဆိုတာ ကို ညီလေး စဉ်းစား ကြည့် ပေါ့၊ ရန်သူ တွေ နားကွဲ ပြီး နားထဲ က သွေးထွက် သေကုန် တယ် ဆိုတာ ညီလေး လည်း ကြားဖူး မှာ ပေါ့။ အဲဒါ အကို တို့ အမြောက် တပ် ရဲ့ လက်နက် ကြီး တွေ ပေါက်ကွဲ မှုကြောင့် ပေါ့။

အမြောက် တပ် စစ်သည် တွေဟာ တက်ကြွ စွာ ပစ်ခတ် သံ နဲ့အတူ အသံ ကုန် အော်ပြီး ပစ်ခတ် ခဲ့ကြ တယ်။ ဒါဟာ ရန်သူ့ စိတ်ဓါတ် ခြောက်ခြား အောင် ရန်သူ ကို ဦးနှိမ် ပြီး ပစ်ခတ် မှု စီမံ ချက် မှာ ပါတဲ့ ကြိုတင် ချေမှုန်း ခြင်း ဆိုတာ ပေါ့ ညီလေး။ အဲဒီ လို အရှိန် အဟုန် နဲ့ ပစ်ခတ် နေစဉ် မှာ ပဲ မမျှော် လင့် ပဲ ၁၂၀ မမ စိန် ပြောင်း တပ်စု က စိန်ပြောင်း တစ်လက် ဟာ ပြောင်းတွင်း ကျည် ပေါက်ကွဲ မှု ဖြစ်ပြီး စစ်သည် နှစ်ဦး ဒဏ်ရာ ရရှိ ခဲ့တယ်။ ဒီ ဖြစ်စဉ် ကြောင့် တပ်စု ဟာ ခေတ္တ ငြိမ်သက် သွား ခဲ့လို့ ပစ်အား တွေ လျှော့ မသွား စေဖို့အတွက် ၇၆ မမ အမြောက် တပ်စု ကို ခေါ်ပစ် အနေ နဲ့ ပစ်ခတ် ပေးရ တယ်။ ထိရောက် မှုတွေ ကို တက်ကြွ စွာ ပြောဆို ပြီး အကို ကြီး တို့ တပ်ဖွဲ့ တွေကို စိတ်ဓါတ် တက်ကြွ ပြောင်းလဲ သွားအောင် လုပ်ပေး ရတယ်။ အရေး ကောင်း တုန်း ဒိန်းဒေါင်း ဖျက် ဆိုတာ လိုပဲ တစ်ခါ ၇၆ မမ အမြောက် တစ်လက် ဟာ ပစ်ခတ်တဲ့ ကျည် ပေါက်ကွဲ ပြီး စစ်သည် နှစ်ဦး ဒဏ်ရာ ရရှိ ခဲ့ပြန် တယ်။ သို့သော် လည်း ပစ်အား ရပ်တန့် မှု မရှိ စေရန် အတွက် ခေါ်ပစ် ဖြင့် ဆက်တိုက် ပစ်ခတ် ပေးခဲ့ ရတယ်။
ဒီလို တိုက်ပွဲ တွင် မထင်မှတ် ပဲ ဖြစ်ပေါ် လာတဲ့ ဖြစ်စဉ် မျိုး ဟာ ညီလေး တို့ အရာရှိ ငယ်တွေ အတွက် မှတ်သား စရာ၊ သင်ခန်း စာ ယူစရာ သိတ် ကောင်း ပါတယ်။ အဲဒီ လို ဆက်တိုက် တက်ကြွ စွာ ပစ်ခတ် နေစဉ် မှာပဲ တပ်ရင်မှူး ရဲ့ ညွှန်ကြား ချက် အရ ၁၂၀ မမ မီးစုန်း ကျည် ပစ်ခတ် ရန် ပြင်ဆင် ခဲ့ရ ပြန်တယ်။ ပစ်မှတ် အ မှတ် (၇) ဖြစ်တဲ့ ရန်သူ့ ခေါင်းဆောင် အိမ်စု ကို ရွေးချယ် ပစ်ခတ် ခဲ့ရာ ပစ်မှတ် တ၀ိုက် မီးများ လောင်ကျွမ်း စေခဲ့ တယ်။ မီး လောင်ကျွမ်း နေစဉ် မှာ ၇၆ မမ တပ်စု နှင့် ၈၁ မမ တပ်စု တွေ က ပစ် လိုက်တဲ့ ကျည်ဆံ တွေဟာ မိုးသီး မိုးပေါက် လို ကျရောက် လို့ ပစ်မှတ် အမှတ် (၅) ဟာ လည်း မီးတောက် မီးလျှံ တွေ တွေ့ နေရ တယ်။ ၇၆ မမ၊ ၁၂၀ မမ စိန်ပြောင်း နှင့် ၈၁ မမ တပ်စု တွေ ဟာ မီးလျှံ တွေ ကြားမှာ ကြောက်လန့် တကြား ပြေးလွှား နေတဲ့ ရန်သူ တွေကို အထိ နာစေ ခဲ့တယ်။ မီးစုန်း ကျည် ရဲ့ ပေါက်ကွဲ မှုကြောင့် ပစ်မှတ် အမှတ် (၆) ဘန်ကာ အနီး မီးလောင် ခဲ့ရာ ရန်သူ များ ထောင်ထား သော မိုင်းများ ပေါက်ကွဲ ကုန် ကာ မြေပြင် သိမ့်သိမ့် တုန် ခဲ့တယ်။ တပ်ရင်းမှူး ရဲ့ ညွှန်ကြား ချက် နဲ့ ပိုင်းဖြတ် ပစ်ခတ် ခြင်း၊ ပိုက်စိတ် တိုက် ပစ်ခတ် ခြင်း တို့အား ပစ်ခတ် ပေးခဲ့ တယ် ညီလေး။
၂၉-၁၂-၈၉ နေ့ ဟာ ဖလူး စခန်း မှာ ရှိတဲ့ ရန်သူ တွေရဲ့ ကမ္ဘာ ပျက်တဲ့ နေ့လို့ဆို ရမှာ ဖြစ်တယ်။ စခန်း ကုန်း တစ်ခု လုံး လက်နက် ငယ် ကျည်ဆံ မိုး တွေ ရွာပြီး လက်နက် ကြီး တွေ၊ အမြောက် ဆံတွေ က ၀ရဇိန် လက်နက် လို အဆက် မပြတ် ကျရောက် ပေါက်ကွဲ ခဲ့တယ်။ နံနက် (၃) နာရီ မှာ စတင် ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့ တယ်။ ရန်သူ ဟာ အကဲ ကြည့် ကုန်းရဲ့ စွမ်းဆောင် မှု ကို သိသွား ပြီး ပွိုင့် - ၅ စက် သေနတ်ကြီး နဲ့ တရစပ် ပစ်ခတ် တော့ တာပဲ။ တချိန် တည်း မှာပဲ ပစ်မှတ် အ မှတ် (၂) ဟာ ပစ်အား များ လာတဲ့ အတွက် ခေါ်ပစ် ပစ်ခတ် ပေးခဲ့ ရတယ်။ ပစ်ခတ်မှု စီမံချက် အတိုင်း ထိတွေ့ မှု စတင် တာနဲ့ အဆင်သင့် စောင့် နေတဲ့ ၇၆ မမ တပ်စု၊ ၁၂၀ မမ တပ်စု၊ ၈၁ မမ တပ်စု တွေဟာ တပြိုင် တည်း စတင် ပစ်ခတ် ခဲ့တယ်။ ပစ်နှုန်း ကို လည်း အမြန် ဆုံး ပစ်နှုန်း နဲ့ ပစ်ခတ် ကြတယ်။ စစ်သည် တော်တွေ ဟာ လည်း တက်ကြွ စွာ နဲ့ တက်ညီ လက်ညီ လှုပ်ရှား ခဲ့ကြ တယ်။ ကျည်ဆံ ပြင်သူ က ပြင်၊ ကျည်ထိုး သူက ထိုး၊ ချိန်တွယ် သူ က တိတိ ကျကျ မြန်မြန် ဆန်ဆန် ချိန်၊ စည်းကမ်း သေ၀ပ် စွာ နဲ့ အမိန့် နာခံ စွာ ပစ်ခတ် ခဲ့ကြ တယ်။ ကျည်ဆံ သယ် ဖို့ လိုလာ လျှင် လည်း စစ်ကြောင်း ရုံး ကပါ မကျန် တက်ညီ လက်ညီ လုပ် ခဲ့ကြ တယ်။ ပစ်နှုန်း က မြန်ဆန် လွန်း လို့ ရန်သူ ဟာ လက်နက်ကြီး တွေ ရဲ့ ပေါက်ကွဲ မှု ကြောင့် ခေါင်းတောင် မထောင် နိုင် ခဲ့ဖူး ညီလေး။ ခြေလျင် တပ်ဖွဲ့ တွေ ဟာလည်း မိမိ တပ် ရဲ့ လက်နက်ကြီး ပစ်ကူ ကို ယုံကြည် စွာ နဲ့ ဟန်ချက် ညီညီ ရဲရဲ ၀ံ့ဝံ့ စွန့်စွန့် စားစား ရှေ့ ကို အတင်း တက် တိုက်ပွဲ ၀င် ခဲ့တယ်။

နံနက် (၇) နာရီ လောက် မှာ အကိုကြီး တို့ ခြေလျင် တပ်ဖွဲ့ တွေ ဟာ စွန့်လွှတ် စွန့်စား တဲ့ စိတ်ဓါတ် နဲ့ ရန်သူ့ စခန်း ပေါ်သို့ ပြေး တက်ပြီး ဆက်သွယ် ရေး မြောင်းတွေ ထဲမှာ အနီးကပ် တိုက်ပွဲ တွေ ဖြစ်ပွား နေခဲ့ တယ်။ အဲဒီ လို ဖြစ်ပွား နေစဉ် ရန်သူ တွေဟာ ပစ်မှတ် အမှတ် (၇) မှာ အပြင်း အထန် ခုခံ နေတဲ့ အတွက် ၇၆ မမ နှင့် ၈၁ မမ တပ်စု များ ဖြင့် ခေါ်ပစ် ပစ်ခတ် ပေးခဲ့ ရ တယ်။ ရန်သူ နှင့် ခြေလျင် တပ်များ လုံးထွေး တိုက်ခိုက် နေချိန် မှာ လည်း အရေးကြီး ပစ်မှတ် များ ကို ရဲဝံ့စွာ ခေါ်ပစ် ပစ်ခတ် ပေးခြင်း ဟာ ခြေလျင် တပ်ဖွဲ့ တွေရဲ့ စိတ်ဓါတ် ကို အစွမ်း ကုန် မြှင့်တင် ပေး တာနဲ့ အတူတူ ပဲ ညီလေး။ အမြောက် တပ်ဖွဲ့ ရဲ့ ဂုဏ် သိက္ခာ နှင့် စွမ်းရည် ကို ပြသ ရာ လည်း ရောက်စေ ခဲ့တယ်။
အကိုကြီး တို့ရဲ့ ခြေလျင် တပ်ဖွဲ့ တွေ ဟာ ဖလူး စခန်း ကို အပြီး သတ် ရှင်းလင်း တိုက်ခိုက် ရာ ရန်သူ များ အကျ အဆုံး များစွာ နဲ့ ထွက်ပြေး သွားခဲ့ ကြ တယ်။ ရန်သူ့ ရဲ့ အခိုင် မာဆုံး လို့ပြောကြ တဲ့ စခန်းကြီး တစ်ခု ဟာ ၃-၄ နာရီ အတွင်း မှာပဲ အကိုကြီး တို့ တပ်မတော် ရဲ့ လက်အောက် ကို ကျရောက် ခဲ့ ရတယ်။ ဒါဟာ အကိုကြီး တို့ အမြောက် တပ်ဖွဲ့ နှင့် ခြေလျင် တပ်ဖွဲ့ တွေရဲ့ ဟန်ချက် ညီညီ ရဲ သွေး နီနီ နဲ့ အသက် စွန့် တိုက်ပွဲ ၀င် ခဲ့လို့ ဖလူး ဒေသ အောင်ပွဲ ရခဲ့ ခြင်းပဲ ညီလေး။
ဖလူး ဒေသ အောင်ပွဲ ရဖို့ အကိုကြီး တို့ အမြောက် တပ်ဖွဲ့ အနေနဲ့ အမြောက် လက်နက်ကြီး ကျည် မျိုးစုံ တန်ချိန် (၇၀) ခန့် အထိ သုံးစွဲ ပစ်ခတ် ပေးခဲ့ ရ တယ်။ အကိုကြီး တို့ ဘက်က စစ်သည် (၁၂) ဦး သာ ကျဆုံး ပြီး (၅၂) ဦး ဒဏ်ရာ ရရှိ ခဲ့တယ်။ လက်နက် အဆုံး အရှုံး မရှိပဲ ထူးခြား စွာ အောင်မြင် တဲ့ တိုက်ပွဲ ဖြစ် တယ်။ ရန်သူ့ ထံ မှ ၂.၇၅ မမ ရော့ကက် (၁) လက်၊ ၈၂ မမ စိန်ပြောင်း (၃) လက်၊ ပွိုင့် - ၅ စက် သေနတ် ကြီး (၃) လက်၊ ၆၀ မမ စိန်ပြောင်း (၂) လက်၊ တရုပ် စက်လတ် (၁) လက်၊ လက်နက် ကြီး မျိုးစုံ (၁၃) လက်၊ လက်နက် ငယ် မျိုးစုံ (၅၂) လက်၊ ကျည် မျိုးစုံ အမြောက် အများ၊ ကွန်ကရစ် ဘန်ကာ (၄၅၀) လုံး၊ ခဲယမ်း တိုက် (၄) လုံး၊ အုတ် တိုက် (၄) လုံး၊ အဆောက် အဦး (၃၀)၊ ခဲယမ်း တွေ ဟာ ဘယ်လောက် များ သလဲ ဆိုရင် တီအီး ကားတွေ နဲ့ ကို သယ်ယူ ခဲ့ ရတယ်။
အကောင်းဆုံး မြေ အနေ အထား၊ အခိုင် အခန့် ဆုံး ခေါင် ကတုတ်၊ ဘန်ကာ တွေနဲ့ စံနစ် တကျ တည်ဆောက် ပြီး ဘယ်တော့ မှ မကျဆုံး နိုင် ဟူသော စံပြ စခန်း ကြီး ဟု ကြုံးဝါး ခဲ့တဲ့ ဖလူး စခန်း အား အချိန် တိုတို၊ အကျ အဆုံး နည်းစွာ ဖြင့် တိုက်ခိုက် သိမ်းပိုက် နိုင်တဲ့ တပ်မတော် ရဲ့ စွမ်းရည် ကို ကမ္ဘာ က အံ့အား သင့်ခဲ့ ကြတယ် ညီလေး။ ဖလူး ဒေသ တိုက်ပွဲ မှာ ပါဝင် ခဲ့ကြ တဲ့ အရာရှိ စစ်သည် အားလုံး ကို တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် က ချီးကျူး ဂုဏ်ပြု တဲ့ အပြင် ဖလူး တိုက်ပွဲ တံဆိပ် ကိုလည်း ချီးမြှင့် ခဲ့သေး တယ်။ ဒါဟာ တပ်မတော် သား တစ်ယောက် ရဲ့ ဂုဏ်ယူ စရာ တစ်ခု ပဲပေါ့ ညီလေး။
နိဂုံးချုပ် အနေ နဲ့ အကိုကြီး ပြောလို တာကတော့ “လိုအပ် သော အချိန် တွင်၊ လိုအပ် သော နေရာ သို့ လိုအပ် သော ကျည် အရေ အတွက် ကျရောက် စေ ရမည်။ ရွှေ့ပြောင်း ပစ်ခတ် ဆက်သွယ် (m.s.c.)” ဆိုတဲ့ အမြောက် တပ် ရဲ့ ပစ်ကူ ဆောင်ပုဒ် ကို အမြဲ နှလုံး သွင်းပြီး အမြောက် တပ်ဖွဲ့ အစဉ် အလာ ကောင်း များ ကို ဆက်လက် ထိန်းသိမ်း ကြ ပါလို့ မှာကြား လိုက် ပါရစေ။
ညီလေး ရဲ့ အကိုကြီး
ဗိုလ်မှူး မြ၀င်း
အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်)

No comments:
Post a Comment