၁၉၆၈ ခုနှစ် နှစ်ဦး ပိုင်းမှ စ၍ ဗမာ ပြည် ကွန်မြူနစ် ပါတီ (ဗကပ) သည် နယ်စပ် ဒေသ ရှိ တိုင်းရင်း သားများ ကို သိမ်းသွင်း ၍ မြန်မာ ပြည် အရှေ့မြောက် ဒေသ များကို သိမ်းပိုက် ရေး အတွက် တိုက်ခိုက် မှုများ ပြင်းထန် စွာ စတင် လာခဲ့ ပေသည်။ (ဗကပ) များ သည် လူအား၊ လက်နက် အား အဆ မတန် အသုံး ပြုပြီး မိမိ အားနည်း သည့် တပ်၊ တပ်စခန်း များကို ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ရာ မိမိ တပ်များ ကလည်း လက်ရုံး တပ်များ ပါ မကျန် ပူးပေါင်း ၍ ကျားကုပ် ကျားခဲ ပြန်လည် တွန်းလှန် တိုက်ခိုက် ခဲ့ကြ ပါသည်။ ယခု တင်ပြ မည့် အရှေ့မြောက် ဒေသ တွင် ၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက်နေ့ က ဖြစ်ပွား ခဲ့ သော ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲကြီး အကြောင်း ဖြစ် ပါသည်။ ယင်း တိုက်ပွဲ တွင် ပူးပေါင်း တိုက်ခိုက် ခဲ့ကြသည့် ခြေလျင် တပ်၊ အမြောက် တပ် နှင့် တပ် မတော် (လေ) တို့ အနက် တပ်မတော် (လေ) ၏ ကဏ္ဍ နှင့် ကြည်း / လေ ပူးပေါင်း စစ်ဆင်ရေး ကို ဖော်ပြ လိုခြင်း ဖြစ်ပါသည်။
ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲ မဖြစ်မီ ယေဘူယျ အခြေအနေ
ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲ မှာ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ မနက် အာရုံ ချိန်က တစ်ကြိမ်၊ ညနေ နေ၀င်ချိန် က တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ခဲ့ သည်။ တပ်မတော် (လေ) က ညနေ နေ၀င်ချိန် တိုက်ပွဲမှာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ပွိုင့် (၄၅၆၁) သည် မြန်မာ နိုင်ငံ အရှေ့ မြောက်ဘက် မူဆယ် မြို့တောင် ဘက် (၃) မိုင် အကွာ တောင်ကုန်း၊ တောင်တန်း တွင် တည်ရှိ သည်။ မိမိ အင်အား မှာ အမှတ် (၄) ခြေလျင် တပ်ရင်း စစ်ကြောင်း (၂) မှ စစ်ကြောင်း မှူး အပါ အ၀င် စုစုပေါင်း အင်အား (၃၈) ယောက် ရှိ၍ တပ် အနေ အထား မှာ ပွိုင့် (၄၅၆၁) တောင် ကုန်း၊ သွေးသောက် ကုန်း၊ အမြောက် စခန်း တွင် တပ်စု မှူး အပါ အ၀င် (၃၆) ယောက်၊ အကဲကြည့် အဖွဲ့ များ မှာ အရှေ့ပိုင်း စခန်း များတွင် ထုတ်ထား သည်။ မိမိ တပ် စုစုပေါင်း မှ အရာရှိ (၂) ဦး နှင့် အခြား အဆင့် (၇၂) ဦး ဖြစ်ပါ သည်။ လက်နက် အင်အား မှာ (၇၆) မီလီမီတာ အမြောက် (၄) လက် နှင့် လက်နက် ငယ် များမှာ ဖွဲ့စည်းပုံ အတိုင်း ဖြစ်ပါသည်။ ရန်သူ အင်အား မှာ ဗကပ (၅၀၀) ခန့် ၈၂ မမ စိန်ပြောင်း (၄) လက်၊ ၆၀ မမ စိန်ပြောင်း (၄) လက်၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၄၀ မမ လောင်ချာ (၃၀) လက်၊ ပွိုင့် ငါး စက် သေနတ် (၃) လက်၊ အမ် -၂၃ စက်လတ် များ နှင့် အမ် -၂၂ မောင်းပြန် လက်နက် ငယ် များ ကိုယ်စီ ကိုင်ဆောင် ပြီး လက်ပစ်ဗုံး အဖွဲ့ များ ပါဝင် ကြသည်။
၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက်နေ့ နံနက် (၀၅၄၀) နာရီ တွင် ရန်သူ ဗကပ များသည် အရှေ့ ပိုင်း ကျသော စခန်း များကို ရှောင်ကွင်း ပြီး အတွင်း ပိုင်း အမြောက် စခန်း များအား ထိုးဖောက် တိုက်ခိုက် ခဲ့သည်။ မိမိ စစ်သည် များ သည် အဆ မတန် များပြားပြီး ခြေလျင် လက်နက်ကြီး များနှင့် လက်နက် ငယ် များ ရော၍ ပြင်းထန်စွာ တိုက်ခိုက် လာသည့် ရန်သူ များ ကို အမြောက် စခန်း အား ရန်သူ လက်ဝယ် သို့ မကျရောက် စေရေး အတွက် အနိုင် မခံ အရှုံး မပေး သော စိတ်ဓါတ် ဖြင့် အသက် ကို ပဓာန မထား ဘဲ ရွပ်ရွပ် ချွံချွံ တိုက်ခိုက် ခဲ့ကြ ပါသည်။ သို့သော် လည်း မိမိ အင်အား ၏ တစ်ဝက် ခန့် အထိ အခိုက် အကျ အဆုံး ရှိခြင်း၊ ထိခိုက် ဒဏ်ရာ များစွာ ရရှိ လာရာ မိမိ ခံစစ် စည်းရိုး များ ကျိုးပေါက် ကာ ထွေးလုံး ရစ်ပတ် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အမြောက် စခန်း မှာ (၀၈၃၀) နာရီ နောက်ပိုင်း တွင် ရန်သူ ၏ လက်ဝယ် သို့ ရောက်ရှိ သွားခဲ့ ပါသည်။ ရန်သူ များ သည် မိမိ ၏ အမြောက် စခန်း ကို သိမ်းပိုက် မိပြီး နောက် စခန်း အား အခိုင် အမာ တပ်စွဲ ထားခဲ့ ပါသည်။
ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲ မှာ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ မနက် အာရုံ ချိန်က တစ်ကြိမ်၊ ညနေ နေ၀င်ချိန် က တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ခဲ့ သည်။ တပ်မတော် (လေ) က ညနေ နေ၀င်ချိန် တိုက်ပွဲမှာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ပွိုင့် (၄၅၆၁) သည် မြန်မာ နိုင်ငံ အရှေ့ မြောက်ဘက် မူဆယ် မြို့တောင် ဘက် (၃) မိုင် အကွာ တောင်ကုန်း၊ တောင်တန်း တွင် တည်ရှိ သည်။ မိမိ အင်အား မှာ အမှတ် (၄) ခြေလျင် တပ်ရင်း စစ်ကြောင်း (၂) မှ စစ်ကြောင်း မှူး အပါ အ၀င် စုစုပေါင်း အင်အား (၃၈) ယောက် ရှိ၍ တပ် အနေ အထား မှာ ပွိုင့် (၄၅၆၁) တောင် ကုန်း၊ သွေးသောက် ကုန်း၊ အမြောက် စခန်း တွင် တပ်စု မှူး အပါ အ၀င် (၃၆) ယောက်၊ အကဲကြည့် အဖွဲ့ များ မှာ အရှေ့ပိုင်း စခန်း များတွင် ထုတ်ထား သည်။ မိမိ တပ် စုစုပေါင်း မှ အရာရှိ (၂) ဦး နှင့် အခြား အဆင့် (၇၂) ဦး ဖြစ်ပါ သည်။ လက်နက် အင်အား မှာ (၇၆) မီလီမီတာ အမြောက် (၄) လက် နှင့် လက်နက် ငယ် များမှာ ဖွဲ့စည်းပုံ အတိုင်း ဖြစ်ပါသည်။ ရန်သူ အင်အား မှာ ဗကပ (၅၀၀) ခန့် ၈၂ မမ စိန်ပြောင်း (၄) လက်၊ ၆၀ မမ စိန်ပြောင်း (၄) လက်၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၄၀ မမ လောင်ချာ (၃၀) လက်၊ ပွိုင့် ငါး စက် သေနတ် (၃) လက်၊ အမ် -၂၃ စက်လတ် များ နှင့် အမ် -၂၂ မောင်းပြန် လက်နက် ငယ် များ ကိုယ်စီ ကိုင်ဆောင် ပြီး လက်ပစ်ဗုံး အဖွဲ့ များ ပါဝင် ကြသည်။
၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက်နေ့ နံနက် (၀၅၄၀) နာရီ တွင် ရန်သူ ဗကပ များသည် အရှေ့ ပိုင်း ကျသော စခန်း များကို ရှောင်ကွင်း ပြီး အတွင်း ပိုင်း အမြောက် စခန်း များအား ထိုးဖောက် တိုက်ခိုက် ခဲ့သည်။ မိမိ စစ်သည် များ သည် အဆ မတန် များပြားပြီး ခြေလျင် လက်နက်ကြီး များနှင့် လက်နက် ငယ် များ ရော၍ ပြင်းထန်စွာ တိုက်ခိုက် လာသည့် ရန်သူ များ ကို အမြောက် စခန်း အား ရန်သူ လက်ဝယ် သို့ မကျရောက် စေရေး အတွက် အနိုင် မခံ အရှုံး မပေး သော စိတ်ဓါတ် ဖြင့် အသက် ကို ပဓာန မထား ဘဲ ရွပ်ရွပ် ချွံချွံ တိုက်ခိုက် ခဲ့ကြ ပါသည်။ သို့သော် လည်း မိမိ အင်အား ၏ တစ်ဝက် ခန့် အထိ အခိုက် အကျ အဆုံး ရှိခြင်း၊ ထိခိုက် ဒဏ်ရာ များစွာ ရရှိ လာရာ မိမိ ခံစစ် စည်းရိုး များ ကျိုးပေါက် ကာ ထွေးလုံး ရစ်ပတ် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အမြောက် စခန်း မှာ (၀၈၃၀) နာရီ နောက်ပိုင်း တွင် ရန်သူ ၏ လက်ဝယ် သို့ ရောက်ရှိ သွားခဲ့ ပါသည်။ ရန်သူ များ သည် မိမိ ၏ အမြောက် စခန်း ကို သိမ်းပိုက် မိပြီး နောက် စခန်း အား အခိုင် အမာ တပ်စွဲ ထားခဲ့ ပါသည်။
မူဆယ် မြို့ နှင့် သိပ်မဝေး ကွာ လှသော လားရှိုး မြို့ တွင် ထို အချိန်က ရှေ့တန်း လေတပ် ဆွယ် ရှိပါ သည်။ ထို လေတပ် ဆွယ် ၌ ၁၉၆၈ ခုနှစ် မှ စ၍ တပ်မတော် (လေ) ရှိ တိုက် လေယာဉ် များ၊ သယ်ယူ ပို့ဆောင်ရေး နှင့် ဗုံးကြဲ လေယာဉ် များ၊ ရဟတ်ယာဉ် များ၊ ကွင်းတို တက် / ဆင်းနိုင်သော လေယာဉ် များ ထားရှိ တပ်စွဲ ခဲ့သည်။ ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲကြီး ဖြစ်စဉ် က ရှေ့တန်း လေတပ် စခန်း တွင် ရဟတ် ယာဉ် နှင့် ကွင်းတို တက် / ဆင်း နိုင်သော လေယာဉ် ငယ်များ သာ ရှိပြီး ရှေ့တန်း သို့ အချိန် တို အတွင်း လေထဲ တက်ရောက် နိုင်ပြီး လေကြောင်း မှ ကူညီ တိုက်ခိုက် ပေး နိုင်သော ဘိခ်ျ လေယာဉ် ငယ် မှာ မိခင် မှော်ဘီ လေ တပ် စခန်း သို့ ခေတ္တ ပြန်လည် စေလွှတ် ထားချိန် ဖြစ်ပါသည်။
ယခု တိုက်ပွဲကြီး ဖြစ်ပွား ပြီး နောက် အမြောက် စခန်း ကို ရန်သူ လက်မှ ပြန်လည် တိုက်ယူ ရန် လေကြောင်း အကူ လိုအပ် သည့် အတွက် မှော်ဘီ လေတပ် စခန်း မှ ဘိခ်ျ ဗုံးကြဲ လေယာဉ် တစ်စီး လားရှိုး သို့ အမြန် ဆုံး တက်ရန် အမိန့် ကို ထိုနေ့ နေ့လည် (၁) နာရီ ခန့်က ရရှိ ခဲ့ ပါသည်။ အုပ်မှူး က လေယာဉ် မှူး၊ တွဲဘက် လေယာဉ် မှူး၊ စက်မှု မှူး၊ လက်နက် စစ်သည် စုစုပေါင်း (၄) ဦး အဖွဲ့ အား ချက်ချင်း ခေါ်ယူ ပြီး အဆင် သင့် လုပ်ထား သော ဘိခ်ျ လေယာဉ် (၄၃၇၃) ဖြင့် လားရှိုး ရှေ့တန်း လေတပ် စခန်း သို့ အမြန်ဆုံး ရောက်ရှိ အောင် သွားရန် နှင့် ရှေ့တန်း လေတပ် စခန်း ကို ရောက်လျှင် လေတပ် စခန်း မှူး ကို သတင်း ပို့ ၍ သူ ညွှန်ကြား သည့် အတိုင်း ဆက် လုပ်ရန်၊ အရာရာ ကို ချင့်ချိန် ပြီး အကောင်း ဆုံး ဖြစ်အောင် ဆောင်ရွက် ရန် မှာ ကြား ခဲ့ ပါသည်။
ဘိခ်ျ လေယာဉ် သည် ထိုနေ့ နေ့လည် (၂) နာရီ ခန့် က မှော်ဘီ လေတပ် စခန်း မှ ပျံသန်း ထွက်ခွာ ခဲ့ပါသည်။ ရာသီ ဥတု မှာ ဆောင်းတွင်း ဖြစ် ၍ တိမ်ကင်းစင် ၍ သာယာ နေပါ သည်။ လေယာဉ် မှူး နှင့် အဖွဲ့ သည် လေယာဉ် ပျံသန်း ရင်း ရှေ့တန်း တွင် လုပ်ရမည့် လုပ်ငန်း များ အတွက် ကြိုတင် ပြင်ဆင် ခြင်း၊ အဖွဲ့ သားများ ကို မှာကြား ခြင်း၊ မြေပုံ များ ပြင်ဆင် ခြင်း၊ အရှေ့ မြောက် ဧရိယာ မြေပုံ များ ဖတ်ရှု ၍ အရေးကြီး သည့် နေရာ များ မှတ်သား ခြင်း ပြုလုပ် ခဲ့ကြ ပါသည်။ လေယာဉ် ငယ် သည် ခရီး ရှည်ကြီး ကို နှင်ရာ (၃) နာရီ အကြာ ပျံသန်း ခဲ့ပြီး ညနေ (၅) နာရီ တွင် လားရှိုး လေတပ် စခန်း သို့ ရောက်ရှိ ခဲ့ ပါသည်။
ဆောင်းတွင်း ကာလ ဖြစ်၍ ညနေ (၅) နာရီ သည် ရှမ်း တောင်တန်း တွင် အလင်း ရောင် နည်းပါး ချိန် ဖြစ်နေ ပါသည်။ လေယာဉ် ရောက်လျှင် ရောက် ခြင်း၊ ရှေ့တန်း တပ် စခန်း ရှိ အရာရှိ များ၊ စက်မှု လက်မှု စစ်သည် များ လေယာဉ် အနီး ၀ိုင်းအုံ ရောက်ရှိ လာပြီး လေ ထဲသို့အမြန် ဆုံး ပြန်လည် တက်ပြီး တိုက်ခိုက် နိုင်ရေး အ တွက် ၀ိုင်းဝန်း ကူညီ လုပ်ဆောင် ကြ ပါသည်။ လေယာဉ် အား ဓါတ်ဆီ ထည့်ခြင်း၊ ဗုံးများ ချိတ်ဆွဲ ခြင်း နှင့် အခြား လိုအပ် သည့် ပြင်ဆင် မှု များ ကူညီ လုပ် ဆောင် ပေးခဲ့ ကြ ပါသည်။ လေယာဉ် မှူး သည် လေတပ် ဆွယ်မှူး အား ချက်ချင်း သတင်း ပို့ရန် ရှေ့တန်း လေတပ် စခန်း အတွင်း သို့ သွား ပါသည်။ ရုံးခန်း တွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၉၉) ခြေမြန် တပ်မ ဌာနချုပ် တပ်မ မှူး တို့ ရောက်ရှိ နေ ပါ သည်။ လေယာဉ် မှူး သည် လေကြောင်း အကူ ပေးရန် ရောက်ရှိ ကြောင်း သတင်း ပို့ ပါသည်။ တိုင်းမှူး နှင့် တပ်မ မှူး တို့က ဖြစ်စဉ် ကို ရှင်းလင်း ပြီး လေကြောင်း မှ ကူညီ တိုက်ခိုက် ပေးရန် လိုအပ် ချက် (၂) ခု ကို ညွှန်ကြား ပါသည်။ ပထမ အချက် မှာ မကြာမီ အချိန် အတွင်းမှာ ပွိုင့် (၄၅၆၁) တောင်ကုန်း ကို ရန်သူ့ လက် မှ ပြန်လည် ရယူ ရန် တပ်ခွဲ တစ်ခွဲ တက်ရောက် တိုက် ခိုက် မည်။ ထို တပ်ခွဲ အား လေကြောင်း မှ ကူညီ တိုက်ခိုက် ပေးရန် နှင့် အခြေ အနေ ပေးက အမြောက် ကြီး များ ရန်သူ့ လက်ထဲ ပါ မသွား စေရန် လေကြောင်း မှ အမြောက်ကြီး များ ကို ဗုံးကြဲ ဖျက်ဆီး ပေးရန် ဖြစ် ပါသည်။ လေယာဉ်မှူး က မဆိုင်း မတွ ပင် ပေးအပ် သည့် ညွှန်ကြား ချက် အတိုင်း ဆောင်ရွက် ပေးပါ မည် ဟု ဖြေကြား ခဲ့ ပါသည်။
ထိုအချိန် ကာလ သည် ဆောင်းတွင်း ကာလ ဖြစ်၍ ညွှန်ကြား ချက် နာယူ နေသည့် အချိန် တွင်ပင် နေ၀င် သွားပြီး အမှောင်ထု ဖုံးလွှမ်း လာနေ ပေသည်။ လေယာဉ် သည် ည အချိန် ပျံသန်း ရမည် ဖြစ်၍ နေ့ အချိန် ထက် ပိုမို အန္တရာယ် များ ပါ သည်။ ည အမှောင် ထု ထဲက ရန်သူ နေရာ ကို ရှာဖွေ ရမည် ဖြစ်၍ မြေပုံ ဖတ်ရန် မလွယ် ပါ။ မိမိ တို့ ဗုံးကြဲ ချနေ သည် မှာ မျက်မှန်း နှင့် နေ့အချိန် မှတ်သား လွယ်သည့် အမှတ် အသား ကို မှန်း၍ ဗုံးဖြုတ် ချခြင်း ဖြစ်သည်။ ည အချိန် ဆိုတော့ ရန်သူ နှင့် မိမိ ဘယ်သို့ ခွဲခြား မလဲ။ ရန်သူ ကို ဘယ်လို ရှာ မလဲ၊ အမြောက်ကြီး တွေ ကို ဘယ်လို ရှာမလဲ စသည့် ကန့်သတ် ချက် များ လေယာဉ် မှူး ၏ စိတ် ထဲတွင် အစီ အရီ ပေါ်လာ သော်လည်း မိမိ တို့ လေ သူရဲ များ သည် အမြဲ တန်း စွန့်စွန့် စားစား ဆောင်ရွက် ရသည် ဖြစ်၍ တွက်ချက် ၍ စွန့်စား လုပ်ဆောင် ရန် လိုမည်။ မိမိ တို့ ခြေလျင် နှင့် အမြောက် တပ်မှ စစ်သည် များ အကျဉ်း အကြပ် ဖြစ်နေ သည်။ ဒါကြောင့် လေ ထဲသို့ မိမိ လေယာဉ် အမြန် ဆုံး ရောက်အောင် တက်ပြီး တိုက်ပွဲ နေရာ သို့ လျှင်မြန် စွာ ရောက်အောင် သွား ရမည်။ ဒါ မှ မိမိ ရဲဘော် များ သည် ည အချိန် မှာပင် လေ တပ်မတော် က လာကူ ပါလား ဟူ၍ သဘော ပေါက်ပြီး စိတ်ဓါတ် တက် လာမည်။ နောက်ဆုံး မိမိ လေယာဉ် ၏ အသံ ကြားရုံ ဖြင့်ပင် မိမိ ရဲဘော် များ အားတက် ပါစေ တော့ သည်။ (မိမိ ည အချိန် တွင်ပင် ဖြစ်လင့် ကစား ကန့်သတ် ချက်များ ရှိနေလင့် ကစား မိမိ အမြန်ဆုံး လေကြောင်း မှ သွား ရမည် ဟု ဆုံးဖြတ် ရခြင်း ဖြစ် ပေသည်။)
ဗုံးကြဲ လေယာဉ် သည် ရှေ့တန်း လေတပ် စခန်း ရှိ အရာရှိ စစ်သည် များ ၀ိုင်းဝန်း ကူညီ လုပ်ဆောင် ကြ သဖြင့် လေယာဉ် ရောက်ပြီး (၃၀) မိနစ် အတွင်း မှာ ပင် ဓာတ်ဆီ ထည့်ပြီး၊ ဗုံးများ ချိတ်ပြီး လေ ထဲသို့ တက်ရန် အသင့် ဖြစ်နေ ခဲ့ပါ သည်။ လေယာဉ် မှူး၊ တွဲဘက် လေယာဉ် မှူး တို့သည် တိုင်းမှူး အမှူး ပြု အရာရှိ ကြီး များကို အလေးပြု နှုတ်ဆက် ပြီး လေယာဉ် ကို အမြန် ဆုံး စစ်ဆေး ပြီး စက်နှိုး ကာ လေ ထဲသို့ တက်ရန် လေယာဉ် ပြေးလမ်း ထိပ် သို့ ထွက်ခွာ ခဲ့ပါ သည်။ လေယာဉ် စက်နှိုး ပြီး ထွက်လာ ချိန် တွင် မြေပြင် ရှိ လေတပ်သား များ သည် တန်းစီ ၍ လေယာဉ် မှူး နှင့် လေယာဉ် အား နှုတ်ဆက် အလေးပြု ကြ ပါသည်။ လေယာဉ်မှူး အဖွဲ့ ကလည်း လေးလေး စားစား ပြန်၍ အလေးပြု ခဲ့ကြ ပါသည်။
တိုက်ပွဲ ၀င်ခြင်း
လေယာဉ် သည် လားရှိုး မှ ထွက်ခွာ လာချိန် တွင် နေမှာ လုံးဝ ၀င် သွားပြီ ဖြစ်၍ မှောင်စ ပြု နေပါ သည်။ လေယာဉ် စက် မနှိုးမီ အချိန် ကပ်၍ အရှေ့ မြောက် တိုင်း စစ် ဌာနချုပ် မှ စစ် ဦးစီးမှူး (ဒုတိယ တန်း) က တိုက်ခိုက် ရေး ကွန်မင်ဒို တပ်ခွဲ စီရပ် ၌ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ လေယာဉ် အချိန်မီ ရောက်ရှိ ရန် လိုကြောင်း ပြော ပါသည်။ လေယာဉ် တွင် ပေါင် (၂၀) လူသတ် ဗုံး (၁၂) လုံး တပ်ဆင် ထား ပါသည်။ လေယဉ် အား ပြေးလမ်း မှ ပြန်တက် ရန် အရှိန် ကို အမြန် ဆုံး ရယူ ပြီး သာမန် အားဖြင့် ပြေးလမ်း ဆုံး မှ ညင်သာစွာ လေယာဉ် ကို ကွေ့ရန် ဖြစ်သော်လည်း အခြေ အနေ သည် အထူး အရေးကြီး နေသည့် အတွက် လေယာဉ် ဘီးများ တင်ပြီး သည်နှင့် ပြေးလမ်း တစ်ဝက်ခန့် မှ လေယာဉ် အား ထောင့်ဖြတ် ကွေ့နည်း အတိုင်း တိုက်ပွဲ ရှိရာ သို့ တဟုန် ထိုး ဦးတည် ၍ ထွက်ခဲ့ ပါ သည်။ မကြာမီ မှုန် ၀ါးဝါး အလင်း ရောင် အောက်မှ ကွတ်ခိုင် မြို့အား မြင်လိုက် ရပြီး တိုက်ပွဲ ဖြစ်ရာ ပွိုင့် (၄၅၆၁) တောင်ကုန်း သို့ မှန်းဆ ၍ ဆက်လက် ပျံသန်း ခဲ့ ပါသည်။
တိုက်ပွဲ ဖြစ်ပွား နေသည့် ပွိုင့် (၄၅၆၁) တောင်ကုန်း သို့ (၁၈း၀၀) နာရီ ခန့်တွင် ရောက်ရှိ ပါ သည်။ ၄င်း တောင်ကုန်း တွင် တစ်ဖက် နှင့် တစ်ဖက် အပြန် အလှန် လက်နက် မျိုးစုံ ဖြင့် ပစ်ခတ် နေသည် ကို မီးပွင့် များ အရ သိရှိ ရပါ သည်။ ပစ်မှတ် ၀န်းကျင် တွင် အမှောင် ထု လွှမ်း နေ ၍ ပွိုင့် (၄၅၆၁) တောင်ကုန်း မှန်း သေချာ အောင် မှုန်မှုန် ၀ါးဝါး မြေပြင် အခြေ အနေ နှင့် စစ်ဆေး ကြည့်ရှု ပါသည်။ မြေပြင် တိုက်ပွဲ မှာ ပွိုင့် (၄၅၆၁) တောင်ကုန်း ၏ မြောက် ဖက်ပိုင်း တွင် အပြင်း အထန် ဖြစ်နေ သည် ကို တွေ့ရှိ ပါသည်။ ထို့ကြောင့် တိုက်ပွဲ ဖြစ်ပွား နေသည့် နေရာ မှ မီးပွင့် ထွက် နေသော နေရာ များ အလယ် သို့ လေယာဉ် အား ဦးစိုက် ၍ ပထမ အကြိမ် ၀င်ရောက် ဗုံးကြဲ တိုက်ခိုက် ခဲ့ပါ သည်။ လေယာဉ် ဗုံးကြဲ တိုက်ခိုက် စဉ် မြေပြင်မှ ဝေဟင် သို့ ပစ်သော မီးနီ - မီးဖြူ တန်းများ အဆက် မပြတ် တွေ့ရှိ ခဲ့ရ ပါသည်။ ရန်သူ့ ကျည်တန်း များ သည် လေယာဉ် ဘေးမှ ဖြတ်သန်း သွားကြ ပါ သည်။ လေယာဉ် အား ကွေ့ပတ် ရှောင်ရှား ရင်း အခြေ အနေ ကြည့်ရင်း မိမိ ခြေလျင် စစ်သည် များ စိတ်ဓါတ် တက်စိမ့် သော ငှာ လေယာဉ် အား တိုက်ပွဲ နေရာ ပေါ်သို့ ကြိမ်ဖန် များ စွာ ပျံသန်း ခဲ့ရ ပါသည်။
ထို့နောက် ရန်သူ များ ရှိသည် ဟု ယူဆ ရသော နေရာ သို့ ဒုတိယ အကြိမ် လေယာဉ် ကို ဦးစိုက် ၍ ဗုံးကြဲ တိုက်ခိုက် ခဲ့ ပါသည်။ ည အမှောင် ထု တွင် မိမိ လေယာဉ် မှ ကြဲချ လိုက်သော ဗုံး (၄) လုံး အတွဲ များ ၏ ပေါက်ကွဲ သံနှင့် အလင်း ရောင် သည် ရန်သူ ကို မမှန် သည့် တိုင် ပြင်းထန် သော မြည် ဟီးသံ နှင့် မြေပြင် တုန်ခါမှု သည် ရန်သူ များ ကို စိတ်ဓါတ် ကျဆင်း စေပါသည် ဟု ယူဆ ပါသည်။ ဒုတိယ အကြိမ် တိုက်ခိုက် ပြီး နောက် ရန်သူ ၏ ကျည်တန်း များ ရှောင်ရှား ရင်း ထပ်မံ ၍ လေယာဉ် ဖြင့် တိုက်ပွဲ ဖြစ်နေ သည့် နေရာ ပေါ် ပျံဝဲ ပေး ပါသည်။ လေယာဉ်မှူး ၏ ရည်ရွယ် ချက် သည် လေယာဉ် ၏ အသံ ကြောင့် ရန်သူ များ စိတ်ဓါတ် ကျ၍ မိမိ စစ်သည် များ စိတ်ဓါတ် တက်ကြွ လာစေ သော ဆန္ဒ ဖြစ်ပါ သည်။ ထိုနောက် တတိယ နှင့် နောက်ဆုံး ဗုံး (၄) လုံး တွဲကို ရန်သူ များ ပစ်ခတ် နေသည့် နေရာ ကို အသေ အချာ ချိန်ရွယ် ၍ ဖြုတ်ချ ခဲ့ပါ သည်။ လေယာဉ် အား ဦးစိုက် ၍ ဗုံးကြဲ ရာ တွင် ပစ်မှတ် နှင့် ချိန်သား ကိုက် ရန် လမ်းကြောင်း တစ်သမတ် တည်း မတိမ်း မစောင်း ရှိရန် လိုအပ် ပါသည်။ ဦးစိုက် ဗုံးကြဲ စဉ် ရန်သူ က ဆီးကြို ပစ်ခတ် ခဲ့သော်လည်း လမ်းကြောင်း ကို မတိမ်း စောင်း ဘဲ မိမိ လို သည့် ပစ်မှတ် ကို ထိမှန် အောင် ဗုံးများ ကို အောင်မြင် စွာ ဖြုတ်ချ နိုင်ခဲ့ ပါသည်။ သူပစ် ကိုယ်ချ ချိန်သား ကိုက်သည့် လူ နိုင် စမြဲ ဖြစ်ပါ သည်။
ရန်သူ က လေယာဉ် အား ကြိမ်ဖန် များစွာ ပစ်ခတ် ခဲ့သော်လည်း ရန်သူ က ချိန်သား မကိုက် ၍ လေယာဉ် အား ထိမှန် ခြင်း မရှိ ခဲ့ပါ။ ဗုံးများ ကြဲချ ပြီးနောက် တိုက် ပွဲ ဖြစ်နေ သည့် နေရာ များ သို့ မိမိ တပ်မှ စစ်သည် များ စိတ်ဓါတ် တက်စိမ့် သော ငှာ (၅) ကြိမ် (၆) ကြိမ် ထပ်၍ ပျံပေး ခဲ့ပါသည်။ ထို့နောက် မြေပြင် မှ တိုက်ပွဲ အရှိန် လျော့ လာသည် ကို တွေ့ရှိ ရပြီး သေနတ် ပြောင်း များမှ ထွက်သော မီးပွင့် များ လည်း မရှိ သလောက် နည်းပါး သွားသည် ကို တွေ့ရ ပါ သည်။ တစ်ဆက် တည်းပင် မြေပြင် မှ မီးကျည် အစိမ်းရောင် ပစ်လွှတ် လိုက် သည်ကို တွေ့ရှိ ရပါ သည်။ လေယာဉ် မှူး အနေ ဖြင့် မီးပွင့် များ လည်း ပျောက်ကွယ် သွားပြီး မီးကျည် အစိမ်း ရောင် ကို တွေ့ရှိ ၍ တိုက်ပွဲ အောင်မြင် ပြီ ဟု သုံးသပ် ပြီး လေယာဉ် အား လားရှိုး မြို့ သို့ ဦးလှည့် ၍ ပြန်လာ ခဲ့ ပါသည်။ လားရှိုး မြို့ သို့ ထိုနေ့ ည (၇) နာရီ ခန့် တွင် ပြန်လည် ရောက်ရှိ ပြီး ရှေ့တန်း လေတပ် တပ်မှူး မှ တဆင့် အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး အား ဆောင်ရွက် ချက် အပြည့် အစုံ ကို အသေး စိတ် သတင်း ပို့ ခဲ့ ပါသည်။ ဤ တိုက်ပွဲ တွင် အသုံး ပြု ခဲ့သော ဗုံး အရေ အတွက် မှာ ပေါင် (၂၀) လူသတ် ဗုံး (၁၁) လုံး ဖြစ် ပါသည်။ ဗုံး တစ်လုံး မှာ မကျ ဘဲ လေယာဉ် တွင် ချိတ် ၍ ပါလာ ခဲ့ ပါသည်။
လေယာဉ် ကွင်း အခြေ အနေ
လားရှိုး လေယာဉ် ကွင်း သည် ပေ (၅၂၅၀) ရှည် ၍ ပေ (၁၁၀) ကျယ် ပါသည်။ ဘိခ်ျ လေယာဉ် တက် / ဆင်းရန် လုံလောက် သော ကွင်း ဖြစ် ပါသည်။ လေကြောင်း လမ်းညွှန် ကရိယာ များ နှင့် ဆက်သွယ် ရေး စက်များ မှာ ကောင်းမွန် သည့် အဆင့် မရှိ ပါ။ ရှေ့တန်း လေတပ် ရှိ ဆက်သွယ်ရေး VHF စက် များ လည်း တာဘို (၁၅) မိုင် အတွင်း သာ ရပါသည်။ HF စက် မှာ ကောင်း ပါသည်။ ကွတ်ခိုင် မြို့ ရှိ အမှတ် (၇၂) အုပ် (ရေဒါ) နှင့် ဆက်သွယ် မှု ရပါသည်။ လေယာဉ် သည် တိုက်ပွဲဝင် နေစဉ် HF ကို အသုံး မပြု ခဲ့ပါ။ VHF ကို သာ အသုံးပြု ပါ သည်။ VHF သည် သာမန် အားဖြင့် မိုင် (၁၀၀) အတွင်း ဆက်သွယ် နိုင်ပြီး တစ်ပြိုင် တည်း လေယာဉ် တွင်း Intercomm ဆက်သွယ် ၍ ရ ပါသည်။
ထို့ကြောင့် ထိုနေ့ က လေယာဉ် ပျံတက် သွားပြီး နောက် (၁၀) မိနစ် အကြာ တွင် လားရှိုး လေကြောင်း ထိန်း နှင့် လည်း ကောင်း၊ ရှေ့တန်း လေတပ် နှင့် လည်း ကောင်း၊ အဆက် အသွယ် မရ တော့ပါ။ ထိုနေ့ ည က ပျံသန်းမှု ကို အထောက် အကူ ပေးခဲ့ သည် မှာ ကွတ်ခိုင် မြို့ ရှိ အမှတ် (၇၂) အုပ် (ရေဒါ) ဖြစ်ပါ သည်။ လေယာဉ် မှူး သည် ကွတ်ခိုင် ရေဒါ နှင့် VHF ဆက်သွယ်မှု ရနေ သဖြင့် အားတက် ခဲ့ ရ ပါသည်။ ရေဒါ အုပ် မှ တာဝန်ကျ ကွပ်ကဲ ရေးမှူး ကလည်း လေယာဉ် အား ရေဒါ တွင် မြင်နေ ရကြောင်း အကူ အညီ လိုလျှင် မိန့်ကြား ရန် ပြောပါ သည်။ လေယာဉ်မှူး က မိမိ ဗုံးကြဲ တိုက်ခိုက် ရန် သွားနေ ကြောင်း၊ ပစ်မှတ် ပေါ် ရောက် သော အခါ ကွတ်ခိုင် ရေဒါ ကို သတင်း ပို့ပြီး ယခု အချိန် မှ စ၍ ရေဒီယို ဆက်သွယ် မှု မပြု လုပ် ရန် မိမိ လေယာဉ် ကို ရေဒါ ဒိုင်ခွက် ပေါ် တွင်သာ ကြည့်ထား ရန် နှင့် အကယ် ၍ မိမိ တစ်ခုခု ဖြစ်သွား ပါက မိမိ အချိန် ရလျှင် သတင်း ပို့မည် ဖြစ်ကြောင်း မိမိ ရေဒါ ခွက် ထဲမှ ပျောက်သွား ပါက ရှေ့တန်း လေတပ် သို့ သင့်ရာ နည်း ဖြင့် သတင်း ပို့ရန် ပြောခဲ့ ပါသည်။
မည်သို့ပင် ဖြစ်စေ မိမိ တိုက်ပွဲဝင် နေစဉ် မိမိ လေတပ် စခန်း တစ်ခုမှ စောင့်ကြည့် နေသည် ကို သိရ သဖြင့် အားတက် ခဲ့ ရ ပါသည်။ မိမိ တိုက်ပွဲ ၀င်ပြီး နောက် ရေဒါ နှင့် ဆက်သွယ် ရာ တာဝန် ကျ ကွပ်ကဲရေးမှူး က ပစ်မှတ် နေရာ မှ လားရှိုး သို့ ပြန်ရန် ညွှန်း ဒီဂရီ နှင့် လားရှိုး ရောက်သည် အထိ ရေဒါ မှ စောင့်ကြည့် ပေးမည် ဖြစ်ကြောင်း ပြော ပါသည်။ လားရှိုး လေယာဉ် ကွင်း နှင့် (၁၅) မိုင် ခန့်ရောက်ရှိ သော အခါ လားရှိုး လေကြောင်း ထိန်း နှင့် ဆက်သွယ် မှု တိုးတိုး လေး ရရှိ ပါသည်။ လေယာဉ် ကွင်း တွင် ည အချိန် ဆင်း ရမည့် အတွက် မီးထွန်း ထားခြင်း ရှိ / မရှိ မေးရာ ရေနံဆီ မီးခွက် (၁၁) လုံး သာ ရှိသဖြင့် (တစ်ကွင်း လုံး ထွန်းရန် မီးခွက် ၇၀ လို ပါသည်)။ ကွင်းထိပ် တွင် (၅) လုံး၊ ဘေး အနား ကပ်လျှက် (၅) လုံး၊ အင်္ဂလိပ် စာလုံး အယ်လ် ပုံ သဏ္ဍန် ခင်းထား ကြောင်း ပြော ပါ သည်။ လေယာဉ် မှူး အနေ ဖြင့် လေယာဉ် အား အမှောင် ထု ၏ အတား အဆီး၊ လေယာဉ် ကွင်း ၏ ချို့တဲ့ မှုများ ကြား မှ အထူး ဂရု စိုက် ၍ ဆင်းသက် ခဲ့ ရ ပါသည်။
ဗုံးမကျ ပဲ ချိတ် ပါလာခြင်း
လေယာဉ် ဗုံးများ ကို အတောင် ပံ (သို့မဟုတ်) ၀မ်းဗိုက် အောက် တွင် ဗုံးချိတ် ကရိယာ Light Series Bomb Carrier များ ဖြင့် တပ်ဆင် ရ ပါသည်။ လေယာဉ် မှူး က ဗုံးကြဲ ချရန် ဗုံးဖြုတ် ခလုပ် ကို နှိပ်လိုက် ပါက ဗုံးများ ကို ထိန်းထား သော မောင်းတန် အကွေး များကို လျှပ်စစ် နည်း ဖြင့် တွန်းချ လိုက် ပါသည်။ ထိုအခါ ဗုံးများ ပြုတ်ကျ သွား ပါသည်။ တစ်ခါ တစ်ရံ မောင်းတန် ကို ထိန်းထား သော စပရင် အားပျော့ ၍ ဖြစ်စေ၊ ဗုံး သည် မတည့် မတ် ဘဲ ကန့်လန့် ဖြစ် နေပြီး မကျ ဘဲ ကပ်နေ ပါသည်။ ထိုသို့ ဖြစ်နေလျှင် မောင်းတန် သည် ပြုတ်ပြီး သား ဖြစ်၍ ဗုံးသည် အချိန် မရွေး ပြုတ်ကျ နိုင် ပါသည်။ ထိုသို့ ဗုံးကပ် ပါလာ ခြင်း Hang-Up ဖြစ် ပါက လေယာဉ် အား ဘေးကင်း ရာ ၌ ခပ်ကြမ်းကြမ်း ကစား ခြင်း၊ ဗုံးဖြုတ် ခလုပ် အား အထပ်ထပ် နှိပ်ခြင်း စသည် တို့ ပြုလုပ် ၍ ကျသွား အောင် ပြုလုပ် ရပါ သည်။ လူနေ သည့် မြို့ရွာ များ ကို ကွင်းရှောင် ပျံသန်း ရ ပါသည်။ လေယာဉ် ပြေးလမ်း အဆင်း တွင် ကပ် နေသော ဗုံး သည် ပြုတ်ကျ သွား ပါက ပေါက်ကွဲ သွား နိုင်ပြီး လေယာဉ် နှင့် လေယာဉ် အဖွဲ့ သား များ ကို ထိခိုက် သေကြေ စေ နိုင်ပါသည်။
အလွန် အန္တရာယ် များ သော အခြေ အနေ ဖြစ် ပါသည်။ ထိုနေ့ က အောင်မြင် စွာ တိုက်ပွဲဝင် ခဲ့ပြီးနောက် ဗုံး တစ်လုံး ချိတ် ပါလာ ခဲ့သဖြင့် အထူး ဂရုစိုက် ပျံသန်း ဆင်းသက် ခဲ့ရ ပါသည်။ အမှောင် ထု ကလည်း ဖုံးအုပ်၊ လေကြောင်း လမ်းညွှန် ကရိယာ နှင့် ဆက်သွယ်မှု ကလည်း မကောင်း၊ လေယာဉ် ကွင်း မှလည်း မီးခွက် အလုံ အလောက် ထွန်းညှိ ထား နိုင်ခြင်း မရှိ၊ ဗုံး တစ်လုံး ကလည်း လေယာဉ် ၀မ်းဗိုက် အောက် တွင် ကပ်ပြီး ပါလာ သည်။ အချိန် မရွေး ပေါက်ကွဲ နိုင်သည့် အခြေ အနေ ဖြစ်နေ သည့် အတွက် အန္တရာယ် များ ကြားမှ ပျံသန်း နေရ သည့် အခြေ အနေ ဖြစ်ပါ သည်။ လေယာဉ် အောင်မြင် စွာ ဆင်းသက် ပြီးနောက် စစ်ဆေး ရာ ဗုံး တစ်လုံး မှာ ကန့်လန့် ချိတ်ပါ လျှက် ရှိကြောင်း စစ်ဆေး တွေ့ရှိ ရ ပါသည်။ ထို ဗုံး ကို ခက်ခဲစွာ ဖြူတ် ၍ ဘေးကင်း ရာ သို့ ယူဆောင် သွားစေ ခဲ့ ပါသည်။
တိုက်ပွဲဝင် နောက်ဆက် တွဲ သတင်း
၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက် နေ့ နံနက် ပိုင်း က ပွိုင့် (၄၅၆၁) အမြောက် စခန်း ရန်သူ့ လက်သို့ ကျရောက် သွား ခဲ့ ပါသည်။ ပွိုင့် (၄၅၆၁) အမြောက် စခန်း ကို ပြန်လည် သိမ်းပိုက် နိုင်ရေး အတွက် ခလရ (၄) မှ ကွန်မင်ဒို တပ်ခွဲ ကို တာဝန် ပေးအပ် ခဲ့ကြောင်း သိရှိ ရ ပါသည်။ ပြန်လည် တိုက်ခိုက် ရေး တပ်ခွဲ သည် ဗုံးကြဲ လေယာဉ် မရောက် မီ အမြောက် စခန်း ကို အနီး ကပ် တိုက်ခိုက် လှံစွပ် ထိုးရာ မအောင်မြင် ဘဲ ဒုတိယ အကြိမ် ပြန်လည် တိုက်ရန် တပ် ကို ပြန်လည် စုစည်း ၍ တိုက်ပွဲ ၀င် ရန် ပြင်ဆင် နေချိန် တွင် ဗုံးကြဲ လေယာဉ် ရောက်ရှိ လာ ခဲ့ပြီး ဗုံးကြဲ တိုက်ခိုက် ကာ ခြေလျင် တပ်ခွဲ မှ လည်း လှံစွပ် တက် ထိုးရာ (ကြည်း / လေ) တပ် များ ဟန်ချက် ညီညီ ပူးပေါင်း တိုက်ခိုက် ရာ ရန်သူ များ ကိုယ်လွတ် ဆုတ်ပြေး ကြ တော့သည်။ ဗုံးကြဲ လေယာဉ် ရောက်ရှိ လာခြင်း ကို မိမိ တပ်နှင့် ရန်သူ များ လုံးဝ မမျှော် လင့် ထားပါ။ နှစ်ဖက် စလုံး မှ မမျှော်လင့် ထားခြင်း အတူတူ ရန်သူ သည် လေယာဉ် ပျံသံ နှင့် ဗုံးချ သံကြား ၍ စိတ်ဓါတ် ကျဆင်း ပြီး မိမိ တပ်များ မှ ည အချိန် ပင် လျှင် မိမိ တို့ကို ကူညီ တိုက်ခိုက် ပေးသည့် အတွက် စိတ်ဓါတ် ပိုမို တက်ကြွ လာသော အကျိုး ကျေးဇူး ရရှိ ခဲ့သဖြင့် ဤ (ကြည်း / လေ) ပူးပေါင်း စစ်ဆင် ရေး တိုက်ပွဲ ကြီး သည် အောင်မြင် ခဲ့သည်။ ထို့ကြောင့် ည တွင်းချင်း ပင် မနက် က လက်လွတ် ဆုံးရှုံး ခဲ့ရသော မိမိ ၏ ပွိုင့် (၄၅၆၁) တောင်ကုန်း စခန်း နှင့် အမြောက် ကြီး (၄) လက်ပါ အောင်မြင် စွာ ပြန်လည် ရရှိ ခဲ့ပေ သည်။
ပွိုင့် (၄၅၆၁) အမြောက် စခန်း ပြန်လည် သိမ်းပိုက် ရေး တိုက်ပွဲ နှင့် ည အချိန် လေကြောင်း တိုက်စစ် အကူ နှင့် ပတ်သက် ၍ တိုက်ပွဲ ဖြစ်စဉ် ကို ခြုံမိ အောင် တင်ပြ သုံးသပ် ခဲ့ပြီး ဖြစ် ပါသည်။ အထူး ပြု ၍ ဖေါ်ပြ လိုသော အချက် ရှိသေး ၍ တင်ပြ ပါမည်။ ထိုနေ့ (၁၇း၀၀) နာရီ ခန့်က တိုင်းမှူး မှ လေယာဉ် မှူး ဖြစ်သူ အား တိုက်ပွဲ အခြေ အနေ ကို ရှင်းပြ ပြီး လိုလား ချက် (၂) ချက် ကို ပြောကြား ပါသည်။ ပထမ လိုလား ချက်မှာ အမြောက် စခန်း အား ပြန်လည် တိုက်ခိုက် မည့် တပ်ခွဲ အား လေကြောင်း အကူ အညီ ပေးရန် နှင့် ဒုတိယ လိုလား ချက်မှာ အမြောက် ကြီး (၄) လက် အား ဖျက်ဆီး ပစ်ရန် ဖြစ်သည်။ အမှန် တကယ် စဉ်းစား မည် ဆိုပါက လေယာဉ် တွင် ရှိနေသော ကန့်သတ် ချက်များ ကို မိမိ ကျွမ်းကျင် မှု နှင့် ဖယ်ရှား နိုင်သည် ထားဦး ထို အချိန် သည် မှောင် စ ပြိုး နေသော အချိန် ဖြစ်ပြီး ပစ်မှတ် ကို တိုက်ခိုက်ရန် မပြော နှင့် ပစ်မှတ် ကိုပင် ရှာဖွေ ရန် ခက်ခဲ သော အချိန် မျိုး ဖြစ်နေ သော်လည်း တိုင်းမှူး အား လေယာဉ် မှူး မှ မဆိုင်း မတွ ပင် တိုင်းမှူး လိုလား ချက် အတိုင်း ဆောင်ရွက် ပေးပါ မည် ဟု ရဲရဲကြီး ဖြေကြား ခဲ့ ပါသည်။ လေယာဉ် မှူး အနေ ဖြင့် ချက်ချင်း စဉ်းစား သုံးသပ် သည် မှာ မှောင်သည် ဖြစ်စေ၊ ကန့်သတ် ချက် ရှိသည် ဖြစ်စေ၊ မိမိ စစ်သည် များ ရှိရာ သို့ အမြန် ဆုံး သွားရောက် ပြီး အခြေ အနေ အရ မိမိ လုပ်ပေး နိုင်သည် ကို လုပ်ဆောင် ပေးမည်။ အကယ် ၍ ဘာမျှ မလုပ် ပေးနိုင် သည့် တိုင်အောင် မိမိ ၏ လေယာဉ် သံ ကြား ရသည် ကိုပင် စစ်သည် များ အားတက် ပါစေ တော့ ဟူသော ဆန္ဒ ကြောင့် ဖြစ် ပါသည်။ ထို သည်မှာ “ရဲဘော် စိတ်” ဖြစ် ပါသည်။ ဤ တိုက်ပွဲ ၏ အောင်မြင် မှု သည် ရဲဘော် စိတ် ကြောင့် ဖြစ်သည် ဟု ဆိုလျှင် မှားမည် မထင် ပါ။ ရဲဘော် စိတ် ဟူသည် ရဲဘော် အချင်းချင်း အပေါ် ထား ရှိသော မေတ္တာ တရား၊ သံယောဇဉ် တရား၊ သစ္စာ စောင့်သိ မှု တရားပင် မဟုတ် ပါလား။
ကိုအေး (တပ်မတော် (လေ) နှစ်လည် မဂ္ဂဇင်း အမှတ် ၅ ၊ ၁၉၉၇ ခုနှစ်)
No comments:
Post a Comment