၁၉၅၅ ခုနှစ် ဧပြီ လ (၁၇) ရက်နေ့ နံနက် (၇) နာရီ တွင် ကျွန်ုပ် တို့၏ အမှတ် (၄) ခြေလျင် တပ်ရင်း သည် ရန်ကြီးအောင် စစ်ဆင်ရေး ရှေ့တန်း တာဝန် ကို ထမ်းဆောင် ရန် အတွက် (၀လုံး) တောင် တွင် အသင့် ဖြစ်လျှက် ရှိနေ ကြ သည်။ ထို အချိန် တွင် စစ်ဆင် ရေးမှူး ဗိုလ်မှူး ချုပ် ကျော်ဇော မှာ အမှတ် (၁၈) ခြေလျင် တပ်ရင်း အား တိုက်ခိုက် ရေး အစီ အစဉ် များ ကို ရှင်းလင်း ပြောဆို ညွှန်ကြား နေပါ ၍ အတော်ပင် အလုပ် ရှုပ် လျှက် ရှိပါသည်။ (၉) နာရီ ခွဲ အချိန် သို့ ရောက်ရှိ လာ ပါပြီ။ ထို အချိန် တွင် ဗိုလ်ချုပ် က ကျွန်တော် တို့၏ တပ်ရင်း မှူး ဗိုလ်မှူး သူရ ထွန်းတင် နှင့် အမိန့်ပေး အဖွဲ့ အား ခေါ်ဆောင် ၍ တပ်ခွဲ (၃) ခွဲ နှင့် စတင် ခရီး ထွက်ကြ ပါသည်။ ခလရ (၁၈) ၏ ရည်မှန်း ချက် ဖြစ်သော ရန်သူ့စခန်း ဆင်ဦး ခေါင်း တောင် (ပွိုင့် ၅၄၆၉) မြေပုံ ညွှန်း (အယ်လ်ဂျေ - ၁၁၃၆) ၏ လက်ယာ ဘက် တောင်ကြော မှ နေ၍ ဆင်းလာ ကြ ရာ (၁၂) နာရီ ထိုး မှပင် ဗိုလ်ချုပ် ကိုယ်တိုင် ကင်းထောက် ထားသော နေရာ သို့ရောက်ရှိ တော့ ၏။ ရောက်လျှင် ရောက်ခြင်း ပင် ဗိုလ်ချုပ် က ဖူဂျီ တောင် အမှတ် (၁) (၂) (၃) (၄) တို့ကို ညွှန်ပြ ၍ (နငယ်) တောင် မြေပုံ ညွှန်း (အယ်လ်ယူ - ၁၄၃၄) ကိုလည်း ညွှန်ပြ ပါသည်။ ခလရ (၁၈) သည် ဧပြီ လ (၁၉) ရက်နေ့ တွင် ရန်သူ့စခန်း ဆင်ဦး ခေါင်း တောင်ကို သိမ်းပိုက် မည် ဖြစ်၍ ကျွန်ုပ် တို့ တပ်ရင်း မှာ ယောင်ပြ တိုက်ပေး ရန် နှင့် ဖူဂျီ တောင် အမှတ် (၁) (၂) (၃) (၄) တို့ကို ယနေ့ ညနေ (၆) နာရီ တွင် အပြီး အပိုင် သိမ်းပိုက် ရန် အမိန့် ပေးပါသည်။ ထို့အပြင် (နငယ်) တောင် အမှတ် (၃) (၄) တို့ကို လည်း ဆက်လက် ၍ ချီတက် သိမ်းပိုက် နိုင် ပါက ကြိုးစား ၍ သိမ်းပိုက် ရန်များ ကိုပါ ထပ်မံ ညွှန်ကြား အမိန့် ပေး ပါသည်။ ထိုနောက် ဗိုလ်ချုပ် က ကျွန်ုပ် တို့ ချီတက် တိုက်ခိုက် သိမ်းပိုက် ရန် အတွက် ချီတက်ရေး မှာ ရန်သူ့ ဒေသ ဖြစ်သော ဖူဂျီ တောင်များ နှင့် (နငယ်) တောင် များ ရှိရာသို့ မျက်နှာ မူရာ ဒေသ မှ တည့်တည့် မချီတက် ဘဲ ကျွန်ုပ် တို့ တပ်များ ကို လက်ယာ ဘက်သို့ တိမ်းနိုင် သမျှ တိမ်း၍ ချီတက် တက်ခိုက် ရန် ကိစ္စ အ၀ အ၀ တို့ကို တနေရာ မှ တနေရာ သို့ ရွှေ့ပြောင်း ညွှန်ပြ အမိန့် ပေးပြီး လျှင် ဗိုလ်ချုပ် လည်း ခလရ (၁၈) ရှိရာ (၀လုံး) တောင် စခန်း သို့ ပြန်လည် ထွက်ခွာ သွားတော့ ၏။ ဗိုလ်ချုပ် ပြန် သွားသော အချိန် မှာ နေ့လည် (၁) နာရီ အချိန် ခန့် ရှိ ပါပြီ။
နံနက် ပိုင်း က မိုးနှင့် မြူမှုန် ကြောင့် တောင်ခိုး တောင်ငွေ့ များမှာ အုံ့ဆိုင်းမှိုင်း မှုံလျှက် ရှိ၍ တခါ တရံ မိုး သက်လေ ကလေး များ ပက်ဖျန်း သည့် အခါ တွင် ကျော ထဲမှ စိမ့်အေး သွား လောက်အောင် ပင် အေး၍ အေး၍ သွား သလောက် ပူပြင်း လှ သည့် နေပူ ဒဏ်ကို နေ့လည် တွင် ခံစား နေကြ ရ ပါသည်။ ဗိုလ်ချုပ် ပြန် သွားပြီး နောက် ကျွန်ုပ် တို့၏ တပ်ရင်းမှူး က အမိန့် ပေး အဖွဲ့ ကို ခေါ်ယူ ၍ ချက်ခြင်း ပင် ဗိုလ်ချုပ် ညွှန်ပြ ခဲ့သည့် ချီတက် ရာ လမ်းကြောင်း များ အတွက် ကင်းထောက် စေပြီး တိုက်ခိုက် သိမ်းပိုက် ရန် တပ်ခွဲ များ ၏ ချီတက် ရေး အစီ အစဉ် နှင့် ၄င်း တပ်ခွဲ များ တွင် ပါ လာသော လား၊ မော်တာ၊ ရိက္ခာ၊ အပို ခဲယမ်း မီးကျောက်၊ ၃ လက်မ စိန်ပြောင်း နှင့် မလို အပ်သော ပစ္စည်း များ ကို ချန်ထား ခဲ့ပြီး တနေ့ တွက် စားနပ် ရိက္ခာ ကိုသာ လူ နှင့် တပါ တည်း ယူဆောင် လာကြ ရန်သာ အမိန့် ပေး စီစဉ် လျှက် ရှိပေ ၏။

နေ့လည် (၂) နာရီ ထိုး ခဲ့လေပြီ။ (က) (ခ) တပ်ခွဲ မှူးများ နှင့် အရာရှိ အချို့ တို့သည် ကိုယ်တိုင် ကင်းထောက် ခဲ့ကြ ပြီး စခန်း သို့ပြန်လာ ခဲ့ကြ ပါပြီ။ ရောက် လျှင် ရောက်ခြင်း ပင် အနား မယူ အမော အပန်း မဖြေ တော့ဘဲ ချီတက် တိုက်ခိုက် ရန် သာ စိုင်းပြင်း လျက် ရှိ ပါသည်။ ထိုနောက် (ခ) တပ်ခွဲ ကို ရှေ့ဆုံး မှ စတင် ချီတက် စေပြီး ကျွန်တော် လိုက်ပါ ရသည့် တပ်ရင်း ရုံး အဖွဲ့ သည် ၄င်း နောက်မှ ဆက်လက် ချီတက် ပြီးလျှင် ကျွန်တော် တို့နောက် မှ (က) တပ်ခွဲ၊ နောက် (ဂ) တပ်ခွဲ ကို ပါ အစဉ် အတိုင်း ဆက်လက် ချီတက် ခဲ့ကြ လေရာ ရဲဘော် အပေါင်း တို့ မှာ တောင်ကြော အလိုက် ဖေါက်ထွင်း ထားသော လူ သွား သာရုံ လမ်းကျဉ်း လေး များကို ခက်ခဲစွာ ချီတက် ရသည့် အပြင် ပေပေါင်း ၇၀၀၀ ကျော် ခန့်ရှိသော တောင်ကြီး များ ကိုလည်း ကျော်ဖြတ် ချီတက် ရ သဖြင့် အတော် ပင် နွမ်းနယ် လှ ပါသည်။ သို့သော် လည်း ချမှတ် ခံခဲ့ ရသည့် အမိန့်၊ ပေးအပ် လာသည့် တာဝန်၊ ဆောင်ရွက် ရမည့် လုပ်ငန်း ကို စိတ်စော နေကြ သည့် သူများ ပီပီ မောသည် ပန်း သည် ဟူ၍ သဘော မထား ဘဲ ဇွဲစိတ် သန်သန် ရဲစိတ် ရဲမာန် နှင့် သာ ရန်သူ ရှိရာ စခန်း သို့ ချီတက် လာခဲ့ ကြသည်။ မြေပြန့် လွင်ပြင် ဟူ၍ လမ်း ခရီး တလျှောက် လုံး တွင် တကြိမ် တခါ မျှ မတွေ့ ရပေ။ ကိုင်းပင် ရှည်ကြီး များ၊ ၀ါးရုံတော များနှင့် သာ မြင်တွေ့ ခဲ့ရ တော့ ၏။
ညနေ (၆) နာရီ လည်း ထိုးခဲ့ ပါပြီ။ ကျွန်တော် တို့ စစ်ကြောင်း တခုလုံး မှာ ညစာ အတွက် ထမင်း မစား ကြ ရသေး ပေ၊ ထမင်း စားရန် ကို မဆို ထားဘိ ကျွန်ုပ် တို့ ချီတက် သိမ်းပိုက် ရမည့် ဖူဂျီတောင် ကို သိမ်းပိုက် ရန် အချိန် သို့ ရောက်နေသော် လည်း သိမ်းပိုက် ရမည့် ဖူဂျီတောင် ကို သိမ်းပိုက် ရန် ပင် ဝေးစွ (၀လုံး) တောင် ကိုပင် လုံးဝ မမြင် ရတော့ ပေ။ ဤ သည်ကား ကျွန်ုပ် တို့ မျက်စိ လည်၍ လမ်းမှား နေခြင်း ပင် ဖြစ်သည်။ ဤသို့ လမ်းမ မှား အောင် သံလိုက် အိမ်မြှောင် (ကွန် ပတ်စ်) ဖြင့် ကြည့် ၍ သွားရန် လည်း တော အထပ်ထပ် တောင် အထပ်ထပ် ရှိနေပြီး နေရောင် ကလည်း မရှိတော့ သည့် အပြင်၊ မှောင်မိုက် ချိန် သို့ ရောက်နေ ခြင်း ကြောင့် ကွန်ပတ်စ် ကို လည်း အသုံး ပြု ရန် အချည်း နှီး ပင် ဖြစ်နေ ပေတော့ သည်။ ယခု ကျွန်ုပ် တို့ ပျောက်ဆုံး နေသော ဖူဂျီ တောင် မှာ ယခင် အမိန့်ပေး ညွှန်ကြား စဉ် အခါ က သူ့ ထက် မြင့်မား သော တောင်ပေါ် မှ ပြသ ခဲ့သည့် အတွက် ကောင်းစွာ တွေ့မြင် ခဲ့ ရသော်လည်း အမြင် နီး၍ ခရီးဝေး သည့် တောင် ဆို သကဲ့ သို့ ပင် လက်တွေ့ ချီတက် ခဲ့ ရသည့် အခါ တွင် အပြော လွယ် သလောက် ခရီး မတွင် ကျယ် နိုင်ပေ။ ထို့ အပြင် ကျွန်ုပ် တို့ မှာ စတင် ချီတက် ကတည်း က ၄င်း ဖူဂျီ တောင် ကို ဦးတည် ၍ ချီတက် ခဲ့ ရပါမူ ဤသို့ ဖြစ်ရမည် မဟုတ်။ ယခု သော် တောတောင် ရေမြေ တို့၏ လှည့်စား မှု ကို လက်တွေ့ ခံစား ခဲ့ရ ပေသည်။ မည်သို့ ပင် ဖြစ်စေ အမိန့် နှင့် တာဝန် ကို တိကျ ကျေပြွန် စွာ ထမ်းဆောင် ရမည်မှာ ကျွန်ုပ် တို့၏ တာဝန် မျှသာ ဖြစ်ပေ သည်။ သို့သော် လည်း ကျွန်ုပ် တို့မှာ အထက် မှ ပေးအပ် သော တာဝန် ကို တိကျ ကျေပြွန် စွာ ထမ်းဆောင် နိုင်ခြင်း မရှိသေး သည်က တကြောင်း သိမ်းပိုက် ရမည့် ဖူဂျီတောင် ကို ညနေ (၆) နာရီ ပင် ရှိခဲ့ သော်လည်း မသိမ်း နိုင်ရုံ သာမက ထိုတောင် ကိုပင် မျက်စေ့ ရှေ့ ၌ ပျောက်ကွယ် နေသည့် အဖြစ် မှာ များစွာ ပင် ရှက်လည်း ရှက် ၀မ်းလည်း နည်းစရာ ပင် ဖြစ်ပေ ၏။ ထို့ အပြင် ကျွန်ုပ် တို့ တပ်မတော် သားများ မှာ အမှန်ကို ဖေါ်ပြ ရလျှင် စစ်ပညာ လေ့ကျင့် မှု တိုက်ခိုက် မှုများ တွင် မရင့် ကျက် သေး၍ ယခု ကဲ့သို့ ည အချိန် ၌ တောတွင်း တိုက်ပွဲ၊ တောင်ပေါ် တိုက်ပွဲ များ အတွက် စွမ်းစွမ်း တမန် မတိုက် နိုင်ပဲ အချင်းချင်း မှားယွင်း ပစ်ခတ် မိ မှာ ကို လည်း စိုးရိမ် ပူပန် မိ ပါသည်။ သို့နှင့် ပင် ည (၇) နာရီ အချိန် ခန့် ရှိခဲ့ ပါပြီ။ တပ်ရင်း မှူး က ဗိုလ်ချုပ် ရှိရာ နောက်ပိုင်း စစ် ဌာနချုပ် သို့ ၀ါယာ လက် စက်နှင့် ကျွန်ုပ် တို့ သည် ယိုးဒယား နယ်စပ် ရှိ ချောက် ကမ္ဘား ကြီး အတွင်း ၌ လမ်းပျောက် နေကြောင်း ကို သတင်း ပို့ပြီး ကျွန်ုပ် တို့၏ တာဝန် မကျေ ပြွန် သမျှ ကာလ ပါတ် လုံး နောက် မဆုတ် ဘဲ တာဝန် ကျေပြွန် အောင် ထမ်းဆောင် မည့် အကြောင်း ရန်သူ နယ်မြေ တို့ကို မရရ အောင် သိမ်းပိုက် မည် စသည် တို့ကို အစီရင်ခံ သတင်း ပို့လျှက် ရှိနေ သည် ကို အဆက် မပြတ် ကြားနေ ရ၏။
ကျွန်ုပ် တို့မှာ ကိုင်းပင် ကြီးများ ကြားမှ ကိုယ့်လမ်း ကိုယ်ထွင် ၍ ချီတက် မည် ဆိုပါက ရန်သူ များ သိရှိ သွားမည် ဖြစ် ရကား ဖူဂျီ တောင် ကို မြင်ရသော နေရာ မှ အမှောင် ခို၍ ချီတက် ကြ ပါသည်။ သိမ်းပိုက် မိ နိုင်ရန် အကြောင်း လည်း လုံလောက် သည် ဟု ယူဆ ပါသည်။ ညဥ့် ၏ အမှောင် ထုမှာ လည်း ပိုမို ၍ မဲမှောင် လာခဲ့ ပါပြီ။ ကျွန်ုပ် တို့ စတင် ချီတက် ရာ စခန်း သို့ ပြန်၍ ထိုမှ တဖန် ဖူဂျီတောင် ကို ရှေ့သို့ ချီတက် ရန် လည်း စဉ်းစား မိသေး ၏။ သို့သော် လည်း ကျွန်ုပ် တို့မှာ ဆင် များ သွား ထားသော ခြေရာ များနှင့် ချေးပုံ များ ကို တွေ့မြင် ရ သဖြင့် အတော် ပင် အထောက် အထား ရခဲ့ပြီး ဖြစ်ရာ ၄င်း ဆင်များ မှာ ရန်သူ များ အသုံးပြု သော ဆင်များ သာလျှင် ဖြစ်ရမည်။ ထို ဆင်များ နှင့် သာ ရန်သူ များ က စားနပ် ရိက္ခာ လက်နက် တို့ကို သယ်ယူ သွားပေ လိမ့် မည်။ ထို ဆင်ခြေ ရာလမ်း များ အတိုင်း လိုက်၍ ချီတက် လျှင် မကြာ မှီ အချိန် အတွင်း မှာ ပင် ကျွန်ုပ် တို့ သိမ်းပိုက် ရမည့် တောင် သို့ ရောက်ရန် ခဲယဉ်းမည် မဟုတ် ပေ။ သို့ဖြစ် ၍ ကျွန်ုပ် တို့ သည် ဆင်များ သွားထား သော လမ်း အတိုင်း ဆက်လက် ချီတက် ကြရာ အထင် နှင့် များစွာ လွဲမှား ခဲ့လေ ပြီ။ အကြောင်း မှာ ကျွန်ုပ် တို့ ယခု ရောက်ရှိ နေ သော နေရာ မှာ ဆင် ခြေရာ လမ်းဆုံး ဖြစ်၍ ချောက် ကမ္ဘား စွန်းသို့ရောက် နေခြင်း ပင် ဖြစ်ပေသည်။ ၄င်း ဆင်ခြေရာ များ မှာ ရန်သူ ၏ ဆင် ခြေရာ များ မဟုတ် ဘဲ တော ဆင်ရိုင်း များ လမ်းမှား သွားပြီး လမ်း မရှိ ၍ မဆင်း နိုင် သဖြင့် ဤ နေရာ မှ ပင် လှည့်ပြန် ၍ သွားသော ခြေရာ များကို တွေ့ရခြင်း သာ ဖြစ်သည်။
ညဥ့်၏ အမှောင် ထုမှာ တိုး၍ တိုး၍ သာ မှောင်လာ ပါတော့ သည်။ ကျွန်ုပ် တို့မှာ လည်း အကြံ မရ အောင်ပင် ရှိခဲ့ ပါပြီ။ ညဥ့် အချိန် ၌ ဦးစီး အုပ်ချုပ် ၍ ချီတက် တိုက်ခိုက် ရသည် မှာ လွန်စွာ ပင် ခက်ခဲ သော ပြသနာ တရပ် ပင် ဖြစ်ကြောင်း ကို အရာ ရှိ များ လက်တွေ့ ခံစား နေရ ၏။ နောက်ဆုံး တွင် မူ သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ဟူ၍ သဘော ထား လျှက် ချောက်ကြီး ထဲ သို့ ဇွတ်မှိတ် ဆင်းရန် တပ်ရင်းမှူး က အမိန့် ပေးပြီး ရဲဘော် များ အား ဆင်းခိုင်း ပါတော့ သည်။ ဤသို့ ချောက် ကမ္ဘား ကြီး အောက် သို့ ဆင်းရာ တွင် ရဲဘော် များမှာ ၀န်ထုပ် ၀န်ပိုး များနှင့် ချောက် ကမ္ဘား အောက်သို့ ခြေချော် လက်ချော် ဖြစ်၍ လိမ့်ကျ ကြသည် မှာ လည်း မနည်း လှ ပေ။ ထိုမှ တဖန် လိုရာ ခရီး သို့ ဆက်လက် ချီတက် နိုင်ရန် လမ်းစ ကို ရှာရ ပြန် ပါသည်။ ဤသို့ လမ်းစရှာ၍ မှောင်ကြီး မဲမဲ တွင် ချီတက် လာခဲ့ ကြရာ ၌ မှတ်ခြင် များ ၀ိုင်းအုံ ကိုက်ခဲ နေသည် ကို သတိ မမူ ဂရု မပြု နိုင်ပေ။ ဒါတွင် မကသေး ပါ။ အအေး ၏ ဒဏ် ကိုပင် ဂရု မစိုက် နိုင်ဘဲ ချောင်းကြီး ချောင်းငယ် အသွယ်သွယ် တို့ကို လည်း ခက်ခဲစွာ ကူးဖြတ် ကြ ရ ပါသေး သည်။ ဤသို့ ကူးဖြတ် ၍ မြစ် တဘက် ကမ်း သို့ ရောက်လျှင် အ၀တ် ရေစို များနှင့် သာ ဆက်လက် ချီတက် ကြ ရပါ သည်။ ရဲဘော် များမှာ အေးသည် ချမ်းသည် ကို ဂရု မပြု နိုင် အားပေ၊ တာဝန် နှင့် ၀တ္တရား ကျေပွန် ရန် အတွက် သာ စိတ်စော လျှက်၊ မြင့်မားသော တောင်ကြီး ပေါ်သို့ ဆက်လက် ချီတက် ခဲ့ရာ တောင်ထိပ် ပေါ် သို့ ည (၁၀) နာရီ ထိုး မှပင် ရောက် တော့ ၏။
အချိန် ကား ညဥ့် (၁၁) နာရီ ထိုးခဲ့ လေပြီ (ခ) တပ်ခွဲ မှာ လည်း တောတွင်း ၌ တပ်စိတ် လိုက် လမ်းမှား နေ သဖြင့် (က) တပ်ခွဲ အား တဖန် ရှာခိုင်း ရပြန် ပါသည်။ ထိုတပ်ခွဲ မှာ လည်း ကိုင်းပင် ရှည်ကြီး များ ကို ခုတ်ထွင် ရှင်းလင်း ၍ ကိုယ့်လမ်း ကိုယ် ထွင်ပြီး တတောင် ကျော် တတောင် ဆင်း တတောဝင် တတော ထွက် နှင့် ချီတက် နေကြ ရာ ညဥ့် (၁၂) နာရီ သန်းခေါင် အချိန် သို့ပင် ရောက်ခဲ့ လေပြီ။ မည်သည့် အချိန် သို့ပင် ရောက်နေ စေကာ မူ ဖူဂျီတောင် ကို သိမ်းပိုက် မိရန် အတွက် သာ အဓိက ဖြစ်၍ တပ်ခွဲမှူး များ က ဦးစီး အုပ်ချုပ် ချီတက် လျှက် ပင်၊ တပ်ရင်းမှူး နှင့် တပ်ရင်း ရုံး အဖွဲ့ မှာ မူ နီးရာ အမြင့် ဆုံး တောင်ပေါ် သို့ တက်၍ အမှတ် (၈၈) ကြိုးမဲ့ စကား ပြောစက် ဖြင့် တည လုံး ပင် တပ်ရင်းမှူး ကိုယ်တိုင် ရန်ကြီး အောင် စစ်ဆင်ရေး ဌာန ချုပ် နှင့် ဆက်သွယ် ပြီး ရန်သူ့မြေ ကို မရရ အောင် သိမ်းမည့် အကြောင်း နှင့် တပ်ခွဲ များ ကိုပါ လမ်း မမှား စေရန် ညွှန်ပြ အမိန့် ပေး လျှက် ရှိ ပါသည်။
တန်ဖိုး ရှိလှ သော စက္ကန့် မိနစ် တို့သည် ကုန်မှန်း မသိ ကုန်လွန် သွားပြီး ဧပြီလ (၁၈) ရက်နေ့ နံနက် အာရုဏ် ကျင်း ၍ လင်းကြက် တွန်ကျူး ချိန် (၃) နာရီ ထိုး ခန့် အချိန် မှာ ပင် ကျွန်ုပ် တို့ သည် ဖူဂျီတောင် အမှတ် (၁) (၂) (၃) တို့ကို ရန်သူ များ အခု အခံ မရှိဘဲ အောင်မြင် စွာ သိမ်းပိုက် လိုက်ပြီး ဖြစ်တော့ ၏။ ထို နောက် (က) တပ်ခွဲ နှင့် တွေ့ဆုံ ရန် အတွက် တပ်ရင်းမှူး သည် နံနက် (၅) နာရီ အချိန် ၌ တပ်ရင်း ရုံး အဖွဲ့၊ (ဂ) တပ်ခွဲ နှင့် အတူ လွန်စွာ နက်ရှိုင်း သော ချောက် ကမ္ဘား ကြီး ၏ အောက်သို့ ဆင်း ၍ လျှိုမြောင် ကြီး အတိုင်း လိုက်၍ ချီတက် လာခဲ့ ကြရာ (က) တပ်ခွဲ နှင့် တွေ့ဆုံ ကြ တော့၏။ ထို အချိန် တွင် (က) တပ်ခွဲမှူး နှင့် တွေ့ဆုံ မေးမြန်း ကြည့်ရာ (ခ) တပ်ခွဲ မှာ မူ ဆက်လက် ချီတက် သွားကြောင်း ကို သိရှိ ရတော့ ၏။ သို့ဖြစ် ၍ တပ်ရင်းမှူး သည် (က) တပ်ခွဲ မှူး အား ဖူဂျီ တောင် အမှတ် (၄) အား ချီတက် သိမ်းပိုက် ရန် အမိန့် ပေးပြီး နောက် ရန်ကြီး အောင် စစ်ဆင်ရေး ဌာနချုပ် သို့ အမှတ် (၈၈) စကား ပြော ကြိုးမဲ့ ကြေးနန်း စက် ဖြင့် သတင်း ပို့ လိုက် ပါသည်။
မြူနှင်း တောင်ခိုး များ ကြောင့် သူရိယ နေမင်းကြီး မှာ လည်း နံနက် (၉) နာရီ အချိန် ကြမှ ကောင်းစွာ ထွက်ပေါ် လာ သည်။ ထို အချိန် တွင် (ခ) တပ်ခွဲ သည် ရန် သူ့ နယ်မြေ ဖြစ်သော (နငယ်) တောင် ကို အောင်မြင် စွာ သိမ်းပိုက်ပြီး စခန်း ချ လျှက် ရှိသည်ကို ထင်ရှားစွာ မြင်နေ ရပြီ။ သို့ဖြစ် ၍ ဗိုလ်ချုပ် ရှိရာ သို့ သတင်း ပို့ အကြောင်းကြား ရာ ရှေ့သို့ တိုး၍ (နငယ်) တောင် အမှတ် (၃) (၄) တို့အား ဆက်လက် ချီတက် တိုက်ခိုက် သိမ်းပိုက် ရန် ထပ်မံ ညွှန်ကြား အမိန့် ပေး ခံရ ပေတော့ သည်။ ရဲဘော် များ ခမြာ များမှာ စတင် ချီတက် ကတည်းက ဇွဲ နှင့် သာ ရှေ့သို့ တိုး၍ တိုး၍ ချီတက် နေရ သော်လည်း ထမင်း မစား ရသည် မှာ နှစ်နပ် ရှိခဲ့ လေပြီ။ ဆန်များ ပါရှိ သော်လည်း ချက်ပြုတ် စားသောက် ရန် အတွက် အမိန့် တစုံ တရာ မရရှိ ၍ ချက်ပြုတ် မစား ရပေ။ ထို အချိန် တွင် ကျွန်ုပ် တို့ သည် မြေပြင် အနေ အထား ကို ကောင်းစွာ မြင် နေရ ပြီး ဗိုလ်ချုပ် ကိုယ်တိုင် က အမိန့် ပေး နေ သဖြင့် တပ်ခွဲ များမှာ ရန်သူ နှင့် အကြိတ် အနယ် တိုက်ခိုက် ရမည် ကိုသာ စိတ်စော နေကြ ပါသည်။ ဆာလောင် မွတ်သိတ် ခြင်း၊ ပင်ပန်း နွမ်းဟိုက် ခြင်း တို့ကို ဂရု မပြု နိုင်ပေ။ (က) တပ်ခွဲ မှာ လည်း အထက် မှ ပေးအပ် သော အမိန့် အတိုင်း ပင် ယိုးဒယား ဘက်မှ ခက်ခဲ စွာ ချီတက် ၍ နေ့လည် (၁၂း၄၅) နာရီ အချိန် တွင် (နငယ်) တောင် အမှတ် (၃) ကို အခု အခံ မရှိ အောင်မြင် စွာ သိမ်းပိုက် မိပြီး တပ်စွဲ စခန်း ချမိ ပါတော့ သည်။ ထို့ကြောင့် တပ်ရင်း ရုံး အဖွဲ့ လည်း (နငယ်) တောင် အမှတ် (၃) သို့ ဆက်လက် ချီတက် ကြရာ ညနေ (၄) နာရီ ကျမှ ပင် ရောက်ရှိ တော့ ၏။ ကျွန်ုပ် တို့ သည် (နငယ်) တောင် အမှတ် (၂) (၃) တို့ကို သိမ်းပိုက် ပြီး နောက် အချိန် အနည်း ငယ် အတွင်း ကတုတ် ကျင်းများ တူး၍ ခံစစ် ယူထား ပါသည်။
ယခု အချိန် တွင်မူ ကျွန်ုပ် တို့ တပ်ရင်း သည် ရန်သူ များ မထင်သော ဘက် မှ တက်၍ (နငယ်) တောင်တန်း တခု လုံး ကို သိမ်းပိုက် မိပြီး ဖြစ် နေရာ ဗိုလ်ချုပ် က ရန်သူ များအား ယခု အချိန် မှ စ၍ ကျွန်ုပ် တို့ ဘက်မှ သေနတ် များ ပစ်ဖေါက် ပြီး ရန်သူ များ အား သုံးဘက် သုံးတန် မှ ၀ိုင်းမိ နေကြောင်း သိရှိ ရန် အတွက် အမိန့်ပေး ညွှန်ကြား သဖြင့် ဗိုလ်ချုပ် ၏ အမိန့် အတိုင်း လိုက်နာ ဆောင်ရွက် လုပ်ကိုင် ကြ ပါသည်။ ထို့နောက် တဖန် ဗိုလ်ချုပ် က (ခ) တပ်ခွဲ အား ည (၉) နာရီ အချိန် တွင် (နငယ်) တောင် အမြင့် ဆုံး နေရာ သို့ ချီတက် စေ၍ ဆက်လက် ပြီး ဂျီ (၁) ဂျီ (၂) အထိ ချီတက် ရန် အမိန့် ပေး သဖြင့် (ခ) တပ်ခွဲ က ဖူဂျီတောင် ကို (ဂ) တပ်ခွဲ အား တာဝန် လွှဲပြောင်း ပေးပြီး ချီတက် သွားတော့ ၏။ (ဂ) တပ်ခွဲ ကို လည်း (ဃ) တပ်ခွဲမှူး ရောက်လျှင် ရောက်ခြင်း တာဝန် လွှဲပြောင်း ပေးပြီး (နငယ်) တောင် သို့ ချီ တက် ရန် တပ်ရင်းမှူး က ညွှန်ကြား အမိန့် ပေးထား ခဲ့ပါ သည်။ (ခ) တပ်ခွဲ မှာ လည်း ည တိုက်ပွဲ အနေ ဖြင့် တပ်စု လိုက် တဖြေးဖြေး ချီတက် လာကြ ရာ ဗိုလ်ချုပ် ၏ အမိန့် အတိုင်း (ဂျီ-၁) တောင် ကို သိမ်းပိုက် ပြီး တပ်စွဲ ထားတော့ ၏။ ထိုနောက် မည်ကဲ့ သို့ ဆက်လက် ဆောင်ရွက် ရမည် ကို မသိရ သေး သဖြင့် နောက် တနေ့ ဧပြီလ (၁၉) ရက် မိုးလင်း အထိ အထက် မှ အမိန့် ကို စောင့်ဆိုင်း နေကြ ပါသည်။
နံနက် မိုးသောက် ချိန် သို့ ရောက်ခဲ့ ပါပြီ။ ထိုနေ့ နံနက် (၆) နာရီ ခွဲ အချိန် တွင် ဗိုလ်ချုပ် က (ဗဟာဒူး တောင်) ဘက် သို့ ရန်သူ အား သွေးတိုး စမ်း ချီတက် ရန် အမိန့် ပေး သဖြင့် (ဗဟာဒူး တောင်) သို့ သွေးတိုး စမ်း ကြည့်ရာ ရန်သူ များမှာ ဆုတ်ခွာ ထွက်ပြေး ကြ လေပြီ။ ဆက်လက် ၍ (ဆင် ဦးခေါင်း တောင်) သို့ သွေးတိုး စမ်းပြီး နံနက် (၈း၃၄) နာရီ တွင် ကျွန်ုပ် တို့၏ အမှတ် (၄) ခြေလျင် တပ်ရင်း ၏ အလံ တော် ကို အောင်မြင်စွာ စိုက်ထူ ၍ ရန်သူ များ ကား ကျွန်ုပ် တို့ တပ်မတော် မှ သူတို့ မထင် သော ဘက်ရှိ မြင့်မား သော တောင်ကြီး များ ကို သုံးဘက် သုံးတန် မှ ၀ိုင်းမိ ပြီး အကြီး အကျယ် တိုက်ပွဲ ဆင်တော့ မည် ကို ကောင်း စွာ သိရှိ သဖြင့် (၁၈) ရက်နေ့ ည ပင် လွိုင်လမ်း ဒေသ သို့ ဒလကြမ်း ဆုတ်ခွါ ထွက်ပြေး ကြ လေပြီ။ ကျွန်ုပ် တို့ အောင်မြင် စွာ သိမ်းပိုက် ထား သော ရန်သူ့ စခန်း များ ဖြစ်သော နေရာ များ မှာ (နငယ်) တောင် မှ စ၍ တောင်များ အားလုံး ကို လှည့်ပတ် ၍ ဆက်သွယ် ရေး ကျင်းကြီး များ ဖြင့် တူးထား ပြီး အလွန် ခိုင်ခန့် သော ဘန်ကာ ကြီး များနှင့် ဥမင် လှိုင်ခေါင်း ကြီး များ အပြင် တပ်မတော် လေတပ် မှ စက် သေနတ် များ ဖြင့် ပစ်ခတ် လျင် ပုန်းကွယ် ရန် ကျင်း ကလေး များစွာ ရှိပြီး၊ လေတပ် မှ ရော့ကက် နှင့် ပစ်သော် လည်း ချက်ကောင်း မမှန် က ကောင်းစွာ ခံနိုင် ရည် ရှိသော သစ်တုံး ကြီး များ ဖြင့် လူ အင်အား ကို ယူ၍ ပြုလုပ် ထား သည် မှာ ရန်သူ များ ၏ ဇွဲ ရှိပုံ ခံတပ် ဆောက်လုပ် ပုံ မြေ နေရာ ရွေးချယ် ပုံ တို့ကို ကြည့်ခြင်း အား ဖြင့် ရန်သူ များ မှာ စစ် ရည် ၀ပြီး သူများ သာ ဖြစ်ကြောင်း သက်သေ ခံ လျှက် ရှိနေ ပေသည်။ ရန်သူ များ သည် ထို ဘန်ကာ ကြီး များ ထဲမှာ ပင် အိပ်စား နေထိုင် နိုင်လောက် အောင် ပြုပြင် ထားပေ သည်။ ဤ အချက် အလက် များကို ထောက်ရှု ခြင်း အားဖြင့် ရန်သူ များ ၏ အင်အား မှာ အနည်း ဆုံး တပ်ရင်း (၃) ရင်း ခန့် ရှိပေ မည်။ တပ်မတော် မှ ဤ ရန်သူ များ ကို ရှေ့ တည့် တည့် မှ နေ၍ စစ်ဆင် တိုက်ခိုက် ရန် ရည်ရွယ် ခဲ့သော် ရန်သူ့ စခန်း ဖြစ်သည့် ဆင် ဦးခေါင်း တောင်ကြီး မှာ အလွန် ခိုင်ခန့် လှပေ သည်။ သို့သော် လည်း ဗိုလ်ချုပ် ၏ စစ်ဆင်မှု နည်း ပရိယာယ် ကြောင့် ကျွန်ုပ် တို့ တပ်က ဘေးမှ ဦးအောင် ပန်း လိုက်မိ သဖြင့် ရန်သူ များ မှာ ကြောက်လန့် ဆုတ်ခွာ ထွက်ပြေး ကြ ရလေ ပြီ။
နံနက် (၉) နာရီခွဲ အချိန်ခန့် ရှိ ပါပြီ။ တပ်မတော် မှ လေယာဉ် ပျံ အသံ များ ကို ကြားရ သဖြင့် စကား ပြော ကြိုးမဲ့ ကြေးနန်း စက် ကို ဖွင့် လိုက် သည်နှင့် တပြိုင် နက် ( ရွှေလိပ်ပြာ မှ သော်တာ သုံး အသံ ဘယ်လောက် ကြား ရသလဲ။ ကြားလျှင် အကြောင်း ပြန်ပါ၊ ဒါဘဲ) ဟူ၍ လေယာဉ် ပျံမှ ကျွန်ုပ် တို့ တပ် အား ခေါ်သံ ကို ကြား ရသဖြင့် ကျွန်ုပ် လည်း လေယာဉ် ပျံ သို့ ပြန်လည် ၍ (သော်တာ သုံး မှ ရွှေလိပ်ပြာ အသံ ၅ ကြား ရတယ်) ဟု ဖြေကြား လိုက်သည် တွင် ရွှေလိပ်ပြာ က (သော်တာ သုံး အတွက် လွယ်လင် မြို့ တပ်မတော် အမျိုး သမီး အဖွဲ့ မှ ပေး လိုက်သော ခေါက်ဆွဲ ကြော် အထုပ် ၂၀၀၀ ပါ တယ်။ ဘယ် နေရာ မှာ ချ ရမည် ကို ညွှန်ပြ ပါ။ ဒါဘဲ)။ (သော်တာ သုံး မှ ရွှေ လိပ်ပြာ ခဏ စောင့်)။ ကျွန်ုပ် သည် ရဲဘော် များ အား အော်ပြော ရင်း တပ်ရင်း မှူး ထံ အပြေး အလွှား သွား၍ သတင်း ပို့ ပါသည်။ ထို့နောက် လေယာဉ် မှ ခေါက်ဆွဲ ထုပ်များ ချပေး ရန် အတွက် လူရှင်း သော နေရာ တွင် အမှတ် အသား များ ကို ခင်းပြ လိုက် သဖြင့် လေယာဉ် ပေါ်မှ ခေါက်ဆွဲ ထုပ် ပူပူ နွေးနွေး များ ကို လေထီး ဖြင့် ချပေး ပါသည်။
ကျွန်ုပ် တို့ သည် ခေါက်ဆွဲ ထုပ်များ ကို စုပုံ ၍ ရဲဘော် များအား ဝေငှ ပေး ပါသည်။ ရဲဘော် များမှာ ထမင်း သုံးနပ် ရေ (၈) နာရီ မျှ အငတ် ခံခဲ့ ရ သဖြင့် လွန်စွာ ပင် ဆာလောင် မွတ်သိပ် လှသော ကြောင့် ဂေါ်ရခါး များ ၏ မျိုးရိုး အလိုက် ကြက်သား မစား၊ ၀က်သား မစား စသည် တို့ကို ဂရု မစိုက် နိုင်တော့ ဘဲ ရရာ ခေါက်ဆွဲ ထုပ် ကိုသာ ယူ၍ ပျော်ရွှင် စွာ စားသောက် ကြ ပါသည်။
လွန်စွာ မှ ဆာလောင် မွတ်သိပ် လှ သဖြင့် တဦး လျှင် (၄-၅) ထုပ်ခန့် စားနိုင် လိမ့်မည် ဟု ထင်ရှိ သော်လည်း ပင်ပန်း မှု၊ အိပ်ရေး ပျက်မှု ဒဏ်များ ကြောင့် ခေါက် ဆွဲ (၂) ထုပ် ကိုပင် ကုန်အောင် မစား နိုင်ကြ ပေ။ သို့သော် လည်း ခေါက်ဆွဲ ထုပ် အတွင်း မှ စေတနာ ဗလ၀ နှင့် ရေးထည့် လိုက်ကြ သော စာ အမျိုးမျိုး နှင့် “အကြော် စားပြီး အပြုတ် တိုက်ပါ” စသည့် စာရွက် ကလေး များ ကို ကိုင်ကာ ကိုင်ကာ နှင့် ပြည်သူ တရပ် လုံးက အုံကြွ ၍ ကျေနပ် စွာ အားပေး သော ဤ စစ်ပွဲ အတွက် ပါဝင်ပြီး ဆင်းရဲ အငတ်ခံ ရ ကျိုးနပ် ပုံများ ဖြစ်သည့်၊ ဤ ခေါက်ဆွဲ နှင့် စာ ကလေး များ မမေ့ နိုင်တော့ လောက်အောင် ပင် စွဲရစ် ခါ ပီတိ ဖုံးလွှမ်း ခဲ့ရ သည်။ ဗိုလ်ချုပ် ကဗိုလ်မှူး သူရ ထွန်းတင် ၏ အမှတ် (၄) ခြေလျင် တပ်ရင်း သည် (၂) ရက် တိတိ အစာ ရေစာ ငတ်၍ ပေ တထောင် ကျော် မြင့် သော တောင်ကုန်း ကမ်းပါး ယံကြီး များကို ဖြတ်ပြီး ရန်သူ အနောက် ပိုင်း သို့ ၀င်ရောက် ခြိမ်းချောက် နိုင်သော အလွန် တန်ဘိုး ရှိသည့် စွမ်းဆောင် မှု ကြောင့် ရန်သူ များ သည် (ပွိုင့် ၄၆၉) တောင် ကို လက်လွတ် ဆုတ်ခွာ သွားရ ပေ သည်။ ထို့ကြောင့် ရည်ရွယ် ချက် ဖြစ်သော လွိုင်လမ်း ဒေသ ကို လွယ်ကူ စွာ ၀င်ရောက် နိုင်ကြ ပါ သည်။ ကျန် ရှိသော ရည်ရွယ် ချက် တွင် အမှတ် (၄) ခြေလျင် တပ်ရင်း သည် အိပ်ဆောင် တပ် အဖြစ် ပါဝင် မည် ဖြစ်ပါ သည် ဟု …. ချီးကျူး ခဲ့ပါ သည်။ ဗိုလ်ချုပ် ၏ ချီးကျူး ခြင်း ကို ခံရ သဖြင့် ကျွန်ုပ် တို့ကြုံခဲ့ ရသမျှ တို့မှာ လေထဲ တွင် လွင့်ပါ ပျောက်ကွယ် ပြီး ၀မ်းသာ မှု တခု သာ တည်တံ့ လျှက် ရှိနေ မိတော့ သတည်း။

No comments:
Post a Comment