မထင်ရှားသည့် ရေယဉ် ငယ် တစ်စီး မျှသာ ဖြစ်သည်။ ဒုတိယ ကမ္ဘာ စစ်ကြီး အပြီး တွင် ဗြိတိသျှ ရေ တပ်မတော် မှ ဗမာ့ ရေ တပ်မတော် သို့ လွှဲပြောင်း ပေး ခဲ့သော ရေယဉ် ငယ် ၁၃ စီး အနက် တစ်စီး ဖြစ်လျက်၊ ဤ မထင် ရှား လှသော ရေယဉ် ငယ် တစ်စီး နှင့် ဆန်းကြယ် သော ဖြစ်ရပ် များ ကိုသာ ကျွန်တော့် မှတ်တမ်း မှ တစိတ် တပိုင်း ဖေါ်ပြ သွားလို ပေသည်။ မူလ အားဖြင့် စကော့ တလန် ပြည် သင်္ဘော ကျင်း တစ်ခု တွင် တည်ဆောက် ခဲ့ပြီး လျှင် အလျား ၇၅ ပေ မျှ ရှည်လျား သော သစ်သား ကိုယ် ထည် ဖြင့် ပြီး သည့် ရေယဉ် ၀မ်း ရှိသည်။ အနံ ဗျက် မှာ အကျယ်ဆုံး နေရာ တွင် ပေ ၂၀ မျှ ရှိလျက် ဖောင်းသော ၀မ်း နှင့် မတ် သော ရေစူး ရှိသည်။ ရေစူး ၆ ပေ ရှိခြင်း ကြောင့် ဖြစ်ချောင်း တွင် သွားလာ ရန် လည်း သင့်လျှော် လျက် ကမ်းခြေ တ၀ိုက် နှင့် ကမ်းခြေ လွန် ပင်လယ် များ တွင် တိုက်ကင်း လှည့် ရန် အထူး အသုံး ၀င် ပေ သည်။
မြင်းကောင် ရေ အား ၆၀၀-မျှ ပေးစွမ်း နိုင်သည်။ ၀ါဒနာ အမျိုး အစား ဒီဇယ် စက် နှစ်လုံး ထိုင် ထားခြင်း ကြောင့် သာမန် အားဖြင့် တစ် နာရီ လျှင် ရေမိုင် ၁၂ - မိုင်မျှ ခုတ်မောင်း နိုင်သည်။ အဓိက လက်နက် ကြီး များမှာ ဦးပိုင်း နှင့် ပဲ့ပိုင်း တွင် တပ်ဆင် ထားသော ၂၀ မီလီမီတာ အော်လီ ကွန် စက် အမြောက် ကြီး နှစ် လက် ပင် ဖြစ်သည်။ လက်နက် ကြီး များမှာ လေကြောင်း ရန် ကို ခုခံ ကာကွယ် ရာ ၌ အထိ ရောက် ဆုံး ဖြစ်လျက် ရန်သူ ရေယဉ် ငယ်များ၊ ကမ်းခြေ ရှိ အ ဆောက် အဦး များကို ပစ်ခတ် ဖျက်ဆီး ခြင်း တွင်လည်း အထူး အားထား ရသည်။ ပဲ့စင် ထက် ၀ဲယာ တစ်ဖက် တစ်ချက် စီ တွင် ၂ - လက် ပြူး တပ်ဆင် ထား သော ဒဿမ ၃၀၃ ဗစ်ကာ စက် သေနတ် ကလေး များ ကလည်း ရန်သူ ကို ခေါင်း မထောင် နိုင်အောင် ပစ်အား ပေး နိုင်စွမ်း ရှိသည်။
ဤ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် သည် တပ်မတော် (ရေတပ်) တွင် လပေါင်း များစွာ အတူ တကွ အမှု ထမ်းဆောင် ခဲ့ကြ ဖူးသည်။ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် ဆုံစည်း တိုင်း လိုပင် မှတ်လောက် သား လောက်သည့် သွေးစွန်းသော ရာဇ၀င် ကလေး များ ကျန်ရစ် ခဲ့သည် ချည်းသာ ဖြစ်တော့ ၏။ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် ပထမ ဆုံး ဆုံစည်း ခြင်းမှာ ၁၉၄၈ ခုနှစ် စက်တင်ဘာ လ အတွင်း ၌ ဖြစ်သည်။ ထိုစဉ် က ကျွန်တော် သည် ရခိုင် စစ် မျက်နှာ ဘက် မှ ပြန်လည် ရောက်စ ဖြစ်လျက် မြန်မာ ပြည်မ တွင် ကွန်မြူနစ် ဖြူနီ တို့၏ လက်နက် ကိုင် တိုက်ပွဲ မီးတောက် လောင်စ အချိန် ဖြစ် သည်။ တိုက် ရေယဉ် ၁၂၇၂ မှာ လည်း ရခိုင် စစ်မျက် နှာ မှ ၁၉၄၈ ခုနှစ် ဧပြီ လ တွင် မြန်မာ ပြည် သို့ ပြန်ရောက် ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော် သင်္ဘော ပေါ်သို့ ရောက်ရှိ သတင်း ပို့ချိန် တွင် တိုက် ရေယဉ် ၁၂၇၂ မှာ ဒုတိယ ကမ္ဘာစစ် အတွင်း ကာလ တွင် ပါဝင် တိုက်ပွဲ ၀င်ခဲ့ စဉ် က အသွင် အပြင် မျိုး မဟုတ် တော့ ဘဲ ပြည်တွင်း သောင်းကျန်း မှု တိုက်ပွဲ များ ဖြစ်သော မြစ်ချောင်း တွင်း တိုက်ပွဲ များ ကို ၀င်ရန် အသွင် ပြောင်းလွဲ ခံယူ လျက် ရှိသည်။ တိုက် ရေယဉ် ပေါ်တွင် တွေ့မြင် နေကျ မဟုတ် သော သဲအိတ်၊ သဲပုံး များ၊ သဲ ကတုတ် များ၏ နောက်ကွယ် မှ ဘရင်း စက် သေနတ် များ ကို တွေ့ရ သည်။ ပင်လယ် ကမ်းရိုးတန်း တိုက်ပွဲ များ သာ လက်ပွန်း တတီး ဖြစ်ခဲ့ သည့် ဤ ရေယဉ် ငယ်များ သည် နောင်သော အခါ ၌ မြစ်ကျဉ်း ချောင်း ကျဉ်း တိုက်ပွဲ များ၏ လိုအပ် ချက် အတိုင်း သဲအိတ် သံမဏိ ပြားများ တပ်ဆင် လာသည် ကို တွေ့ကြ ရ သည်။
သင်္ဘော သို့ရောက် ၍ ရက် မကြာမီ တွင်ပင် ကင်းလှည့် တာဝန် ထမ်းဆောင် ရန် အတွက် ဆိပ်ကမ်း မှ ခွာခဲ့ ကြသည်။ ကင်းလှည့် ရမည့် ဒေသ မှာ လှိုင်မြစ် အတွင်း အင်းစိန် မှ ထန်းတပင် ကြား တလျှောက် ဖြစ်သည်။ ဤ ဧရိယာ အတွင်း ၍ ကင်းလှည့် နေသော တိုက် ရေယဉ် ၁၄၈၆ ထံမှ ကျွန်တော် တို့ က တာဝန် လွှဲပြောင်း ယူ ရမည် ဖြစ်၏။ အင်းစိန် တွင် တိုက် ရေယဉ် ၁၄၈၆ နှင့် တွေ့ဆုံ ပြီးနောက် တာဝန် ကျသော ဒေသ ကို သေချာ စွာ လွှဲပြောင်း ယူရန် အတွက် တိုက် ရေယဉ် နှစ်စီး ထန်းတပင် ဘက်သို့ အတူ တကွ ထွက်ခွာ လာခဲ့ ကြ သည်။ တိုက် ရေယဉ် ၁၄၈၆ ၏ စစ် ရေယဉ်မှူး ပြောပြ ချက် အရ ဤ ဒေသ အတွင်း ရန်သူ တပ် များ လှုပ်ရှား သွားလာမှု များပြား နေကြောင်း သတင်း ရရှိ သည် ဟု ဆိုသည်။ တပ်မတော် ၏ အစိတ် အပိုင်း ဖြစ်သော အမှတ် (၁) ဗမာ့ သေနတ်ကိုင် တပ်ရင်း နှင့် အမှတ် (၃) ဗမာ့ သေနတ် ကိုင် တပ်ရင်း (တစိတ် တပိုင်း) တို့သည် လည်း တောခို သွား ကြပြီး ဖြစ် သည်။
တိုက် ရေယဉ် ငယ် နှစ်စီး သည် ပြင်းစွာ သော အဟုန် ဖြင့် ဒီရေ အတက် ကို အမှီ ပြုကာ မြစ်ကြောင်း တလျှောက် ဆန်တက် သွားသည်။ ကမ်းခြေ တွင် စိမ်းညို မှိုင်းသော တောတန်း သည် နိမ့်ဆိုင်း သော မိုးသား များနှင့် ရောထွေး ကာ မှိုင်းပျ အုံ့ဆိုင်း သော လောက ဓာတ် ကို ဖန်တီး ပေးနေ သည်။ ဤ မျှ သာတောင့် သာယာ ရှိလျက် လွမ်းဆွတ် ကြည်နူး ဖွယ် ကောင်းသော မြစ်ချောင်း ကမ်းပါး ယံ နှင့် တောတန်း များ မျက်ကွယ် တွင် စက် သေနတ် ကြီးငယ် တို့၏ ပြောင်းဝ များ သည် မြစ် အတွင်း ရှိ တိုက် ရေယဉ် များ ကို ချိန်ထား လျက် ရှိနေကြောင်း မကြာမီ သိရ တော့သည်။ တောခို အမှတ် (၃) ဗမာ့ သေနတ် ကိုင် တပ်ရင်း မှ ရဲဘော် များ သည် စက် သေနတ် ၏ နောက် မှ ချိန်သား ကိုက် နေသော မျက်လုံး ဖြင့် တိုက် ရေယဉ် ၁၂၇၂ နှင့် တိုက် ရေယဉ် ၁၄၈၆ တို့ကို ကြည့် ကာ အခွင့် ကောင်း စောင့်နေ ကြ သည်။ သူတို့ သတိ ပြုမိ ကောင်းမည် မဟုတ် သော အချက် မှာ ဤ တိုက် ရေယဉ် များ အနက် တိုက် ရေယဉ် ၁၂၇၂ မှာ လွန် ခဲ့သော ခြောက် လ ကျော်က ရခိုင် ပြည် တွင် သူတို့ ကိုယ်တိုင် စီးနင်း လိုက်ပါ ခဲ့ဘူး လျက် မူဂျာဟစ် သူပုန် များ ကို လက်တွဲ နှိမ်နင်း ခဲ့ဘူး သည့် ရဲဘော် ဟောင်းကြီး တစ်ဦး ပင် ဟူသော အချက် ဖြစ်၏။
တိုက် ရေယဉ် များ ပေါ်မှ အရာရှိ များ နှင့် ရဲဘော် များ သည် မှိုင်းညို့ သော တောတန်းကြီး များ ဆီသို့ သေချာ စွာ အကဲ ခတ်ရင်း လိုက်ပါ လာကြ သည်။ ဤ ကမ်းခြေ တလျှောက် တွင် လွတ်လပ်ရေး ရပြီးစ ပြည်ထောင်စု ၏ အန္တရာယ် များ ကိန်းအောင်း နေကြောင်း ကိုလည်း သူတို့ သိပြီး ဖြစ်၏။ ခေတ္တ မျှ အကြာ တွင် “ဒက် - ဒက် - ဒက်” ဟူသော စက် သေနတ် သံ သည် ကမ်းခြေ မှ ထွက်ပေါ် လာ သည်။ တိုက် ရေယဉ် နှစ်စီး နှင့် မလှမ်း မကမ်း ရေပြင် တွင် ရေပန်း ကလေး များ တဖွားဖွား တက်သွား သည်။ ဆိတ်ငြိမ် သော လောက ဓာတ် တခွင် သည် တမု ဟုတ်ချင်း ပြောင်းလွဲ သွားကာ စက် သေနတ်၊ စက် အမြောက်၊ မော်တာ သံ များ ပေါက်ကွဲ ပေါ်ထွက် လာ သည်။ ယမ်းခိုး ယမ်းငွေ့ များ သည် ၀သန် ကာလ ၏ မိုးသား တိမ်လိပ် များနှင့် ရောထွေး သွား သည်။ ကမ်းခြေ ရှိ သောင်းကျန်း သူ တို့ကြား သို့ မီးကျည် တ၀င်းဝင်း ဖြင့် ပေါက်ကွဲ သွား သည်။ အော်လီကွန် ကျည်များ မှာ တောတန်း ကြား၌ စိန်ပွင့် များ ပွင့်လက် သွားသည့် သဖွယ် တွေ့နေ ရ သည်။ စေးထိုင်း သော ရွှံမြေ တွင် ပူနွေး စေးထန်း သည့် သောင်းကျန်း သူ တို့၏ သွေးများ စီးဆင်း သွား သည်။ ထိုနည်း တူ စွာပင် တိုက် ရေယဉ် ၁၂၇၂ ၏ ပဲ့ပိုင်း ကုန်းပတ် ထက်မှ သွေးစီး ကြောင်း တစ်ခု သည် သင်္ဘော ၀မ်း ဗိုက် တစ်လျှောက် စီးဆင်း ကာ လှိုင်မြစ် ရေ ဖြင့် ရောစပ် သွား သည်။ ပဲ့ပိုင်း စက် သေနတ်ကြီး ၏ ခြေရင်း တွင် တပ်သား အောင်သန်း သည် ပေါင်ရင်း သွင်သွင် ကျိုးလျက် လဲကျ နေသည်။ သူ့ဘေး ပတ်ဝန်း ကျင် တွင် ယမ်းငွေ့ ဝေ လျက် အပူရှိန် မကုန် သေးသော အော်လီကွန် ကျည်ခွံ များ တလိမ့်လိမ့် ပြေးလွှား လျက် ရှိနေသည်။ ပြည်တွင်း သောင်းကျန်း မှု တိုက်ပွဲ များ တလျောက် ဆက်တိုက် ဆင်နွှဲ ခဲ့သည့် တိုက် ရေယဉ် ၁၂၇၂ တွင် ပထမ ဆုံး ဒဏ်ရာ ရသူ မှာ ရဲဘော် အောင်သန်း ပင် ဖြစ် ၏။ တိုက်ပွဲ ပြီးဆုံး သွားသည့် နောက် အင်းစိန် သို့ ပြန်လှည့် ကာ ဒဏ်ရာ ရသူ အား ဆေးရုံ ပို့ရ သည်။ ရဲဘော် အောင်သန်း မှာ ၂ - နှစ် နီးပါး မျှ ဆေးရုံ တွင် ဝေဒနာ ခံစား ရလျက် သောင်းကျန်း မှု နှိမ်နင်းရေး တွင် ဆက်လက် မပါဝင် တော့ ဘဲ တပ်မတော် မှ နှုတ်ထွက် သွားသည့် အချိန် အထိ ဒရွတ် ဆွဲလျက် ရှိသော ခြေထောက် တစ်ဖက် ဖြင့် တိုင်းပြည် တာဝန် ထမ်းဆောင် ခဲ့ခြင်း ၏ အမှတ် အသား ကို ဆောင်ကြဉ်း သွားတော့ သည်။
၁၉၄၉ ခုနှစ် လည်လောက် တွင် တိုက် ရေယဉ် ၁၂၇၂ သည် ဧရာဝတီ မြစ် အတွင်း ပြည် မြို့ နှင့် ရေနံချောင်း မြို့ ကြား ဒေသ တွင် တာဝန် ထမ်းဆောင် လျက် ရှိ သည် ကို တွေ့ရ မည် ဖြစ်သည်။ ကရင် သေနတ် ကိုင် တပ်ရင်း (၂) နှင့် တွဲဖက် ထားခြင်း ဖြစ်သည်။ အမှတ် (၂) ကရင် သေနတ်ကိုင် တပ်ရင်း ၏ တပ်ရင်းမှူး မှာ နောင် တွင် တောခို သွားပြီး နောက် ပြန်လည် လက်နက် ချသော ဒု - ဗိုလ်မှူးကြီး စောမြ မောင် ပင် ဖြစ်သည်။ ကရင် တပ် နှင့် တွဲဖက် တာဝန် ထမ်းဆောင်ရာ ၌ ပြည်ထောင်စု ပြိုကွဲရေး ၀ါဒ၊ လူမျိုးစု ဂိုဏ်းဂဏ ၀ါဒ တို့ကို လက်ခံ ထားကြ သော ကရင် အရာရှိ အချို့ ၏ မူမမှန် ခြေလှမ်း မှားမှု တိုင်းပြည် တာဝန် ကို ထမ်းဆောင် သယောင် နှင့် မိမိ တို့၏ ၀ါဒ အမြစ် တွယ်ရေး အတွက် လက်နက် နှင့် အာဏာ ကို အလွဲ သုံးစား ပြုမူ မှုများ ကို မြင်တွေ့ လာရ သည်။ ကရင် သေနတ်ကိုင် တပ်ရင်း နှင့် တွဲဖက် တာဝန် ထမ်းဆောင် ရခြင်းမှာ မနှစ်မြို့ ဖွယ် ကောင်းသည့် အလား အလာ များ ကို မြင်တွေ့ လာသော အခါ တိုက် ရေယဉ် ၁၂၇၂ သည် ဟင်္သာတ၊ မအူပင် ခရိုင် များ ဘက်ဆီသို့ ပြန်လည် ဆင်းသက် လာခဲ့ သည်။ ၁၉၄၉ ခုနှစ် နောက်ပိုင်း တွင် ဟင်္သာတ၊ မအူပင် ခရိုင် များ အတွင်း ၌ တိုက် ရေယဉ် ၁၂၇၂ ၏ လှုပ်ရှား မှုများ ကို တွေ့ခဲ့ ရသည်။
ကေအင် ဒီအို သောင်းကျန်း မှု အထင် အရှား ပေါက်ကွဲ သော အခါ တိုက် ရေယဉ် ၁၂၇၂ အတွက် ကြမ္မာ ဆိုးသော အပိုင်း သို့ ရောက်ရှိ ခဲ့သည် ဆိုရ ပေတော့ မည်။ မအူပင် ခရိုင် အတွင်း ၀ယ် အစိုင် အခဲ ကြီးမား စွာ အခြေပြု ခဲ့သော ကေအင် ဒီအို တို့သည် တွံတေး တူးမြောင်း ကို သိမ်းပိုက် လျက် ရန်ကုန် မြို့ နှင့် မြစ်ကျွန်းပေါ် ဒေသ များ ဆက်သွယ် ရာ အသက် သွေးကြော ကို ဖြတ်တောက် လိုက်ကြ ရန် ကြိုးစား ခြင်း ဖြစ်သည်။ ထို အချိန် တွင် တိုက် ရေယဉ် ၁၂၇၂ မှာ ဟင်္သာတ ၌ ရောက်ရှိ နေလျက် တွံတေး တူးမြောင်း ကို သိမ်းပိုက် တပ်စွဲ ထားသော ရန်သူ များ မရှင်းလင်း သမျှ ရန်ကုန် ဌာနချုပ် သို့ ပြန်ရန် တစ်ခု တည်းသော လမ်း မှာ ပိတ်ဆို့ သွားပြီ ဖြစ်သည်။ ထို့ကြောင့် တိုက် ရေယဉ် ၁၂၇၂ သည် ဟင်္သာတ ရှိ တပ်မတော် နှင့် အဆက် အသွယ် ပြု လျက် ဟင်္သာတ ခရိုင် အတွင်း သာ လှုပ်ရှားမှု ပြုလုပ် နိုင်တော့ သည်။ နေ့စဉ် ရက်ဆက် ပစ်ခတ် နေရသော မြစ်ကျဉ်း တိုက်ပွဲ များ ကြောင့် ခဲယမ်း မီးကျောက် များ လည်း လျှော့ပါး စ ပြု လာ တော့ သည်။
တစ်နေ့ တွင် တိုက် ရေယဉ် ၁၂၇၂ အတွက် ကံဆိုး မိုးမှောင် အကျဆုံး ဟု ခေါ်ရမည့် အချိန် သို့ ဆိုက်ရောက် ခဲ့သည်။ မြစ်လည် တွင် အစဉ် ကျောက်ချ ထားခဲ့ ရာမှ ကျောက်နှုတ် လျက် ဟင်္သာတ ဆိပ်ကမ်း သို့ ဆိုက်ကပ် လိုက်သည်။ စစ် ရေယဉ်မှူး နှင့် ဒု - စစ်ရေယဉ် မှူး တို့မှာ တပ်မတော် အရာရှိ များ နှင့် စည်းဝေး ဆွေးနွေး ရန် ကမ်းပေါ် သို့ တက် သွားသည်။ ရေယဉ် ပေါ်တွင် တပ်ကြပ် စောဝယ် လယ်တန် နှင့် ရဲဘော် များ ကျန်ရစ် ခဲ့ကြ သည်။ တပ်သား လှကြည် မှာ အရာရှိ များ နောက်မှ လိုက်ပါ သွား သည်။ ကုန်းပတ် ထက် တွင် အစောင့် တာဝန် ကျသော တပ်သား မြင့်သိန်း သည် လန်ချက် စတာ စက် သေနတ် ကို လွယ်လျက် လျှောက် နေသည်။ ကျန် ရဲဘော် များမှာ ထမင်း စားချိန် ဖြစ်ခြင်းကြောင့် ရေယဉ် ဦးပိုင်း ရှိ အောက်ဖက် ထမင်းစား ခန်း တွင် စားသောက် နေကြ သည်။
ဆိပ်ခံဘော တံတား ထက်မှ တိုက် ရေယဉ် ၁၂၇၂ ကို ကြည့်ရှု နေကြ သော အရပ်သား များ အနက် လွယ်အိတ် လွယ်ထား သူ တစ်ဦး သည် မယောင် မလည် ဖြင့် သင်္ဘော ထက် တက်လာ သည်။ တာဝန် ကျ တပ်သား မြင့်သိန်း မှာ ငယ်ရွယ် လျက် သဘော ကောင်းသူ တစ်ဦး ဖြစ်ခြင်း ကြောင့် ထိုသူ အား မည် သို့မျှ ဟန့်တား ခြင်း မပြု ဘဲ “ဘယ်သူ့ ကို တွေ့ချင် လို့လဲ” ဟု သာမန် အားဖြင့် သာ မေးလိုက် သည်။ “ဘယ်သူ နဲ့ မှ မတွေ့ ချင် ပါဖူး၊ သင်္ဘော ကို ကြည့်ချင် လို့ပါ” “ကြည့် လေ ကြည့် ပေါ့၊ ဟောဒီ အရှေ့ပိုင်းက သေနတ် က အော်လီဂန်း လို့ ခေါ်နေ ကြ တဲ့ အော်လီကွန် စက် အမြောက် ပေါ့” တပ်သား မြင့်သိန်း က ထိုသူ ကို ကျောခိုင်း လျက် သင်္ဘော ဦးဘက် သို့ လျှောက်သွား သည်။ မြင့်သိန်း ကျောခိုင်း လိုက်သည်နှင့် တပြိုင်နက် ထိုသူ သည် လွယ်အိတ် အတွင်းမှ မဲနက် ပြောင်လက် သော ၃၈-ဘို့ ခြောက်လုံးပူး သေနတ် တစ်လက် ကို လျှင်မြန် စွာ ဆွဲထုတ် လိုက်ပြီး နောက် “ဟေ့ ရဲဘော် လက်မြှောက် လိုက်၊ လှုပ်တာ နဲ့ သေသွား မယ်”။
မာကြော စွာ အမိန့်ပေး လိုက်သော အသံ ကြောင့် မြင့်သိန်း လှည့်ကြည့် လိုက်သည် တွင် သူ့ရင်ဝ တည့်တည့် ဆီ သို့ ချိန်ထား သော သေနတ် ပြောင်းဝ ကိုကြောင် လျက် ကြည့် နေမိ သည်။ လျှင်မြန် လှသော စက္ကန့်ပိုင်း အတွင်း ၀ယ် ဘော တံတား ပေါ်မှ လူ သုံးလေးဦး သည် လက်နက် ကိုယ်စီ ဖြင့် သင်္ဘော ပေါ် သို့ ခုန်တက် လိုက်ပြီး နောက် တပ်သား မြင့်သိန်း ၏ ပုခုံး မှ လန်ချက် စတာ သေနတ် ကို ဖြုတ်ယူ လိုက်ကြ သည်။ ထမင်း စားခန်းမှ တက် လာသော တပ်ကြပ် စောဝယ် လယ်တန် သည် အမှုမဲ့ ပင် တက်လာရာ ကုန်းပတ် ပေါ် ရောက်သည်နှင့် တပြိုင်နက် သေနတ် ကိုယ်စီ နှင့် သူများ က သူ့ ဘက် သို့ သေနတ် ပြောင်းများ လှည့် လိုက် သည်။ အခြေ အနေ မလှ သည်ကို တစ်ချက် တည်း ရိပ်စား မိသော စောဝယ် လယ်တန် သည် သင်္ဘော လက်ရမ်း ကို ခုန်ကျော် လျက် ဘော တံတား ပေါ်သို့ တက်ပြေး တော့ သည်။ ဘော တံတား ပေါ်မှ အံ့အား သင့် ကြည့် နေမိ သူ အရပ် သားများ လည်း ခြေဦး တည့်ရာ ပြေးလွှား ကြ တော့၏။ “ဒိုင်း ဒိုင်း” ဟူသော သေနတ် သံ နှစ်ချက် ထွက်ပေါ် လာကာ စောဝယ် လယ်တန် သည် ပြေးလွှား ရာမှ လဲကျ သွား သည်။ ထို့နောက် အားယူ ထပြီး ဒယိမ်း ဒယိုင် ဖြင့် ဆက်ပြေး ကာ အတန် ကွာ ၌ လဲကျ သွားတော့ ၏။
သင်္ဘော ကို တက်စီး သူများ သည် တစ်ယောက် က သင်္ဘော ဦးပိုင်း ထမင်းစား ခန်းတွင်း မှ တက်လာ နေကြ သော ရဲဘော် များ ကို သေနတ် ဖြင့် ချိန်ထား ပြီး၊ ကျန် လူများ က သင်္ဘော ချည် ထားသော ကြိုး များကို ဖြုတ် လိုက် သည်။ တိုက်ရေယဉ် ၁၂၇၂ သည် ချည်နှောင် ထားသော ကြိုး များ၏ အနှောင် အဖွဲ့ မှ ကင်း လွတ် သော အခါ ဧရာဝတီ မြစ်လယ် ဆီသို့ ရေစီး အတိုင်း မျောပါ သွား သည်။ လက်နက် အားကိုး ဖြင့် အလစ် တွင် အနိုင် ကျင့် စီးနင်း သွား သော သောင်း ကျန်း သူများ ၏ အုပ်ထိန်း မှု အောက် တွင် တာဝန် မထမ်းဆောင် လိုသည့် ပမာ စက်သံ မပေး ဘဲ ကမ်းမှ မချမ်းမြေ့ စွာ ခွာ သွား သည်။
သင်္ဘော ကို အချောင် စီး မိကြ သူများ သည် သက်ဆိုင် ရာ ရဲဘော် များကို နောက်ကျော သေ နတ် ထောက် စေ ခိုင်း သည်တွင် မှ တိုက် ရေယဉ် ၁၂၇၂ သည် စက်မကြီး များ နိုးလာ လျက်ေ အာက် ဘက် သို့ စုန်ဆင်း သွားတော့ သည်။ တပ်ကြပ် စောဝယ် လယ်တန် မှာ ဟင်္သာ တ ဆေး ရုံ တွင် ကွယ်လွန် သွား သည်။ သင်္ဘော ကို အလစ် ၀င်စီးရာ တွင် ခေါင်းဆောင် သူမှာ ၁၉၄၈ - ခုနှစ် စက်တင်ဘာ လ တွင် ရေတပ် မှ တောခို သွားသော တပ်သား ဟောင်း စောနောင် ဖြစ် သည်။ စောနောင် သည် သောင်းကျန်း မှု တလျောက် တွင် ရဲဘော် ဖြူ ဗိုလ်မင်းဒင် ဟူသော အမည် ခံယူ လျက် အင်းစိန် ခရိုင် တက်သစ် ကျွန်း တွင် သောင်းကျန်း သူ တို့ သွားမြဲ လမ်း ဖြစ်သော ဗိုလ်လု ပွဲ ၌ အသတ်ခံ သွားရ သည်ဟု သာ နောက်ဆုံး ကြား သိရ သည်။
တိုက် ရေယဉ် ၁၂၇၂ သည် ဓနုဖြူ ဆိပ်ကမ်း တွင် ၀င်ရောက် သည်နှင့် ထိုစဉ် က ဓနုဖြူ မြို့ ကို သိမ်းထား ကြ သော ရဲဘော်ဖြူ တို့ အောင်ပွဲကြီး ဆင် ကြသည်။ ဗိုလ် မင်းဒင် သည် တိုက် ရေယဉ် ၁၂၇၂ ဖြင့် ဧရာဝတီ မြစ်ကြောင်း တွင် စိုးမိုး ရန် အကြံ ကြီး ကြံလျက် ရှိသည်။ သို့သော် တိုက် ရေယဉ် ၁၂၇၂ သည် ဗိုလ်မင်းဒင် ၏ လက်အောက် တွင် အမှု ထမ်းဆောင် ရန် ငြင်းဆန် သည့် အလား အမျိုးမျိုး သော ဖေါက်ပြန် မှုများ ကို ပြုလာ တော့ သည်။ စက် မကြီး များ မှာ အစဉ် လိုပင် ဒုက္ခ ပေးလာ သည်။ အော်လီကွန် စက် သေနတ် များမှာ တစ်ချက် နှစ်ချက် ထွက်ပြီး လျှင် ဂျမ်းဖြစ် ၍ ရပ်သွား သည်။ တက်မ မှာ ရေကြောင်း ထိန်းသိမ်း ရာ ၌ ဖေါက်ပြန် လာ သည်။ ရဲဘော် ဖြူများ လက်တွင်း ရှိစဉ် တစ်ချိန် လုံး ၌ တိုက် ရေယဉ် ၁၂၇၂ သည် တစ္ဆေ ခြောက်သည် ဟု ပင် သတင်း ထွက်ပေါ် ခဲ့ သည်။
ပြည်ထောင် စုကြီး အပေါ် တွင် ကျရောက် သော သောင်းကျန်း မှု အန္တရာယ် ၌ ၀ါဒ စွဲ ပုဂ္ဂိုလ် စွဲများ ကြောင့် လက်နက် ကိုင် တပ်မတော် မှ အစိတ် အပိုင်း အချို့ တောခို သွားခဲ့ ကြ သည်။ ထိုသို့ တောခို သွားကြ သူများ အနက် ဗမာ့ ရေ တပ်မတော် မှ သင်္ဘော သား အများ အပြား လည်း ပါဝင် ခဲ့သည်။ တိုက် ရေယဉ် ၁၄၈၈၊ ဘီတူး၊ ဘီဖိုး စသော သင်္ဘော များ သည် ကွန်မြူနစ် များ စီးနင်း ၍ လည်းကောင်း၊ မြစ်တွင်း တိုက် ရေယဉ် စဘေး၊ တိုက် ရေယဉ် ၁၄၆၃၊ ယူဘီ ၁၀၈ စသော သင်္ဘော များ သည် ကေအင် ဒီအို သောင်းကျန်း မှု၌ လည်းကောင်း တောခို သွားခဲ့ ကြ သည်။ ၄င်း တောခို သွားကြ သော သင်္ဘော များ အနက် တစ်စင်း တလေ မျှပင် တပ်မတော် (ရေတပ်) လက်သို့ ပြန်လည် ရယူ နိုင်ခဲ့ ခြင်း မရှိ ခဲ့ပေ။ တိုက် ရေယဉ် ၁၂၇၂ တစ်စင်း သာလျှင် တပ် မတော် (ရေတပ်) သို့ ပြန်လည် ရောက်ရှိ ခဲ့ပေ သည်။
ကေအင် ဒီအို သောင်းကျန်း မှု ဒီရေ အမြင့် ဆုံး သော အချိန် ၌ အင်းစိန် တွင် ရဲဘော်ဖြူ များ သည် အစိုးရ တပ်နှင့် နားလည် မှု ယူ၍ ပူပေါင်း ခဲ့ကြ သည်။ ရဲဘော် ဖြူ များ ကိုလည်း အစိုးရ တပ်မတော် မှ လိုအပ် သော အကူ အညီ များ ပေးခဲ့ သည်။ ထိုသို့ ပူးပေါင်း ခြင်း အတွက် ရဲဘော် ဖြူ (ဗိုလ်အောင်နိုင်) တို့က တိုက် ရေယဉ် ၁၂၇၂ ကို တပ်မတော် (ရေတပ်) သို့ ပြန်လည် ပေးအပ် ခဲ့သည်။ တိုက် ရေယဉ် ကို ပြန်ပေး သည် ဆိုသော် လည်း ရေယဉ်ပေါ် တွင် ပါရှိ သမျှ သော လက်နက် ကြီးငယ် ဟူ သမျှ ကို တစ်ခု မကျန် ဖြုတ်ခွာ ယူပြီး မှ သင်္ဘော ခွံ ချည်းသာ ပြန်ပေး ခြင်း ဖြစ်၏။ တိုက် ရေယဉ် မှ ဖမ်းဆီး ထားသော ရေ တပ်သား များ ကိုမူ ဖမ်းဆီး ပြီး မကြာမီ ပင် ပြန်လည် လွှတ် လိုက်သည်။ တပ်သား မြင့်သိန်း တစ်ဦး ကိုသာ ရဲဘော် ဖြူ တို့ သိမ်းသွင်း နိုင်ခဲ့ ၍ နောင်သော အခါ ပြန်လည် လက်နက် ချရာ တွင် ပါဝင် ခဲ့သည်။
တိုက် ရေယဉ် ၁၂၇၂ သည် တပ်မတော် (ရေတပ်) သို့ ပြန်လည် ရောက်ရှိ ပြီးနောက် လက်နက် များ ပြန်လည် တပ်ဆင် ကာ ပြည်တွင်း သောင်းကျန်း မှု တိုက်ပွဲ များ ၌ ဆက်လက် ပါဝင် ခဲ့သည်။ ကျွန်တော် လည်း ဒုတိယ အကြိမ် တိုက် ရေယဉ် ၁၂၇၂ နှင့် ထပ်မံ တွေ့ဆုံ ရပြန် သည်။ တိုက် ရေယဉ် ၁၂၇၂ နှင့် ပြန်လည် တွေ့ဆုံ သည် နှင့် နာမည် ကျော် ထန်းတပင်၊ ညောင်တုံး ရေကြောင်း တိုက်ပွဲ ကြီး ကို ဆက်လက် ဆင်နွှဲ ရသည်။ ၁၉၄၉ ခုနှစ် မိုးနှောင်း ကာလ တွင်ပင် ဖြစ်၏။ အင်းစိန် မှ ဆုတ်ခွာ လာရသော ကေအင် ဒီအို တို့သည် ထန်း တပင်၊ ညောင်တုံး ခရိုင် အတွင်း ၌ နေရာ အနှံ့ တပ်စွဲ လျက် ရှိ၏။ ထို စခန်း များ ကို ခြေမှုန်း ရန် အတွက် ကြည်း တပ်မတော် သားများ ပါဝင် သော ကမ်းတက် တပ်ဖွဲ့ ၌ ဗမာ့ ရေ တပ်မတော် သင်္ဘော သားများ သည် တဖွဲဖွဲ ကျနေ ဆဲ ဖြစ်သည့် ၀သန် နှောင်းမိုး ၏ အရုဏ် တက်စ အချိန် တွင် အင်းစိန် မှ ထွက်ခွာ ခဲ့သည်။ မြစ်တွင်း တိုက် ရေယဉ် စဘန်း၊ တိုက် ရေယဉ် ၁၂၇၂ နှင့် တိုက် ရေယဉ် ၁၄၈၆ တို့ပင် ဖြစ် သည်။
ထန်းတပင် ရွာဝ ကတုတ် ကျင်းများ အတွင်း မှ ကေအင်ဒီအို တို့သည် ၂၀ - မီလီမီတာ ဟစ္စ ပါနို စက် အမြောက် ဖြင့် ဆီးကြို ပစ်ခတ် ကြသည်။ စဘန်း သင်္ဘော သည် ဟစ္စပါနို ကတုတ် ကျင်း ရှိမည် မှန်းဆရာ အရပ် သို့ ချီတက် လျက် ဘေးချင်း ယှဉ်ရပ် ကာ အော်လီကွန် စက် အမြောက် သုံးလက်၊ စက် သေနတ် ကလေး တစ် ဒါဇင် နီးပါး မျှသော ဘေး တိုက် ပစ်အား အားလုံး ကို သွန်ထည့် လိုက်သည်။ ကတုတ် ကျင်း အတွင်းမှ ဟစ္စပါနို ပစ် နေသော သောင်းကျန်း သူ နှစ်ဦး မှာ နေရာ တွင်ပင် အတုန်း အရုန်း ကျ သွားပြီး ဟစ္စပါနို စက် အမြောက် ကြီး ကို သိမ်းပိုက် ရရှိ လိုက်သည်။ သို့သော် ဟစ္စပါနို စက် အမြောက် မှ ကျည် တစ်ချက် သည် စဘန်း သင်္ဘော ပေါ်မှ တပ်သား ကြည်ညွန့် ကို ကျဆုံး စေခဲ့ သေး လေသည်။
ရန်သူ အထူး အားကိုး နေသော ဟစ္စပါနို စက် အမြောက်ကြီး ကို သိမ်းပိုက် ရရှိပြီး သော အခါ တိုက် ရေယဉ် များ ၏ ချေမှုန်း အား ကို အကာ အကွယ် ယူလျက် ကြည်း တပ်သား များ ကမ်းတက် တိုက်ပွဲ ဆင်နွှဲ ကြ သည်။ သင်္ဘော ဦးမှ လွှား ကနဲ ခုန်ချကာ အဆက် မပြတ် ပစ်ခတ် ရင်း ကမ်းခြေ တွင် ခြေကုတ် ရယူ ရန် ကြိုးပမ်း သည့် တိုက်ပွဲ အတွင်း ၌ ရေစပ် နှင့် သောင်ပြင် တွင် တပ်မတော် သားများ အထိနာ စွာ ကျဆုံး ခဲ့ ရသည်။ တစ် နာရီ နီးပါး မျှ အပြင်း အထန် တိုက်ယူ ရသည် တွင် ကမ်းခြေ ၌ အခြေ စွဲ မိသည်။ သင်္ဘော တစ်စင်း ပြီး တစ်စင်း ဆိုက်ကပ် လျက် တပ်မတော် သားများ ဆင်း ကြကာ အတွင်း ပိုင်း သို့ ဆက်လက် တိုက်ခိုက် ကြ သည်။ ထန်းတပင် ကမ်းခြေ ကို ရယူ မိပြီး ဖြစ်သည့် အလျောက် တိုက် ရေယဉ် များမှ ပစ်ခတ် မှု ကိုလည်း ရပ်စဲ လိုက်သည်။ အတွင်း ပိုင်း ဆီမှ ပစ်ခတ် နေကြသော စက် သေနတ် သံများ၊ မော်တာ သံများ မှာ မိနစ် မလပ် ကြားနေ ကြ ရ သည်။
ကမ်းခြေ တွင် တိုက်ပွဲ စဲ သွားပြီ ဖြစ် သဖြင့် မြစ်တွင်း ၌ ခုတ်မောင်း နေသော တိုက်ရေယဉ် ၁၂၇၂ သည် ထန်းတပင် တဖက် ကမ်း ရွှေ လှေကြီး ဘက် သို့ ဦးတည် ခဲ့သည်။ ရွှေလှေကြီး တောစပ် တနေရာ တွင် မင်္သကာ ဘွယ်ရာ သော အလံ တစ်ခု တလူလူ လွင့် နေသည် ကို တွေ့မြင် ရသော ကြောင့် တည်း။ မိုင်ဝက် နီးပါး မျှ ချဉ်းကပ် မိသော အခါ တလူလူ လွင့်နေသော အလံ မှာ ကေအင်ဒီအို တို့၏ ဖားစည် အလံ ဖြစ်ကြောင်း မှန်ပြောင်း တွင် ပြတ်သား စွာ တွေ့မြင် ရသည်။ တွေ့မြင် ရသည် နှင့် မရှေး မနှောင်း ပင် ကမ်းခြေ တောစပ် မှ ဒလစပ် ပစ်ခတ် လိုက်သော စက် သေနတ် သံ များ ထွက်ပေါ် လာ သည်။ တိုက် ရေယဉ် ၁၂၇၂ တလျှောက် လုံး ၌ သေနတ် ကျည်ဆံ များ သည် ပလူပျံ သကဲ့ သို့ ဖြစ် သွားသည်။ မှန် တံခါး များ မှာ အစိတ်စိတ် ကွဲသွား သည်။ ထင်းရူး သား ၀မ်းပိုက် တလျှောက် ကျည်ဆန် ပေါက် များ ဖြစ်သွား သည်။ သံမဏိ ကျည်ကာ ပြား များမှာ ဘေးသား များ ကွာလျက် ကျောက်ပေါက် မာ သဖွယ် ဖြစ်သွား သည်။ တိုက် ရေယဉ် ၁၂၇၂ သည် ဦးပိုင်း မှ စက် အမြောက် ဖြင့် ဦးစွာ ပစ်ခွင်း ပြီး မှ တက်မ ကို ၀ဲဘက် သို့ တအား လှည့်ကာ အရှိန် ဖြင့် တိမ်းစောင်း အကွေ့ တွင် ပဲ့ပိုင်း စက် အမြောက် ကြီး ပါ စတင် ပစ်ခတ် ပါသည်။
သင်္ဘော တစ်ပတ် လှည့်မိ သော အခါ ရန်သူ ရှိရာ ကမ်းခြေ မှာ ပဲ့ပိုင်း တွင် ရှိသည့် အလျောက် ပဲ့ပိုင်း စက် အမြောက်ကြီး သာ လျှင် ပစ်ကွင်း ရ နေ သည်။ စက် အမြောက် ပစ်သူ အမှတ် ၁ မှာ တပ်ကြပ် စံရွှေမောင် ဆိုသူ ဖြစ်၍ အမှတ် ၂ မှာ တပ်သား မောင်မောင်ကြီး ဖြစ်သည်။ တရွှီရွှီ ဖြတ်သန်း သွား နေသော ရန်သူ့ ကျည်ဆံ အောက်တွင် တဒိုင်းဒိုင်း ပြန်ပစ် နေသည့် စက် အမြောက် ကြီး မှာ ရုတ်တရက် ရပ်သွား သည်။ အတန် ကြာသည့် တိုင်အောင် လည်း စက် အမြောက်ကြီး အသံ ထွက် ပေါ် မလာ။ သင်္ဘော စက်မကြီး ကိုသာ ခုတ်မောင်း ရင်း ရန်သူ့ ကျည်အောက် မှ ထွက်လျက် ရန်သူ လက်လှမ်း မမီ ရာ သို့ ရောက်သည့် အခါ တွင်မှ ပဲ့ပိုင်း စက် အမြောက်ကြီး ဆီ သို့ ကြည့် လိုက်ရာ စက် အမြောက်ကြီး မှာ ပြောင်းဝ ကောင်းကင် သို့ မျှော်လျက် ရဲဘော် များ လည်း တစ်ဦး မှ မရှိသည် ကို တွေ့ရ သည်။ အမှတ် ၂ သေနတ် သမား ကိုမူ တစ်နေရာ တွင် ဒဏ်ရာ နှင့် တွေ့ရ သည်။ အမှတ် ၁ သေနတ် သမား စံရွှေမောင် ကိုမူ မတွေ့ ရတော့ ချေ။ ပဲ့ပိုင်း ကုန်းပတ် တွင် ကြဲ ပြန့် နေသော ဦးခွံ စ များ နှင့် သွေးကွက်ကြီး ကို သာလျှင် တွေ့ရ သည်။ တပ်ကြပ် စံရွှေမောင် သည် ရန်သူ အား ရဲရင့် စွာ ပြန်လှန် ခုခံ နေဆဲ ရန်သူ့ ကျည်ဆံ ဦးခေါင်း တွင် ထိမှန် ခံရပြီး နောက် မြစ်တွင်း သို့ ကျသွား ပေတော့ သည်။ ပဲ့ပိုင်း စက် အမြောက် ကြီး လည်း ထိုနေ့ တိုက်ပွဲ တွင် ဆက်လက် အသုံး မပြု နိုင်အောင် ချွတ်ယွင်း သွား သည်။
ထန်းတပင် ဘက်သို့ ပြန်ရောက် သော အခါ စောစော က ဟစ္စပါနို စက် အမြောက် ဖြင့် ခုခံသော ကတုတ် ကျင်း၏ အောက် ဘက် ကိုက် - ၅၀၀ ကျော်ခန့် အကွာ တွင် လယ်တဲ ကလေး တစ်ခု ကို သတိပြု မိ သည်။ လယ်တဲ ကလေး ကို မှန်ပြောင်း ဖြင့် သေချာ စွာ ကြည့်သော အခါ အတွင်း ဘက် ၌ စစ် ဖိနပ်၊ သံ ခမောက် စသော စစ်သုံး ပစ္စည်း ပုံ သဏ္ဍန် များ ကို တွေ့ ရ၏။ တိုက် ရေယဉ် ၁၂၇၂ မှ အရာရှိ နှင့် ရဲဘော် များမှာ တိုက်ပွဲ အမျိုးမျိုး တိုးခဲ့ ကြ ဖူးသူများ သာ ဖြစ်ခြင်း ကြောင့် ရန်သူ ကို အမှု မထား တတ်ကြ ချေ။ မိနစ်ပိုင်း အတွင်း ကပင် မိမိ တို့ သင်္ဘော ပေါ်မှ ရဲဘော် တစ်ဦး ကျဆုံး သွားခဲ့ခြင်း ကိုပင် အကြောင်း ပြုလျက် ရန်သူ ကို လက်စား ချေရန် သာ စိတ်စော နေကြ သည်။
မြင်ရသော တဲ ဆီသို့ သင်္ဘော ဦး ထိုးဆိုက် လိုက်သော အခါ ကမ်းခြေ တဲ ပတ်ဝန်း ကျင် တွင် အဖျား သင်း ထားသော ၀ါးညှောင့် များ ခြေချစရာ မရှိအောင် စိုက်ထား သည်ကို တွေ့ရ သည်။ တိုက် ရေယဉ် ၏ ချွန်ထက် သော ဦးသည် ရေးရေး မျှသာ မြင်ရသော လယ်ကန် သင်းရိုး ကလေး တခု ရှိရာ တွင် ထိုးကပ် လိုက် သည်။ ဦးပိုင်း တွင် အသင့် ရှိ နေကြ သော ရဲဘော် သုံးလေးဦး က ညှောင့်များ နှင့် လွတ်ရာ ကန်သင်းရိုး ပေါ်သို့ ခုန်ချ လိုက်ကြ သည်။ တဲ ဆီသို့ လျှောက် အသွား လေး ငါးလှမ်း မျှ အရောက် တွင်ပင် ကန်သင်ရိုး ၌ ကပ်ဝပ် နေသော သောင်းကျန်း သူ တစ်ဦး မှာ ဆက်လက် ပုန်းကွယ် နေရန် မဖြစ် တော့သည့် အလျောက် ပုန်းကွယ် ရာ မှ ၀ုန်းကနဲ ထကာ တဖက် ရှိ ရိုးကလေး ဘက်သို့ ပြေးသွား သည်။ ရှေ့ဆုံး မှ တက် သွားသည့် ရဲဘော် မှာ လည်း အံ့အား သင့်ကာ ကြောင်လျက် ကြည့်နေ ဆဲ တဖက် ရိုး ဆီမှ သေနတ် သံများ ထွက်ပေါ် လာသည်။ ပုန်း ရာမှ ထပြေး သော သောင်းကျန်း သူ မှာ စွပ်ကျယ် လက်ပြတ် အင်းကျီ စိမ်း သာ ၀တ်ထား လျက် အောက်ပိုင်း တွင် ဗလာ ကျင်း နေကာ ရိုင်ဖယ် ကို ကိုင်လျက် ပြေး နေသည်။ ရိုး ဆီမှ သူ၏ အဖော် များက သူ ဆုတ်သာ အောင် ကူပစ် ပေးနေ ကြခြင်း ဖြစ်သည်။ ရဲဘော် များမှာ တွေ့မြင် နေရသော ရန်သူ ကိုသာ မဲပစ် နေကြ ရာ ရိုး နောက်ကွယ် မှ ပစ် လိုက်သော ကျည်ဆန် တစ်တောင့် သည် ဦးပိုင်း သေနတ် ပစ် သမား လှကြည် ၏ ပေါင်ရင်း ကို ဖောက်ထွက် သွားပြန် သည်။
ကမ်း ခြေ တွင် နေရာ ယူ မဖြစ်အောင် စိုက် ထားသော ညှောင့် များ ကြောင့် ကမ်းပေါ် ရောက် နေသော ရဲဘော် များ လည်း သင်္ဘော ဆီ သို့ အနိုင်နိုင် ဆုတ်လာ ခဲ့ ရသည်။ သင်္ဘော ထက် ရောက် ခါမှ စောစော က ရိုးကလေး ဆီသို့ စက် အမြောက် ကြီး ဖြင့် အဆက် မပြတ် ပစ်သွင်း ရတော့ ၏။ ရိုး နောက်ကွယ် တွင် ခိုအောင်း နေသော ကေအင်ဒီအို များမှာ ထွက်ပေါက် မရှိ ဖြစ်နေ သည့် အတွက် ကျားနာ ခဲ ပြန်ခဲ ရင်း ခုခံ ကြသည်။ နောက် တနေ့ နံနက် ကျမှပင် ထို နေရာ မှ ကေအင် ဒီအို တို့ကို အပြီး အစီး ရှင်းလင်း မိသည်။
ထို တိုက်ပွဲတွင် ဆက်တိုက် ထိခဲ့လျက် ပါရှိ သော ခဲယမ်း မီးကျောက် များ လည်း ကုန်လုပြီ ဖြစ်သည့် အလျောက် တိုက် ရေယဉ် ၁၂၇၂ သည် ထိုနေ့ ညနေ တွင် ပင် ရန်ကုန် ဆိပ်ကမ်း သို့ ပြန်လာ ခဲ့ သည်။ ဆီ၊ ရေ၊ ရိက္ခာ၊ လက်နက်၊ ခဲယမ်း မီးကျောက် များ ဖြည့်တင်း ပြီးသော အခါ တိုက် ရေယဉ် ၁၂၇၂ သည် ဘောလယ် ကျွန်း၊ ညောင်တုန်း စသော ဒေသ များ ရှိ သောင်းကျန်း သူများ ကို ဆက်လက် ရင်ဆိုင် ရန် အတွက် ပြန်လည် ထွက်ခွာ ခဲ့ပြန် သည်။
၇၅-ပေ မျှသာ ရှည်လျား သော ဤ ရေယဉ်ငယ် ထက်ဝယ် ၁၅ ဦး မျှသော အရာရှိ နှင့် ရဲဘော် တို့သည် တဦး အသက် ကို တဦး လက်ဝယ် ယုံကြည် စွာ ၀ကွက် အပ်နှံ ရင်း ရာသီ ဥတု မရွေး လှိုင်းကြား လေကြား ၌ နေ့ည မရှောင် ခုတ်မောင်း ရင်း ပြည်တွင်း သောင်းကျန်း မှု ရာဇ၀င် တလျှောက် တိုက် ခဲ့ကြ သည့် တိုက် ရေယဉ် ၁၂၇၂ တွင် ရဲဘော် အောင်သန်း၊ တပ်ကြပ် စောဝယ် လယ်တန်၊ တပ်ကြပ် စံရွှေမောင် စသူ တို့ကဲ့သို့ပင် ဒဏ်ရာ ရ သူ ကျဆုံး သူ များစွာ ရှိခဲ့ သည်။ သင်္ဘော တစင်း မှ တစင်း သို့ ပြောင်းရွှေ့ သွား သူများ အဆက် ဆက် ပြောင်းလဲ သွားသော စစ်ရေယဉ် မှူးများ လည်း ရှိခဲ့ သည်။ သို့သော် ၇၅-ပေ ရှည်လျား သော သွယ်တန်း ပေါ့ပါး ၀င့်ကြွား သည့် အချိုး ရှိသည့် တိုက် ရေယဉ် ၁၂၇၂ သာလျှင် ပြည်တွင်း သောင်းကျန်းမှု ၏ ဘေး ဒုက္ခ အစုံ ဥဿုံ ကို မညည်း မညူ တာဝန် ကျေပွန် စွာ အစဉ် တစိုက် ထမ်းဆောင် သွားခဲ့ သည်။
ရာသီ ဥတု မရွေး ခွင့်ပေးရက် မရှိ၊ မအား မလပ် တာဝန် ထမ်းဆောင် ခဲ့သော တိုက်ရေယဉ် မှာ ဇရာ ဒုဗ္ဗလ ဖိစီး လာသည့် အလား သစ်သား များ ဆွေးမြေ့ ခြင်း၊ စက်ကြီး များ ချွတ်ယွင်း ခြင်း စသည့် သင်္ခါရ သဘော တရား များ ဖြစ်ပေါ် လာသည် ၏ အဆုံး ၌ တိုက်ပွဲ များမှ အပြီး အပိုင် ဖဲခွာ ပြီးနောက် ပုဇွန် တောင်ချောင်း အတွင်း ချောင်း လက်တက် တစ်ခု ရေ အထက် ၀ယ် ကမ်းခြေ သို့ နောက်ဆုံး ဆွဲတင် ခြင်း ခံသွား ရရှာ တော့သည်။ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် စတင် တွေ့ဆုံ ပြီး ၁၀ - နှစ်ကျော် မျှသော ကာလ တစ်နေ့ တွင် တိုက် ရေယဉ် ၁၂၇၂ ကို အမှတ် မထင် ကျွန်တော် တွေ့သည့် အခါ ကျွန်တော့် ရင်ဝယ် ဆို့နင့်စွာ ခံစား ရ သည်။ နှစ်ပေါင်း များစွာ အတူ တကွ အသက် ပေး အမှု ထမ်းဆောင် ခဲ့ကြ သော ရဲဘော် ဟောင်းကြီး တစ်ဦး အား လျစ်လျှူ ရှုထား သည့် အဖြစ် မျိုး ကို ဆင်ခြင် မိသည်။
တစ်ချိန် က ရွက်တိုင် ထိပ်ဝယ် တလူလူ ပျံ့လွင့် နေသော ရေ တပ်မတော် ၏ အလံတော် သည် တင့်တယ် ၀င့်ကြွား စွာ ပျံ့လွင့် ခြင်း မရှိ တော့။ ရွက်တိုင် ထိပ်ဖျား ၌ ကျီး တဖုတ်ဖုတ် နားနေ လေပြီ။ ရွက်တိုင် ဆိုင်းကြိုး များ လည်း ဆွေးမြေ့ ကာ အပိုင်းပိုင်း ပြတ်လျှက် ကုန်းပတ် နှင့် ၀မ်းပြင် တွင် ရက်စက် စွာ ထိုးခွာ ထား သော ပျဉ်းပြား ဆွေး တို့က လည်း သူ ခံစား နေရသော ဒဏ်ရာ များကို လှစ်ပြ သည့် ပမာ စိတ် မချမ်းသာ စရာ ကွဲအက် ပျက်စီး နေသည် ကို တွေ့ရ သည်။ ဖြူဖြူဖွေး သည့် သင်္ဘော ဆေး လည်း စုတ် တချက် ရာမျှ မရှိ တော့။ အလှ အပ ၀င့်ကြွား မှု မှန်သမျှ ကုန်ဆုံး ပျက်သုဉ်း ခဲ့လေ ပြီ။ တစ်ချိန် က ရေလှိုင်း တဖွေးဖွေး ထအောင် တမော့မော့ ခုတ်မောင်း ခဲ့သော သင်္ဘော ဦး သည်ပင် ရာဇ တိုင် ကျိုးလျက် ညွတ်ကျိုး ခဲ့ချေ ပြီ။ တိုက် ရေယဉ် ၁၂၇၂ နောက်ဆုံး လဲလျောင်း ရာ ချောင်း လက်တက် ၏ ထိပ်တွင် တည် ရှိသော တပ်မတော် (ရေ) ၏ မာရာ ရိဇယ ရန်မျိုးအောင် သိမ်တော် သည် တိုက် ရေယဉ် ၁၂၇၂ ၏ အဖြစ် ကို သင်္ခါရ တရား ၀င်စား စွာ ကသိုဏ်း ရှုကြည့် သည့် အလား တည်ငြိမ် စွာ ရှိနေ သည်။ အသက် ၀ိညာဉ် ကင်းမဲ့ သော တိုက် ရေယဉ် ၁၂၇၂ ၏ ရုပ်ကြွင်း သည် ၀င် လုဆဲ နေခြည် အောက်ဝယ် မာရာ ရိဇယ ရန်မျိုးအောင် သိမ်တော် ကို ဦးခိုက် လဲလျောင်း လျက် ရှိ ပေတော့ သတည်း။

ဗိုလ်ဘသော် (ရေတပ်) (၁၉၆၃ ခုနှစ် ဇူလိုင်လ ထုတ် မြ၀တီ မဂ္ဂဇင်း မှ)
No comments:
Post a Comment