Popular Posts

Thursday, December 11, 2014

သမိုင်းဝင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ


ဗကပ တို့ သည် အကြိမ်ကြိမ် သေဖူး သည့် တိုင် ပျဉ်ဖိုး ကို နားမလည် နိုင်ပဲ ရှိခဲ့ ကြ သည်။ သံလွင် အရှေ့ ခြမ်း လွှမ်းမိုး နိုင် ရေး မူဝါဒ နှင့် မဟာ ဗျူဟာ အား မစွန့် လွှတ်နိုင် ခဲ့ ကြ ပေ။ ထို့ကြောင့် လည်း ကွမ်းလုံ အရှေ့ ခြမ်း ရှိ ဟိုပန် ဒေသ စိုးမိုး သိမ်းပိုက် ရေး ကို အဆုံး အဖြတ် တိုက်ပွဲ ကြီး တစ်ပွဲ အဖြစ် ဖန်တီး ကာ အခြေခံ နယ်မြေ တည်ဆောက် နိုင်ရေး အတွက် မီးကုန် ယမ်းကုန် ကြိုးပမ်း လာခဲ့ ပြန်သည်။ ထို တိုက်ပွဲ များ တွင် ခြူးရွှေ ပန်ကောက် တိုက်ပွဲ များ အပါ အ၀င် ဖြစ်ပြီး အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ် နယ် မြေ တွင် ၁၉၇၇ အောက်တိုဘာ လ ၃ ရက် နေ့ မှ ၃၁ ရက် နေ့ အထိ ဆင်နွှဲ တိုက်ခိုက် ခဲ့ ကြ ရသည်။ ၄င်း တိုက်ပွဲ များ သည် တပ်မတော် သမိုင်း တွင် မော်ကွန်း ထိုးရ သည် တိုက်ပွဲ များ ဖြစ်လာ သကဲ့သို့ ဗကပ တို့ ၏ မဟာ ဗျူဟာ ရည်မှန်း ချက် တာဝန် များ အား အပိုင်းပိုင်း ရိုက်ချိုး လိုက်နိုင် သော တိုက်ပွဲ များ ပင် ဖြစ်သည်။ ထို တိုက်ပွဲ များ ပါဝင်သော စစ်ဆင် ရေး ၏ အမည် ကား ရဲမင်းအောင် စစ်ဆင် ရေး ဟူ သတည်း။

Sunday, December 7, 2014

ဤ တပ်ရင်း


နိဒါန်း

၁။ အမှတ် (၄) ခြေလျင် တပ်ရင်း ၏ အကျဉ်းချုပ် ရာဇ၀င် ကို အပိုင်း နှစ်ပိုင်း ခွဲဝေ ပြီး ဖေါ်ပြ ခြင်း ဖြစ် ပါ သည်။ ပဋ္ဌမ အပိုင်း မှာ အင်္ဂလိပ် ခေတ် တွင် ဖြစ်၍ ဒုတိယ အပိုင်း မှာ လွတ်လပ်ရေး ရရှိပြီး ပြည်ထောင် စု မြန်မာ နိုင်ငံတော် အစိုးရ လက်ထက် သို့ ရောက်ရှိ သည့် အချိန်မှ စ၍ ဖြစ် ပါသည်။

အင်္ဂလိပ် ခေတ်

၂။ ၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီ လ လောက် တွင် မြန်မာ ပြည် ကို ဂျပန် တပ်များ တိုက်ခိုက် ၀င်စီး ရာ မြန် မာ ပြည်တွင် တပ်စွဲ နေသော ဗမာ့ တပ်မတော် (အဟောင်း) သည် ဆုတ်စစ် တိုက်ခိုက် လျှက် အိန္ဒိယ ပြည် သို့ ဆုတ်ခွာ သွားခဲ့ ပါသည်။ အိန္ဒိယ ပြည် သို့ ရောက်ရှိ သော အခါ ဟိုရှာ ပူ မြို့ တွင် ပြန် လည် ဖွဲ့စည်း ရန် စုထား ခဲ့ပါ သည်။ ဤ ကဲ့သို့ ပြန်လည် ဖွဲ့စည်းရာ နယ်ခြား စောင့် တပ် (ပျော်ဘွယ်) မှ လူများ အား စုယူပြီး အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ဖွဲ့ စည်း လိုက် ပါသည်။

ဟိုရှာပူ လေ့ကျင့်ရေး များ

၃။ Frontier Force Pyawbwe ကို အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ပြန်လည် ဖွဲ့စည်း ပြီးစီးသော အခါ တပ်ရင်း တိုက်ခိုက် ရေး လေ့ကျင့် ရေး များ ပြည့်စုံ စွာ ပြုလုပ် ခဲ့ ပါသည်။ ထို့နောက် အခြား တပ်များ နှင့် ပူးပေါင်း ပြီး တပ်မဟာ တိုက်ခိုက် ရေး လေ့ကျင့် ရေး များကို လည်း ပြုလုပ် ခဲ့ ပါသည်။

၎။ ၁၉၄၃ ခုနှစ် မတ်လ တွင် တပ်ခွဲ တခွဲ ကို အထူး တပ်ခွဲ အဖြစ် ဖွဲ့စည်း ပြီး ရခိုင် စစ်မျက်နှာ သို့ တာဝန် ထမ်းဆောင် ရန် ပို့ပေး ရသည်။ ၄င်း တပ်ခွဲ သည် အမှတ် (၄) တပ်မ ကြီး လက်အောက် တွင် နေခဲ့ ပြီး တာဝန် ထမ်းဆောင် ရာ နာမည် ကောင်း များ ကိုလည်း ရရှိ ခဲ့ပါသည်။ သူရ သတ္တိ ဘွဲ့များ ရရှိ သည် မှာ Military Cross (MC) (၁) ခု နှင့် Burma Gallantary Medal (BGM) (၂) ခု ဖြစ် ပါသည်။ ၁၉၄၃ ခုနှစ် ဇွန် လ တွင် ပန်ချာပီ လူမျိုး တို့အား အမှတ် (၄) ခြေလျင် တပ်ရင်း မှ အခြား တပ်သို့ ပြောင်းရွှေ့ ပေးရာ ဤ တပ်ရင်း တွင် ဂေါ်ရခါး လူမျိုး များ သာ ကျန် ပါတော့ သည်။

ကချင် ပြည်နယ် တွင် တိုက်ခိုက်မှု

၅။ ၁၉၄၃ ခုနှစ် နိုဝင်ဘာ လ (၁၅) ရက်နေ့ တွင် အမှတ် (၄) ခြေလျင် တပ်ရင်း သည် ဟိုရှာပူ မြို့မှ ကချင် ပြည်နယ် သို့ ထွက်ခွာ သွား၍ ဒီဇင်ဘာ လ တွင် ပူတာအို မြို့ သို့ ရောက်ရှိ ခဲ့ ပါသည်။ ဒီဇင်ဘာ လ အလယ် လောက်တွင် ဆွန်ပရာ ဘွမ် ဒေသ တွင် ဂျပန် တပ်များ နှင့် တိုက်ခိုက် ခဲ့ပြီး ဂျပန် တပ်များ ကို မောင်းထုတ် နိုင်ခဲ့ ပါသည်။ အထိ အခိုက် များပြား သော်လည်း စိတ်ဓါတ် မှာ အလွန် ကောင်း ပါသည်။ မိမိ ဘက်မှ ကျဆုံး သူများ မှာ အရာရှိ (၂) ဦး၊ ဂျီစီအို (၂) ဦး နှင့် အခြား ရဲဘော် များ ဖြစ် ပါသည်။ ဂျပန် တပ်များ အထိ အခိုက် ဒဏ်ရာ ရသူ အဆ မတန် များပြား ခဲ့သည်။ ဤ တိုက်ပွဲ တွင် ရရှိ ခဲ့သော သူရ သတ္တိ ဘွဲ့ များ မှာ Military Cross Bar (MC Bar) (၁) ခု၊ MC (၅) ခု၊ BGM (၁၆) ခု၊ စစ်မှုထမ်း မှတ်တမ်း ၀င် (၈) ခု၊ သူရဲကောင်း လက်မှတ် (၁၂) ခု နှင့် ချီးကြူး ခံရခြင်း လက်မှတ် (၁၀) ခု ဖြစ်သည်။

မြစ်ကြီးနား မြို့ကို သိမ်းပြီး သော အခါ ဤ တပ်ရင်း ၏ အင်အား သည် ဖျားနာ ခြင်း နှင့် အထိ အခိုက် ဒဏ်ရာ များ ကြောင့် အလွန် ပင် လျော့နည်း သွား ပါသည်။ ဤ ကဲ့သို့ ဖြစ်ရာ အမှတ် (၄) ခြေလျင် တပ်ရင်း ကို အနား ပေးရန် နှင့် ပြန်လည် ဖွဲ့စည်း ပေးရန် ဟိုရှာပူ မြို့သို့ ၁၉၄၄ ခုနှစ် စက်တင်ဘာ လ တွင် ပြန်လည် ပို့ပေး ရ ပါသည်။

Saturday, December 6, 2014

မိုင်းယန်း တိုက်ပွဲ


နိဒါန်း

၁၉၈၆ ခုနှစ် စီစီဝမ် တာပန် တိုက်ပွဲ ကြီး ပြီးသွား တော့ ဗကပ များ ဖွတ်ကျော ပြာစု ခရု ဆန် ကျွတ် ဖြစ်သွား သည်။ သူတို့ အကို တော် ပေါက်ဖော် ပါတီ မှ အကူ ညီ များ ဖြတ်တောက် လိုက် သဖြင့် စစ်ရေး အစွမ်း ပြမည် ဟု ကြုံးဝါး ကာ စီစီဝမ် တာပန် ကို ထတိုက် လိုက်ရာ အမြတ်မ ရ ပဲ ကြူကုတ် ၊ ပန်ဆိုင်း ၊ မန်ဟီးရိုး ကွမ်ဟိုင်း ၊ နောင်မ စသည့် သူတို့ ၏ အရေး ပါ သော အခြေခံ ဒေသ များ ပါ ဆုံးရှုံး သွား သဖြင့် အရင်း ထဲ က ပါသွား တော့ သည်။ စီစီဝမ် တာပန် တိုက်ပွဲ ကို ဦးဆောင် ခဲ့သော ရဲဘော် အောင် ( ခေါ် ) အသား မည်း မျိုးမြင့် လည်း အမြီး ကုတ် ကာ တချိုး တည်း ပြေးရ တော့ သည်။ ဗကပ ဗဟို သည် အခြေ အနေ မ ကောင်း သဖြင့် ဗျူရို များ နှင့် တပ်မ များ ကို ဖျက်သိမ်း ပြီး အဖွဲ့ ငယ်များ ဖွဲ့ ကာ နည်းနည်း နှင့် ကြဲကြဲ ၀ိုင်းနိုင်ရန် အားထုတ် တော့ သည်။ လက်ကား မတတ် နိုင်တော့ ၍ လက်လီ စိတ်ပြီး ရပ်တည် နိုင်ရန် ကြိုးစား တော့ သည်။ ထိုသို့ ကြိုးစား ရင်း အခြေအနေ ကောင်း ကို စောင့်နေခဲ့ ကြ သည်။

၁၉၈၈ မတ်လ ၁၂ ရက်နေ့ တွင် ကျောင်းသား မောင်ဖုန်းမော် သေဆုံး ရမှု နှင့် ပတ်သတ် ၍ ရန်ကုန် မြို့ ၌ ကျောင်းသား အရေး အခင်း စတင် ခဲ့သည်။ ဗကပ မြောက်ပိုင်း ဗျူရို မှ ရဲဘော် ထွန်း ( ခေါ် ) ဗိုလ်ကျင်မောင် သည် ရန်ကုန် ၊ မန္တလေး အပါ အ၀င် နိုင်ငံ အနှံ့ မြို့ကြီး များ ၌ Under Ground ခေါ် မြေအောက် UG လုပ်ငန်း များ တာဝန်ခံ ဖြစ် သည်။ သူသည် မြို့ပြ များ ၌ ဗကပ UG များ စေလွှတ် ပြီး အခွင့် အရေး ရ သည် နှင့် ဆူပူ မှု များ ဖြစ်ပွား စေရန် UG များ ကို ဖွဲ့စည်း ညွှန်ကြား လျက် ရှိသည်။ ထို့ နောက် ဆူပူ သူ ကျောင်းသား များ အား တော်လှန် သော သူရဲ ကောင်း များ အဖြစ် ဗကပ အသံ မှ ကြေငြာ ချက် အမျိုးမျိုး ထုတ် လွှင့် ပြီး ဆူပူ မှု ကြီးထွား သထက် ကြီးထွား လာအောင် လှုံ့ဆော် တော့ သည်။ ထို့ အပြင် လက်နက် ကိုင် တိုက်ပွဲ များ တချိန် တည်း တပြိုင်တည်း လုပ်ဆောင် နိုင်ရန် အတွက် တပ်များ စုစည်း ခြင်း ၊ လက်နက် ခဲယမ်း များ စုစည်း ခြင်း တို့ ကို ပြင်ဆင် လုပ်ဆောင် လာခဲ့ ကြသည်။

သို့ရာ တွင် ၁၉၈၈ စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် တပ်မတော် မှ နိုင်ငံတော် အာဏာ ကို ရယူ ထိမ်းသိမ်း လိုက်ပြီး ဆူပူ အကြမ်းဖက် သတ်ဖြတ် မှု များ အား ထိန်းသိမ်း လိုက်သော အခါ ဗကပ ဥက္ကဌ သခင် ဘသိန်းတင် က " ဒီမိုကရေစီ ဆိတ်သုဉ်း သွား ပြီ ရရာ လက်နက် စွဲ ကိုင် ပြီး စစ်အစိုးရ ကို တော်လှန် ကြ " ၊ " လောက တလွှား ဥက္ကဌ မော် တရား နဲ့ လက်နက် နဲ့ အာဏာ သိမ်း ယူကြ " ဟူ သော အသံလွှင့် ချက် များ ကို ထုတ်လွှင့် တော့သည်။ ထို့နောက် ဗဟို စစ်ကော် မရှင် အား မိုင်းယန်း ဒေသ အား တိုက်ခိုက် ရန် အမိန့် ပေး လိုက်တော့ သည်။ သို့ ဖြင့် ၁၉၈၈ စက်တင် ဘာ ၂၃ ရက် နံနက် တွင် လူ အင်အား ၂၀၀၀ ကျော်ဖြင့် မိုင်းယန်း ကို ၀င်ရောက် တိုက်ခိုက် ရာ မှာ သမိုင်းဝင် မိုင်းယန်း တိုက်ပွဲ ကြီးစတင် ဖြစ်ပွား တော့ သည်။

Wednesday, December 3, 2014

စီးဆင်း နေသော ဧရာဝတီ


စစ် ဆေးရုံ ကားဂိတ် သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန် တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာ ရှိသေး သည်။ လူနာ တွေ့ ချိန် သည် ညနေ ၄ နာရီ မှ ၆ နာရီ အထိ ဖြစ်၍ ၁၅ မိနစ် စောင့် ရပေဦး မည်။ အမှတ် (၂) ဂိတ် ပေါက်ဝ ရှိ အုတ် ခုံတန်း ပေါ်တွင် ထိုင်ရင်း ထောက်ကြန့် ကား ဂိတ် က ဝယ် လာ ခဲ့သည့် ၃၅ ပြား တန် ဒူးယား စီးကရက် တစ်လိပ် ကို အင်္ကျီအိတ် ကပ် အတွင်း မှ ဆွဲထုတ် လိုက် သည်။ မီး ညှိရန် အတွက် ဘေး ဘယ်၊ ညာသို့ လှမ်း ကြည့် လိုက်သည် တွင် အုတ်ခုံ အစွန်း ၌ ဆေးလိပ် ထိုင်သောက် နေသည့် ဦးကြီး တစ်ဦး ကို တွေ့၍ အနီး သို့ တိုးကပ် လိုက် မိသည်။

"ဦးလေး ... မီး တစ်တို့ လောက် နော်" ဦးလေး ကြီး ကမ်းပေး သည့် မီး တရဲရဲ နှင့် ဆေးလိပ် ကို လှမ်း ယူကာ မီး ညှိရင်း ဦးလေးကြီး ကို အကဲခတ် သလို ကျွန်တော် ကြည့် လိုက်မိ သည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင် နှင့် ခေါင်းတုံး ဆံတောက် ကို တိုတို ညှပ်ထား သည်။ ဦးလေးကြီး ၏ ပုံ သဏ္ဌာန် ကို မြင် လိုက် ကတည်း က စစ်သည် ဟောင်းကြီး တစ်ဦး ဖြစ်ကြောင်း ကျွန်တော် အကဲ ခတ် မိသည်။ သေသပ် စွာ ဝတ် ဆင် ထား သည့် ပင်နီ တိုက်ပုံ ၏ ညာဘက် အိတ် ကပ် ထက်တွင် တပ်ဆင် ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင် ခြယ် ကတ္တီ ပါ အတုံး ကလေး ထက်မှ တဖျပ်ဖျပ် တောက် နေ သည့် ငွေ ကြယ်ဖြူ ကလေး သုံးပွင့် ကို လှမ်း၍ မြင်လိုက် ရသည် နှင့် ထိုဦးလေး ကြီး ကို ကျွန်တော် စိတ် ဝင်စား သွားမိ သည်။

Tuesday, December 2, 2014

မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၂ )


၁၉၉၅ ခုနှစ် ဧပြီလ ၁၉ ရက်မှ စ၍ တပ်မတော် က တရုတ်ဖြူ တို့ တပ်စွဲ ထားသည့် ဆင်ဦး ခေါင်း စခန်း ကို စတင် တိုက်ခိုက် ရာ ဗမာ့ တပ်မတော် မှ တိုက် လေယာဉ် များ က အနီးကပ် လေကြောင်း ပစ်ကူ ပေး၍ တိုက်ခိုက် ခဲ့ကြ သည်။ ဧပြီ လ ၂၂ ရက် တွင် လွယ်ဘန်ဆုံ ကို လည်းကောင်း၊ ဧပြီလ ၂၅ ရက် တွင် မုံးယောင်း ကို လည်းကောင်း၊ မေလ ၇ ရက် တွင် တာချီလိတ် တောင်ထိပ် ကို လည်းကောင်း တိုက်ခိုက် ရာ တွင် တိုက် လေယာဉ် များ က အနီး ကပ် လေကြောင်း ပစ်ကူ ပေး တိုက်ခိုက် ခဲ့ကြ သည်။ မေလ ၈ ရက် တွင် အိုကီနာဝါ ခံတပ် ဥမင် လိုဏ်ခေါင်း ကို လည်းကောင်း၊ မေလ ၁၁ ရက် တွင် မိန်းမ တောင် ၏ ဆင်တောင် စခန်း ကို လည်းကောင်း၊ မေလ ၁၄ ရက် မှ ၁၅ ရက် များ တွင် လွယ် ကုန်းကြီး ကို လည်းကောင်း ဗမာ့ တပ်မတော် က တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။ မေလ ၂၂ ရက် တွင် မိုင်းကွင်း ကို တိုက်ခိုက် ရာ တရုတ် ဖြူ ၁၅၁၇ ဦး လက်နက် ချ ခဲ့သည်။ တိုက်ပွဲ များ သည် များစွာ ပြင်းထန် ကာ ရန်သူ ဘက်မှ အကျ အဆုံး များခဲ့ပြီး ထိုင်း နိုင်ငံ အတွင်း သို့ ကစဥ့် ကလျား ဆုတ်ခွာ သွားကြ သည်။ ၁၉၅၅ ခုနှစ် မေလ တွင် ရန်ကြီး အောင် စစ်ဆင် ရေး ပြီးဆုံး ခဲ့ရာ တရုတ်ဖြူ ကျူးကျော် သူ အင်အား မှာ ၃၀၀၀ ခန့် အထိ လျော့ကျ ခဲ့သည်။

မဲခေါင် စစ်ဆင်ရေး တွင် အမှတ် (၁) အုပ်မှ ဆီးဖြူရီ တိုက် လေယာဉ် များ က ၁၉၆၁ ခုနှစ် ဇန်နဝါရီ လ ၄ ရက်မှ မတ်လ ၂၃ ရက် အထိ ပါဝင် ဆင်နွှဲ ခဲ့ကြ သည်။ စစ်ဆင် ရေး ကာလ မှာ နှစ်လ ကျော် မျှသာ အချိန် ကြာမြင့် ခဲ့သော် လည်း ရန်သူ စခန်း များ သို့ အကြိမ် ၇၀ တိုင်တိုင် လေကြောင်း မှ သွား ရောက် တိုက်ခိုက် ခဲ့ကြ သည်။ လေကြောင်း စစ်ဆင် ရေး များ ဆင်နွှဲ ရာ တွင် ၂၀ မမ စက် အမြောက် ကျည် ၂၇၂၉၀ တောင့်၊ ၂၀ ပေါင် လူ သတ် ဗုံး ၁၄၃ လုံး၊ ပေါင် ၂၅၀ လူ သတ်ဗုံး ၂၀ လုံး၊ ပေါင် ၂၅၀ မီးလောင် ဗုံး ၁၀ လုံး အသုံး ပြု တိုက်ခိုက် ခဲ့ ရခြင်း က ဤ မဲခေါင် စစ်ဆင် ရေး သည် ပမာဏ မည်မျှ ကြီးမား ကြောင်း ဖော်ပြ လျက် ရှိသည်။


မြန်မာ့ တပ်မတော် ( လေ ) - ( အပိုင်း - ၁ )


မြန်မာ့ တပ်မတော် (လေ) ကို ဒုတိယ ကမ္ဘာ စစ် အပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် မှာ တရားဝင် ဖွဲ့စည်း ခဲ့ပါ သည်။ သို့ ပေမယ့် လေတပ် တစ်စု အတွက် အခြေခံ လိုအပ် ချက် ဖြစ်တဲ့ လေကြောင်း ပျံသန်းမှု ပညာ ရပ် တွေ ကတော့ ၁၉၄၇ ခုနှစ် မတိုင်မီ နှစ် များ ကတည်း က မြန်မာ နိုင်ငံ ကို စတင် ရောက်ရှိ ခဲ့ပြီး ဖြစ်ပါ သည်။ ၁၉၃၄ ခုနှစ် မှာ Flying School ဟူသော အမည် ဖြင့် အပျော် တမ်း လေယာဉ် မောင်း သင်တန်း ကျောင်း တစ်ကျောင်း ကို ရန်ကုန် မြို့ မှာ စတင် ထူထောင် နိုင် ခဲ့ပြီး အကျိုး ဆက် အဖြစ် မြန်မာ နိုင်ငံ မှာ လေကြောင်း ပျံသန်းမှု ပညာ ရပ် များ အပေါ် စိတ်ဝင်စား သည့် ပုဂ္ဂိုလ် များ စတင် ပေါ်ထွက် လာခဲ့ ခြင်း ကြောင့် Rangoon Flying School သည် မြန်မာ နိုင်ငံ ရဲ့ ပျံသန်း ရေး သမိုင်း ဦး အစ အဖွဲ့ အစည်း ဟု ဆို ရမည် ဖြစ် ပါသည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာ လ ၁၉ ရက် မှာ Burma Volunteer Air Unit (BVAU) ခေါ် ဗမာ့ အပျော် တမ်း လေ တပ်ဖွဲ့ ကို စတင် ဖွဲ့စည်း ခဲ့ပြီး ၁၉၄၁ ခုနှစ် ဧပြီ လ ၄ ရက် မှာ (BVAU) ကို Burma Volunteer Air Force (BVAF) အဖြစ် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး စစ် ဆင်ရေး တာဝန် များ ထမ်းဆောင် နိုင်အောင် ကြိုတင် ပြင်ဆင် ခဲ့ပါ သည်။ မြန်မာ နိုင်ငံ ကို ဖက်ဆစ် များ တိုက်ခိုက် သိမ်းပိုက် ပြီးချိန် တွင် BVAF သည် အိန္ဒိယ နိုင်ငံ ထဲ အထိ ဆုတ်ခွာ ရွှေ့ပြောင်း ခဲ့ပါ သည်။ ဒုတိယ ကမ္ဘာ စစ်ကြီး အတွင်း BVAF တပ်ဖွဲ့ ဝင် မြန်မာ အမျိုးသား များ သည် ဥရောပ နှင့် အာရှ စစ် မျက်နှာ များ တွင် မဟာ မိတ် တပ်များ ဘက်မှ ပါဝင် ပြီး စစ်ဆင် ရေးများ ဆောင်ရွက် ခဲ့ကြ သည်။ မြန်မာ နိုင်ငံ လုံးဝ လွတ်လပ် ရေး ရရှိ ဖို့ ဆွေးနွေး တောင်းဆို ရာတွင် တပ်မတော် ဖွဲ့စည်း တည်ထောင် ရေး ကို ထည့်သွင်း ဆောင်ရွက် မှု ၏ တစ်စိတ် တစ် ဒေသ အဖြစ် အမြဲ တမ်း လေ တပ်မတော် တစ်ရပ် ဖွဲ့စည်း ထူထောင် နိုင်ရေး စီမံချက် ရေးဆွဲ ခဲ့ကြ သည်။ စီမံ ချက် အရ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၁၅ ရက် တွင် မြန်မာ နိုင်ငံ အစိုးရ ကာကွယ် ရေး ဌာန Burma Air Force (Dicipline) Act,1947 ကို ပြဋ္ဌာန်း အတည် ပြု ပေး လိုက်ရာ မှ အစ ပြု ၍ မြန်မာ့ လေ တပ်မတော် Burma Air Force အဖြစ် စတင် ရပ်တည် ထူထောင် နိုင်ခဲ့ ပါသည်။

မြန်မာ့ သူရဲကောင်း၊ တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီး ဗထူး



ဗိုလ်မှူးကြီး ဗထူး သည် လောင်းလုံ မြို့နယ်၊ လေးလွန် ရွာ တွင် မြေပိုင်ရှင် ဦးဘိုးထန်း၊ ဒေါ် စိန်မြရင် တို့မှ မွေးဖွား သော သားထွေး ဖြစ်သည်။ ငယ်စဉ် က ထားဝယ် မြို့ အစိုးရ ကျောင်း တွင် ပညာ သင်ကြား ခဲ့လေ သည်။ ပင်ကိုယ် ဗီဇ က အတိုက် အခံ အလုပ်ကို ၀ါသနာ ပါသော် လည်း မိတ်ဆွေ အပေါင်း အသင်း များ ကိုမူ ဖော် ရွေ စွာ ဆက်ဆံ လေ့ ရှိသည်။ ဗိုလ်မှူးကြီး ဗထူး သည် အဌမ တန်း သို့ ရောက်သော အခါ သူငယ်ချင်း များနှင့် အတူ အလုပ် လုပ်ရန် အတွက် ကျောင်းမှ ထွက်လေ သည်။ မိဘ များ ကမူ ကျောင်း ဆက်တက် ရန် အမျိုးမျိုး နားချ ပြောကြား သော်လည်း လုံးဝ နားမ ထောင် သည့် အပြင် မိဘ အိမ်တွင် လည်း မနေ၊ သူငယ်ချင်း များ ထံသို့ လည်း အကူ အညီ မတောင်း ခဲ့ပေ။ မိမိ ကြိုးစား မှုဖြင့် ပင် ထားဝယ် မြို့ရှိ သတ္ထု တွင်း ကုမ္ပဏီ တစ်ခု တွင် လခ စား အဖြစ် ၀င်ရောက် လုပ်ကိုင် နေလေ သည်။ ဗထူး သည် ရိုးသား ဖြောင့်မတ် သည့် အပြင် ၀တ္တရား များ ကို ကျေပွန် စွာ လုပ်ကိုင် ခြင်း တို့ကြောင့် မန်နေဂျာ အဖြစ် ရာထူး တိုးမြှင့် ခံခဲ့ ရလေ သည်။

ဤ သို့ဖြင့် တဖြည်းဖြည်း အလုပ် ကို ကြိုးစား လုပ်ကိုင် လာ သော အခါ လခစား များ ၏ ဘ၀ အကြောင်း ကို ကောင်းကောင်း ကြီး သိလာ လေတော့ သည်။ လခ စားများ ဘ၀ သည် လွတ်လပ် ခြင်း လည်း မရှိ၊ အကျိုး အမြတ် မှာ ဓန ရှင်ကြီး များ အတွက် သာ ဖြစ်ပေ သည်။ ဆင်းရဲ သား အလုပ် သမား များမှာ မူ ရရ စားစား နှင့် ဆင်းရဲ တွင်း မှ မတက် လှမ်း နိုင်သည့် အဖြစ် ကို ကိုယ်တွေ့ သိမြင် လာလေ တော့ သည်။ ထို့ကြောင့် လည်း ကုမ္ပဏီ ပိုင်ရှင် နှင့် အလုပ် သမား များ အရေး အခင်း ဖြစ်တိုင်း အလုပ် သမားများ ဘက်မှ ၀င်ရောက် ၍ အတိုက် အခံ ပြော ခဲ့သည်။ ယင်းကြောင့် ဗထူး မှာ အလုပ် သမား များ၏ မှီခို အားထားရာ ခေါင်းဆောင် တစ်ဦး အဖြစ် အလိုလို ရောက်ရှိ လာလေ သည်။ ထို အချိန် က ကုမ္ပဏီ ပိုင်ရှင် သည် ဗထူး အား အလုပ် မှ ထုတ်ပစ် လို သော်လည်း အလုပ် သမား များ သပိတ် မှောက်မည် စိုး သဖြင့် အရိပ် အခြေ ကို အကဲခတ် စောင့်ကြည့် နေလေ သည်။

ဤ သို့ဖြင့် အလုပ် ရှင်နှင့် အလုပ် သမား များ ပဋိပက္ခ ဖြစ်နေစဉ် အတွင်း တွင် ဂျပန် တို့က စစ် ကြေညာ လိုက်သော သတင်း ကြောင့် မြန်မာ နိုင်ငံ တွင် ဂယက် ရိုက် သွား လေတော့ သည်။ အထူး သဖြင့် ဗိုလ်ချုပ် အောင်ဆန်း ဦးစီး ပြီး ထိုင်း နိုင်ငံ တွင် ဗမာ့ လွတ်လပ် ရေး တပ်မတော် ကို ဖွဲ့စည်း ခဲ့သည်။ ဗမာ့ လွတ်လပ် ရေး တပ် မတော် နှင့် အတူ ဂျပန် တပ်မတော် လည်း စစ်ကြောင်း ကြီးများ ဖွင့်၍ ချီတက် လာပြီ ဟူ သော သတင်း များ သည် ထားဝယ် မြို့ တွင် ပျံ့လွင့် နေလေ သည်။ ထို အချိန် က ဗထူး သည် မိဘ အရေး ကိုလည်း မတွေး တော၊ ဇနီး နှင့် သာသမီး များ ကိုလည်း သတိ မရ တော့ဘဲ ဗမာ့ လွတ်လပ် ရေး တပ်မတော် ထဲ ကိုသာ ၀င်လို သော အတွေး ဖြင့် ပျော်နေ ခဲ့လေ သည်။ ထို အချိန် တွင် ဗိုလ်မှူးကြီး လက်ျာ ဦးစီး သော တပ်မတော် ကြီး သည် ထားဝယ် မြို့ ကို သိမ်းပိုက် လိုက်သော အခါ တွင် ဗထူး သည် စစ် ထဲသို့ ၀င်ရောက် ခဲ့လေ တော့ သည်။ ဇနီး ဖြစ်သူ မအုန်းတင်ကိုလည်း အကြောင်း မကြား၊ သားကြီး ဖေ၀င်း၊ သားလတ် ဖြူဝင်း နှင့် သမီး ထွေး မခင်ဝင်း တို့ကို လည်း သတိ မရ ခဲ့ပေ။ မိမိ ဖြစ်ချင် နေသော တော်လှန်ရေး တပ် မတော် သား ဘ၀ ကိုသာ ကျေနပ် နှစ်သိမ့် နေလေ တော့ သည်။

အကြော် စားပြီး အပြုတ် တိုက်ပါ


၁၉၅၅ ခုနှစ် ဧပြီ လ (၁၇) ရက်နေ့ နံနက် (၇) နာရီ တွင် ကျွန်ုပ် တို့၏ အမှတ် (၄) ခြေလျင် တပ်ရင်း သည် ရန်ကြီးအောင် စစ်ဆင်ရေး ရှေ့တန်း တာဝန် ကို ထမ်းဆောင် ရန် အတွက် (၀လုံး) တောင် တွင် အသင့် ဖြစ်လျှက် ရှိနေ ကြ သည်။ ထို အချိန် တွင် စစ်ဆင် ရေးမှူး ဗိုလ်မှူး ချုပ် ကျော်ဇော မှာ အမှတ် (၁၈) ခြေလျင် တပ်ရင်း အား တိုက်ခိုက် ရေး အစီ အစဉ် များ ကို ရှင်းလင်း ပြောဆို ညွှန်ကြား နေပါ ၍ အတော်ပင် အလုပ် ရှုပ် လျှက် ရှိပါသည်။ (၉) နာရီ ခွဲ အချိန် သို့ ရောက်ရှိ လာ ပါပြီ။ ထို အချိန် တွင် ဗိုလ်ချုပ် က ကျွန်တော် တို့၏ တပ်ရင်း မှူး ဗိုလ်မှူး သူရ ထွန်းတင် နှင့် အမိန့်ပေး အဖွဲ့ အား ခေါ်ဆောင် ၍ တပ်ခွဲ (၃) ခွဲ နှင့် စတင် ခရီး ထွက်ကြ ပါသည်။ ခလရ (၁၈) ၏ ရည်မှန်း ချက် ဖြစ်သော ရန်သူ့စခန်း ဆင်ဦး ခေါင်း တောင် (ပွိုင့် ၅၄၆၉) မြေပုံ ညွှန်း (အယ်လ်ဂျေ - ၁၁၃၆) ၏ လက်ယာ ဘက် တောင်ကြော မှ နေ၍ ဆင်းလာ ကြ ရာ (၁၂) နာရီ ထိုး မှပင် ဗိုလ်ချုပ် ကိုယ်တိုင် ကင်းထောက် ထားသော နေရာ သို့ရောက်ရှိ တော့ ၏။ ရောက်လျှင် ရောက်ခြင်း ပင် ဗိုလ်ချုပ် က ဖူဂျီ တောင် အမှတ် (၁) (၂) (၃) (၄) တို့ကို ညွှန်ပြ ၍ (နငယ်) တောင် မြေပုံ ညွှန်း (အယ်လ်ယူ - ၁၄၃၄) ကိုလည်း ညွှန်ပြ ပါသည်။ ခလရ (၁၈) သည် ဧပြီ လ (၁၉) ရက်နေ့ တွင် ရန်သူ့စခန်း ဆင်ဦး ခေါင်း တောင်ကို သိမ်းပိုက် မည် ဖြစ်၍ ကျွန်ုပ် တို့ တပ်ရင်း မှာ ယောင်ပြ တိုက်ပေး ရန် နှင့် ဖူဂျီ တောင် အမှတ် (၁) (၂) (၃) (၄) တို့ကို ယနေ့ ညနေ (၆) နာရီ တွင် အပြီး အပိုင် သိမ်းပိုက် ရန် အမိန့် ပေးပါသည်။ ထို့အပြင် (နငယ်) တောင် အမှတ် (၃) (၄) တို့ကို လည်း ဆက်လက် ၍ ချီတက် သိမ်းပိုက် နိုင် ပါက ကြိုးစား ၍ သိမ်းပိုက် ရန်များ ကိုပါ ထပ်မံ ညွှန်ကြား အမိန့် ပေး ပါသည်။ ထိုနောက် ဗိုလ်ချုပ် က ကျွန်ုပ် တို့ ချီတက် တိုက်ခိုက် သိမ်းပိုက် ရန် အတွက် ချီတက်ရေး မှာ ရန်သူ့ ဒေသ ဖြစ်သော ဖူဂျီ တောင်များ နှင့် (နငယ်) တောင် များ ရှိရာသို့ မျက်နှာ မူရာ ဒေသ မှ တည့်တည့် မချီတက် ဘဲ ကျွန်ုပ် တို့ တပ်များ ကို လက်ယာ ဘက်သို့ တိမ်းနိုင် သမျှ တိမ်း၍ ချီတက် တက်ခိုက် ရန် ကိစ္စ အ၀ အ၀ တို့ကို တနေရာ မှ တနေရာ သို့ ရွှေ့ပြောင်း ညွှန်ပြ အမိန့် ပေးပြီး လျှင် ဗိုလ်ချုပ် လည်း ခလရ (၁၈) ရှိရာ (၀လုံး) တောင် စခန်း သို့ ပြန်လည် ထွက်ခွာ သွားတော့ ၏။ ဗိုလ်ချုပ် ပြန် သွားသော အချိန် မှာ နေ့လည် (၁) နာရီ အချိန် ခန့် ရှိ ပါပြီ။

နံနက် ပိုင်း က မိုးနှင့် မြူမှုန် ကြောင့် တောင်ခိုး တောင်ငွေ့ များမှာ အုံ့ဆိုင်းမှိုင်း မှုံလျှက် ရှိ၍ တခါ တရံ မိုး သက်လေ ကလေး များ ပက်ဖျန်း သည့် အခါ တွင် ကျော ထဲမှ စိမ့်အေး သွား လောက်အောင် ပင် အေး၍ အေး၍ သွား သလောက် ပူပြင်း လှ သည့် နေပူ ဒဏ်ကို နေ့လည် တွင် ခံစား နေကြ ရ ပါသည်။ ဗိုလ်ချုပ် ပြန် သွားပြီး နောက် ကျွန်ုပ် တို့၏ တပ်ရင်းမှူး က အမိန့် ပေး အဖွဲ့ ကို ခေါ်ယူ ၍ ချက်ခြင်း ပင် ဗိုလ်ချုပ် ညွှန်ပြ ခဲ့သည့် ချီတက် ရာ လမ်းကြောင်း များ အတွက် ကင်းထောက် စေပြီး တိုက်ခိုက် သိမ်းပိုက် ရန် တပ်ခွဲ များ ၏ ချီတက် ရေး အစီ အစဉ် နှင့် ၄င်း တပ်ခွဲ များ တွင် ပါ လာသော လား၊ မော်တာ၊ ရိက္ခာ၊ အပို ခဲယမ်း မီးကျောက်၊ ၃ လက်မ စိန်ပြောင်း နှင့် မလို အပ်သော ပစ္စည်း များ ကို ချန်ထား ခဲ့ပြီး တနေ့ တွက် စားနပ် ရိက္ခာ ကိုသာ လူ နှင့် တပါ တည်း ယူဆောင် လာကြ ရန်သာ အမိန့် ပေး စီစဉ် လျှက် ရှိပေ ၏။


ရဲဝံ့ စွန့်စား စံနမူနာ ထား


တပ်မတော် သားများ သည် အမိ နိုင်ငံတော် အတွက် အသက် ကိုပင် စွန့်လွှတ် ကာ ပြည် တွင်း ပြည် ပ အန္တရာယ် ရန်စွယ် အပေါင်း ကို ကာကွယ် တွန်းလှန် ချေမှုန်း သူများ ဖြစ်ပေ ရာ နိုင် ငံတော် မှ စစ်မြေပြင် တွင် စွမ်းစွမ်း တမံ ဖြင့် အသက် ကို ပဓာန မထား ဘဲ ရဲဝံ့ စွန့်စားစွာ ထမ်းဆောင် ခဲ့ သူများ ကို စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူး များ ဖြင့် ချီးမြှင့် ဂုဏ်ပြု လျက် ရှိပေ သည်။ စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့များ ဖြင့်သည့် အောင်ဆန်း သူရိယ ဘွဲ့၊ သီဟ သူရ ဘွဲ့ နှင့် သူရ ဘွဲ့များ မှာ သာမန် စွန့်စား မှုမျိုး နှင့် မရရှိ နိုင်ပေ။ ထူးထူး ကဲကဲ တာဝန် ထမ်းဆောင် မှသာ ရရှိ နိုင်ပေ သည်။

သာမန် အားဖြင့် ရန်သူ နှင့် အနီး ကပ် လက် တကမ်း တိုက်ခိုက် နေ ရသည့် ခြေလျင် တပ်ဖွဲ့ မှ အရာရှိ စစ်သည် များမှ အများ ဆုံး ဆွတ်ခူး ရရှိ လေ့ ရှိပေ သည်။ ကျန် တပ်ဖွဲ့ ၀င်များ မှာမူ ခြေလျင် တပ် ကဲ့သို့ ရန်သူ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် တိုက်ခိုက် ချေမှုန်း ရမှု နည်းပါး သဖြင့် စွမ်းရည် သတ္တိ ဘွဲ့ ရရှိမှု တွင် ရာခိုင် နှုံး နည်းသည် ကို တွေ့ရ ပေသည်။ အမြောက် တပ်ဖွဲ့ အနေ ဖြင့် လည်း လုပ်ငန်း တာဝန် ၏ သဘော သဘာဝ အရ မြေသိမ်း တပ်များ ဖြစ်သည့် ခြေလျင် တပ်ဖွဲ့ များကို ပစ်ကူ ပေး သည့် တာဝန် ထမ်းဆောင် ရပေရာ ရန်သူ နှင့် လက် တစ်ကမ်း တိုက်ခိုက် နေရ မှုမျိုး မှာ ကြုံတောင့် ကြုံခဲ ဖြစ်ပေ သည်။ သို့သော် အမြောက် တပ်ဖွဲ့ဝင် အရာရှိ စစ်သည် များ အနေ ဖြင့် လည်း အရေးကြုံ လာ ပါက အသက် ကို ပဓာန မထား ဘဲ ခြေလျင် တပ်များ နည်းတူ ရဲဝံ့ စွန့်စား စွာ ဆောင်ရွက် ခဲ့မှု ကြောင့် စွမ်းရည် သတ္တိ ဆိုင်ရာ ဘွဲ့များ ချီးမြှင့် ခံရမှု ရှိခဲ့ ပေသည်။ အဆိုပါ ဖြစ်စဉ် များ အနက် အရာရှိ တစ်ဦး ၏ “သူရ ဘွဲ့” ချီးမြှင့် ခြင်း ခံခဲ့ ရသည့် တိုက်ပွဲ ဖြစ်စဉ် (၁) ခု အား သာဓက အနေ ဖြင့် တင်ပြ အပ် ပါသည်။

ဖလူး ဒေသ အောင်မြေ မှ သည်


ညီလေး

ညီလေး တစ်ယောက် အကိုကြီး တို့ အမြောက် နှင့် သံချပ်ကာ ယန္တရား တပ် ညွှန်ကြား ရေးမှူး ရုံး လက်အောက် ခံ တပ် ကို ရောက် လာတာ ဂုဏ်ယူ လှိုက်လှဲ စွာ ကြိုဆို ပါတယ်။ ညီလေး နဲ့ အတူ အရာရှိ ငယ်များ အမြောက် ပညာ တွေ သင်ယူ နေ တဲ့ အချိန်မှာ အကိုကြီး တို့ အနေ နဲ့ ရရှိ ထားတဲ့ အတွေ့ အကြုံ၊ ဗဟု သုတ၊ သင်ခန်း စာတွေ ကို လက်ဆင့် ကမ်းပေး ဝေပြီး လက်တွဲ ခေါ် သွားဖို့ တာဝန် ရှိ ပါတယ်။ ဒါ့ အပြင် သမိုင်း အစဉ် အလာ ကြီးမား ထွန်းပြောင် ပြီး အောင်ပွဲ ကုဋေ ကုဋာ ရရှိ လာတဲ့ ဒို့ တပ်မတော် ကြီး ကို ဂုဏ်ပြု ကျင်းပ ခဲ့တဲ့ တပ်မတော် နေ့ဟာ ၁၉၉၅ ခုနှစ် မတ်လ (၂၇) ရက်နေ့ ဆိုလျှင် နှစ် (၅၀) တင်းတင်း ပြည့်ပြီး “ရွှေ ရတု သဘင်” အခါ သမယ ကို ရောက်ရှိ လို့လာခဲ့ ပြီ လေ။ ဒီလို နေ့ထူး နေ့မြတ် မှာ ညီလေး နဲ့ ရဲဘော် ရဲဘက် များ ကို စကား လက်ဆောင် အဖြစ် အ မြောက် တပ်ဖွဲ့ဝင် အကိုကြီး ပါဝင် ဆင်နွှဲ ခဲ့တဲ့ အောင်ပွဲ ရ တိုက်ပွဲ ကြီး တွေ ထဲက ဇွဲအောင် စစ်ဆင်ရေး ဖလူး ဒေသ စခန်း သိမ်း တိုက်ပွဲ အကြောင်း ကို အကျဉ်း ချုပ် မျှ ပြန်ပြော ရခြင်း ဖြစ်ပါတယ်။

ကရင် ပြည်နယ် ဟာ တောင်ကုန်း တောင်တန်း စိမ့်စမ်း မြစ်ချောင်း တွေနဲ့ အလှ ပေါင်းစုံ၊ သာယာ မှု စုံတဲ့ ထူးခြား တဲ့ ပြည်နယ် တစ်ခု ဖြစ်တာ ညီလေး လည်း အသိ ဖြစ် လိမ့်မယ်။ ကရင် တိုင်းရင်း သားတွေ ဟာ ရိုးသား ပွင့်လင်း ပြီး သီချင်း အဆို အက နဲ့ ပျော်ရွှင်စွာ နေတတ် ကြ တဲ့ သူတွေ ဖြစ်တယ်။ အကို ကြီး တို့ စစ်ဆင် ရေး လုပ်ခဲ့တဲ့ ဖလူး ဒေသ ဟာ လည်း တောင်ကုန်း များ ပေါများ ပြီး သစ်တော များ ထူထပ် စွာ ပေါက်လျှက် ရှိပါ တယ်။ ကရင် ပြည်နယ် ရဲ့ စိမ်းလန်း သော အလှ၊ ကရင် တိုင်းရင်း သား တွေရဲ့ ငြိမ်းချမ်း သော ဘ၀ ကို ပိုမို တောက်ပ အောင် အကိုကြီး တို့ အသက် ပေး ဆောင်ရွက် ခြင်း လို့လည်း တင်စား လို့ရ ပါ တယ်။ ဖလူး ဒေသ မှာ ရှိတဲ့ ထီးနု ချောင်း ကလေး ဟာ ထီးနု ကျေးရွာ ဘေး အနောက် မှ အရှေ့ သို့ သွယ်တန်း ပြီး သောင်ရင်း မြစ် တွင်း စီးဆင်း သွား ခဲ့တယ်။ နယ်စပ် မျဉ်း တစ်ခု လို ဖြစ်နေတဲ့ သောင်ရင်း မြစ် ဟာ ဖလူး စခန်း ကို အိုမီဂါ ပုံစံ ၀န်းရံ စီးဆင်း နေခဲ့ တယ်။ ဖလူး စခန်း ပတ်ဝန်း ကျင် မှာ သစ်ပင် များ၊ ၀ါးရုံ တော များ ထူထပ် စွာ ပေါက်ရောက် နေပြီး မြင်ကွင်း ကို ကာကွယ် ပိတ်ဖုံး နေသလို ဖြစ်နေ ခဲ့တယ် ညီလေး။ ဖလူး စခန်း ဟာ အလျား (၁၈၀၀) ကိုက်၊ အနံ (၈၀၀) ကိုက်ခန့် ကျယ်ဝန်း ပြီး ကွန်ကရစ် ထု ၁ ပေ ခွဲ၊ ၂ ပေ အထူ ရှိပြီး အပေါ် မှာ ကွန်ကရစ် ထု အပြင် သဲအိတ် ၈ ထပ် လောက် ရှိတဲ့ ခေါင် ကတုတ်၊ ဘန်ကာ များ အခိုင် အခန့် တည်ဆောက် ထား တယ်။ ကျွန်းပင် ကြီး များက စခန်း တွင်း မှာ ထူထပ်စွာ ပေါက် ပြီး သဘာဝ အကာ အကွယ် လို ဖြစ်နေ ခဲ့ တယ်။

စခန်း မြေ အနေ အထား ကောင်းခြင်း အပြင် စခန်း ကို စံနစ် အကျ ဆုံး၊ အခိုင် ခန့် ဆုံး တည်ဆောက် ထားပြီး ဘယ်တော့ မှ မကျ နိုင်သော စခန်းကြီး အဖြစ် သတ် မှတ် ဂုဏ်ယူ နေကြ တယ်။ လက်နက် ခဲယမ်း တိုက်၊ လူနေ အိမ်များ၊ စာသင် ကျောင်း၊ ဆေးပေး ခန်း တို့ဖြင့် အခိုင် အမာ နေထိုင် မင်းမူ ခဲ့ကြ တယ်။ ဒီ စခန်း ကို တိုက်ခိုက် သိမ်းပိုက် ဖို့အတွက် ကာကွယ် ရေး ၀န်ကြီး ဌာန မှ စစ်ရာထူး ခန့်ချုပ် ဗိုလ်ချုပ် မောင်လှ ဦးစီး တဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့၊ တပ်မ မှူး ဗိုလ်မှူး ချုပ် တင်အေး ဦးစီး တဲ့ အမှတ် (၄၄) ခြေမြန် တပ်မ ဌာနချုပ် ကွပ်ကဲမှု အဖွဲ့၊ ဒုတိယ ဗိုလ်မှူးကြီး သူရ မောင်ကို ဦးစီး တဲ့ ရှေ့တန်း အမှတ် (၃၃၁) နည်း ဗျူဟာ စစ်ဆင် ရေး ကွပ်ကဲမှု အဖွဲ့ များ မှ ဦးစီး ကွပ်ကဲ ပြီး တိုက်ခိုက် ရေး တပ်များ အ နေဖြင့် တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး သိန်းအောင် ဦးစီး တဲ့ အမှတ် (၁၁၉) ခြေမြန် တပ်ရင်း၊ တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး ဘိုကြည် ဦးစီး တဲ့ အမှတ် (၄) ခြေလျင် တပ်ရင်း၊ တပ်ရင်း မှူး ဗိုလ်မှူး မြင့်မောင် ဦးစီး တဲ့ အမှတ် (၁၃) ခြေမြန် တပ်ရင်း၊ ပစ်ကူ တပ် အနေ နဲ့ ဒုတိယ ဗိုလ်မှူးကြီး ခင်ညွန့် ဦးစီး တဲ့ အကိုကြီး တို့ အမှတ် (၄) အမြောက် တပ်ရင်း (၀န်တင်) မှ တပ်ခွဲ (၂) ခွဲ ကို တာဝန် ပေးအပ် ခဲ့ ပါတယ်။

Monday, December 1, 2014

တူမျှ ညီတူ ရှိကြသည်


၁၉၆၈ ခုနှစ် နှစ်ဦး ပိုင်းမှ စ၍ ဗမာ ပြည် ကွန်မြူနစ် ပါတီ (ဗကပ) သည် နယ်စပ် ဒေသ ရှိ တိုင်းရင်း သားများ ကို သိမ်းသွင်း ၍ မြန်မာ ပြည် အရှေ့မြောက် ဒေသ များကို သိမ်းပိုက် ရေး အတွက် တိုက်ခိုက် မှုများ ပြင်းထန် စွာ စတင် လာခဲ့ ပေသည်။ (ဗကပ) များ သည် လူအား၊ လက်နက် အား အဆ မတန် အသုံး ပြုပြီး မိမိ အားနည်း သည့် တပ်၊ တပ်စခန်း များကို ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ရာ မိမိ တပ်များ ကလည်း လက်ရုံး တပ်များ ပါ မကျန် ပူးပေါင်း ၍ ကျားကုပ် ကျားခဲ ပြန်လည် တွန်းလှန် တိုက်ခိုက် ခဲ့ကြ ပါသည်။ ယခု တင်ပြ မည့် အရှေ့မြောက် ဒေသ တွင် ၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက်နေ့ က ဖြစ်ပွား ခဲ့ သော ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲကြီး အကြောင်း ဖြစ် ပါသည်။ ယင်း တိုက်ပွဲ တွင် ပူးပေါင်း တိုက်ခိုက် ခဲ့ကြသည့် ခြေလျင် တပ်၊ အမြောက် တပ် နှင့် တပ် မတော် (လေ) တို့ အနက် တပ်မတော် (လေ) ၏ ကဏ္ဍ နှင့် ကြည်း / လေ ပူးပေါင်း စစ်ဆင်ရေး ကို ဖော်ပြ လိုခြင်း ဖြစ်ပါသည်။

ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲ မဖြစ်မီ ယေဘူယျ အခြေအနေ

ပွိုင့် (၄၅၆၁) အမြောက် စခန်း တိုက်ပွဲ မှာ ၁၉၇၅ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ မနက် အာရုံ ချိန်က တစ်ကြိမ်၊ ညနေ နေ၀င်ချိန် က တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ခဲ့ သည်။ တပ်မတော် (လေ) က ညနေ နေ၀င်ချိန် တိုက်ပွဲမှာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ပွိုင့် (၄၅၆၁) သည် မြန်မာ နိုင်ငံ အရှေ့ မြောက်ဘက် မူဆယ် မြို့တောင် ဘက် (၃) မိုင် အကွာ တောင်ကုန်း၊ တောင်တန်း တွင် တည်ရှိ သည်။ မိမိ အင်အား မှာ အမှတ် (၄) ခြေလျင် တပ်ရင်း စစ်ကြောင်း (၂) မှ စစ်ကြောင်း မှူး အပါ အ၀င် စုစုပေါင်း အင်အား (၃၈) ယောက် ရှိ၍ တပ် အနေ အထား မှာ ပွိုင့် (၄၅၆၁) တောင် ကုန်း၊ သွေးသောက် ကုန်း၊ အမြောက် စခန်း တွင် တပ်စု မှူး အပါ အ၀င် (၃၆) ယောက်၊ အကဲကြည့် အဖွဲ့ များ မှာ အရှေ့ပိုင်း စခန်း များတွင် ထုတ်ထား သည်။ မိမိ တပ် စုစုပေါင်း မှ အရာရှိ (၂) ဦး နှင့် အခြား အဆင့် (၇၂) ဦး ဖြစ်ပါ သည်။ လက်နက် အင်အား မှာ (၇၆) မီလီမီတာ အမြောက် (၄) လက် နှင့် လက်နက် ငယ် များမှာ ဖွဲ့စည်းပုံ အတိုင်း ဖြစ်ပါသည်။ ရန်သူ အင်အား မှာ ဗကပ (၅၀၀) ခန့် ၈၂ မမ စိန်ပြောင်း (၄) လက်၊ ၆၀ မမ စိန်ပြောင်း (၄) လက်၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၅၇ မမ နောက်ပွင့် ရိုင်ဖယ် (၁) လက်၊ ၄၀ မမ လောင်ချာ (၃၀) လက်၊ ပွိုင့် ငါး စက် သေနတ် (၃) လက်၊ အမ် -၂၃ စက်လတ် များ နှင့် အမ် -၂၂ မောင်းပြန် လက်နက် ငယ် များ ကိုယ်စီ ကိုင်ဆောင် ပြီး လက်ပစ်ဗုံး အဖွဲ့ များ ပါဝင် ကြသည်။

၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ (၂၁) ရက်နေ့ နံနက် (၀၅၄၀) နာရီ တွင် ရန်သူ ဗကပ များသည် အရှေ့ ပိုင်း ကျသော စခန်း များကို ရှောင်ကွင်း ပြီး အတွင်း ပိုင်း အမြောက် စခန်း များအား ထိုးဖောက် တိုက်ခိုက် ခဲ့သည်။ မိမိ စစ်သည် များ သည် အဆ မတန် များပြားပြီး ခြေလျင် လက်နက်ကြီး များနှင့် လက်နက် ငယ် များ ရော၍ ပြင်းထန်စွာ တိုက်ခိုက် လာသည့် ရန်သူ များ ကို အမြောက် စခန်း အား ရန်သူ လက်ဝယ် သို့ မကျရောက် စေရေး အတွက် အနိုင် မခံ အရှုံး မပေး သော စိတ်ဓါတ် ဖြင့် အသက် ကို ပဓာန မထား ဘဲ ရွပ်ရွပ် ချွံချွံ တိုက်ခိုက် ခဲ့ကြ ပါသည်။ သို့သော် လည်း မိမိ အင်အား ၏ တစ်ဝက် ခန့် အထိ အခိုက် အကျ အဆုံး ရှိခြင်း၊ ထိခိုက် ဒဏ်ရာ များစွာ ရရှိ လာရာ မိမိ ခံစစ် စည်းရိုး များ ကျိုးပေါက် ကာ ထွေးလုံး ရစ်ပတ် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အမြောက် စခန်း မှာ (၀၈၃၀) နာရီ နောက်ပိုင်း တွင် ရန်သူ ၏ လက်ဝယ် သို့ ရောက်ရှိ သွားခဲ့ ပါသည်။ ရန်သူ များ သည် မိမိ ၏ အမြောက် စခန်း ကို သိမ်းပိုက် မိပြီး နောက် စခန်း အား အခိုင် အမာ တပ်စွဲ ထားခဲ့ ပါသည်။

တိုက် ရေယဉ် ( ၁၂၇၂ )

မထင်ရှားသည့် ရေယဉ် ငယ် တစ်စီး မျှသာ ဖြစ်သည်။ ဒုတိယ ကမ္ဘာ စစ်ကြီး အပြီး တွင် ဗြိတိသျှ ရေ တပ်မတော် မှ ဗမာ့ ရေ တပ်မတော် သို့ လွှဲပြောင်း ပေး ခဲ့သော ရေယဉ် ငယ် ၁၃ စီး အနက် တစ်စီး ဖြစ်လျက်၊ ဤ မထင် ရှား လှသော ရေယဉ် ငယ် တစ်စီး နှင့် ဆန်းကြယ် သော ဖြစ်ရပ် များ ကိုသာ ကျွန်တော့် မှတ်တမ်း မှ တစိတ် တပိုင်း ဖေါ်ပြ သွားလို ပေသည်။ မူလ အားဖြင့် စကော့ တလန် ပြည် သင်္ဘော ကျင်း တစ်ခု တွင် တည်ဆောက် ခဲ့ပြီး လျှင် အလျား ၇၅ ပေ မျှ ရှည်လျား သော သစ်သား ကိုယ် ထည် ဖြင့် ပြီး သည့် ရေယဉ် ၀မ်း ရှိသည်။ အနံ ဗျက် မှာ အကျယ်ဆုံး နေရာ တွင် ပေ ၂၀ မျှ ရှိလျက် ဖောင်းသော ၀မ်း နှင့် မတ် သော ရေစူး ရှိသည်။ ရေစူး ၆ ပေ ရှိခြင်း ကြောင့် ဖြစ်ချောင်း တွင် သွားလာ ရန် လည်း သင့်လျှော် လျက် ကမ်းခြေ တ၀ိုက် နှင့် ကမ်းခြေ လွန် ပင်လယ် များ တွင် တိုက်ကင်း လှည့် ရန် အထူး အသုံး ၀င် ပေ သည်။

မြင်းကောင် ရေ အား ၆၀၀-မျှ ပေးစွမ်း နိုင်သည်။ ၀ါဒနာ အမျိုး အစား ဒီဇယ် စက် နှစ်လုံး ထိုင် ထားခြင်း ကြောင့် သာမန် အားဖြင့် တစ် နာရီ လျှင် ရေမိုင် ၁၂ - မိုင်မျှ ခုတ်မောင်း နိုင်သည်။ အဓိက လက်နက် ကြီး များမှာ ဦးပိုင်း နှင့် ပဲ့ပိုင်း တွင် တပ်ဆင် ထားသော ၂၀ မီလီမီတာ အော်လီ ကွန် စက် အမြောက် ကြီး နှစ် လက် ပင် ဖြစ်သည်။ လက်နက် ကြီး များမှာ လေကြောင်း ရန် ကို ခုခံ ကာကွယ် ရာ ၌ အထိ ရောက် ဆုံး ဖြစ်လျက် ရန်သူ ရေယဉ် ငယ်များ၊ ကမ်းခြေ ရှိ အ ဆောက် အဦး များကို ပစ်ခတ် ဖျက်ဆီး ခြင်း တွင်လည်း အထူး အားထား ရသည်။ ပဲ့စင် ထက် ၀ဲယာ တစ်ဖက် တစ်ချက် စီ တွင် ၂ - လက် ပြူး တပ်ဆင် ထား သော ဒဿမ ၃၀၃ ဗစ်ကာ စက် သေနတ် ကလေး များ ကလည်း ရန်သူ ကို ခေါင်း မထောင် နိုင်အောင် ပစ်အား ပေး နိုင်စွမ်း ရှိသည်။

ဤ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် သည် တပ်မတော် (ရေတပ်) တွင် လပေါင်း များစွာ အတူ တကွ အမှု ထမ်းဆောင် ခဲ့ကြ ဖူးသည်။ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် ဆုံစည်း တိုင်း လိုပင် မှတ်လောက် သား လောက်သည့် သွေးစွန်းသော ရာဇ၀င် ကလေး များ ကျန်ရစ် ခဲ့သည် ချည်းသာ ဖြစ်တော့ ၏။ တိုက် ရေယဉ် ၁၂၇၂ နှင့် ကျွန်တော် ပထမ ဆုံး ဆုံစည်း ခြင်းမှာ ၁၉၄၈ ခုနှစ် စက်တင်ဘာ လ အတွင်း ၌ ဖြစ်သည်။ ထိုစဉ် က ကျွန်တော် သည် ရခိုင် စစ် မျက်နှာ ဘက် မှ ပြန်လည် ရောက်စ ဖြစ်လျက် မြန်မာ ပြည်မ တွင် ကွန်မြူနစ် ဖြူနီ တို့၏ လက်နက် ကိုင် တိုက်ပွဲ မီးတောက် လောင်စ အချိန် ဖြစ် သည်။ တိုက် ရေယဉ် ၁၂၇၂ မှာ လည်း ရခိုင် စစ်မျက် နှာ မှ ၁၉၄၈ ခုနှစ် ဧပြီ လ တွင် မြန်မာ ပြည် သို့ ပြန်ရောက် ခဲ့ခြင်း ဖြစ်သည်။

ကျည်ထိပ် မှာ အမည် နှိပ်ကာ ပါရော ထင့်


- ၁ -

“ရန်သူ့ သေနတ် သံ ကြားရမှ မပူ ပါနဲ့ ကွာ၊ မကြား ရတော့ မှာ သာ စိုးရိမ် စမ်းပါ” ဟူ၍ ၄င်း၊ “ရန်သူ ပစ် လိုက်တဲ့ ကျည်ဆန် ဟာ မင်းကို မှ ရွေးပြီး ထိတယ် ဆိုတာ ဟာ မလွယ် ပါဖူး ကျည်ထိပ် မှာ မင်း ရဲ့ နာမယ် ပါမှ ဖြစ်တာ ပါ” ဟူ၍ ၄င်း ရဲဘော် များ အား တိုက်ပွဲ ၀င် တိုင်း အရာခံ ဗိုလ် ဘ၀ ဖြင့် တဖွဖွ ပြော ခဲ့သည့် ဗိုလ်ကြီး ဘွတ်ခ်ျရေး သည် ယခု အခါ တွင် ထိပ်၌ ၄င်း၏ အမည် ပါသည့် ဘရင်းဂန်း ကျည်ဆန် တို့ လက်ချက် ဖြင့် ရန်သူ့ သေနတ် သံ ကို မကြား နိုင်တော့ သည်မှာ ဆယ်နှစ် ပင် ရှိခဲ့ပြီ ဖြစ်သော်လည်း ၄င်း ၏ စကား များ ကိုကား ယနေ့ တိုင် ကြားယောင် မိနေ ပါသေး သည်။

- ၂ -

ခုနှစ် နှစ်ခန့် (၁၉၅၁ ခုနှစ်အတွင်း) ကြာမြင့်ခဲ့လေပြီ။ ဘောလယ် မြစ်၊ လှိုင် မြစ် နှင့် ကုက္ကိုဝ ချောင်း သုံးသွယ် တို့ဖြင့် ရစ်ပတ် ဆီးထား သည့် အပျိုပေါ တဲ့ လှိုင်ဘော လယ် အမည်ခံ ဘောလယ် ကျွန်း အား ကေအင် ဒီအို တို့၏ သုံးနှစ် သုံးမိုး စိုးမိုး ထားခြင်း မှ လွတ်ကင်း ရန် အတွက် ကြည်း - ရေ ပူးပေါင်း စစ်ဆင် နေချိန် ဖြစ် သည်။ ချင်းတပ် နှင့် ဂေါ်ရခါး တပ်များ ကို တောင်ပိုင်း တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှူး ဆင်ကလဲယား (ခ) စိန်လင်း က ဦးစီး ၍၊ ရေ တပ်မတော် မှ ကျွဲ ညီနောင် အမည်ခံ တိုက် ရေယာဉ် ၁၀၅၊ ၁၀၇ တို့နှင့် အတူ တိုက် ရေယာဉ် ၁၃၀၆ ပါဝင် ပြီး၊ လှည်းဆိပ် ရွာ မှ နံနက် စောစော စတင် ချီတက် ခဲ့သည့် နေ့က ဖြစ်ပါ သည်။

တိုက်ရေယဉ် စဗန်း


အမည်ဆန်း

“စဗန်း” နှင့် “စဗေး” အမွှာ ညီနောင် အား ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး မကြာမှီ အချိန် တွင် ဗမာ့ ရေ တပ်မတော် မှ ပြုစု ခဲ့သည်။ အမှန် တော့ ထို ညီနောင် မှာ၊ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေး ဌာန တွင် မီးရှူး သန့်စင် ဖွားမြင် ခဲ့သည်။ လွတ်လပ်ရေး ၏ ရန်ဆူး ရန်ညှောင့် ပြည်တွင်း မောင် သောင်းကျန်း တို့အား နှိမ်နင်း ရန် သူရဲကောင်း များ လိုလာ သည့် အခါ တွင်၊ သူတို့ ညီနောင် အား ရှာဖွေ တွေ့ရှိ ခဲ့သည်။ “စဗေး” ခမြာ မှာတော့ မသမာ သူ အတွင်း ရန်ကြောင့် တိုင်းပြည် အတွက် အင်ပြည့် အားပြည့် မထမ်း ဆောင် နိုင်မှီ ရေနစ် ၍ ဆုံးရှုံး ရရှာ သည်။

အမည် ဆန်း သည့် “စဗန်း” ကတော့ ခပ် ကြမ်းကြမ်း ခပ်ရမ်းရမ်း ပင်၊ ရန်သူ များ အား ထို အချိန် မှ စ၍ ယခု ထက်တိုင် နှိမ်နင်း လျက် ရှိသည်။ စဗန်း ၏ သင်းရနံ့ သည်၊ မြစ်ဝကျွန်းပေါ် တ၀ိုက် နှင့် ဧရာဝတီ မြစ် တလျောက် တွင် ဖုံးလွှမ်း ခဲ့သည်။ အပျို၊ အအို၊ လူငယ် လူကြီး ခလေး မှ စ၍ သာသနာ့ ဘောင်ဝင် ရဟန်း ရှင် များပင်၊ စဗန်း အား မြင်ဖူး ကြ သည်။ စဗန်း မရောက် ဖူးသော ဒေသ များ ကမူ ဋီကာ ချဲ့၍ ထားသည့် သတင်း စာများ ကြောင့် စဗန်း ၏ သတင်း ကို ဖတ်ရှူ ခဲ့ကြ ရ သည်။ စဗန်း ရောက် လျှင် မြို့တိုင်း မြို့တိုင်း မှ၊ မြို့သူ မြို့သား များ အိပ်ရေး ၀ ခဲ့သည်။ ကမ်းညွှတ် မျှ ကြိုဆို ခဲ့သည်။ အမြဲ တန်း နေရန် တောင်းပန် ခဲ့ကြ သည်။ စဗန်း ထွက် သွားမည် ကို စိုးရိမ် ခဲ့ကြ သည်။ စဗန်း နေ လို့တော့ ဘယ်လောက် နေနေ စိတ် ကြည်စွာ လက်ခံ ပါသည် ဟု ပြောခဲ့ ကြသည်။ အမြဲ နေရန် လည်း တောင်းပန် ခဲ့ကြ သည်။ စဗန်း အလာ ကို မျှော်ခဲ့ ကြ သည်။ ဒီ မြို့ ဒီမြို့ တွေက တောင့်တ သလောက် လဲ စဗန်း က ကူညီ ခဲ့သည်။ ကယ်တင် ခဲ့သည်။ စိတ်ချ လက်ချ နေနိုင် အောင် ဖန်တီး ခဲ့ပေ သည်။ အမည် ဆန်း သလောက် ရန်သူ အား နှိမ်နင်း ရာ တွင် ကြမ်း ခဲ့သည်။ အမည် ဆန်း သလောက် အဖြစ် တွေ ကလည်း ဆန်းခဲ့ ချေ သည်။

ကျုံဒိုး ၀န်းကျင် အမြောက် ပဲ့တင် သံများ


မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) သည် ကျုံဒိုး နယ်မြေ စစ်ဆင်ရေး တာဝန် ကို ၁၉၉၁ ခုနှစ် ဇန်န၀ါရီ လ (၂၆) ရက် နေ့ မှ စတင် ၍ တာဝန် ထမ်း ဆောင် ခဲ့ ပါသည်။ ကျုံဒိုး ဒေသ သည် မော်လမြိုင် မြို့ နှင့် သံလွင် မြစ်၊ ဂျိုင်းမြစ် ကြောင်း ခရီး လမ်း ကို အသုံး ပြု သွား လာ ရပြီး ဂျိုင်း ရေ ကြောင်း ခရီး ဖြင့် ရေကြောင်း ပို့ဆောင်ရေး ကော်ပို ရေရှင်း ဌာန ပိုင် ရေယာဉ် များ နေ့စဉ် ပြေးဆွဲ လျက် ရှိသည်။ ကျုံဒိုး မှ ဘားအံ၊ ကော့ ကရိတ်၊ မြ၀တီ မြို့ များ သို့ ကားလမ်း အဆက် အ သွယ် ရှိ ပါသည်။ ကျုံဒိုး သည် ဂျိုင်း မြစ်၏ လက်တက် ဟောင် သရော မြစ်၏ အရှေ့ ဘက်ကမ်း တွင် တည် ရှိပါ သည်။ ကျုံဒိုး ဒေသ အနီး ပတ်ဝန်းကျင် တွင် မွန်ရွာ များ၊ ကရင် ရွာများ၊ ကုလား ရွာ များ စပ်ကြား တည် ရှိပြီး ရန် သူ မွန်နှင့် ကရင် သောင်းကျန်း သူ များ သည် မိမိ တပ်များ တပ်စွဲ လျက် လှုပ်ရှား နေသည့် ကြားမှ မကြာ ခဏ ၀င်ရောက် ၍ တံတား များ အား ဖေါက်ခွဲ ဖျက်ဆီး ခြင်း၊ မြို့ရွာ များ အား လက်နက် ကြီး များဖြင့် နှောင့်ယှက် ပစ်ခတ် ခြင်း၊ ခရီး သွား ရေယာဉ် များ၊ မော်တော် ယာဉ် များ အား ပစ်ခတ် နှောင့်ယှက် ခြင်းများ ပြုလုပ် လေ့ ရှိ ပါသည်။

မွန် သောင်းကျန်း သူများ သည် absdf အဖွဲ့ နှင့် ပူးပေါင်း ၍ အင်အား (၂၀၀) ခန့်ဖြင့် (၂၈-၁-၉၁) ရက်နေ့တွင် ကမ္မ ရိုက် စခန်း အား လက်နက် ကြီး များ ဖြင့် ထိန်းချုပ် ပစ်ခတ် ပြီး၊ မိမိ တပ်မှ တပ်ကြပ်ကြီး ဦးစီး မိဂလုံ စခန်း အား စခန်း သိမ်း ၀င်ရောက် တိုက်ခိုက် ခဲ့ရာ ကျုံဒိုး ရွာ အခြေပြု ရှေ့တန်း အမှတ် (၂) ကချင် သေနတ် ကိုင် တပ်ရင်း မှ ပစ်ကူ ပေး ရန် မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) အား အကူ အညီ တောင်းခံ လာသည်။ ထိရောက် သော ပစ်ကူ အနီးကပ် ပေး နိုင် ရန် မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) သည် ကျုံဒိုး မှ မိဂလုံ အထိ ခက်ခဲ သော ရေကြောင်း အား ဖြတ်ကျော်၍ တိုက်ပွဲ ဖြစ်ပွား နေသော မိဂလုံ စခန်း ခြေရင်း အထိ ရောက်အောင် သွားခဲ့ ရာ ရန်သူ အနေ ဖြင့် မိမိ စစ် ရေယာဉ် ရောက် မလာ နိုင်ဟု သုံးသပ် ထားရာမှ အလစ် အငိုက် ခံရပြီး ရေယာဉ် ၏ အမြောက် ကြီးများ ဒဏ် ကို အလူး အလဲ ခံရကာ အများ အပြား သေကြေ ဒဏ်ရာ ရ ရှိပြီး မိဂလုံ စခန်း အား မသိမ်း နိုင်ဘဲ ကစဥ့် ကလျား ဆုတ်ခွာ ထွက်ပြေး ခဲ့ရ သည်။

ဤ မိဂလုံ တိုက်ပွဲ အပြီး တွင် ရန်သူ တို့၏ ပစ်မှတ် သည်ကား သူတို့၏ အကျ အဆုံး များစေ ခဲ့ေ သာ ထိခိုက် ဒဏ်ရာ အများ အပြား ရစေ ခဲ့သော သူတို့၏ မိဂလုံ စခန်း သိမ်းပိုက် ရေး ရည်ရွယ် ချက် မေ အာင်မြင် အောင် ပစ်ခတ် မှုဖြင့် စိုးမိုးခဲ့ သော မြစ်တွင်း တိုက် ရေယာဉ် (၃၀၃) ပင် ဖြစ် လေေ တာ့ သည်။

မြ၀တီ ခံစစ်


ကျွန်တော် အရှေ့ တောင် တိုင်း စစ်ဌာန ချုပ် သို့ ရောက်ရှိ ပြီးသော အခါ ယင်းဒေသ ရှိ သောင်း ကျန်း သူ များ ၏ အခြေ အနေ အရပ်ရပ် ကို အကဲခတ် တွက်ချက် မှု ပြုသော လုပ်ငန်း ကို ရှေးဦး စွာ ပြုလုပ် ရ၏။ အရှေ့တောင် တိုင်း နယ်မြေ ဒေသ တွင် ကေအင်ယူ ကရင် သောင်းကျန်း သူ နှင့် မွန် ပြည် သစ် ပါတီ တို့သည် အဓိက အင်အား ရှိသော ရန်သူ အဖွဲ့ အစည်း များ ဖြစ်သည်။ ထို အ ထဲ တွင် ကေအင်ယူ တို့က မြ၀တီ ကို ၀င်တိုက် လိမ့်မည် ဟု ကျွန်တော် တွက်ချက် မိသည်။ ရန် သူ နေရာမှ ၀င်၍ ကြည့် ပါက တိုက်သင့် သော အနေ အထား ဖြစ်၏။

ထိုအချိန် အခါ သည် ကရင် သောင်းကျန်းသူ က အားကောင်း နေသော အချိန် လည်း ဖြစ်၏။ ထို့ကြောင့် ကျွန်တော် ကိုယ်တိုင် မြ၀တီ သို့ သွားရောက် ခဲ့ကာ မြေပြင် အနေ အထား ကိုလည်း အကဲခတ် သည်။ မြ၀တီ မှာ ကျွန်တော် တို့ အင်အား က တပ်ခွဲ တစ်ခွဲ လောက် ပဲ ရှိသည်။ ထို့ကြောင့် ကျွန်တော် မြ၀တီ တွင် စစ်ကြောင်း မှူး တစ်ယောက် ကို ခန့်အပ် ပြီး တပ်ခွဲ နှစ်ခွဲ ကို ထားရှိ လိုက် ပါ၏။ စစ်ကြောင်းမှူး က ဗိုလ်ကြီး စိန်ထွန်းသန်း ဖြစ်ပါ သည်။ ထို့နောက် ကျွန်တော် က “ရန်သူ က တိုက် လိမ့်မယ်၊ ဒါကြောင့် မင်းတို့ ခံစစ် တွေကို ကောင်းအောင် ပြင်ထား၊ ကတုတ်ကျင်း တွေ ကိုလဲ ကောင်းကောင်း လုပ်၊ စိန်ပြောင်း တို့၊ အမြောက် တို့ ပစ်ဖို့လည်း ကျင်းတွေ ကို စံနစ် တကျ စီစဉ်” ဟု မှာကြား သည်။

မြ၀တီ လေကြောင်း တိုက်ပွဲ


တစ်ဖက် နိုင်ငံ တွင် အခြေ စိုက်၍ နိုင်ငံခြား အကူ အညီ ဖြင့် လက်နက် တပ်ဆင် ခဲ့ကြ သော အမျိုး သား သစ္စာ ဖောက် ပြည်ပြေး များနှင့် ဘိုမြ ခေါင်းဆောင် သည့် ကေအင်ယူ တို့ သည် မြ၀တီ မြို့သို့ ၁၉၇၄ ခုနှစ် အတွင်း ၌ သိမ်းပိုက် ရန် ကြံစည် မှု ပြုခဲ့ ကြသည်။ ထို အကြံ အစည် အရ ကေအင် ယူ နှင့် ပြည်ပြေး စုစုပေါင်း အင်အား (၆၀၀) ခန့် ဖြင့်ဖြင့် ၁၉၇၄ ခုနှစ် မတ်လ ၁၇ ရက်နေ့ မှ ၂၂ ရက် နေ့ အထိ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ ထိုင်း မြန်မာ နယ်စပ် ရှိ မြ၀ တီ မြို့ ၊ မြ၀တီ ကော့ကရိတ် သွား ကားလမ်း ရှိ သင်္ကန်း ညီနောင် နှင့် ကားလမ်း မြောက်ဘက် ရှိ မဲပုလဲ သို့ (၃) နေရာ ကို တစ်ပြိုင် တည်း အချိန် ကိုက်၍ တိုက်ခိုက် ခဲ့ကြ လေတော့ သည်။ ထို တိုက်ပွဲ တွင် တပ် မတော် မှ စစ်သည် (၆) ဦး တိုင်းပြည် အတွက် အသက် ပေးလှူ သွားခဲ့ ရပြီး (၄၄) ဦး ဒဏ် ရာ ရရှိ ခဲ့ကြသည်။ ရန်သူ တို့ဘက် ကမူ (၈၇) ဦး ကျဆုံး ၍ (၁၂) ဦး ဒဏ်ရာ ရရှိ ကြပြီး ၄င်း တို့ ၏ အကြံ အစည် ကို စွန့်လွှတ် ခဲ့ကြ ရလေ သည်။

၁၉၇၄ ခုနှစ် မတ်လ (၁၇) ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် အချိန် တွင် သင်္ကန်း ညီနောင် နှင့် မဲပုလဲ ရွာ ရှိ တပ်မတော် စခန်း (၂) ခု ကို သောင်းကျန်း သူ အင်အား (၂၀၀) ခန့်က တပြိုင်နက် တည်း ၀င်ရောက် တိုက်ခိုက် ခဲ့ကြ သည်။ ၄င်း တို့၏ တိုက်ခိုက်မှု ကို ရွတ်ရွတ် ချွန်ချွန် ခုခံ ရင်း သင်္ကန်း ညီနောင် မှ စစ်သည် (၁) ဦး ကျဆုံး ကာ (၈) ဦး ဒဏ်ရာ ရရှိ ခဲ့ကြ သည်။ ထိုနေ့ နံနက် ၆ နာရီ ၄၅ မိနစ် အချိန် တွင် ရွှေဆိုင်း ခေါင်းဆောင် သော ကေအင်ယူ နှင့် ပြည်ပြေး စုစုပေါင်း အင်အား (၃၀၀) ခန့် တို့သည် မြ၀တီ မြို့ရှိ တပ်မတော် စခန်း ကြီး ကို လက်နက်ကြီး များဖြင့် စတင် ပစ်ခတ်ကာ တိုက်ပွဲ ဖန်တီး ယူခဲ့ ကြ လေသည်။ သို့သော် နံနက် ၁၀ နာရီ အချိန် ခန့် တွင်မူ တပ်မတော် မှ သောင်းကျန်း သူများ ကို ထွက် တိုက်ရာ ရန်သူ (၂၁) ဦး ကျဆုံး ပြီး (၂၀) ဦးခန့်ဒဏ်ရာ ရရှိ ခဲ့သည်။ ၄င်း တို့၏ ကျဆုံး သူများ နှင့် ဒဏ်ရာ ရရှိ သူများ ကို တဖက် နိုင်ငံသို့ သယ်ဆောင် သွားခဲ့ ကြသည်။ ထို တိုက်ပွဲ တွင် တပ်မတော် သား (၁) ဦး ဒဏ်ရာ ရရှိ ခဲ့သည်။ ၁၉၇၄ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် သောင်းကျန်း သူ တို့သည် သင်္ကန်း ညီနောင် ရှိ တံတား နှင့် သစ်စက် ကို လည်းကောင်း၊ မြ၀တီ မြို့ အစွန် ရှိ ကိုးန၀င်း ရပ်ကွက် နှင့် ကမ်းနားပိုင်း တို့ကို လည်းကောင်း မီးရှို့ သွားခဲ့ ကြသည်။ သောင်းကျန်းသူ တို့သည် မတ်လ (၁၉) ရက်နေ့ တွင် မြ၀တီ မြို့ ကမ်းနား ပိုင်း မှတဆင့် တပ်စခန်း အတွင်း သို့ လက်နက် ကြီးများ အကူ အညီ ဖြင့် ပစ်ခတ် ၀င်ရောက် နိုင်ရန် ကြိုးစား ခဲ့သော်လည်း တပ်မတော် ၏ စနစ် တကျ ဖြင့် တွန်းလှန် တိုက်ခိုက် မှုကြောင့် မြို့တွင်း သို့ပင် မ၀င်ရောက် နိုင် ခဲ့ပေ။ ၄င်း နေ့တွင် ကော့ကရိတ် မှ စစ်ကူ လိုက်လာ သော တပ်မတော် စစ်ကြောင်း တစ်ကြောင်း နှင့် သောင်းကျန်း သူ တို့ သည် ကော့ ကရိတ် နှင့် သင်္ကန်း ညီနောင် အကြား ကားလမ်း ပေါ် ရှိ တရုပ် ဖြူ တောင် တွင် တွေ့ ဆုံ တိုက် ပွဲ ဖြစ် ပွား ခဲ့သည်။ မိမိ တို့ ဘက်မှ စစ်သည် (၂) ဦး တိုင်းပြည် အတွက် အသက် ပေးလှူ ခဲ့ရပြီး (၁၄) ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။ ထို အချိန် မှ စ၍ တပ်မတော် (ကြည်း) နှင့် အတူ တပ် မတော် (လေ) မှ လေကြောင်း မှ တိုက်ခိုက်မှု ဆင်နွှဲ ခဲ့ပေ သည်။